International

မက်ဆီကို ထိတဲ့ကောင် သေပြီသာမှတ်ဆိုပြီး ကာကွယ်ခဲ့လို့ ချီးကျူးခံနေရတဲ့ ဒီ ပေါလ်

ရိုဒရီဂို ဒီ ပေါလ်ဟာ လီယွန်နယ် မက်ဆီရဲ့ တရားဝင်ငှားရမ်းထားတာမဟုတ်တဲ့ သက်တော်စောင့်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေပြီး ဟွန်ဒူးရပ်စ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အာဂျင်တီးနားအသင်းခေါင်းဆောင်ကို ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ အမေရိကန်နိုင်ငံ မိုင်ယာမီက ဟာ့ဒ်ရော့ခ်ကွင်းမှာ ဟွန်ဒူးရပ်စ်အသင်းကို ၃-၀ နဲ့ သောကြာနေ့ညမှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီက သွင်းဂိုး ၂ ဂိုး၊ လော်တာရို မာတီနက်ဇ်က တစ်ဂိုး သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ ပင်နယ်တီကနေတဆင့် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး တတိယမြောက်ဦးဆောင်ဂိုးကို ၆၉ မိနစ်မှာ ရှေ့ထွက်လာတဲ့ ဂိုးသမားပေါ်ကနေ ကျော်ပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီ သွင်းဂိုးမတိုင်ခင် ၃၉ မိနစ်မှာ မက်ဆီဟာ ဖလောရက်စ်ဆီကနေ အံ့အားသင့်ဖွယ် ပုခုံးနဲ့ မျက်နှာကို တိုက်ခြင်းခံခဲ့ရပြီးနောက် ကွင်းအတွင်းမှာ လဲကျသွားခဲ့တာဖြစ်ပြီး မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး လူးလှိမ့်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် အာဂျင်တီးနားကစားသမားတွေနဲ့ ဟွန်ဒူးရပ်စ် ကစားသမားတွေကြား ရန်ပွဲဖြစ်ပွားခဲ့ပြီး အက်သလက်တီကို မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ရိုဒရီဂို ဒီ ပေါလ်ဟာ မက်ဆီကို တံတောင်နဲ့ တွတ်ခဲ့တဲ့ ဖလောရက်စ်ကို ထိပ်တိုက် ရင်ဆိုင်ပြီး ဒေါသတကြီး ပေါက်ကွဲနေခဲ့တာဖြစ်ပါတယ်။

ဖလောရက်စ်ဟာ အာဂျင်တီးနားအသင်းခေါင်းဆောင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့တာ ထင်ရှားတာကြောင့် ကွင်းလယ်ဒိုင်က အဝါကတ်ပြား ပြသခဲ့ပြီး နောက်ဆုံးမှာတော့ ရန်ပွဲလည်း ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲအပြီးမှာတော့ ဒီ ပေါလ်ဟာ မက်ဆီကို ဘယ်လိုနည်းနဲ့မဆို ကာကွယ်ပေးသွားမှာဖြစ်တယ်ဆိုတာကို သက်သေပြခဲ့ပြီး ဟွန်ဒူးရပ်စ်ကစားသမားတွေနဲ့ ဒိုင်လူကြီးတွေဟာ ဘလွန်ဒေါဆု ၇ ဆုရှင်နဲ့ ဓာတ်ပုံ အတူတူ တွဲရိုက်ချင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တာဝန်ရှိသူတစ်ဦးက လီယွန်နယ် မက်ဆီရဲ့ အာရုံစိုက်မှုကို ရရှိအောင် လက်မောင်းကို အနောက်ကနေ ဆွဲလိုက်တဲ့အချိန်မှာတော့ ပန်းရောင် လေ့ကျင့်ရေးအပေါ်ဝတ် ဝတ်ဆင်ထားတဲ့ ရိုဒရီဂို ဒီ ပေါလ်ဟာ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိဘဲ အာဂျင်တီးနားကြယ်ပွင့်ကို ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။

ရိုဒရီဂို ဒီ ပေါလ်ဟာ မက်ဆီရဲ့ လက်ကို အတင်းဆွဲထားတဲ့ လူရဲ့ လက်ကို ဆွဲဖြုတ်ပြီး မိုက်ကြည့်တစ်ချက်ကြည့်ခဲ့တာကို မြင်တွေ့ခဲ့ရတာကြောင့် ပရိသတ်တွေဟာ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်ကစားသမားရဲ့ မက်ဆီအပေါ် ချစ်ခင်စောင့်ရှောက်ပုံကို လူမှုကွန်ရက်ပေါ်မှာ သဘောကျစွာနဲ့ ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။

