International

အိုင်ယာလန်ကို နောက်ကလိုက်သမပြီး လိဂ် A ကိုတန်းတက်တော့မယ့် စကော့တလန်

စကော့တလန်အသင်းဟာ စနေနေ့ညက အိုင်ယာလန်နဲ့ ဟမ့်ပ်ဒန်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ၂-၁ နဲ့ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ပြီးနောက် ပြန်လာနိုင်ခဲ့ပြီး နေးရှင်းလိဂ် လိဂ် A ကို တန်းတက်နိုင်ဖို့ ၁ မှတ်သာ လိုအပ်တော့တာဖြစ်ပါတယ်။

အိုင်ယာလန်အသင်းခေါင်းဆောင် ဂျွန် အီဂန်က ပထမပိုင်း ၁၈ မိနစ်မှာ ထောင့်ကန်ဘောကနေ ဖြတ်တင်လိုက်တဲ့ ဘောလုံးက ပင်နယ်တီဧရိယာထဲမှာ ရှုပ်ယှက်ခတ်နေချိန်မှာ ပြေးဝင်ကန်သွင်းသွားခဲ့ပြီး အိမ်ရှင်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ်လည်း ဂျက်ခ် ဟင်ဒရီက ဒုတိယပိုင်းပြန်လည်စတင်ပြီး ၄ မိနစ်အကြာမှာပဲ ခေါင်းတိုက်သွင်းဂိုးနဲ့အတူ ပြန်လည် ချေပသွားခဲ့တာဖြစ်ပြီး ပွဲကစားချိန်ပြီးဆုံးဖို့ ၁၀ မိနစ်အလိုမှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေ ရိုင်ယန် ခရစ္စတီးက အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့တာကြောင့် စကော့တလန်ဟာ အုပ်စု B1 ရဲ့ အုပ်စုဗိုလ်အဖြစ် ယူကရိန်းထက် ၂ မှတ်အသာနဲ့ ဆက်လက်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

စကော့တလန်ဟာ လက်ရှိမှာတော့ အင်္ဂါနေ့ည ခရာကိုးမှာ ယူကရိန်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်မှာ သရေ ၁ မှတ်ရရုံနဲ့ အုပ်စု A ကို တန်းတက်နိုင်တော့မှာ ဖြစ်ပြီး နောက်လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဝင်ခွင့်မျှော်လင့်ချက်ကို အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

စကော့တလန်နည်းပြ ကလာ့ခ်ဟာ ဗုဒ္ဓဟူးနေ့က ယူကရိန်းကို ၃-၀ နဲ့ အိမ်ကွင်းမှာ အနိုင်ရရှိပြီးနောက်ပိုင်း လူစာရင်းကို အနည်းဆုံး အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဒဏ်ရာရခဲ့တဲ့ ညာနောက်ခံလူ နေသန် ပက်တာဆန်ရဲ့နေရာမှာ အာရွန် ဟစ်ကီကို ထည့်သွင်း အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှူး ချီ အဒမ်ရဲ့ နေရာမှာ လင်ဒွန် ဒိုက်ခ်စ်က ပွဲထွက်ပါဝင်လာခဲ့ပြီး ဆောက်သမ်တန်ရဲ့ အသက် ၂၀ အရွယ် ဂိုးသမား ဂေဗင် ဘာဇူနူက အသင်းခေါင်းဆောင် အီဂန်၊ နောက်ခံလူ မတ် ဒိုဟာတီ၊ တိုက်စစ်မှူး အိုဘာဖီမီတို့နဲ့အတူ အိုင်ယာလန်ဂိုးပေါက်မှာ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဟမ့်ပ်ဒန်ပါ့ခ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ စကော့တလန်အသင်းက အနိုင်ရဖို့ ယုံကြည်ချက်အပြည့်ရှိခဲ့ပေမယ့်လည်း ပထမပိုင်းအစောပိုင်းမှာ အဖွင့်ဂိုး ခွင့်ပြုလိုက်ရတာကြောင့် ယုံကြည်မှုအနည်းငယ် ကျဆင်းသွားခဲ့ပြီး ၁၁ မိနစ်မှာ အိုင်ယာလန်တိုက်စစ်ကစားသမား ထရွိုင် ပဲရော့စ်က ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် စည်းကြပ်ဒိုင်က လူကျွံအလံထောင်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိုင်ယာလန်ပိသတ်တွေဟာ စကော့တလန်အသင်းက ဂျိမ်းစ် မက်ကလင်းရဲ့ ထောင့်ကန်ဘောကို သေသေချာချာ မရှင်းလင်းနိုင်ဘဲ အီဂန်က ၈ ကိုက်အကွာကနေ မြေလှိမ့်ဘော အပြင်းကန်သွင်းပြီး အိုင်ယာလန်ဂိုးသမား ခရိတ် ဂေါ်ဒွန်ကို အလဲထိုးနိုင်ခဲ့ချိန်မှာတော့ အားပါးတရ အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။

