La Liga Serie A Transfer News

အာဆင်နယ်ရဲ့နွေရာသီပစ်မှတ်ကို ခေါ်ယူတော့မယ့် ဂျူဗင်တပ်

ဂျူဗင်တပ်အသင်းဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား မာကို အဆန်စီယိုကို အံ့အားသင့်ဖွယ် ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

စပိန်လက်ရွေးစင်ကြယ်ပွင့်ဟာ ယခုရာသီ ဘာနေဗျူးမှာ ပွဲကစားချိန်ရရှိဖို့ ရုန်းကန်နေရသူဖြစ်ပြီး လာမယ့် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အပြောင်းအရွှေ့ ပြုလုပ်သွားဖွယ်ရှိနေတဲ့ ကစားသမားဖြစ်ပါတယ်။

La Gazzetta Dello Sport ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်ဟာ ရီးရဲလ်မက်ဒရစ်တိုက်စစ်ကစားသမား မာကို အဆန်စီယိုကို လာမယ့်နှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ရည်မှန်းထားတယ်လို့ သိရပြီး စပိန်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ အသင်းမှာပဲ ဆက်နေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် အဆန်စီယိုရဲ့ အေးဂျင့်နဲ့ လန်ဒန်မှာ ပြောဆို ဆွေးနွေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း မန်စီးတီးတိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးစ်ကိုပဲ ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။ အဆန်စီယိုဟာ ဘာနေဗျူးမှာပဲ ဆက်နေပြီး အခြေအနေကြည့်ဖို့ ဆုံးဖြတ်ခဲ့မှုက အလုပ်ဖြစ်ပုံမပေါ်ဘဲ ယခုရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံမှာ ၄၇ မိနစ်သာ ပါဝင်ကစားပေးခွင့် ရရှိသေးတာဖြစ်ပြီး သွင်းဂိုးလည်း ၁ ဂိုးသာ သွင်းယူထားနိုင်သေးတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆန်စီယိုဟာ လက်ရှိ နိုင်ငံတကာပွဲစဉ် အားလပ်ရက်အတွင်း ယှဉ်ပြိုင်ကစားနေတဲ့ လူးဝစ္စ အန်နရီကေးရဲ့ စပိန်လက်ရွေးစင်လူစာရင်းမှာတော့ ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဆွစ်ဇာလန်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ စနေနေ့ညပွဲစဉ်မှာ အသင်းအတွက် ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီက ယခုရာသီ အဆန်စီယိုရဲ့ ပွဲကစားချိန် ကင်းမဲ့နေမှုကို တုံ့ပြန်ခဲ့ပြီး စပိန်ကြယ်ပွင့်ဟာ မာယော်ကာနဲ့ပွဲမှာ သွေးပူလေ့ကျင့်ရေး ဆင်းခိုင်းပြီးမှ လူစားဝင်ကစားခွင့်မရခဲ့တဲ့အတွက် စိတ်ပျက်ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား သူ့ကို လူငယ်ကစားသမားအဖြစ်ရော ဝါရင့်ကစားသမားအဖြစ်ပါ သတ်မှတ်လို့မရနိုင်ပါဘူး။ အခုအချိန်မှာ သူ အဲဒါကို လက်ခံရမှာဖြစ်ပြီး သူ ကောင်းကောင်း လုပ်နေပါတယ်။ သူ့ရဲ့ စိတ်ပျက်ဒေါသထွက်တဲ့ တုံ့ပြန်မှုက အရမ်းကောင်းခဲ့ပါတယ်။ သူ မနေ့ကလည်း တော်တော်ကောင်းကောင်း လေ့ကျင့်ခဲ့ပြီး ဒီနေ့လည်း ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်”

“ဒါက ကစားသမားတွေ ဒေါသထွက်တဲ့အချိန်မှာ ဖြစ်တတ်တဲ့ဟာပဲ။ တုံ့ပြန်မှု ၂ ခုရှိတယ်။ ပိုကောင်းအောင် လေ့ကျင့်မလား။ လက်လျှော့လိုက်မလား။ သူ့မှာ မနက်ဖြန် ကစားဖို့ အခွင့်အရေးရှိပါတယ်”လို့ လိုက်ပ်ဇစ်နဲ့ ပွဲမတိုင်ခင်တုန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ဴဗင္တပ္အသင္းဟာ ရီးရဲလ္မက္ဒရစ္ တိုက္စစ္ကစားသမား မာကို အဆန္စီယိုကို အံ့အားသင့္ဖြယ္ ေခၚယူသြားဖို႔ စီစဥ္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