“မက်ဆီကို ဒီ ပေါလ် ကာကွယ်နေတဲ့ပုံကို ကြည့်စမ်းပါဦး။ ငါတော့ ဒီကောင့်ကို အရမ်းချစ်သွားပြီ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “ဒီကောင် မက်ဆီအတွက်ဆိုရင် အသက်သေချင်သေပါစေ ကာကွယ်သွားမယ့်ကောင်ဆိုတာ ငါတော့ သေချာသိနေတယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

ရိုဒရီဂို ဒီ ပေါလ်ဟာ မက်ဆီကို အမှန်တကယ်လည်း စံပြပုဂ္ဂိုလ်အဖြစ် ကိုးကွယ်နေသူဖြစ်ပြီး တစ်ခါတုန်းက မက်ဆီနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ သူသာ စစ်ပွဲလုပ်ဖို့ ပြောရင် ကျွန်တော် စစ်ပွဲဖြစ်ဖို့လည်း ဝန်လေးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။

“သူက ခင်ဗျားရဲ့ အသင်းခေါင်းဆောင် ဖြစ်လာတဲ့အချိန်မှာ ခင်ဗျားကို သူ စစ်ပွဲဖြစ်ဖို့ ပြောလာရင် ခင်ဗျား စစ်တိုက်ရမှာပဲ။ အဓိကကျတဲ့အရာက သူတို့တွေ ဘာလုပ်ဖို့ မျှော်မှန်းခြင်းခံထားရလဲဆိုတာ အားလုံးသိကြပါတယ်။ ဘယ်သူကမှ သတင်းခေါင်းစည်းမှာ နေရာယူဖို့ ကြိုးပမ်းနေတာမဟုတ်ပါဘူး။ လုံးဝထိလို့မရတဲ့ တစ်ခုတည်းသောအရာက လီယိုပဲ။ ကျွန်တော်တို့ ကျန်တဲ့သူတွေအားလုံးက သူ ဘာပဲ တောင်းဆိုဆို ဖြည့်ဆည်းပေးနေတာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

႐ိုဒရီဂို ဒီ ေပါလ္ဟာ လီယြန္နယ္ မက္ဆီရဲ႕ တရားဝင္ငွားရမ္းထားတာမဟုတ္တဲ့ သက္ေတာ္ေစာင့္အျဖစ္ ဆက္လက္တာဝန္ထမ္းေဆာင္ေနၿပီး ဟြန္ဒူးရပ္စ္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ကို ကာကြယ္ေပးခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ အေမရိကန္ႏိုင္ငံ မိုင္ယာမီက ဟာ့ဒ္ေရာ့ခ္ကြင္းမွာ ဟြန္ဒူးရပ္စ္အသင္းကို ၃-၀ နဲ႔ ေသာၾကာေန႔ညမွာ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး လီယြန္နယ္ မက္ဆီက သြင္းဂိုး ၂ ဂိုး၊ ေလာ္တာ႐ို မာတီနက္ဇ္က တစ္ဂိုး သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။ အသက္ ၃၅ ႏွစ္အ႐ြယ္ အာဂ်င္တီးနားတိုက္စစ္မႉးဟာ ပင္နယ္တီကေနတဆင့္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး တတိယေျမာက္ဦးေဆာင္ဂိုးကို ၆၉ မိနစ္မွာ ေရွ႕ထြက္လာတဲ့ ဂိုးသမားေပၚကေန ေက်ာ္ၿပီး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပင္နယ္တီ သြင္းဂိုးမတိုင္ခင္ ၃၉ မိနစ္မွာ မက္ဆီဟာ ဖေလာရက္စ္ဆီကေန အံ့အားသင့္ဖြယ္ ပုခုံးနဲ႔ မ်က္ႏွာကို တိုက္ျခင္းခံခဲ့ရၿပီးေနာက္ ကြင္းအတြင္းမွာ လဲက်သြားခဲ့တာျဖစ္ၿပီး မ်က္ႏွာကို လက္ဝါးနဲ႔ အုပ္ၿပီး လူးလွိမ့္ေနခဲ့တာ ျဖစ္ပါတယ္။ အဲဒီျဖစ္စဥ္ေၾကာင့္ အာဂ်င္တီးနားကစားသမားေတြနဲ႔ ဟြန္ဒူးရပ္စ္ ကစားသမားေတြၾကား ရန္ပြဲျဖစ္ပြားခဲ့ၿပီး အက္သလက္တီကို မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္ ႐ိုဒရီဂို ဒီ ေပါလ္ဟာ မက္ဆီကို တံေတာင္နဲ႔ တြတ္ခဲ့တဲ့ ဖေလာရက္စ္ကို ထိပ္တိုက္ ရင္ဆိုင္ၿပီး ေဒါသတႀကီး ေပါက္ကြဲေနခဲ့တာျဖစ္ပါတယ္။

