Premier League

၂.၉.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဝါေခါင္လျပည့္၊ ဗုဒၶဟူးေန႔။

၂.၉.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဝါေခါင္လျပည့္၊ ဗုဒၶဟူးေန႔၊ ဥပုသ္၊ ရက္ရာဇာ၊ ေမတၱာအခါေတာ္ေန႔။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
နံနက္ ၁၁:၅၁ အထိ တိထီ ၁၅ လုံး။ ေက်ာ္လွ်င္ ၁ လုံး။ ၁ လုံးတြင္ အၿမိတၱယုဂ္ႏွင့္ ခ်ဳိးဖဲ့ဖ်က္ယုဂ္၊ အေကာင္းေရာ အဆုိးပါ လုပ္ေဆာင္ႏုိင္သည့္ ေန႔တစ္ေန႔ျဖစ္ၿပီး ေန႔၏ ဟိတ္၊ ဂုဏ္သတၱိအရမူ အေကာင္းကိစၥမ်ား အထူးလုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ည ၁၉:၃၂ အထိ သတၱဗိႆနကၡတ္။ ေက်ာ္လွ်င္ ျပဳဗၺာဘျဒပုိဒ္နကၡတ္။ ညေန ၁၄:၀၁ အထိ သုကမၼယုဂ္၊ ေအာင္ျမင္ျခင္း၊ အႏုိင္ယူခြင့္ႀကဳံျခင္း၊ ႏိုင္တုိင္း မလုပ္ဘဲ သေဘာထားႀကီးမွဳကို ျပသ၍ သိမ္းသြင္းယူပါ။ ေက်ာ္လွ်င္ ဓီတိယုဂ္၊ စဥ္းစားဆင္ျခင္ျခင္း၊ ထိန္းခ်ဳပ္ကြပ္ကဲရျခင္း၊ မိမိ၏ အေျမာ္အျမင္ေၾကာင့္ သူတပါးထံမွ အက်ဳိးခံစားရျခင္းမ်ားရွိမည္။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၁၁:၅၁ အထိ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာအမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။ ညသန္းေခါင္ေက်ာ္ ၁၂:၃၅ အထိ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသုိင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
နံနက္ ၁၁:၅၁ အထိ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။ ေက်ာ္လွ်င္ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂.၉.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်၊ ဗုဒ္ဓဟူးနေ့၊ ဥပုသ်၊ ရက်ရာဇာ၊ မေတ္တာအခါတော်နေ့။

တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၁၁:၅၁ အထိ တိထီ ၁၅ လုံး။ ကျော်လျှင် ၁ လုံး။ ၁ လုံးတွင် အမြိတ္တယုဂ်နှင့် ချိုးဖဲ့ဖျက်ယုဂ်၊ အကောင်းရော အဆိုးပါ လုပ်ဆောင်နိုင်သည့် နေ့တစ်နေ့ဖြစ်ပြီး နေ့၏ ဟိတ်၊ ဂုဏ်သတ္တိအရမူ အကောင်းကိစ္စများ အထူးလုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ည ၁၉:၃၂ အထိ သတ္တဗိဿနက္ခတ်။ ကျော်လျှင် ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်။ ညနေ ၁၄:၀၁ အထိ သုကမ္မယုဂ်၊ အောင်မြင်ခြင်း၊ အနိုင်ယူခွင့်ကြုံခြင်း၊ နိုင်တိုင်း မလုပ်ဘဲ သဘောထားကြီးမှုကို ပြသ၍ သိမ်းသွင်းယူပါ။ ကျော်လျှင် ဓီတိယုဂ်၊ စဉ်းစားဆင်ခြင်ခြင်း၊ ထိန်းချုပ်ကွပ်ကဲရခြင်း၊ မိမိ၏ အမြော်အမြင်ကြောင့် သူတပါးထံမှ အကျိုးခံစားရခြင်းများရှိမည်။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၁၁:၅၁ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ညသန်းခေါင်ကျော် ၁၂:၃၅ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
နံနက် ၁၁:၅၁ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)