International Premier League

အီတလီကို ရှုံးလို့အကုန်ငြိမ်နေချိန်မှာ တစ်ယောက်တည်း ဂျိုကြွနေတဲ့ ဂေါင်းကြီး

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားက နည်းပြ အဲရစ် တန်ဟက်ရဲ့ ပွဲထွက်လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရပြီးနောက် အသင်းက ပွဲထွက်တစ်နေရာအတွက် တိုက်ပွဲဝင်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

ဘရိုက်တန်နဲ့ ဘရန့်တ်ဖို့ဒ်တို့ကို ရာသီအဖွင့်မှာ ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် မက်ဂွိုင်းယားဟာ တန်ဟက်ရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပြီး အင်္ဂလန်နောက်ခံလူမပါဝင်ခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲစလုံးမှာ မန်ချက်စတာယူနိုက်တက်က နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသင်းအတွက် ပွဲကစားချိန် ကင်းမဲ့နေပေမယ့်လည်း မက်ဂွိုင်းယားဟာ အင်္ဂလန်လက်ရွေးစင်လူစာရင်းမှာ ပွဲထွက်နေရာ ဆုံးရှုံးခဲ့ခြင်းမရှိဘဲ သောကြာနေ့ညနေက အီတလီကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

အီတလီနဲ့ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်က အိုးထရက်ဖို့ဒ်မှာ ပွဲကစားချိန် မရတာက ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်အသင်းက ၎င်းရဲ့ စွမ်းဆောင်ရည်ကို သက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အားလုံး အဆင်ပြေပါတယ်။ ကစားဖို့ အဆင်သင့်ပဲ။ ကျွန်တော် ကြံ့ခိုင်နေပြီး လန်းဆန်းနေတယ်လို့ ခံစားရပါတယ်။ ကျွန်တော့်ရဲ့ ခြေစွမ်းအပေါ်မှာ ဘာတွေ ပြောနေခဲ့ကြလဲဆိုတာ မသိပါဘူး။ ကျွန်တော် အဲဒီအကြောင်းတွေကို တကယ် မဖတ်မိပါဘူး။ ကျွန်တော် နွေရာသီမှာ အင်္ဂလန်နဲ့အတူ အပေါင်းလက္ခဏာဆောင်တဲ့ ၃ ပွဲပါဝင်ကစားခဲ့ပြီး ကောင်းမွန်တဲ့ရာသီကြိုဖြစ်ခဲ့တယ်။ ကျွန်တော် တကယ်ကောင်းမွန်နေတယ်လို့ ခံစားခဲ့ရတယ်”

“နည်းပြ တန်ဟက်က ကျွန်တော့်ကို ပွဲစဉ်တွေမှာ ချန်လှပ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့တာ သိသာထင်ရှားပြီး အသင်းကလည်း အဲဒီကတည်းက နိုင်ပွဲတွေ ရရှိနေခဲ့ပါတယ်။ ကျွန်တော် ကစားရမယ့် အခွင့်အရေးရလာတဲ့အခါကျရင် အဆင်သင့်ဖြစ်နေအောင် လေ့ကျင့်ရေးကွင်းမှာ အလုပ်ပြင်းပြင်းထန်ထန် လုပ်နေပါတယ်။ ကျွန်တော် အသင်းကို ကူညီနိုင်ဖို့အတွက် လုပ်နိုင်တာ ဒါအကုန်ပဲ။ ကျွန်တော် ဘယ်သူ့အပေါ်မှာ အာရုံစိုက်မနေဘဲ လူတွေဘာပြောပြော ဂရုမစိုက်ပါဘူး။ လူတွေက ကျွန်တော်နဲ့ပတ်သက်ပြီး ဇာတ်လမ်းတွေ လုပ်နိုင်တယ်လို့ ထင်ပါတယ်။ ကျွန်တော်က မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ပါ။ အဲဒီတော့ ကျွန်တော့်အကြောင်းက သတင်းထူးကြီး ဖြစ်နေမှာပါ”

