International

ဖန်တီးမှုအကောင်းဆုံး ၂ ဦးမပါလို့ ရှုံးတာတောင်နည်းသေးလို့ ပြောချလိုက်တဲ့ အင်္ဂလန်ဂန္တဝင်

အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး ဂယ်ရီ လိုင်နီကာက အင်္ဂလန်အသင်းရဲ့ ဖန်တီးနိုင်မှုအကောင်းဆုံးကစားသမား ၂ ဦးကို ချန်လှပ်ခဲ့တဲ့ ဂါးရတ် ဆောက်ဂိတ်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး အဲဒီကစားသမား ၂ ဦးထဲက တစ်ဦးဆိုရင် လူစာရင်းထဲတောင် မပါဝင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက စတင်ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ် ၄ ပွဲစလုံးမှာ တစ်ပွဲမှ အနိုင်မရခဲ့တဲ့နောက် ဂါးရတ် ဆောက်ဂိတ်ဟာ ယခုနွေရာသီမှာ ဖိအားတွေအောက်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

သောကြာနေ့ညမှာ အဲဒီဖိအားတွေက ပိုလို့တောင် ကြီးထွားလာခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အီတလီကို အကြွေးမဆပ်နိုင်တဲ့အပြင် အကြွေးပါထပ်တင်ပြီး နေးရှင်းလိဂ် လိဂ် A ကနေပါ တန်းဆင်းသွားခဲ့ရတာဖြစ်ပါတယ်။

ပရိသတ်တွေဟာ ယခုရာသီ မန်ချက်စတာယူနိုက်တက်မှာ ပွဲထွက်ကစားသမားစာရင်းမှာတောင် မပါဝင်နိုင်ခဲ့တဲ့ ဟာရီ မက်ဂွိုင်းယားကို ပွဲထွက်ကစားစေခဲ့တာကြောင့် ဒေါသထွက်ခဲ့ကြပြီး ရက်စ်ပါဒိုရီရဲ့ သွင်းဂိုးက ပွဲစဉ်ကို ကွဲပြားခြားနားစေခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ မီလန်မှာ ဖန်တီးနိုင်စွမ်း ကင်းမဲ့နေသလို ခံစစ်ပိုင်းမှာလည်း တော်တော်လေး စိုးရိမ်စရာကောင်းတဲ့ အခြေအနေမှာ ရှိနေခဲ့တာဖြစ်ပြီး ယခုနှစ် နေးရှင်းလိဂ် ၅ ပွဲမှာ ကစားကွက်ကနေ တစ်ဂိုးမှ သွင်းယူနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

