International

အာတီတာကို ပါတေးနဲ့ပတ်သက်ပြီး ထိုင်မရထမရဖြစ်အောင် လုပ်နေတဲ့ ဂါနာ

ဂါနာအသင်းဟာ သောကြာနေ့ညနေက ဘရာဇီးလ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲကို အာဆင်နယ်ကွင်းလယ်ကစားသမားက လွဲချော်ခဲ့ပြီးနောက် ပါတေးရဲ့ ဒဏ်ရာအခြေအနေ ပြင်းထန်မှုကို မလှိမ့်တပတ်နဲ့ ပြောကြားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘရန့်တ်ဖို့ဒ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ၇၈ မိနစ် ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး နိုင်ငံတကာပွဲစဉ် အားလပ်ရက်အတွင်း ဂါနာလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးမယ်လို့ မျှော်မှန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရာဇီးလ်နဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မတိုင်ခင် သွေးပူလေ့ကျင့်ရေး ပြုလုပ်နေချိန်အတွင်း ဒူးခေါင်းမှာ သက်တောင့်သက်သာမဖြစ်တဲ့ ဝေဒနာခံစားခဲ့ရတာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ဘဲ ဘရာဇီးလ်အသင်းက ၃-၀ နဲ့ အနိုင်ယူသွားတာကို အရန်ခုံကနေသာ ထိုင်ကြည့်ခဲ့ရတာဖြစ်ပါတယ်။

ဂါနာအသင်းဟာ အင်္ဂါနေ့ စပိန်နိုင်ငံမှာ နီကာရာဂွာအသင်းနဲ့ ခြေစမ်းပွဲ ကစားသွားဖို့ရှိနေပြီး ဂါနာ ရေဒီယိုဌာန Joy ရဲ့ သတင်းအရ ပါတေးဟာ ဘရာဇီးလ်နဲ့ပွဲကို ကြိုတင်ကာကွယ်မှုအနေနဲ့ လွဲချော်ခဲ့တာသာ ဖြစ်ပြီး နီကာရာဂွာနဲ့ ပွဲကိုတော့ ပါဝင်ကစားပေးသွားချင်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ အောက်တိုဘာလ ၁ ရက်နေ့ နိုင်ငံတကာပွဲစဉ် အားလပ်ရက်အပြီး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ပြန်လည်ကစားသွားရမှာဖြစ်ပြီး မာတင် အော်ဒီဂွါဒ်ကလည်း ယခုအပတ် နော်ဝေနဲ့ လေ့ကျင့်ရေးဆင်းခဲ့တာကြောင့် ယနေ့ည ဆလိုဗေးနီးယားနဲ့ပွဲမှာ ပါဝင်ကစားပေးသွားမယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။

နော်ဝေအသင်းဟာ ပြီးတဲ့နောက် အင်္ဂါနေ့ညမှာ ဆားဘီးယားအသင်းနဲ့ ကစားသွားရဖို့ ရှိနေတာဖြစ်ပြီး တစ်ဆက်တည်းမှာပဲ ဇင်ချန်ကိုဟာ ခြေသလုံး ဒဏ်ရာကြောင့် ယူကရိန်းရဲ့ စကော့တလန်၊ အာမေးနီးယားတို့နဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့သလို အသင်းရဲ့ ပွဲစဉ်တွေကို ဆက်လက်လွဲချော်နေဦးမှာဖြစ်တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂါနာအသင္းဟာ ေသာၾကာေန႔ညေနက ဘရာဇီးလ္နဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲကို အာဆင္နယ္ကြင္းလယ္ကစားသမားက လြဲေခ်ာ္ခဲ့ၿပီးေနာက္ ပါေတးရဲ႕ ဒဏ္ရာအေျခအေန ျပင္းထန္မႈကို မလွိမ့္တပတ္နဲ႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ဘရန႔္တ္ဖို႔ဒ္ကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အာဆင္နယ္အသင္းအတြက္ ၇၈ မိနစ္ ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္အတြင္း ဂါနာလက္ေ႐ြးစင္အသင္းအတြက္ ပါဝင္ကစားေပးမယ္လို႔ ေမွ်ာ္မွန္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘရာဇီးလ္နဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ပြဲစဥ္မတိုင္ခင္ ေသြးပူေလ့က်င့္ေရး ျပဳလုပ္ေနခ်ိန္အတြင္း ဒူးေခါင္းမွာ သက္ေတာင့္သက္သာမျဖစ္တဲ့ ေဝဒနာခံစားခဲ့ရတာေၾကာင့္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့ဘဲ ဘရာဇီးလ္အသင္းက ၃-၀ နဲ႔ အႏိုင္ယူသြားတာကို အရန္ခုံကေနသာ ထိုင္ၾကည့္ခဲ့ရတာျဖစ္ပါတယ္။

ဂါနာအသင္းဟာ အဂၤါေန႔ စပိန္ႏိုင္ငံမွာ နီကာရာဂြာအသင္းနဲ႔ ေျခစမ္းပြဲ ကစားသြားဖို႔ရွိေနၿပီး ဂါနာ ေရဒီယိုဌာန Joy ရဲ႕ သတင္းအရ ပါေတးဟာ ဘရာဇီးလ္နဲ႔ပြဲကို ႀကိဳတင္ကာကြယ္မႈအေနနဲ႔ လြဲေခ်ာ္ခဲ့တာသာ ျဖစ္ၿပီး နီကာရာဂြာနဲ႔ ပြဲကိုေတာ့ ပါဝင္ကစားေပးသြားခ်င္ေနတယ္လို႔ သိရပါတယ္။

အာဆင္နယ္အသင္းဟာ ေအာက္တိုဘာလ ၁ ရက္ေန႔ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္အၿပီး ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္အျဖစ္ ျပန္လည္ကစားသြားရမွာျဖစ္ၿပီး မာတင္ ေအာ္ဒီဂြါဒ္ကလည္း ယခုအပတ္ ေနာ္ေဝနဲ႔ ေလ့က်င့္ေရးဆင္းခဲ့တာေၾကာင့္ ယေန႔ည ဆလိုေဗးနီးယားနဲ႔ပြဲမွာ ပါဝင္ကစားေပးသြားမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရတာျဖစ္ပါတယ္။

ေနာ္ေဝအသင္းဟာ ၿပီးတဲ့ေနာက္ အဂၤါေန႔ညမွာ ဆားဘီးယားအသင္းနဲ႔ ကစားသြားရဖို႔ ရွိေနတာျဖစ္ၿပီး တစ္ဆက္တည္းမွာပဲ ဇင္ခ်န္ကိုဟာ ေျခသလုံး ဒဏ္ရာေၾကာင့္ ယူကရိန္းရဲ႕ စေကာ့တလန္၊ အာေမးနီးယားတို႔နဲ႔ ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့သလို အသင္းရဲ႕ ပြဲစဥ္ေတြကို ဆက္လက္လြဲေခ်ာ္ေနဦးမွာျဖစ္တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.