Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁.၉.၂၀၂၀

– လာကာဇက္၊ ေပေပ၊ ဝီလီယန္၊ အုိေဇးလ္တုိ႔ အာဆင္နယ္အသင္းနဲ႔ ျပန္လည္ပူးေပါင္းႏုိင္ခဲ့ခ်ိန္မွာ ဂါဘရီယယ္လ္ကေတာ့ ကြာရန္တင္း ရက္ျပည့္ဖို႔ ေစာင့္ဆုိင္းေနဆဲလုိ႔ သိရၿပီး ပရီးမီးယားလိဂ္ပြဲစဥ္မတုိင္ခင္ ေျခစမ္းပြဲ ႏွစ္ပြဲ သို႔မဟုတ္ သုံးပြဲကစားသြားဖုိ႔ရွိေန။

– ဒါနီ စီဘာေယာ့စ္ကို ေနာက္ထပ္တစ္ရာသီအငွားနဲ႔ ထပ္မံေခၚယူဖို႔ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ အာဆင္နယ္အသင္းတုိ႔ ေသေသခ်ာခ်ာ ညႇိႏွဳိင္းေဆြးေႏြးေနၾကေၾကာင္း စကိုင္းစပုိ႔စ္ အတည္ျပဳသြား။ (၂၀၂၀-၂၁ ရာသီအတြက္ ထပ္မံသေဘာတူညီႏုိင္ခဲ့ၿပီလုိ႔ ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏို ေဖာ္ျပ – ည ၁၀ နာရီခြဲ Update)

– ဂါဘရီယယ္လ္ မာဂါလုိင္စ္ကို အာဆင္နယ္အသင္းအေနနဲ႔ တရားဝင္ေၾကျငာႏုိင္ေတာ့မယ္လို႔ တုိင္းမ္စ္က ေရးသားခဲ့ၿပီး ဘရာဇီးလ္ ေနာက္ခံလူအတြက္ တစ္ပတ္လုပ္ခ ေပါင္ရွစ္ေသာင္းနဲ႔ ငါးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိထားတယ္လို႔ ထုတ္ေဖာ္သြား။ (ေရာက္ရွိၿပီလို႔ အသင္းဝက္ဘ္ဆိုက္က တရားဝင္ေၾကျငာ ည ၁၀ နာရီ)

– စီးရီးေအကလပ္ ဆမ္ဒိုးရီးယားက စိတ္ဝင္စားမွဳ ျပသထားတဲ့ ကြင္းလယ္လူ အယ္လ္နန္နီကို အနည္းဆုံး အရန္အျဖစ္ ဆက္လက္ ထိန္းသိမ္းထားဖို႔နဲ႔ သူဟာ အသင္းမွာ အသုံးဝင္လာမွာျဖစ္ေၾကာင္း ကြန္ျမဴနတီဒိုင္းေျခစြမ္းကို သေဘာက်ေနတဲ့ အာဆင္နယ္ ပရိသတ္ေတြက ေတာင္းဆုိထား။

– အက္သလက္တီကိုအေနနဲ႔ ေဈးကိုင္ထားေလ နစ္နာေလျဖစ္လာမယ့္ ေသာမတ္စ္ ပါေတးကို ေခၚယူႏုိင္ဖို႔ တျဖည္းျဖည္းနီးစပ္လာခဲ့ၿပီး ႐ိုးမားရဲ႕ ဒီယာဝါရာကိုလည္း ေတာ္ရဲရားနဲ႔ လဲလွယ္ဖို႔ ရွိေနတဲ့ အာဆင္နယ္တုိ႔ ကြင္းလယ္အဖ်က္ကစားသမားႏွစ္ဦး တစ္ၿပဳိင္တည္း ရရွိႏုိင္တယ္လို႔ အိတ္စ္ပရက္စ္ခန္႔မွန္း။

– ေဆာ္ဒီအာေရးဘီးယားနဲ႔ ကာတာကလပ္ေတြက စိတ္ဝင္စားေနၾကတဲ့ မီဆြတ္ အုိေဇးလ္အေနနဲ႔ စာခ်ဳပ္ကုန္ဆုံးခ်ိန္အထိ အာဆင္နယ္နဲ႔ ဆက္လက္ရွိသြားမယ္လုိ႔ ဆုိထားခဲ့ၿပီး နည္းျပ မီခယ္လ္ အာတီတာနဲ႔ ေျပလည္မွဳရရွိေနၿပီလို႔ သတင္းေတြ ေဖာ္ျပ။

