International Match Report

မီထရိုဗစ်ချ် ဟက်ထရစ်နဲ့ နော်ဝေရဲ့ ဆီမီးနေရာကို လုဖို့ကြံတဲ့ ဆားဘီးယား

ဆားဘီးယားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဗားညာ မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်၊ ခံစစ်မှာ စတီဖန် မီထရိုဗစ်ချ်၊ ဘာဘစ်ချ်၊ မာရှိုဗစ်ချ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ လူကစ်ချ်၊ ဆာဂေး မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်၊ တာဒစ်ချ်၊ ကော့စ်တစ်ချ်နဲ့ ဂျိဗ်ကိုဗစ်ချ်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ အလက်ဇန်းဒါး မီထရိုဗစ်ချ်နဲ့ ဗလာဟိုဗစ်ချ်တို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဆွီဒင်တို့ကတော့ ဂိုးသမား အော်လ်ဆန်၊ ခံစစ်မှာ လင်ဒီလော့ဖ်၊ ဟင်းန်၊ ဆန်းဒ်ဂရင်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆဗန်ဘာ့ဂ်၊ ကာယူးစ်တီ၊ ကလဲဆန်၊ အော်ဂတ်စ်တင်ဆန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ကူလူရှက်ဗ်စကီး၊ ဂျော်ကာရက်စ်နဲ့ ဖော့စ်ဘတ်တို့ကို ပွဲထုတ်လာခဲ့တာပါ။

အိမ်ရှင်တွေကပဲ ဖိကစားနေခဲ့ပေမယ့် ပွဲချိန် ၁၅ မိနစ်မှာ ဧည့်သည်တွေက ဂိုးစတင်သွင်းယူသွားခဲ့ပြီး ဘယ်ခြမ်းကနေ တိုက်စစ်ဆင်လာရာမှာ ဆားဘီးယားခံစစ် ရှင်းထုတ်ပုံ မပီပြင်တာကနေ ကူလူရှက်ဗ်စကီး ပြန်ရသွားပြီး အလယ်ကို ပို့ပေးတာကို ပြေးဝင်လာတဲ့ ကလဲဆန်က ဂိုးသမား မီလင်ကိုဗစ်-ဆာဗစ်ချ်နဲ့အတွေ့မှာ ကျော်သွင်းယူခဲ့တာကြောင့် ဆွီဒင်တို့ စတင်ဦးဆောင်ခဲ့ပါတယ်။