ဖေလာရက္စ္ဟာ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ျပစ္ဒဏ္က်ဴးလြန္ခဲ့တာ ထင္ရွားတာေၾကာင့္ ကြင္းလယ္ဒိုင္က အဝါကတ္ျပား ျပသခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ရန္ပြဲလည္း ၿပီးဆုံးသြားခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပြဲအၿပီးမွာေတာ့ ဒီ ေပါလ္ဟာ မက္ဆီကို ဘယ္လိုနည္းနဲ႔မဆို ကာကြယ္ေပးသြားမွာျဖစ္တယ္ဆိုတာကို သက္ေသျပခဲ့ၿပီး ဟြန္ဒူးရပ္စ္ကစားသမားေတြနဲ႔ ဒိုင္လူႀကီးေတြဟာ ဘလြန္ေဒါဆု ၇ ဆုရွင္နဲ႔ ဓာတ္ပုံ အတူတူ တြဲ႐ိုက္ခ်င္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း တာဝန္ရွိသူတစ္ဦးက လီယြန္နယ္ မက္ဆီရဲ႕ အာ႐ုံစိုက္မႈကို ရရွိေအာင္ လက္ေမာင္းကို အေနာက္ကေန ဆြဲလိုက္တဲ့အခ်ိန္မွာေတာ့ ပန္းေရာင္ ေလ့က်င့္ေရးအေပၚဝတ္ ဝတ္ဆင္ထားတဲ့ ႐ိုဒရီဂို ဒီ ေပါလ္ဟာ ဘယ္ကဘယ္လိုေပၚလာမွန္းမသိဘဲ အာဂ်င္တီးနားၾကယ္ပြင့္ကို ကာကြယ္ေပးခဲ့တာျဖစ္ပါတယ္။

႐ိုဒရီဂို ဒီ ေပါလ္ဟာ မက္ဆီရဲ႕ လက္ကို အတင္းဆြဲထားတဲ့ လူရဲ႕ လက္ကို ဆြဲျဖဳတ္ၿပီး မိုက္ၾကည့္တစ္ခ်က္ၾကည့္ခဲ့တာကို ျမင္ေတြ႕ခဲ့ရတာေၾကာင့္ ပရိသတ္ေတြဟာ အက္သလက္တီကို မက္ဒရစ္ကြင္းလယ္ကစားသမားရဲ႕ မက္ဆီအေပၚ ခ်စ္ခင္ေစာင့္ေရွာက္ပုံကို လူမႈကြန္ရက္ေပၚမွာ သေဘာက်စြာနဲ႔ ခ်ီးက်ဴးခဲ့ၾကတာျဖစ္ပါတယ္။

“မက္ဆီကို ဒီ ေပါလ္ ကာကြယ္ေနတဲ့ပုံကို ၾကည့္စမ္းပါဦး။ ငါေတာ့ ဒီေကာင့္ကို အရမ္းခ်စ္သြားၿပီ”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “ဒီေကာင္ မက္ဆီအတြက္ဆိုရင္ အသက္ေသခ်င္ေသပါေစ ကာကြယ္သြားမယ့္ေကာင္ဆိုတာ ငါေတာ့ ေသခ်ာသိေနတယ္”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

႐ိုဒရီဂို ဒီ ေပါလ္ဟာ မက္ဆီကို အမွန္တကယ္လည္း စံျပပုဂၢိဳလ္အျဖစ္ ကိုးကြယ္ေနသူျဖစ္ၿပီး တစ္ခါတုန္းက မက္ဆီနဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ သူသာ စစ္ပြဲလုပ္ဖို႔ ေျပာရင္ ကြၽန္ေတာ္ စစ္ပြဲျဖစ္ဖို႔လည္း ဝန္ေလးမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ဖူးတာျဖစ္ပါတယ္။

“သူက ခင္ဗ်ားရဲ႕ အသင္းေခါင္းေဆာင္ ျဖစ္လာတဲ့အခ်ိန္မွာ ခင္ဗ်ားကို သူ စစ္ပြဲျဖစ္ဖို႔ ေျပာလာရင္ ခင္ဗ်ား စစ္တိုက္ရမွာပဲ။ အဓိကက်တဲ့အရာက သူတို႔ေတြ ဘာလုပ္ဖို႔ ေမွ်ာ္မွန္းျခင္းခံထားရလဲဆိုတာ အားလုံးသိၾကပါတယ္။ ဘယ္သူကမွ သတင္းေခါင္းစည္းမွာ ေနရာယူဖို႔ ႀကိဳးပမ္းေနတာမဟုတ္ပါဘူး။ လုံးဝထိလို႔မရတဲ့ တစ္ခုတည္းေသာအရာက လီယိုပဲ။ ကြၽန္ေတာ္တို႔ က်န္တဲ့သူေတြအားလုံးက သူ ဘာပဲ ေတာင္းဆိုဆို ျဖည့္ဆည္းေပးေနတာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.