International Match Report

ကမ္ဘာ့အဆင့်ဆိုတာ ဘာလဲပြပြီး ချက်ကို အဝေးကွင်းမှာ ပညာပေးတဲ့ ပေါ်တူဂီ

ပေါ်တူဂီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒီယိုဂို ကော်စတာ၊ ခံစစ်မှာ ဒါနီလို ပါရဲရား၊ ရူဘင် ဒီယက်စ်၊ မာရီယို ရူအီ၊ ဒါလော့တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရူဘင် နီဗက်စ်၊ ဘရူနို ဖာနန်ဒက်စ်နဲ့ ဝီလီယမ် ကာဗာလ်ယိုတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘာနာဒို ဆေးလ်ဗား၊ ရာဖယ်လ် လီယာအိုနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ ကစားခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရှင်ချက်အသင်းကတော့ ဂိုးသမား ဗားကလစ်၊ ခံစစ်မှာ ဘရာဘက်၊ ဇီမာနဲ့ ဂျီမယ်လ်ကာတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ခရယ်လ်၊ ဆိုးချက်ခ်၊ ဆိုဖာလ်နဲ့ ဇီလင်နီတို့ကို အသုံးပြုလာခဲ့ပြီး တိုက်စစ်မှာတော့ ဘာရက်ခ်၊ ရှစ်ခ်နဲ့ ဟလိုဂျက်ခ်တို့ကို ဦးဆောင်စေခဲ့တာပါ။

ကွင်းလယ်ကို ဧည့်သည်တို့ပဲ စိုးမိုးထားခဲ့ပြီး ဖန်တီးမှုတွေကိုတော့ ရော်နယ်လ်ဒိုနဲ့ လီယာအိုတို့ လွဲချော်နေခဲ့ကြသလို ပွဲချိန် ၁၃ မိနစ်မှာတော့ အမြင့်ဘောကို ယှဉ်လုရင်း ဂိုးသမား ဗားကလစ်ရဲ့လက်နဲ့ မျက်နှာကို အပုတ်ခံခဲ့ရတဲ့ CR7 တစ်ယောက် နှာခေါင်းကနေ သွေးစိမ်းရှင်ရှင် ထွက်ခဲ့ရပေမယ့် လူကျွံနေခဲ့တာကြောင့် ချက်တို့ ပင်နယ်တီ မပေးရဘဲ သက်သာသွားခဲ့ပေမယ့် ပေါ်တူဂီတို့ဘက်ကတော့ မတန်ဘူးဖြစ်သွားခဲ့ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ တစ်ချိန်လုံး လွဲချော်နေတဲ့ ပေါ်တူဂီကို အဖွင့်ဂိုး စတင်ရှာဖွေနိုင်ခဲ့ကြပြီး ညာတောင်ပံကနေ ဘရူနို ဖာနန်ဒက်စ် အနိမ့်ဘော ခင်းပေးတာကို ရော်နယ်လ်ဒို မပိတ်နိုင်ခဲ့ပေမယ့် ဘယ်ခြမ်းက ပါလာတဲ့ လီယာအိုက ထပ်ပြီး ချိုးပေးတာကို နောက်က ပြေးတက်လာခဲ့တဲ့ ဒါလော့က ကန်သွင်းပြီး ရယူသွားနိုင်ခဲ့တာပါ။

ချက်တို့ အိမ်ကွင်းမှာ နောက်က လိုက်ခဲ့ရလို့ ချေပဂိုးရနိုင်ဖို့ ဖိကစားခဲ့ပေမယ့် တိုက်စစ်မှူး ရှစ်ခ်၊ နောက်ချန်ကစားသမား ဟလိုဂျက်ခ်နဲ့ ကလပ်မှာ ကွင်းလယ်ကစားတဲ့ ဘာရက်ခ်ကို အတင်းကြီး တိုက်စစ်တောင်ပံမှာ တင်ထားတဲ့ ပုံမကျပန်းမကျ လူထုတ်ပုံကြောင့် ဂိုးရဖို့ကတော့ ခက်နေခဲ့ပြီး ပေါ်တူဂီခံစစ်က စုဖွဲ့ကာကွယ်သွားနိုင်ခဲ့ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဘောလုံးရလာတဲ့ ဘာနာဒို ဆေးလ်ဗားတို့ အုပ်စု ဂိုးရှေ့ကို အမြန်မသွားဘဲနဲ့ ဘယ်ခြမ်းမှာ တွဲလုံးတွေ လုပ်နေခဲ့ပြီးမှ နောက်ခံလူ မာရီယို ရူအီက အနိမ့်ဘော ဖြတ်တင်ပေးရာမှာ ဘရူနို ဖာနန်ဒက်စ်က ချက်ခံစစ်ကြားထဲကနေ ပြေးပိတ်သွင်းယူနိုင်ခဲ့တာပါ။