သုံးမိနစ်အကြာမှာတော့ ဆားဘီးယားတို့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ညာခြမ်းမှာ တစ်ယောက်တည်း လွတ်နေတဲ့ ဂျိဗ်ကိုဗစ်ချ်ဆီ ချပေးတာကို သူက တောင်ပံကနေ ဘယ်ခြေနဲ့ ဝိုက်ကန်တင်ပေးခဲ့ရာမှာ အဝေးတိုင်ဘက်မှာ နေရာယူထားခဲ့တဲ့ တိုက်စစ်မှူး မီထရိုဗစ်ချ်က ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဗလာဟိုဗစ်ချ်ကတော့ ဂျူဗင်တပ်စ်မှာလိုပဲ ခြေစွမ်းနိမ့်ပါးနေခဲ့သလို အဆုံးသတ်ပိုင်းတွေမှာလည်း သေချာမှု မရှိဘဲ အခွင့်အရေး နှစ်ကြိမ်လောက်ကို လွဲချော်ခဲ့သလို ဂိုးသမား အော်လ်ဆန်ဆီပဲ အရောက်ပို့နေခဲ့ပြီး တာဒစ်ချ်ကလည်း အနည်းငယ် လေးနေခဲ့တာကြောင့် ဆားဘီးယားတို့ ဂိုးထပ်မရဘဲဖြစ်နေခဲ့တာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ဆားဘီးယားတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ ရတဲ့ ထောင့်ကန်ဘောကို တာဒစ်ချ် ကန်တင်ပေးရာမှာ မီထရိုဗစ်ချ်က သူ့ကို ကပ်ထားတဲ့ အော်ဂတ်စ်တင်ဆန်ရဲ့ ဖိအားကို တောင့်ခံပြီးမှ ဘောလုံးလာရာကို အရောက်သွားပြီး ဆွီဒင်ခံစစ် ခြောက်ယောက်လောက်ရှေ့က ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်အစမှာတော့ ဆားဘီးယားဘက်က ဂျိဗ်ကိုဗစ်ချ်အစား လာဇိုဗစ်ချ်နဲ့ ဆွီဒင်ဘက်က ကာယူးစ်တီအစား အော်လ်ဆန်တို့ ဝင်လာခဲ့ကြပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ မီထရိုဗစ်ချ်ကပဲ သူ့ရဲ့ ဟက်ထရစ်ပြည့်မြောက်စေမယ့် ဂိုးကို ရယူသွားခဲ့သလို ဒီဂိုးကိုတော့ ကောင်တာကနေ ဗလာဟိုဗစ်ချ် ထိုးပေးတာကို လူကျွံထောင်ချောက်ကို ဖောက်ထွက်နိုင်ခဲ့တဲ့ ဖူလ်ဟမ်တိုက်စစ်မှူးက အသာအယာ ပိတ်သွင်းယူသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာ ဆွီဒင်တို့ဘက်က ကလဲဆန်နဲ့ ဂျိုကာရက်စ်တို့အစား ကွေဆန်နဲ့ အီလန်ဂါတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ဆားဘီးယားခံစစ်က ထိန်းချုပ်သွားနိုင်ခဲ့သလို ဧည့်သည်အသင်းရဲ့ ခြေစွမ်းနဲ့ အဆုံးသတ်ပိုင်းကလည်း ကူလူရှက်ဗ်စကီးပါ ခြေပျောက်နေခဲ့လို့ ဆိုးရွားခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ ဆားဘီးယားတို့ပဲ စတုတ္ထ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းက ကော့စ်တစ်ချ်ရဲ့ ဖြတ်တင်မှု များသွားတာကို ညာနောက်ခံလူနေရာမှာ ကစားနေတဲ့ လာဇိုဗစ်ချ်က လိုက်လံရယူပြီး အတွင်းထဲ ပြန်ပေးခဲ့တဲ့ ဘောလုံးကို ကွင်းလယ်လူ လူကစ်ချ်က အဝေးတိုင် ဘယ်ဘက်ထောင့်ကို ဝေ့ဝိုက်ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ဆားဘီးယားတို့ဘက်က မီထရိုဗစ်ချ်အစား ရာချစ်ချ်၊ ကော့စ်တစ်ချ်အစား အီလစ်ချ်၊ ဗလာဟိုဗစ်ချ်အစား ယိုဗစ်ချ်နဲ့ တာဒစ်ချ်အစား နောက်ထပ် နာမည်တူ စတီဖန် မီထရိုဗစ်ချ် နောက်တစ်ယောက်တို့ကို ထည့်သွင်းကစားသွားခဲ့လို့ ဖူလ်ဟမ်တိုက်စစ်မှူးက သုံးဂိုးသွင်း ဟက်ထရစ်ရခဲ့သလို နာမည်တူ မီထရိုဗစ်ချ် သုံးဦးအထိ ပါဝင်ကစားခဲ့တာကလည်း ထူးခြားမှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဆွီဒင်ကို ဆားဘီးယားတို့ လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရယူနိုင်ခဲ့ပြီး ဒီပွဲရလဒ်ကြောင့် အုပ်စုတွင်းမှာ ဦးဆောင်နေတဲ့ နော်ဝေကို ၁၀ မှတ်နဲ့ အမှတ်ချင်းတူညီနိုင်ခဲ့သလို လာမယ့်ပွဲမှာတော့ အဝေးကွင်း အော်စလိုမြို့မှာ ဆီမီးဖိုင်နယ်တက်ခွင့် ထိပ်တိုက်တွေ့ဆုံမှုအဖြစ် အုပ်စုဗိုလ် နေရာအတွက် ကစားရမှာဖြစ်တာကြောင့် လိဂ်အေဆီ တန်းတက်ခွင့်ပွဲကို စောင့်ကြည့်ရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆားဘီးယားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဗားညာ မီလင်ကိုဗစ်ခ်ျ-ဆာဗစ်ခ်ျ၊ ခံစစ်မှာ စတီဖန် မီထရိုဗစ်ခ်ျ၊ ဘာဘစ်ခ်ျ၊ မာရှိုဗစ်ခ်ျတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ လူကစ်ခ်ျ၊ ဆာဂေး မီလင်ကိုဗစ်ခ်ျ-ဆာဗစ်ခ်ျ၊ တာဒစ်ခ်ျ၊ ကော့စ်တစ်ခ်ျနဲ့ ဂျိဗ်ကိုဗစ်ခ်ျတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ အလက်ဇန်းဒါး မီထရိုဗစ်ခ်ျနဲ့ ဗလာဟိုဗစ်ခ်ျတို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။


အိမ်ရှင်တွေကပဲ ဖိကစားနေခဲ့ပေမယ့် ပွဲချိန် ၁၅ မိနစ်မှာ ဧည့်သည်တွေက ဂိုးစတင်သွင်းယူသွားခဲ့ပြီး ဘယ်ခြမ်းကနေ တိုက်စစ်ဆင်လာရာမှာ ဆားဘီးယားခံစစ် ရှင်းထုတ်ပုံ မပီပြင်တာကနေ ကူလူရှက်ဗ်စကီး ပြန်ရသွားပြီး အလယ်ကို ပို့ပေးတာကို ပြေးဝင်လာတဲ့ ကလဲဆန်က ဂိုးသမား မီလင်ကိုဗစ်-ဆာဗစ်ခ်ျနဲ့အတွေ့မှာ ကျော်သွင်းယူခဲ့တာကြောင့် ဆွီဒင်တို့ စတင်ဦးဆောင်ခဲ့ပါတယ်။