စကော့လန်ဟာ ချေပဂိုး ပြန်သွင်းဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး ဂျွန် မက်ဂင်းက ဂိုးပေါက် ၂ ကြိမ်ကန်ခွင့်ရခဲ့ပေမယ့်လည်း ၂ ကြိမ်စလုံး ဂိုးပေါက်ကောင်းကောင်း မတည့်ခဲ့ဘဲ ဘောလုံးက ဘေးကိုသာ ဝိုက်ထွက်သွားခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၅ မိနစ်အကြာမှာ စကော့တလန်အသင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စတစ်ခု ဖြစ်ခဲ့ပြီး အာဆင်နယ်နောက်ခံကစားသမား တီယာနီဟာ ထောင့်ကန်ဘောကနေ ကန်တင်လိုက်တဲ့ဘောလုံးကို ရှင်းလင်းဖို့ ကြိုးပမ်းချိန်မှာ ပါးရော့တ်နဲ့ ထိခိုက်မိပြီး ဦးခေါင်းဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဂရက်ဂျ် တေလာနဲ့ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာ စကော့တလန်အသင်းက ကီရန် တီယာနီရဲ့ ဒဏ်ရာသတင်းကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး အာဆင်နယ်ဘယ်နောက်ခံကစားသမားရဲ့ ဦးခေါင်းဒဏ်ရာဟာ ပြင်းထန်မှုမရှိဘဲ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစားလဲလှယ်ခဲ့တာသာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စေကာ့တလန္အသင္းဟာ စေနေန႔ညက အိုင္ယာလန္နဲ႔ ဟမ့္ပ္ဒန္ပါ့ခ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ၂-၁ နဲ႔ ခက္ခက္ခဲခဲ တိုက္ပြဲဝင္ၿပီးေနာက္ ျပန္လာႏိုင္ခဲ့ၿပီး ေနးရွင္းလိဂ္ လိဂ္ A ကို တန္းတက္ႏိုင္ဖို႔ ၁ မွတ္သာ လိုအပ္ေတာ့တာျဖစ္ပါတယ္။

အိုင္ယာလန္အသင္းေခါင္းေဆာင္ ဂြၽန္ အီဂန္က ပထမပိုင္း ၁၈ မိနစ္မွာ ေထာင့္ကန္ေဘာကေန ျဖတ္တင္လိုက္တဲ့ ေဘာလုံးက ပင္နယ္တီဧရိယာထဲမွာ ရႈပ္ယွက္ခတ္ေနခ်ိန္မွာ ေျပးဝင္ကန္သြင္းသြားခဲ့ၿပီး အိမ္ရွင္တို႔ ဦးေဆာင္ဂိုး ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ္လည္း ဂ်က္ခ္ ဟင္ဒရီက ဒုတိယပိုင္းျပန္လည္စတင္ၿပီး ၄ မိနစ္အၾကာမွာပဲ ေခါင္းတိုက္သြင္းဂိုးနဲ႔အတူ ျပန္လည္ ေခ်ပသြားခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္ၿပီးဆုံးဖို႔ ၁၀ မိနစ္အလိုမွာ ရရွိခဲ့တဲ့ ပင္နယ္တီကေန ႐ိုင္ယန္ ခရစၥတီးက အႏိုင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့တာေၾကာင့္ စေကာ့တလန္ဟာ အုပ္စု B1 ရဲ႕ အုပ္စုဗိုလ္အျဖစ္ ယူကရိန္းထက္ ၂ မွတ္အသာနဲ႔ ဆက္လက္ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

စေကာ့တလန္ဟာ လက္ရွိမွာေတာ့ အဂၤါေန႔ည ခရာကိုးမွာ ယူကရိန္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ အုပ္စုေနာက္ဆုံးပြဲစဥ္မွာ သေရ ၁ မွတ္ရ႐ုံနဲ႔ အုပ္စု A ကို တန္းတက္ႏိုင္ေတာ့မွာ ျဖစ္ၿပီး ေနာက္လာမယ့္ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲအတြက္ ဝင္ခြင့္ေမွ်ာ္လင့္ခ်က္ကို အေထာက္အကူျဖစ္ေစမွာ ျဖစ္ပါတယ္။

စေကာ့တလန္နည္းျပ ကလာ့ခ္ဟာ ဗုဒၶဟူးေန႔က ယူကရိန္းကို ၃-၀ နဲ႔ အိမ္ကြင္းမွာ အႏိုင္ရရွိၿပီးေနာက္ပိုင္း လူစာရင္းကို အနည္းဆုံး အေျပာင္းအလဲ ျပဳလုပ္ခဲ့ၿပီး ဒဏ္ရာရခဲ့တဲ့ ညာေနာက္ခံလူ ေနသန္ ပက္တာဆန္ရဲ႕ေနရာမွာ အာ႐ြန္ ဟစ္ကီကို ထည့္သြင္း အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