– အာဆင္နယ္အသင္းမွာ အသက္ ၁၂ ႏွစ္အရြယ္မွာ အခ်ိန္ပုိင္းအလုပ္ စတင္ခဲ့ၿပီး ၁၆ ႏွစ္အရြယ္မွာ ဝန္ထမ္းျဖစ္လာခဲ့တဲ့ ဘုတ္အဖြဲ႕ဝင္ ဒါ႐ိုက္တာ ကင္ ဖ႐ိုင္ယာဟာ အသက္ ၈၆ ႏွစ္အရြယ္မွာ အသင္းရဲ႕ တာဝန္ေတြကေန အနားယူခဲ့ၿပီး ဂုဏ္ထူးေဆာင္ဥကၠဌအျဖစ္ ဆက္လက္ရွိသြားမယ္လုိ႔ ထုတ္ျပန္ခဲ့ၿပီး သူ႕ရဲ႕ ႏွစ္ ၇၀ အထိ တာဝန္ထမ္းေဆာင္ႏုိင္ခဲ့မွဳဟာ အံ့ဖြယ္သရဲ ထူးကဲလွတယ္လို႔ ပုိင္ရွင္တစ္ဦးျဖစ္သူ ဂ်ဳိ႕ရွ္ ခ႐ိုယန္ကီ ခ်ီးက်ဴးဂုဏ္ျပဳ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လာကာဇက်၊ ပေပေ၊ ဝီလီယန်၊ အိုဇေးလ်တို့ အာဆင်နယ်အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ခဲ့ချိန်မှာ ဂါဘရီယယ်လ်ကတော့ ကွာရန်တင်း ရက်ပြည့်ဖို့ စောင့်ဆိုင်းနေဆဲလို့ သိရပြီး ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ခြေစမ်းပွဲ နှစ်ပွဲ သို့မဟုတ် သုံးပွဲကစားသွားဖို့ရှိနေ။

– ဒါနီ စီဘာယော့စ်ကို နောက်ထပ်တစ်ရာသီအငှားနဲ့ ထပ်မံခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ သေသေချာချာ ညှိနှိုင်းဆွေးနွေးနေကြကြောင်း စကိုင်းစပို့စ် အတည်ပြုသွား။ (၂၀၂၀-၂၁ ရာသီအတွက် ထပ်မံသဘောတူညီနိုင်ခဲ့ပြီလို့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို ဖော်ပြ – ည ၁၀ နာရီခွဲ Update)

– ဂါဘရီယယ်လ် မာဂါလိုင်စ်ကို အာဆင်နယ်အသင်းအနေနဲ့ တရားဝင်ကြေငြာနိုင်တော့မယ်လို့ တိုင်းမ်စ်က ရေးသားခဲ့ပြီး ဘရာဇီးလ် နောက်ခံလူအတွက် တစ်ပတ်လုပ်ခ ပေါင်ရှစ်သောင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုထားတယ်လို့ ထုတ်ဖော်သွား။ (ရောက်ရှိပြီလို့ အသင်းဝက်ဘ်ဆိုက်က တရားဝင်ကြေငြာ ည ၁၀ နာရီ)

– စီးရီးအေကလပ် ဆမ်ဒိုးရီးယားက စိတ်ဝင်စားမှု ပြသထားတဲ့ ကွင်းလယ်လူ အယ်လ်နန်နီကို အနည်းဆုံး အရန်အဖြစ် ဆက်လက် ထိန်းသိမ်းထားဖို့နဲ့ သူဟာ အသင်းမှာ အသုံးဝင်လာမှာဖြစ်ကြောင်း ကွန်မြူနတီဒိုင်းခြေစွမ်းကို သဘောကျနေတဲ့ အာဆင်နယ် ပရိသတ်တွေက တောင်းဆိုထား။

– အက်သလက်တီကိုအနေနဲ့ ဈေးကိုင်ထားလေ နစ်နာလေဖြစ်လာမယ့် သောမတ်စ် ပါတေးကို ခေါ်ယူနိုင်ဖို့ တဖြည်းဖြည်းနီးစပ်လာခဲ့ပြီး ရိုးမားရဲ့ ဒီယာဝါရာကိုလည်း တော်ရဲရားနဲ့ လဲလှယ်ဖို့ ရှိနေတဲ့ အာဆင်နယ်တို့ ကွင်းလယ်အဖျက်ကစားသမားနှစ်ဦး တစ်ပြိုင်တည်း ရရှိနိုင်တယ်လို့ အိတ်စ်ပရက်စ်ခန့်မှန်း။

– ဆော်ဒီအာရေးဘီးယားနဲ့ ကာတာကလပ်တွေက စိတ်ဝင်စားနေကြတဲ့ မီဆွတ် အိုဇေးလ်အနေနဲ့ စာချုပ်ကုန်ဆုံးချိန်အထိ အာဆင်နယ်နဲ့ ဆက်လက်ရှိသွားမယ်လို့ ဆိုထားခဲ့ပြီး နည်းပြ မီခယ်လ် အာတီတာနဲ့ ပြေလည်မှုရရှိနေပြီလို့ သတင်းတွေ ဖော်ပြ။

– အာဆင်နယ်အသင်းမှာ အသက် ၁၂ နှစ်အရွယ်မှာ အချိန်ပိုင်းအလုပ် စတင်ခဲ့ပြီး ၁၆ နှစ်အရွယ်မှာ ဝန်ထမ်းဖြစ်လာခဲ့တဲ့ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာ ကင် ဖရိုင်ယာဟာ အသက် ၈၆ နှစ်အရွယ်မှာ အသင်းရဲ့ တာဝန်တွေကနေ အနားယူခဲ့ပြီး ဂုဏ်ထူးဆောင်ဥက္ကဌအဖြစ် ဆက်လက်ရှိသွားမယ်လို့ ထုတ်ပြန်ခဲ့ပြီး သူ့ရဲ့ နှစ် ၇၀ အထိ တာဝန်ထမ်းဆောင်နိုင်ခဲ့မှုဟာ အံ့ဖွယ်သရဲ ထူးကဲလှတယ်လို့ ပိုင်ရှင်တစ်ဦးဖြစ်သူ ဂျို့ရှ် ခရိုယန်ကီ ချီးကျူးဂုဏ်ပြု။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.