The Match of the day ဘောလုံးဝေဖန်သုံးသပ်သူ လိုင်နီကာ အင်္ဂလန်ရဲ့ ဖန်တီးနိုင်စွမ်းအကောင်းဆုံး နောက်ခံကစားသမား ထရင့် အလက်ဇန်းဒါး-အာနိုးလ်ကို ချောင်ထိုးထားခဲ့ပြီး ဖန်တီးမှုအကောင်းဆုံးကွင်းလယ်ကစားသမား ဂျိမ်းစ် မက်ဒီဆင်ဆိုရင် လူစာရင်းထဲတောင် မပါဝင်ခဲ့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အလက်ဇန်းဒါး-အာနိုးဟာ ကမ္ဘာပေါ်က အကောင်းဆုံးညာနောက်ခံကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရပေမယ့်လည်း ဆောက်ဂိတ်ရဲ့ ပွဲထွက်ကစားသမားစာရင်းထဲမှာ မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ကြယ်ပွင့်ဟာ တိုက်စစ်အရည်အချင်း အားသာမှုရှိပြီး လီဗာပူးလ်အတွက် တစ်ခါတရံ ခံစစ်ပိုင်း ပြဿနာဖြစ်စေပေမယ့်လည်း အသင်းမှာ ဖိအားမြင့်မြင့်ပေးနိုင်တဲ့ ကစားသမားဖြစ်နေခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ညာနောက်ခံလူ ရွေးချယ်စရာတွေ တောင်ပုံရာပုံရှိနေပေမယ့်လည်း ဆောက်ဂိတ်ဟာ များသောအားဖြင့် တိုက်စစ်ကစားပုံ သို့မဟုတ် ရှေ့တက်ဖိတဲ့ ကစားကွက်မျိုး မသုံးတာကြောင့် လီဗာပူးလ်ကြယ်ပွင့်ဟာ မကြာခဏ အရန်ခုံပို့ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆောက်ဂိတ် မကြာခဏ ကစားလေ့ရှိတဲ့ ခံစစ် ၅ ဦးကစားကွက်မျိုးဆိုရင် အလက်ဇန်းဒါး-အာနိုးအတွက် ပွဲကစားချိန်တောင် ပိုမိုရရှိရမှာဖြစ်ပေမယ့်လည်း အဲဒီလို ဖြစ်မလာခဲ့တာကြောင့် လိုင်နီကာက လီဗာပူးလ်နောက်ခံကစားသမားအနေနဲ့ နိုဝင်ဘာမှာ ကစားရမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ လူစာရင်းထဲ ဝင်နိုင်မှာတောင်မဟုတ်ဘူးလို့ ထင်မြင်နေတာဖြစ်ပါတယ်။ ဂျိမ်းစ် မက်ဒီဆင်ကလည်း ဆောက်ဂိတ်ရဲ့ အစီအစဉ်ထဲမှာ ပါဝင်နိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး ယခုအချိန်အထိ လက်စတာစီးတီးကြယ်ပွင့်ဟာ တစ်ပွဲသာ ပါဝင်ကစားပေးထားနိုင်သေးတာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ဟာ ၂၀၁၉ ခုနှစ်တုန်းက နာမကျန်းဖြစ်မှုကြောင့် လူစာရင်းကနေ နုတ်ထွက်ခဲ့ပြီးနောက် ကာစီနိုမှာ မြင်တွေ့ခဲ့ရတဲ့အတွက် နည်းပြဆောက်ဂိတ်ရဲ့ ယုံကြည်မှု ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဂျိမ်းစ် မက်ဒီဆင်ဟာ ကွင်းလယ်တိုက်စစ်နေရာအတွက် ယှဉ်ပြိုင်ရမယ့်သူတွေ အများအပြားရှိနေပေမယ့်လည်း ဆောက်ဂိတ်ရဲ့ လူစာရင်းထဲမှာ ပင်ကိုယ် ကျောနံပါတ် ၁၀ အခန်းကဏ္ဍမှာ ကစားနိုင်တဲ့ကစားသမားအနည်းငယ်သာ ရှိနေတာဖြစ်ပါတယ်။

ကိန်းဂဏန်းတွေကတော့ ဂျိမ်းစ် မက်ဒီဆင်ဟာ မေဆန် မောင့်၊ ဝါ့ဒ်-ပရောက်စ်နဲ့ ဂျက် ဂရီးလစ်ရှ်တို့ထက်တောင် ဖန်တီးနိုင်စွမ်း ပိုမိုအားကောင်းတယ်လို့ ပြသနေပြီး ဒါကြောင့်လည်း ဒီလိုဖန်တီးမှုအားကောင်းတဲ့ကစားသမား ၂ ဦးမပါဝင်တဲ့ ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းက ရှုံးတာတောင် နည်းသေးတယ်လို့ ဂယ်ရီ လိုင်နီကာက ယုံကြည်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး ဂယ္ရီ လိုင္နီကာက အဂၤလန္အသင္းရဲ႕ ဖန္တီးႏိုင္မႈအေကာင္းဆုံးကစားသမား ၂ ဦးကို ခ်န္လွပ္ခဲ့တဲ့ ဂါးရတ္ ေဆာက္ဂိတ္ကို ျပစ္တင္ေဝဖန္ခဲ့ၿပီး အဲဒီကစားသမား ၂ ဦးထဲက တစ္ဦးဆိုရင္ လူစာရင္းထဲေတာင္ မပါဝင္ခဲ့တာျဖစ္ပါတယ္။

