International Premier League

လီဗာပူးလ်ပစ်မှတ်ထားသင့်တဲ့ နောက်ခံလူကို ကိုယ်တိုင်ရွေးချယ်ပေးခဲ့တဲ့ ဗန်ဒိုက်

လီဗာပူးလ်နောက်ခံကစားသမား ဗန်ဒိုက်က အိုင်းယက်စ် နောက်ခံကစားသမား ယူရီယန် တင်းဘားဟာ သူ အဲဒီအသက်အရွယ်တုန်းကထက် အများကြီး ပိုကောင်းတဲ့ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် နောက်ခံကစားသမားဟာ အိုင်းယက်စ်ရဲ့ ဗဟိုခံစစ်မှာ အသင်းကို ထိန်းကျောင်းပေးနိုင်တဲ့ အထင်ကြီးဖွယ်စွမ်းဆောင်ရည်အချို့ ပြသနိုင်ခဲ့ပြီးနောက် ဥရောပတလွှားက ထိပ်တန်းအသင်းအများအပြားကို ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဆိုရင် တင်းဘားကို အိုးထရက်ဖို့ဒ် ခေါ်ယူချင်ခဲ့ပေမယ့်လည်း အသင်းဟောင်း အိုင်းယက်စ်ကို ဒတ်ချ်နောက်ခံကစားသမားနဲ့ လမ်းခွဲအောင် စည်းရုံးနိုင်ခြင်းမရှိခဲ့တာကြောင့် လက်လျှော့ခဲ့ရတာဖြစ်ပါတယ်။

ယူရီယန် တင်းဘားဟာ လက်ရှိမှာတော့ ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လူးဝစ္စ ဗန်ဟားလ်ရဲ့ နယ်သာလန်လက်ရွေးစင်အသင်းမှာ တစ်နေရာ ရရှိဖို့အတွက် ကြိုးပမ်းနေပြီဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးနောက်ခံကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ နယ်သာလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဗန်ဒိုက်က လက်ရှိမှာတော့ အသက် ၂၁ နှစ်အရွယ် အိုင်းယက်စ် နောက်ခံကစားသမားရဲ့ အရည်အသွေးတွေကို ချီးကျူး ပြောဆိုလိုက်တာဖြစ်ပါတယ်။

“သူ အခုရှိနေတဲ့ခြေစွမ်းမျိုးလောက် ကျွန်တော် သူ့အသက်အရွယ်တုန်းက မရှိခဲ့ပါဘူး။ ကျွန်တော့်မှာ ဘာမှ ပြောစရာမရှိပေမယ့် သူ့အတွက်တော့ ချီးကျူးစရာတွေရှိပါတယ်။ သူက အရမ်းကောင်းတဲ့ကစားသမားဖြစ်ပြီး စစ်မှန်တဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ပါ။ သူ့မှာ အလားအလာတွေ အများကြီး ရှိနေပါတယ်။ သူ ဒီထက်ပိုပြီး တိုးတက်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ အဲဒီလိုသာ ဖြစ်ခဲ့ရင် အားလုံး အဆင်ပြေသွားလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တင်းဘားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နယ်သာလန်လက်ရွေးစင်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲမှာ ပါဝင်ခဲ့မယ်ဆိုရင် ကြီးမားတဲ့ တာဝန်ကို ထမ်းရွက်ရတော့မှာဖြစ်ပြီး မက်သိုက် ဒီလစ်ချ်၊ စတက်ဖင် ဒီ ဖရေး၊ နေသန် အာကိတို့အားလုံးကလည်း ဗန်ဒိုက်နဲ့အတူ ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ဖို့ စောင့်မျှော်နေကြတာဖြစ်ပါတယ်။ ဗန်ဒိုက်က ကစားသမားတိုင်းဟာ အခုအချိန်မှာ ၎င်းတို့ရဲ့ အခန်းကဏ္ဍကို သိရှိနေကြတယ်လို့ ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

“အားလုံးက အခုအချိန်မှာ သူတို့ရဲ့ အခန်းကဏ္ဍကို သိကြတယ်လို့ ကျွန်တော် ထင်တယ်။ လက်ရွေးစင်နည်းပြကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အရမ်းကို ရှင်းလင်းပါတယ်။ အားလုံးက ကစားရသည်ဖြစ်စေ၊ မကစားရသည်ဖြစ်စေ တာဝန်ရှိတယ်လို့ ခံစားနေရပါတယ်။ ဟုတ်တာပေါ့။ အဲဒါကို ခင်ဗျား ရင်ဆိုင်ဖို့ မလွယ်ကူပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျား အမြဲတမ်း ကစားချင်နေပြီး သူတို့တွေက အကောင်းဆုံးအလုပ်ကို လုပ်ချင်နေကြတယ်လို့ ကျွန်တော် ထင်လို့ပါ”