ပေါ်တူဂီတို့ ဒုတိယဂိုးရပြီး မကြာခင်မှာတော့ ထောင့်ကန်ဘောကနေ ချက်တို့ရဲ့ တိုက်စစ်ဆင်မှုကို ရော်နယ်လ်ဒိုက ခေါင်းတိုက်ရင်း လက်နဲ့ ထိမိတာကြောင့် VAR နဲ့ ပြန်ကြည့်ပြီး ပင်နယ်တီ ပေးခဲ့ရသလို ဒီအခွင့်အရေးကိုတော့ ရှစ်ခ်က ကန်သွင်းခဲ့ပေမယ့် ဘားကျော်သွားခဲ့လို့ ပထမပိုင်းမှာ ပေါ်တူဂီတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၂ မိနစ်မှာတော့ ပေါ်တူဂီတို့ပဲ တတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာနောက်ခံမှာ ပွဲထွက် ကစားခဲ့ပေမယ့် နေရာယူမှုတွေမှာ Inverted Full Back လို အတွင်းထဲအထိ ဝင်ရောက်ကစားနေတဲ့ ဒါလော့က မန်ယူအသင်းဖော် ဖာနန်ဒက်စ်ပေးတဲ့ ဘောလုံးကို ညာခြေနဲ့ တစ်ချက်ခေါက်ပြီးမှ ဘယ်ခြေနဲ့ ဧရိယာအပြင်ကနေ ကန်သွင်းခဲ့ရာမှာ ချက်ဂိုးသမား အငိုက်မိပြီး ဂိုးပေးခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာတော့ ပေါ်တူဂီတို့ဘက်က ဘာနာဒို ဆေးလ်ဗား၊ လီယာအို၊ ဖာနန်ဒက်စ်၊ ကာဗာလ်ယိုတို့အစား ဟော်တာ၊ ဂျိုတာ၊ မက်သီယူးစ် နူးနက်စ်နဲ့ ပယ်လင်ညာတို့ကို လဲကစားသွားခဲ့ပြီး ချက်တို့ဘက်ကတော့ ဘာရက်ခ်၊ ဟလိုဂျက်ခ်၊ ဇီလင်နီနဲ့ ဆိုးချက်တို့အစား ရှက်ဗ်ဆစ်ခ်၊ ချယ်နီ၊ ဗယ်လ်ကာနိုဗာနဲ့ ကွတ်ချ်တာတို့ကို ထည့်သွင်းသွားခဲ့ပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာတော့ ပေါ်တူဂီတို့အတွက် စတုတ္ထအနိုင်ဂိုး ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းက ဟော်တာရဲ့ ထောင့်ကန်ဘော ပေးပို့မှုကို ရော်နယ်လ်ဒိုက အဝေးတိုင်ဘက်ကို ခေါင်းတိုက်ချပေးခဲ့ရာမှာ လူစားဝင်တိုက်စစ်မှူး ဂျိုတာက အနီးကပ် ထပ်မံခေါင်းတိုက်ပြီး ပိတ်သွင်းနိုင်ခဲ့တာကြောင့် ဂိုးပြတ်ခြေပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ချက်တို့ကို သူတို့မြေမှာ လေးဂိုး-ဂိုးမရှိနဲ့ ပေါ်တူဂီတို့က ဆုံးမပညာပေးနိုင်ခဲ့ကြပြီး နေးရှင်းလိဂ် အုပ်စု(၂)ကို သုံးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံး၊ ရမှတ် ၁၀ မှတ်နဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့သလို လာမယ့် စပိန်နဲ့ပွဲမှာ သရေရင် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးကောင်းကို ပိုင်ဆိုင်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပၚတူဂီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒီယိုဂို ေကာ္စတာ၊ ခံစစ္မွာ ဒါနီလို ပါရဲရား၊ ႐ူဘင္ ဒီယက္စ္၊ မာရီယို ႐ူအီ၊ ဒါေလာ့တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ူဘင္ နီဗက္စ္၊ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဝီလီယမ္ ကာဗာလ္ယိုတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဘာနာဒို ေဆးလ္ဗား၊ ရာဖယ္လ္ လီယာအိုနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ ကစားခဲ့ၾကတာျဖစ္ပါတယ္။