အဂၤလန္အသင္းဟာ ၿပီးခဲ့တဲ့ ဇြန္လကတည္းက စတင္ကစားခဲ့တဲ့ ေနးရွင္းလိဂ္ပြဲစဥ္ ၄ ပြဲစလုံးမွာ တစ္ပြဲမွ အႏိုင္မရခဲ့တဲ့ေနာက္ ဂါးရတ္ ေဆာက္ဂိတ္ဟာ ယခုေႏြရာသီမွာ ဖိအားေတြေအာက္ကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

ေသာၾကာေန႔ညမွာ အဲဒီဖိအားေတြက ပိုလို႔ေတာင္ ႀကီးထြားလာခဲ့တာျဖစ္ၿပီး အဂၤလန္အသင္းဟာ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲမွာ ရႈံးနိမ့္ခဲ့တဲ့ အီတလီကို အေႂကြးမဆပ္ႏိုင္တဲ့အျပင္ အေႂကြးပါထပ္တင္ၿပီး ေနးရွင္းလိဂ္ လိဂ္ A ကေနပါ တန္းဆင္းသြားခဲ့ရတာျဖစ္ပါတယ္။

ပရိသတ္ေတြဟာ ယခုရာသီ မန္ခ်က္စတာယူႏိုက္တက္မွာ ပြဲထြက္ကစားသမားစာရင္းမွာေတာင္ မပါဝင္ႏိုင္ခဲ့တဲ့ ဟာရီ မက္ဂြိဳင္းယားကို ပြဲထြက္ကစားေစခဲ့တာေၾကာင့္ ေဒါသထြက္ခဲ့ၾကၿပီး ရက္စ္ပါဒိုရီရဲ႕ သြင္းဂိုးက ပြဲစဥ္ကို ကြဲျပားျခားနားေစခဲ့တာျဖစ္ပါတယ္။ အဂၤလန္အသင္းဟာ မီလန္မွာ ဖန္တီးႏိုင္စြမ္း ကင္းမဲ့ေနသလို ခံစစ္ပိုင္းမွာလည္း ေတာ္ေတာ္ေလး စိုးရိမ္စရာေကာင္းတဲ့ အေျခအေနမွာ ရွိေနခဲ့တာျဖစ္ၿပီး ယခုႏွစ္ ေနးရွင္းလိဂ္ ၅ ပြဲမွာ ကစားကြက္ကေန တစ္ဂိုးမွ သြင္းယူႏိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။