သုံးမိနစ်အကြာမှာတော့ ဆားဘီးယားတို့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ညာခြမ်းမှာ တစ်ယောက်တည်း လွတ်နေတဲ့ ဂျိဗ်ကိုဗစ်ခ်ျဆီ ချပေးတာကို သူက တောင်ပံကနေ ဘယ်ခြေနဲ့ ဝိုက်ကန်တင်ပေးခဲ့ရာမှာ အဝေးတိုင်ဘက်မှာ နေရာယူထားခဲ့တဲ့ တိုက်စစ်မှူး မီထရိုဗစ်ခ်ျက ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဗလာဟိုဗစ်ခ်ျကတော့ ဂျူဗင်တပ်စ်မှာလိုပဲ ခြေစွမ်းနိမ့်ပါးနေခဲ့သလို အဆုံးသတ်ပိုင်းတွေမှာလည်း သေချာမှု မရှိဘဲ အခွင့်အရေး နှစ်ကြိမ်လောက်ကို လွဲချော်ခဲ့သလို ဂိုးသမား အော်လ်ဆန်ဆီပဲ အရောက်ပို့နေခဲ့ပြီး တာဒစ်ခ်ျကလည်း အနည်းငယ် လေးနေခဲ့တာကြောင့် ဆားဘီးယားတို့ ဂိုးထပ်မရဘဲဖြစ်နေခဲ့တာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ဆားဘီးယားတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ ရတဲ့ ထောင့်ကန်ဘောကို တာဒစ်ခ်ျ ကန်တင်ပေးရာမှာ မီထရိုဗစ်ခ်ျက သူ့ကို ကပ်ထားတဲ့ အော်ဂတ်စ်တင်ဆန်ရဲ့ ဖိအားကို တောင့်ခံပြီးမှ ဘောလုံးလာရာကို အရောက်သွားပြီး ဆွီဒင်ခံစစ် ခြောက်ယောက်လောက်ရှေ့က ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်အစမှာတော့ ဆားဘီးယားဘက်က ဂျိဗ်ကိုဗစ်ခ်ျအစား လာဇိုဗစ်ခ်ျနဲ့ ဆွီဒင်ဘက်က ကာယူးစ်တီအစား အော်လ်ဆန်တို့ ဝင်လာခဲ့ကြပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ မီထရိုဗစ်ခ်ျကပဲ သူ့ရဲ့ ဟက်ထရစ်ပြည့်မြောက်စေမယ့် ဂိုးကို ရယူသွားခဲ့သလို ဒီဂိုးကိုတော့ ကောင်တာကနေ ဗလာဟိုဗစ်ခ်ျ ထိုးပေးတာကို လူကျွံထောင်ချောက်ကို ဖောက်ထွက်နိုင်ခဲ့တဲ့ ဖူလ်ဟမ်တိုက်စစ်မှူးက အသာအယာ ပိတ်သွင်းယူသွားခဲ့တာပါ။


ပွဲချိန် မိနစ် ၇၀ မှာတော့ ဆားဘီးယားတို့ပဲ စတုတ္ထ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းက ကော့စ်တစ်ခ်ျရဲ့ ဖြတ်တင်မှု များသွားတာကို ညာနောက်ခံလူနေရာမှာ ကစားနေတဲ့ လာဇိုဗစ်ခ်ျက လိုက်လံရယူပြီး အတွင်းထဲ ပြန်ပေးခဲ့တဲ့ ဘောလုံးကို ကွင်းလယ်လူ လူကစ်ခ်ျက အဝေးတိုင် ဘယ်ဘက်ထောင့်ကို ဝေ့ဝိုက်ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ဆားဘီးယားတို့ဘက်က မီထရိုဗစ်ခ်ျအစား ရာချစ်ခ်ျ၊ ကော့စ်တစ်ခ်ျအစား အီလစ်ခ်ျ၊ ဗလာဟိုဗစ်ခ်ျအစား ယိုဗစ်ခ်ျနဲ့ တာဒစ်ခ်ျအစား နောက်ထပ် နာမည်တူ စတီဖန် မီထရိုဗစ်ခ်ျ နောက်တစ်ယောက်တို့ကို ထည့်သွင်းကစားသွားခဲ့လို့ ဖူလ်ဟမ်တိုက်စစ်မှူးက သုံးဂိုးသွင်း ဟက်ထရစ်ရခဲ့သလို နာမည်တူ မီထရိုဗစ်ခ်ျ သုံးဦးအထိ ပါဝင်ကစားခဲ့တာကလည်း ထူးခြားမှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.