အိမ္ရွင္ခ်က္အသင္းကေတာ့ ဂိုးသမား ဗားကလစ္၊ ခံစစ္မွာ ဘရာဘက္၊ ဇီမာနဲ႔ ဂ်ီမယ္လ္ကာတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ခရယ္လ္၊ ဆိုးခ်က္ခ္၊ ဆိုဖာလ္နဲ႔ ဇီလင္နီတို႔ကို အသုံးျပဳလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဘာရက္ခ္၊ ရွစ္ခ္နဲ႔ ဟလိုဂ်က္ခ္တို႔ကို ဦးေဆာင္ေစခဲ့တာပါ။

ကြင္းလယ္ကို ဧည့္သည္တို႔ပဲ စိုးမိုးထားခဲ့ၿပီး ဖန္တီးမႈေတြကိုေတာ့ ေရာ္နယ္လ္ဒိုနဲ႔ လီယာအိုတို႔ လြဲေခ်ာ္ေနခဲ့ၾကသလို ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ အျမင့္ေဘာကို ယွဥ္လုရင္း ဂိုးသမား ဗားကလစ္ရဲ႕လက္နဲ႔ မ်က္ႏွာကို အပုတ္ခံခဲ့ရတဲ့ CR7 တစ္ေယာက္ ႏွာေခါင္းကေန ေသြးစိမ္းရွင္ရွင္ ထြက္ခဲ့ရေပမယ့္ လူကြၽံေနခဲ့တာေၾကာင့္ ခ်က္တို႔ ပင္နယ္တီ မေပးရဘဲ သက္သာသြားခဲ့ေပမယ့္ ေပၚတူဂီတို႔ဘက္ကေတာ့ မတန္ဘူးျဖစ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ တစ္ခ်ိန္လုံး လြဲေခ်ာ္ေနတဲ့ ေပၚတူဂီကို အဖြင့္ဂိုး စတင္ရွာေဖြႏိုင္ခဲ့ၾကၿပီး ညာေတာင္ပံကေန ဘ႐ူႏို ဖာနန္ဒက္စ္ အနိမ့္ေဘာ ခင္းေပးတာကို ေရာ္နယ္လ္ဒို မပိတ္ႏိုင္ခဲ့ေပမယ့္ ဘယ္ျခမ္းက ပါလာတဲ့ လီယာအိုက ထပ္ၿပီး ခ်ိဳးေပးတာကို ေနာက္က ေျပးတက္လာခဲ့တဲ့ ဒါေလာ့က ကန္သြင္းၿပီး ရယူသြားႏိုင္ခဲ့တာပါ။

ခ်က္တို႔ အိမ္ကြင္းမွာ ေနာက္က လိုက္ခဲ့ရလို႔ ေခ်ပဂိုးရႏိုင္ဖို႔ ဖိကစားခဲ့ေပမယ့္ တိုက္စစ္မႉး ရွစ္ခ္၊ ေနာက္ခ်န္ကစားသမား ဟလိုဂ်က္ခ္နဲ႔ ကလပ္မွာ ကြင္းလယ္ကစားတဲ့ ဘာရက္ခ္ကို အတင္းႀကီး တိုက္စစ္ေတာင္ပံမွာ တင္ထားတဲ့ ပုံမက်ပန္းမက် လူထုတ္ပုံေၾကာင့္ ဂိုးရဖို႔ကေတာ့ ခက္ေနခဲ့ၿပီး ေပၚတူဂီခံစစ္က စုဖြဲ႕ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေဘာလုံးရလာတဲ့ ဘာနာဒို ေဆးလ္ဗားတို႔ အုပ္စု ဂိုးေရွ႕ကို အျမန္မသြားဘဲနဲ႔ ဘယ္ျခမ္းမွာ တြဲလုံးေတြ လုပ္ေနခဲ့ၿပီးမွ ေနာက္ခံလူ မာရီယို ႐ူအီက အနိမ့္ေဘာ ျဖတ္တင္ေပးရာမွာ ဘ႐ူႏို ဖာနန္ဒက္စ္က ခ်က္ခံစစ္ၾကားထဲကေန ေျပးပိတ္သြင္းယူႏိုင္ခဲ့တာပါ။