The Match of the day ေဘာလုံးေဝဖန္သုံးသပ္သူ လိုင္နီကာ အဂၤလန္ရဲ႕ ဖန္တီးႏိုင္စြမ္းအေကာင္းဆုံး ေနာက္ခံကစားသမား ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ကို ေခ်ာင္ထိုးထားခဲ့ၿပီး ဖန္တီးမႈအေကာင္းဆုံးကြင္းလယ္ကစားသမား ဂ်ိမ္းစ္ မက္ဒီဆင္ဆိုရင္ လူစာရင္းထဲေတာင္ မပါဝင္ခဲ့ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အလက္ဇန္းဒါး-အာႏိုးဟာ ကမာၻေပၚက အေကာင္းဆုံးညာေနာက္ခံကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံထားရေပမယ့္လည္း ေဆာက္ဂိတ္ရဲ႕ ပြဲထြက္ကစားသမားစာရင္းထဲမွာ မပါဝင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ၾကယ္ပြင့္ဟာ တိုက္စစ္အရည္အခ်င္း အားသာမႈရွိၿပီး လီဗာပူးလ္အတြက္ တစ္ခါတရံ ခံစစ္ပိုင္း ျပႆနာျဖစ္ေစေပမယ့္လည္း အသင္းမွာ ဖိအားျမင့္ျမင့္ေပးႏိုင္တဲ့ ကစားသမားျဖစ္ေနခဲ့တာျဖစ္ပါတယ္။ အဂၤလန္အသင္းဟာ ညာေနာက္ခံလူ ေ႐ြးခ်ယ္စရာေတြ ေတာင္ပုံရာပုံရွိေနေပမယ့္လည္း ေဆာက္ဂိတ္ဟာ မ်ားေသာအားျဖင့္ တိုက္စစ္ကစားပုံ သို႔မဟုတ္ ေရွ႕တက္ဖိတဲ့ ကစားကြက္မ်ိဳး မသုံးတာေၾကာင့္ လီဗာပူးလ္ၾကယ္ပြင့္ဟာ မၾကာခဏ အရန္ခုံပို႔ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ေဆာက္ဂိတ္ မၾကာခဏ ကစားေလ့ရွိတဲ့ ခံစစ္ ၅ ဦးကစားကြက္မ်ိဳးဆိုရင္ အလက္ဇန္းဒါး-အာႏိုးအတြက္ ပြဲကစားခ်ိန္ေတာင္ ပိုမိုရရွိရမွာျဖစ္ေပမယ့္လည္း အဲဒီလို ျဖစ္မလာခဲ့တာေၾကာင့္ လိုင္နီကာက လီဗာပူးလ္ေနာက္ခံကစားသမားအေနနဲ႔ ႏိုဝင္ဘာမွာ ကစားရမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲ လူစာရင္းထဲ ဝင္ႏိုင္မွာေတာင္မဟုတ္ဘူးလို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။ ဂ်ိမ္းစ္ မက္ဒီဆင္ကလည္း ေဆာက္ဂိတ္ရဲ႕ အစီအစဥ္ထဲမွာ ပါဝင္ႏိုင္ဖို႔ ႐ုန္းကန္ေနခဲ့ရၿပီး ယခုအခ်ိန္အထိ လက္စတာစီးတီးၾကယ္ပြင့္ဟာ တစ္ပြဲသာ ပါဝင္ကစားေပးထားႏိုင္ေသးတာျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ ကြင္းလယ္ဖန္တီးရွင္ဟာ ၂၀၁၉ ခုႏွစ္တုန္းက နာမက်န္းျဖစ္မႈေၾကာင့္ လူစာရင္းကေန ႏုတ္ထြက္ခဲ့ၿပီးေနာက္ ကာစီႏိုမွာ ျမင္ေတြ႕ခဲ့ရတဲ့အတြက္ နည္းျပေဆာက္ဂိတ္ရဲ႕ ယုံၾကည္မႈ ဆုံးရႈံးခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ဂ်ိမ္းစ္ မက္ဒီဆင္ဟာ ကြင္းလယ္တိုက္စစ္ေနရာအတြက္ ယွဥ္ၿပိဳင္ရမယ့္သူေတြ အမ်ားအျပားရွိေနေပမယ့္လည္း ေဆာက္ဂိတ္ရဲ႕ လူစာရင္းထဲမွာ ပင္ကိုယ္ ေက်ာနံပါတ္ ၁၀ အခန္းက႑မွာ ကစားႏိုင္တဲ့ကစားသမားအနည္းငယ္သာ ရွိေနတာျဖစ္ပါတယ္။

ကိန္းဂဏန္းေတြကေတာ့ ဂ်ိမ္းစ္ မက္ဒီဆင္ဟာ ေမဆန္ ေမာင့္၊ ဝါ့ဒ္-ပေရာက္စ္နဲ႔ ဂ်က္ ဂရီးလစ္ရွ္တို႔ထက္ေတာင္ ဖန္တီးႏိုင္စြမ္း ပိုမိုအားေကာင္းတယ္လို႔ ျပသေနၿပီး ဒါေၾကာင့္လည္း ဒီလိုဖန္တီးမႈအားေကာင္းတဲ့ကစားသမား ၂ ဦးမပါဝင္တဲ့ ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းက ရႈံးတာေတာင္ နည္းေသးတယ္လို႔ ဂယ္ရီ လိုင္နီကာက ယုံၾကည္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.