စပိန္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ယခုရာသီ ဘာေနဗ်ဴးမွာ ပြဲကစားခ်ိန္ရရွိဖို႔ ႐ုန္းကန္ေနရသူျဖစ္ၿပီး လာမယ့္ ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္မွာ အေျပာင္းအေ႐ႊ႕ ျပဳလုပ္သြားဖြယ္ရွိေနတဲ့ ကစားသမားျဖစ္ပါတယ္။

La Gazzetta Dello Sport ရဲ႕ ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္ဟာ ရီးရဲလ္မက္ဒရစ္တိုက္စစ္ကစားသမား မာကို အဆန္စီယိုကို လာမယ့္ႏွစ္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ ရည္မွန္းထားတယ္လို႔ သိရၿပီး စပိန္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြထြက္ခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ အသင္းမွာပဲ ဆက္ေနခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ အဆန္စီယိုရဲ႕ ေအးဂ်င့္နဲ႔ လန္ဒန္မွာ ေျပာဆို ေဆြးေႏြးခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္လည္း မန္စီးတီးတိုက္စစ္မႉး ဂါဘရီယဲလ္ ေဂ်ဆူးစ္ကိုပဲ ေခၚယူသြားခဲ့တာျဖစ္ပါတယ္။ အဆန္စီယိုဟာ ဘာေနဗ်ဴးမွာပဲ ဆက္ေနၿပီး အေျခအေနၾကည့္ဖို႔ ဆုံးျဖတ္ခဲ့မႈက အလုပ္ျဖစ္ပုံမေပၚဘဲ ယခုရာသီမွာ ရီးရဲလ္မက္ဒရစ္အတြက္ ၿပိဳင္ပြဲစုံမွာ ၄၇ မိနစ္သာ ပါဝင္ကစားေပးခြင့္ ရရွိေသးတာျဖစ္ၿပီး သြင္းဂိုးလည္း ၁ ဂိုးသာ သြင္းယူထားႏိုင္ေသးတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဆန္စီယိုဟာ လက္ရွိ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္အတြင္း ယွဥ္ၿပိဳင္ကစားေနတဲ့ လူးဝစၥ အန္နရီေကးရဲ႕ စပိန္လက္ေ႐ြးစင္လူစာရင္းမွာေတာ့ ေ႐ြးခ်ယ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ဆြစ္ဇာလန္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ စေနေန႔ညပြဲစဥ္မွာ အသင္းအတြက္ ဂိုးဖန္တီးမႈ ၁ ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပ အန္ဆေလာ့တီက ယခုရာသီ အဆန္စီယိုရဲ႕ ပြဲကစားခ်ိန္ ကင္းမဲ့ေနမႈကို တုံ႔ျပန္ခဲ့ၿပီး စပိန္ၾကယ္ပြင့္ဟာ မာေယာ္ကာနဲ႔ပြဲမွာ ေသြးပူေလ့က်င့္ေရး ဆင္းခိုင္းၿပီးမွ လူစားဝင္ကစားခြင့္မရခဲ့တဲ့အတြက္ စိတ္ပ်က္ေဒါသထြက္ခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ား သူ႔ကို လူငယ္ကစားသမားအျဖစ္ေရာ ဝါရင့္ကစားသမားအျဖစ္ပါ သတ္မွတ္လို႔မရႏိုင္ပါဘူး။ အခုအခ်ိန္မွာ သူ အဲဒါကို လက္ခံရမွာျဖစ္ၿပီး သူ ေကာင္းေကာင္း လုပ္ေနပါတယ္။ သူ႔ရဲ႕ စိတ္ပ်က္ေဒါသထြက္တဲ့ တုံ႔ျပန္မႈက အရမ္းေကာင္းခဲ့ပါတယ္။ သူ မေန႔ကလည္း ေတာ္ေတာ္ေကာင္းေကာင္း ေလ့က်င့္ခဲ့ၿပီး ဒီေန႔လည္း ေကာင္းေကာင္း လုပ္ႏိုင္ခဲ့ပါတယ္”

“ဒါက ကစားသမားေတြ ေဒါသထြက္တဲ့အခ်ိန္မွာ ျဖစ္တတ္တဲ့ဟာပဲ။ တုံ႔ျပန္မႈ ၂ ခုရွိတယ္။ ပိုေကာင္းေအာင္ ေလ့က်င့္မလား။ လက္ေလွ်ာ့လိုက္မလား။ သူ႔မွာ မနက္ျဖန္ ကစားဖို႔ အခြင့္အေရးရွိပါတယ္”လို႔ လိုက္ပ္ဇစ္နဲ႔ ပြဲမတိုင္ခင္တုန္းက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.