ေပၚတူဂီတို႔ ဒုတိယဂိုးရၿပီး မၾကာခင္မွာေတာ့ ေထာင့္ကန္ေဘာကေန ခ်က္တို႔ရဲ႕ တိုက္စစ္ဆင္မႈကို ေရာ္နယ္လ္ဒိုက ေခါင္းတိုက္ရင္း လက္နဲ႔ ထိမိတာေၾကာင့္ VAR နဲ႔ ျပန္ၾကည့္ၿပီး ပင္နယ္တီ ေပးခဲ့ရသလို ဒီအခြင့္အေရးကိုေတာ့ ရွစ္ခ္က ကန္သြင္းခဲ့ေပမယ့္ ဘားေက်ာ္သြားခဲ့လို႔ ပထမပိုင္းမွာ ေပၚတူဂီတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ေပၚတူဂီတို႔ပဲ တတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေနာက္ခံမွာ ပြဲထြက္ ကစားခဲ့ေပမယ့္ ေနရာယူမႈေတြမွာ Inverted Full Back လို အတြင္းထဲအထိ ဝင္ေရာက္ကစားေနတဲ့ ဒါေလာ့က မန္ယူအသင္းေဖာ္ ဖာနန္ဒက္စ္ေပးတဲ့ ေဘာလုံးကို ညာေျခနဲ႔ တစ္ခ်က္ေခါက္ၿပီးမွ ဘယ္ေျခနဲ႔ ဧရိယာအျပင္ကေန ကန္သြင္းခဲ့ရာမွာ ခ်က္ဂိုးသမား အငိုက္မိၿပီး ဂိုးေပးခဲ့ရတာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ေပၚတူဂီတို႔ဘက္က ဘာနာဒို ေဆးလ္ဗား၊ လီယာအို၊ ဖာနန္ဒက္စ္၊ ကာဗာလ္ယိုတို႔အစား ေဟာ္တာ၊ ဂ်ိဳတာ၊ မက္သီယူးစ္ ႏူးနက္စ္နဲ႔ ပယ္လင္ညာတို႔ကို လဲကစားသြားခဲ့ၿပီး ခ်က္တို႔ဘက္ကေတာ့ ဘာရက္ခ္၊ ဟလိုဂ်က္ခ္၊ ဇီလင္နီနဲ႔ ဆိုးခ်က္တို႔အစား ရွက္ဗ္ဆစ္ခ္၊ ခ်ယ္နီ၊ ဗယ္လ္ကာႏိုဗာနဲ႔ ကြတ္ခ်္တာတို႔ကို ထည့္သြင္းသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ေပၚတူဂီတို႔အတြက္ စတုတၳအႏိုင္ဂိုး ရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက ေဟာ္တာရဲ႕ ေထာင့္ကန္ေဘာ ေပးပို႔မႈကို ေရာ္နယ္လ္ဒိုက အေဝးတိုင္ဘက္ကို ေခါင္းတိုက္ခ်ေပးခဲ့ရာမွာ လူစားဝင္တိုက္စစ္မႉး ဂ်ိဳတာက အနီးကပ္ ထပ္မံေခါင္းတိုက္ၿပီး ပိတ္သြင္းႏိုင္ခဲ့တာေၾကာင့္ ဂိုးျပတ္ေျချပတ္နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်က္တို႔ကို သူတို႔ေျမမွာ ေလးဂိုး-ဂိုးမရွိနဲ႔ ေပၚတူဂီတို႔က ဆုံးမပညာေပးႏိုင္ခဲ့ၾကၿပီး ေနးရွင္းလိဂ္ အုပ္စု(၂)ကို သုံးပြဲႏိုင္ တစ္ပြဲသေရ တစ္ပြဲရႈံး၊ ရမွတ္ ၁၀ မွတ္နဲ႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့သလို လာမယ့္ စပိန္နဲ႔ပြဲမွာ သေရရင္ ဆီမီးဖိုင္နယ္ကို တက္လွမ္းႏိုင္ဖို႔ အခြင့္အေရးေကာင္းကို ပိုင္ဆိုင္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.