“ကျွန်တော်တို့ သူတို့ကို လိုအပ်တဲ့အချိန်မှာ သူတို့တွေက အမြဲတမ်းရှိနေမှာပါ။ အသင်းကို ဒီအပိုင်းနဲ့လည်း ကူညီပေးလို့ရပါတယ်။ ဒါက အောင်မြင်မှုရဖို့အတွက်လည်း မဖြစ်မနေ အရေးပါတဲ့အရာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ေနာက္ခံကစားသမား ဗန္ဒိုက္က အိုင္းယက္စ္ ေနာက္ခံကစားသမား ယူရီယန္ တင္းဘားဟာ သူ အဲဒီအသက္အ႐ြယ္တုန္းကထက္ အမ်ားႀကီး ပိုေကာင္းတဲ့ကစားသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ အိုင္းယက္စ္ရဲ႕ ဗဟိုခံစစ္မွာ အသင္းကို ထိန္းေက်ာင္းေပးႏိုင္တဲ့ အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္အခ်ိဳ႕ ျပသႏိုင္ခဲ့ၿပီးေနာက္ ဥေရာပတလႊားက ထိပ္တန္းအသင္းအမ်ားအျပားကို ဆြဲေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ဆိုရင္ တင္းဘားကို အိုးထရက္ဖို႔ဒ္ ေခၚယူခ်င္ခဲ့ေပမယ့္လည္း အသင္းေဟာင္း အိုင္းယက္စ္ကို ဒတ္ခ်္ေနာက္ခံကစားသမားနဲ႔ လမ္းခြဲေအာင္ စည္း႐ုံးႏိုင္ျခင္းမရွိခဲ့တာေၾကာင့္ လက္ေလွ်ာ့ခဲ့ရတာျဖစ္ပါတယ္။

ယူရီယန္ တင္းဘားဟာ လက္ရွိမွာေတာ့ ကာတာမွာ က်င္းပမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ လူးဝစၥ ဗန္ဟားလ္ရဲ႕ နယ္သာလန္လက္ေ႐ြးစင္အသင္းမွာ တစ္ေနရာ ရရွိဖို႔အတြက္ ႀကိဳးပမ္းေနၿပီျဖစ္ပါတယ္။ ကမာၻ႔ေဘာလုံးေလာကမွာ အေကာင္းဆုံးေနာက္ခံကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့ နယ္သာလန္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ ဗန္ဒိုက္က လက္ရွိမွာေတာ့ အသက္ ၂၁ ႏွစ္အ႐ြယ္ အိုင္းယက္စ္ ေနာက္ခံကစားသမားရဲ႕ အရည္အေသြးေတြကို ခ်ီးက်ဴး ေျပာဆိုလိုက္တာျဖစ္ပါတယ္။

“သူ အခုရွိေနတဲ့ေျခစြမ္းမ်ိဳးေလာက္ ကြၽန္ေတာ္ သူ႔အသက္အ႐ြယ္တုန္းက မရွိခဲ့ပါဘူး။ ကြၽန္ေတာ့္မွာ ဘာမွ ေျပာစရာမရွိေပမယ့္ သူ႔အတြက္ေတာ့ ခ်ီးက်ဴးစရာေတြရွိပါတယ္။ သူက အရမ္းေကာင္းတဲ့ကစားသမားျဖစ္ၿပီး စစ္မွန္တဲ့ ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ေယာက္ပါ။ သူ႔မွာ အလားအလာေတြ အမ်ားႀကီး ရွိေနပါတယ္။ သူ ဒီထက္ပိုၿပီး တိုးတက္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ အဲဒီလိုသာ ျဖစ္ခဲ့ရင္ အားလုံး အဆင္ေျပသြားလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

တင္းဘားဟာ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ နယ္သာလန္လက္ေ႐ြးစင္အသင္းရဲ႕ ပြဲထြက္လူစာရင္းထဲမွာ ပါဝင္ခဲ့မယ္ဆိုရင္ ႀကီးမားတဲ့ တာဝန္ကို ထမ္း႐ြက္ရေတာ့မွာျဖစ္ၿပီး မက္သိုက္ ဒီလစ္ခ်္၊ စတက္ဖင္ ဒီ ဖေရး၊ ေနသန္ အာကိတို႔အားလုံးကလည္း ဗန္ဒိုက္နဲ႔အတူ ပြဲထြက္လူစာရင္းမွာ ပါဝင္ႏိုင္ဖို႔ ေစာင့္ေမွ်ာ္ေနၾကတာျဖစ္ပါတယ္။ ဗန္ဒိုက္က ကစားသမားတိုင္းဟာ အခုအခ်ိန္မွာ ၎တို႔ရဲ႕ အခန္းက႑ကို သိရွိေနၾကတယ္လို႔ ထပ္ေလာင္း ေျပာၾကားသြားခဲ့ပါတယ္။

“အားလုံးက အခုအခ်ိန္မွာ သူတို႔ရဲ႕ အခန္းက႑ကို သိၾကတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ လက္ေ႐ြးစင္နည္းျပကလည္း ဒီကိစၥနဲ႔ပတ္သက္ၿပီး အရမ္းကို ရွင္းလင္းပါတယ္။ အားလုံးက ကစားရသည္ျဖစ္ေစ၊ မကစားရသည္ျဖစ္ေစ တာဝန္ရွိတယ္လို႔ ခံစားေနရပါတယ္။ ဟုတ္တာေပါ့။ အဲဒါကို ခင္ဗ်ား ရင္ဆိုင္ဖို႔ မလြယ္ကူပါဘူး။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား အၿမဲတမ္း ကစားခ်င္ေနၿပီး သူတို႔ေတြက အေကာင္းဆုံးအလုပ္ကို လုပ္ခ်င္ေနၾကတယ္လို႔ ကြၽန္ေတာ္ ထင္လို႔ပါ”

“ကြၽန္ေတာ္တို႔ သူတို႔ကို လိုအပ္တဲ့အခ်ိန္မွာ သူတို႔ေတြက အၿမဲတမ္းရွိေနမွာပါ။ အသင္းကို ဒီအပိုင္းနဲ႔လည္း ကူညီေပးလို႔ရပါတယ္။ ဒါက ေအာင္ျမင္မႈရဖို႔အတြက္လည္း မျဖစ္မေန အေရးပါတဲ့အရာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.