International

သွေးတွေနီစွေးနေပေမယ့် သေမျိုးလူသားမဟုတ်ဘူးဆိုတာ ပြသခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ စနေနေ့ညက ချက်အသင်းနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်အတွင်း ကြောက်မက်ဖွယ် ထိခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် မျက်နှာမှာ သွေးတွေ ချင်းချင်းနီနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်မှာ အရန်ခုံကနေသာ ပါဝင်ကစားပေးခဲ့ရပြီးနောက် အရေးပါတဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းကို ဦးဆောင်ပြီး ကစားပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်လ်ဒိုဟာ ချက်ဂိုးသမား ဗားကလစ်နဲ့ ပြင်းထန်တဲ့ ထိခိုက်မှုအပြီးမှာ သွေးသံတရဲရဲဖြစ်ခဲ့ရပြီး ဒီကစားသမား ၂ ဦးဟာ ဒုတိယပိုင်း ပွဲကစားချိန်အတွင် ဖြတ်တင်ဘောကို အပြိုင်အဆိုင် ရယူဖို့ ကြိုးပမ်းရာမှာ ထိခိုက်မိခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ကွင်းမြက်ခင်းပေါ်မှာ လဲကျနေခဲ့ပြီး အချိန်အတော်ကြာ ဆေးအဖွဲ့ရဲ့ ကုသမှုကို ခံယူဖို့ လိုအပ်ခဲ့တာဖြစ်ပေမယ့်လည်း ကွင်းဘေးစည်းမှာ ခဏတာ အနားယူခဲ့ပြီးနောက် ပွဲစဉ်ကို ဆက်လက် ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပေါ်တူဂီအသင်းက ၃-၀ နဲ့ အနိုင်ရရှိနေတာကြောင့် ရော်နယ်လ်ဒိုအနေနဲ့ အနားယူမယ်ဆိုရင် အနားယူနိုင်ပေမယ့်လည်း အသင်းအတွက် ပေးဆပ်ကစားပေးချင်စိတ် အလွန်ပြင်းထန်နေတာကြောင့် ဆက်လက် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ ဒါလော့တ်ရဲ့ သွင်းဂိုး ၂ ဂိုး၊ ဘရူနို ဖာနန်ဒက်စ်ရဲ့ သွင်းဂိုး ၁ ဂိုးနဲ့အတူ ချက်အသင်းကို ဦးဆောင်နေတာဖြစ်ပြီး ပွဲကစားချိန်ပြည့်ဖို့ ၈ မိနစ်အလိုမှာ ဂျိုတာက ပေါ်တူဂီအသင်းအတွက် စတုတ္ထမြောက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာ ကစားနေတဲ့ စပိန်နဲ့ ဆွစ်ဇာလန်တို့ရဲ့ ပွဲစဉ်မှာ စပိန်အသင်းက အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာကြောင့် ပေါ်တူဂီအသင်းဟာ ချက်အသင်းနဲ့ပွဲစဉ်က နိုင်ပွဲကြောင့် အုပ်စု A2 ရဲ့ အုပ်စုဗိုလ်အဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိပြီးတဲ့နောက်မှာတောင် အသင်းဖော် ဂျိုတာရဲ့ စတုတ္ထမြောက် ဦးဆောင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တဲ့အတွက် ပရိသတ်တွေဆီကနေ ချီးကျူးမှုတွေ အများအပြား ရရှိခဲ့ပြီး အလွန်မာကျောတဲ့ စက်ယန္တရားကြီးလို့ တင်စားခဲ့ကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ ရော်နယ်လ်ဒိုကို ယခုရာသီအစောပိုင်းကာလတွေမှာ အရန်ကစားသမားအဖြစ်နဲ့သာ အသုံးပြုခဲ့ပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်ဟာ ၎င်းရဲ့ ပထမအသင်းအစီအစဉ်ထဲမှာ အခိုင်အမာရှိနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ စေနေန႔ညက ခ်က္အသင္းနဲ႔ ကစားခဲ့တဲ့ ေနးရွင္းလိဂ္ပြဲစဥ္အတြင္း ေၾကာက္မက္ဖြယ္ ထိခိုက္မႈနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီးေနာက္ မ်က္ႏွာမွာ ေသြးေတြ ခ်င္းခ်င္းနီေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္မွာ အရန္ခုံကေနသာ ပါဝင္ကစားေပးခဲ့ရၿပီးေနာက္ အေရးပါတဲ့ ေနးရွင္းလိဂ္ပြဲစဥ္မွာ ေပၚတူဂီအသင္းကို ဦးေဆာင္ၿပီး ကစားေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုဟာ ခ်က္ဂိုးသမား ဗားကလစ္နဲ႔ ျပင္းထန္တဲ့ ထိခိုက္မႈအၿပီးမွာ ေသြးသံတရဲရဲျဖစ္ခဲ့ရၿပီး ဒီကစားသမား ၂ ဦးဟာ ဒုတိယပိုင္း ပြဲကစားခ်ိန္အတြင္ ျဖတ္တင္ေဘာကို အၿပိဳင္အဆိုင္ ရယူဖို႔ ႀကိဳးပမ္းရာမွာ ထိခိုက္မိခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ကြင္းျမက္ခင္းေပၚမွာ လဲက်ေနခဲ့ၿပီး အခ်ိန္အေတာ္ၾကာ ေဆးအဖြဲ႕ရဲ႕ ကုသမႈကို ခံယူဖို႔ လိုအပ္ခဲ့တာျဖစ္ေပမယ့္လည္း ကြင္းေဘးစည္းမွာ ခဏတာ အနားယူခဲ့ၿပီးေနာက္ ပြဲစဥ္ကို ဆက္လက္ ကစားေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ ေပၚတူဂီအသင္းက ၃-၀ နဲ႔ အႏိုင္ရရွိေနတာေၾကာင့္ ေရာ္နယ္လ္ဒိုအေနနဲ႔ အနားယူမယ္ဆိုရင္ အနားယူႏိုင္ေပမယ့္လည္း အသင္းအတြက္ ေပးဆပ္ကစားေပးခ်င္စိတ္ အလြန္ျပင္းထန္ေနတာေၾကာင့္ ဆက္လက္ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီအသင္းဟာ ဒါေလာ့တ္ရဲ႕ သြင္းဂိုး ၂ ဂိုး၊ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ သြင္းဂိုး ၁ ဂိုးနဲ႔အတူ ခ်က္အသင္းကို ဦးေဆာင္ေနတာျဖစ္ၿပီး ပြဲကစားခ်ိန္ျပည့္ဖို႔ ၈ မိနစ္အလိုမွာ ဂ်ိဳတာက ေပၚတူဂီအသင္းအတြက္ စတုတၳေျမာက္ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

တစ္ဖက္မွာ ကစားေနတဲ့ စပိန္နဲ႔ ဆြစ္ဇာလန္တို႔ရဲ႕ ပြဲစဥ္မွာ စပိန္အသင္းက အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တာေၾကာင့္ ေပၚတူဂီအသင္းဟာ ခ်က္အသင္းနဲ႔ပြဲစဥ္က ႏိုင္ပြဲေၾကာင့္ အုပ္စု A2 ရဲ႕ အုပ္စုဗိုလ္အျဖစ္ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ျပင္းထန္တဲ့ ဒဏ္ရာ ရရွိၿပီးတဲ့ေနာက္မွာေတာင္ အသင္းေဖာ္ ဂ်ိဳတာရဲ႕ စတုတၳေျမာက္ ဦးေဆာင္ဂိုးကို ဖန္တီးေပးႏိုင္ခဲ့တဲ့အတြက္ ပရိသတ္ေတြဆီကေန ခ်ီးက်ဴးမႈေတြ အမ်ားအျပား ရရွိခဲ့ၿပီး အလြန္မာေက်ာတဲ့ စက္ယႏၲရားႀကီးလို႔ တင္စားခဲ့ၾကတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ဟာ ေရာ္နယ္လ္ဒိုကို ယခုရာသီအေစာပိုင္းကာလေတြမွာ အရန္ကစားသမားအျဖစ္နဲ႔သာ အသုံးျပဳခဲ့ေပမယ့္လည္း ေပၚတူဂီၾကယ္ပြင့္ဟာ ၎ရဲ႕ ပထမအသင္းအစီအစဥ္ထဲမွာ အခိုင္အမာရွိေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.