Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၁.၉.၂၀၂၀

– ဗန္ဒဘိခ္ရဲ႕ ေနာက္ဆုံးညႇိႏွဳိင္းေဆြးေႏြးမွဳေတြနဲ႔ ေဆးစစ္မွဳေတြကို နယ္သာလန္မွာပဲ လုပ္ေဆာင္ေအာင္ျမင္သြားခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကစားသမားေတြကေတာ့ ဒီသတင္းနဲ႔ အသစ္ေရာက္လာမယ့္ ကစားေဖာ္သစ္အတြက္ စိတ္လွဳပ္ရွားေနၾကတယ္လုိ႔ဆို။

– ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေတာင္ပံကစားသမား ေဒါက္ဂလပ္စ္ ေကာ္စတာကို ဆန္ခ်ဳိအတြက္ ေရတိုအစားထိုးသုံးစြဲမွဳအျဖစ္ ေခၚယူႏုိင္ေပမယ့္ ေပါင္ ၅၃ သန္း ေတာင္းဆိုမွဳဟာ သူ႕ရဲ႕ လက္ရွိေဈးကြက္ေပါက္ေဈးရဲ႕ သုံးဆေလာက္ျဖစ္ေနတာေၾကာင့္ ပရိသတ္ေတြ ေဒါသထြက္ေနၾက။

– ဆန္ခ်ဳိကို ဒီရာသီမွာ ေခၚယူဖို႔ မရလိုက္တဲ့ေနာက္မွာ အသင္းအတြက္ ေနရာစုံမွာ သုံးစြဲႏိုင္ၿပီး ငယ္စဥ္က ေတာင္ပံကစားသမားတစ္ဦးျဖစ္ခဲ့ဖူးတဲ့ အက္စ္တန္ဗီလာအသင္းေခါင္းေဆာင္ ဂရီးလစ္ရွ္ကိုပဲ ငယ္ေမြးျခံေပါက္ကစားသမား အေရအတြက္တုိးျမႇင့္ဖို႔ပါ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ ေခၚယူသြားဖြယ္ရွိ။

– RB လုိက္ပ္ဇစ္ရဲ႕ ေပါင္သန္း ၄၀ တန္ ျပင္သစ္ဗဟိုခံစစ္မွဴး ဒါယို အူပါမီကာႏုိအတြက္ ေပါလ္စခိုးလ္ရဲ႕ အႀကံေပးမွဳနဲ႔အတူ ယူႏုိက္တက္တုိ႔ အရွိန္ျမႇင့္လာခဲ့ၿပီး သူနဲ႔ ဗန္ဒဘိခ္တုိ႔ႏွစ္ဦးအတြက္ ေပါင္သန္း ၈၀ နဲ႔ အၿပီးသတ္ ေခၚယူရရွိႏုိင္ဖို႔ ေမွ်ာ္လင့္ေန။

– ဗန္ဒဘိခ္ကို ေခၚယူၿပီး ေရာက္ရွိလာမယ့္အခ်ိန္မွာ ယူႏိုက္တက္ကြင္းလယ္ရဲ႕ လိုတာထက္ပုိမ်ားျပားေနတဲ့ အင္အားကို ေလွ်ာ့ခ်ဖို႔ အဂၤလန္ကြင္းလယ္လူ လင္ဂတ္နဲ႔ ဘရာဇီးလ္ကြင္းလယ္လူ အန္းဒရိစ္ ပါရဲရားတုိ႔ကို ေရာင္းခ်သြားဖို႔ စီစဥ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဗန်ဒဘိခ်ရဲ့ နောက်ဆုံးညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ဆေးစစ်မှုတွေကို နယ်သာလန်မှာပဲ လုပ်ဆောင်အောင်မြင်သွားခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတွေကတော့ ဒီသတင်းနဲ့ အသစ်ရောက်လာမယ့် ကစားဖော်သစ်အတွက် စိတ်လှုပ်ရှားနေကြတယ်လို့ဆို။

– ဂျူဗင်တပ်စ်အသင်းရဲ့ တောင်ပံကစားသမား ဒေါက်ဂလပ်စ် ကော်စတာကို ဆန်ချိုအတွက် ရေတိုအစားထိုးသုံးစွဲမှုအဖြစ် ခေါ်ယူနိုင်ပေမယ့် ပေါင် ၅၃ သန်း တောင်းဆိုမှုဟာ သူ့ရဲ့ လက်ရှိဈေးကွက်ပေါက်ဈေးရဲ့ သုံးဆလောက်ဖြစ်နေတာကြောင့် ပရိသတ်တွေ ဒေါသထွက်နေကြ။

– ဆန်ချိုကို ဒီရာသီမှာ ခေါ်ယူဖို့ မရလိုက်တဲ့နောက်မှာ အသင်းအတွက် နေရာစုံမှာ သုံးစွဲနိုင်ပြီး ငယ်စဉ်က တောင်ပံကစားသမားတစ်ဦးဖြစ်ခဲ့ဖူးတဲ့ အက်စ်တန်ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ရှ်ကိုပဲ ငယ်မွေးခြံပေါက်ကစားသမား အရေအတွက်တိုးမြှင့်ဖို့ပါ တစ်ချက်ခုတ် နှစ်ချက်ပြတ် ခေါ်ယူသွားဖွယ်ရှိ။

– RB လိုက်ပ်ဇစ်ရဲ့ ပေါင်သန်း ၄၀ တန် ပြင်သစ်ဗဟိုခံစစ်မှူး ဒါယို အူပါမီကာနိုအတွက် ပေါလ်စခိုးလ်ရဲ့ အကြံပေးမှုနဲ့အတူ ယူနိုက်တက်တို့ အရှိန်မြှင့်လာခဲ့ပြီး သူနဲ့ ဗန်ဒဘိခ်တို့နှစ်ဦးအတွက် ပေါင်သန်း ၈၀ နဲ့ အပြီးသတ် ခေါ်ယူရရှိနိုင်ဖို့ မျှော်လင့်နေ။

– ဗန်ဒဘိခ်ကို ခေါ်ယူပြီး ရောက်ရှိလာမယ့်အချိန်မှာ ယူနိုက်တက်ကွင်းလယ်ရဲ့ လိုတာထက်ပိုများပြားနေတဲ့ အင်အားကို လျှော့ချဖို့ အင်္ဂလန်ကွင်းလယ်လူ လင်ဂတ်နဲ့ ဘရာဇီးလ်ကွင်းလယ်လူ အန်းဒရိစ် ပါရဲရားတို့ကို ရောင်းချသွားဖို့ စီစဉ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.