တိုက္စစ္မႉး ခ်ီ အဒမ္ရဲ႕ ေနရာမွာ လင္ဒြန္ ဒိုက္ခ္စ္က ပြဲထြက္ပါဝင္လာခဲ့ၿပီး ေဆာက္သမ္တန္ရဲ႕ အသက္ ၂၀ အ႐ြယ္ ဂိုးသမား ေဂဗင္ ဘာဇူႏူက အသင္းေခါင္းေဆာင္ အီဂန္၊ ေနာက္ခံလူ မတ္ ဒိုဟာတီ၊ တိုက္စစ္မႉး အိုဘာဖီမီတို႔နဲ႔အတူ အိုင္ယာလန္ဂိုးေပါက္မွာ ပြဲထြက္လာခဲ့တာ ျဖစ္ပါတယ္။

ဟမ့္ပ္ဒန္ပါ့ခ္မွာ ကစားခဲ့တဲ့ ပြဲစဥ္မွာ စေကာ့တလန္အသင္းက အႏိုင္ရဖို႔ ယုံၾကည္ခ်က္အျပည့္ရွိခဲ့ေပမယ့္လည္း ပထမပိုင္းအေစာပိုင္းမွာ အဖြင့္ဂိုး ခြင့္ျပဳလိုက္ရတာေၾကာင့္ ယုံၾကည္မႈအနည္းငယ္ က်ဆင္းသြားခဲ့ၿပီး ၁၁ မိနစ္မွာ အိုင္ယာလန္တိုက္စစ္ကစားသမား ထ႐ြိဳင္ ပဲေရာ့စ္က ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ စည္းၾကပ္ဒိုင္က လူကြၽံအလံေထာင္ထားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အိုင္ယာလန္ပိသတ္ေတြဟာ စေကာ့တလန္အသင္းက ဂ်ိမ္းစ္ မက္ကလင္းရဲ႕ ေထာင့္ကန္ေဘာကို ေသေသခ်ာခ်ာ မရွင္းလင္းႏိုင္ဘဲ အီဂန္က ၈ ကိုက္အကြာကေန ေျမလွိမ့္ေဘာ အျပင္းကန္သြင္းၿပီး အိုင္ယာလန္ဂိုးသမား ခရိတ္ ေဂၚဒြန္ကို အလဲထိုးႏိုင္ခဲ့ခ်ိန္မွာေတာ့ အားပါးတရ ေအာင္ပြဲခံခဲ့ၾကတာျဖစ္ပါတယ္။

စေကာ့လန္ဟာ ေခ်ပဂိုး ျပန္သြင္းဖို႔အတြက္ ခက္ခက္ခဲခဲ ႐ုန္းကန္ခဲ့ရၿပီး ဂြၽန္ မက္ဂင္းက ဂိုးေပါက္ ၂ ႀကိမ္ကန္ခြင့္ရခဲ့ေပမယ့္လည္း ၂ ႀကိမ္စလုံး ဂိုးေပါက္ေကာင္းေကာင္း မတည့္ခဲ့ဘဲ ေဘာလုံးက ေဘးကိုသာ ဝိုက္ထြက္သြားခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၅ မိနစ္အၾကာမွာ စေကာ့တလန္အသင္းအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္စရာကိစၥတစ္ခု ျဖစ္ခဲ့ၿပီး အာဆင္နယ္ေနာက္ခံကစားသမား တီယာနီဟာ ေထာင့္ကန္ေဘာကေန ကန္တင္လိုက္တဲ့ေဘာလုံးကို ရွင္းလင္းဖို႔ ႀကိဳးပမ္းခ်ိန္မွာ ပါးေရာ့တ္နဲ႔ ထိခိုက္မိၿပီး ဦးေခါင္းဒဏ္ရာ ရရွိသြားခဲ့တာေၾကာင့္ ဂရက္ဂ်္ ေတလာနဲ႔ လူစားလဲခံခဲ့ရတာျဖစ္ပါတယ္။

ပြဲအၿပီးမွာ စေကာ့တလန္အသင္းက ကီရန္ တီယာနီရဲ႕ ဒဏ္ရာသတင္းကို ေစာင့္ေမွ်ာ္ေနတဲ့ ပရိသတ္ေတြအတြက္ သတင္းေကာင္းကို ထုတ္ျပန္ေၾကညာခဲ့ၿပီး အာဆင္နယ္ဘယ္ေနာက္ခံကစားသမားရဲ႕ ဦးေခါင္းဒဏ္ရာဟာ ျပင္းထန္မႈမရွိဘဲ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ လူစားလဲလွယ္ခဲ့တာသာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.