Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၁.၉.၂၀၂၀

– သီယာဂိုအတြက္ လီဗာပူးလ္အသင္းက ေပါင္သန္း ၃၀ မေပးခ်င္လို႔ ၾကန္႔ၾကာေနခ်ိန္မွာ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ၾကားဝင္လာမွဳကို စိုးရိမ္ေနခဲ့ရေပမယ့္ ဗန္ဒဘိခ္ကို ေခၚယူသြားခဲ့တာက စိတ္သက္သာစရာျဖစ္ခဲ့ၿပီး ဘုိင္ယန္ျမဴးနစ္နဲ႔ ေအးေအးေဆးေဆး ျပန္လည္ေဆြးေႏြးႏုိင္ဖို႔ ရွိလာ။

– လိုင္လီကြင္းလယ္လူ ဘူဘာကာရီ ဆူမာေရးကို ေခၚယူခ်င္တဲ့ အသင္းတစ္သင္းအျဖစ္ လီဗာပူးလ္အသင္းက စိတ္ဝင္စားမွဳ ျပသခဲ့ၿပီး ဘာစီလိုနာအသင္းကို ထြက္ခြာသြားႏုိင္တဲ့ ဒတ္ခ်္ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္ေနရာမွာ အစားထိုးသြားဖို႔ ရည္ရြယ္။

– ရပ္တန္႔ဖို႔ မျဖစ္ႏုိင္ဘူးလို႔ ခ်ီးက်ဴးခံထားရတဲ့ စပိန္ေတာင္ပံကစားသမား အဒါမာ ထရာအုိေရးကို ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္ အသင္းက ေရာင္းခ်သြားဖို႔ ဆႏၵရွိေနတဲ့အတြက္ လီဗာပူးလ္တုိ႔အေနနဲ႔ အသင္းႀကီးေတြထက္ လက္ဦးမွဳ ရယူသြားဖြယ္ရွိေန။

– အသင္းက ထြက္ခြာသြားတဲ့ ဒီယန္ လိုဗရန္နဲ႔ ယုံစားလို႔ မရေသးတဲ့ ဂ်ဳိးဂိုမက္ဇ္၊ မာတစ္ပ္တုိ႔ေၾကာင့္ ဗဟိုေနာက္ခံလူေနရာမွာ ဗန္ဒိုက္နဲ႔ တြဲဖက္ဖို႔ အင္အားနည္းသြားမွဳအေပၚ ေပါင္သန္း ၄၀ တန္ေၾကးသတ္မွတ္ထားတဲ့ ဘ႐ိုက္တန္ေနာက္ခံလူ ဘန္ဝွဳိက္နဲ႔ ျပန္လည္အစားထိုးဖို႔ လီဗာပူးလ္ စိတ္ဝင္စားေန။

– စပိန္က လာတဲ့ သတင္းေတြအရ ဘာစီလုိနာနည္းျပသစ္ ေရာ္နယ္လ္ ကိုးမန္းက သူ႕အေနနဲ႔ တျခားေနရာေတြအတြက္ အားျဖည့္မွဳကို ေျပာင္းလဲလုပ္ေဆာင္သြားဖို႔ စီစဥ္ႏုိင္ေပမယ့္ လီဗာပူးလ္ကြင္းလယ္လူ ဗိုင္နယ္လ္ဒြမ္ကိုေတာ့ တျခားသူနဲ႔ ေျပာင္းလဲေခၚယူဖို႔ မရွိဘဲ သူမွ သူပဲလို႔ ေျပာၾကားထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– သီယာဂိုအတွက် လီဗာပူးလ်အသင်းက ပေါင်သန်း ၃၀ မပေးချင်လို့ ကြန့်ကြာနေချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကြားဝင်လာမှုကို စိုးရိမ်နေခဲ့ရပေမယ့် ဗန်ဒဘိခ်ကို ခေါ်ယူသွားခဲ့တာက စိတ်သက်သာစရာဖြစ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့ အေးအေးဆေးဆေး ပြန်လည်ဆွေးနွေးနိုင်ဖို့ ရှိလာ။

– လိုင်လီကွင်းလယ်လူ ဘူဘာကာရီ ဆူမာရေးကို ခေါ်ယူချင်တဲ့ အသင်းတစ်သင်းအဖြစ် လီဗာပူးလ်အသင်းက စိတ်ဝင်စားမှု ပြသခဲ့ပြီး ဘာစီလိုနာအသင်းကို ထွက်ခွာသွားနိုင်တဲ့ ဒတ်ချ်ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်နေရာမှာ အစားထိုးသွားဖို့ ရည်ရွယ်။

– ရပ်တန့်ဖို့ မဖြစ်နိုင်ဘူးလို့ ချီးကျူးခံထားရတဲ့ စပိန်တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ် အသင်းက ရောင်းချသွားဖို့ ဆန္ဒရှိနေတဲ့အတွက် လီဗာပူးလ်တို့အနေနဲ့ အသင်းကြီးတွေထက် လက်ဦးမှု ရယူသွားဖွယ်ရှိနေ။

– အသင်းက ထွက်ခွာသွားတဲ့ ဒီယန် လိုဗရန်နဲ့ ယုံစားလို့ မရသေးတဲ့ ဂျိုးဂိုမက်ဇ်၊ မာတစ်ပ်တို့ကြောင့် ဗဟိုနောက်ခံလူနေရာမှာ ဗန်ဒိုက်နဲ့ တွဲဖက်ဖို့ အင်အားနည်းသွားမှုအပေါ် ပေါင်သန်း ၄၀ တန်ကြေးသတ်မှတ်ထားတဲ့ ဘရိုက်တန်နောက်ခံလူ ဘန်ဝှိုက်နဲ့ ပြန်လည်အစားထိုးဖို့ လီဗာပူးလ် စိတ်ဝင်စားနေ။

– စပိန်က လာတဲ့ သတင်းတွေအရ ဘာစီလိုနာနည်းပြသစ် ရော်နယ်လ် ကိုးမန်းက သူ့အနေနဲ့ တခြားနေရာတွေအတွက် အားဖြည့်မှုကို ပြောင်းလဲလုပ်ဆောင်သွားဖို့ စီစဉ်နိုင်ပေမယ့် လီဗာပူးလ်ကွင်းလယ်လူ ဗိုင်နယ်လ်ဒွမ်ကိုတော့ တခြားသူနဲ့ ပြောင်းလဲခေါ်ယူဖို့ မရှိဘဲ သူမှ သူပဲလို့ ပြောကြားထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.