“အဲဒီတော့ သူတို့တွေ ဇာတ်လမ်းတွေ လုပ်ရတဲ့အကြောင်းအရင်းက အဲဒါပါပဲ။ သူတို့တွေ လူပြိန်းကြိုက်တွေကို သဘောကျတယ်။ ဒါပေမယ့် ကျွန်တော် ဒဏ်ရာကြောင့် ၈ ပတ်နားပြီးတဲ့နောက် ယူရိုပြိုင်ပွဲကစားခဲ့တယ်။ တစ်ပွဲမှ မကစားခဲ့ရဘဲ ပြိုင်ပွဲထဲမှာ အသင်းထဲ ပါဝင်ခဲ့တယ်။ မကစားတာကြာလို့ ခြေကျသွားတာမျိုးနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျွန်တော့်အပေါ်မှာတော့ အဲဒီလိုကိစ္စမျိုးတွေ ဖြစ်မှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားက နည္းျပ အဲရစ္ တန္ဟက္ရဲ႕ ပြဲထြက္လူစာရင္းမွာ ခ်န္လွပ္ျခင္းခံခဲ့ရၿပီးေနာက္ အသင္းက ပြဲထြက္တစ္ေနရာအတြက္ တိုက္ပြဲဝင္သြားဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာၾကားခဲ့ပါတယ္။

ဘ႐ိုက္တန္နဲ႔ ဘရန႔္တ္ဖို႔ဒ္တို႔ကို ရာသီအဖြင့္မွာ ဆက္တိုက္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ မက္ဂြိဳင္းယားဟာ တန္ဟက္ရဲ႕ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ျခင္းခံခဲ့ရတာျဖစ္ၿပီး အဂၤလန္ေနာက္ခံလူမပါဝင္ခဲ့တဲ့ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၄ ပြဲစလုံးမွာ မန္ခ်က္စတာယူႏိုက္တက္က ႏိုင္ပြဲရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အသင္းအတြက္ ပြဲကစားခ်ိန္ ကင္းမဲ့ေနေပမယ့္လည္း မက္ဂြိဳင္းယားဟာ အဂၤလန္လက္ေ႐ြးစင္လူစာရင္းမွာ ပြဲထြက္ေနရာ ဆုံးရႈံးခဲ့ျခင္းမရွိဘဲ ေသာၾကာေန႔ညေနက အီတလီကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

အီတလီနဲ႔ပြဲအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္က အိုးထရက္ဖို႔ဒ္မွာ ပြဲကစားခ်ိန္ မရတာက ယခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ အဂၤလန္အသင္းက ၎ရဲ႕ စြမ္းေဆာင္ရည္ကို သက္ေရာက္မႈရွိမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အားလုံး အဆင္ေျပပါတယ္။ ကစားဖို႔ အဆင္သင့္ပဲ။ ကြၽန္ေတာ္ ႀကံ့ခိုင္ေနၿပီး လန္းဆန္းေနတယ္လို႔ ခံစားရပါတယ္။ ကြၽန္ေတာ့္ရဲ႕ ေျခစြမ္းအေပၚမွာ ဘာေတြ ေျပာေနခဲ့ၾကလဲဆိုတာ မသိပါဘူး။ ကြၽန္ေတာ္ အဲဒီအေၾကာင္းေတြကို တကယ္ မဖတ္မိပါဘူး။ ကြၽန္ေတာ္ ေႏြရာသီမွာ အဂၤလန္နဲ႔အတူ အေပါင္းလကၡဏာေဆာင္တဲ့ ၃ ပြဲပါဝင္ကစားခဲ့ၿပီး ေကာင္းမြန္တဲ့ရာသီႀကိဳျဖစ္ခဲ့တယ္။ ကြၽန္ေတာ္ တကယ္ေကာင္းမြန္ေနတယ္လို႔ ခံစားခဲ့ရတယ္”

“နည္းျပ တန္ဟက္က ကြၽန္ေတာ့္ကို ပြဲစဥ္ေတြမွာ ခ်န္လွပ္ခဲ့ဖို႔ ဆုံးျဖတ္ခဲ့တာ သိသာထင္ရွားၿပီး အသင္းကလည္း အဲဒီကတည္းက ႏိုင္ပြဲေတြ ရရွိေနခဲ့ပါတယ္။ ကြၽန္ေတာ္ ကစားရမယ့္ အခြင့္အေရးရလာတဲ့အခါက်ရင္ အဆင္သင့္ျဖစ္ေနေအာင္ ေလ့က်င့္ေရးကြင္းမွာ အလုပ္ျပင္းျပင္းထန္ထန္ လုပ္ေနပါတယ္။ ကြၽန္ေတာ္ အသင္းကို ကူညီႏိုင္ဖို႔အတြက္ လုပ္ႏိုင္တာ ဒါအကုန္ပဲ။ ကြၽန္ေတာ္ ဘယ္သူ႔အေပၚမွာ အာ႐ုံစိုက္မေနဘဲ လူေတြဘာေျပာေျပာ ဂ႐ုမစိုက္ပါဘူး။ လူေတြက ကြၽန္ေတာ္နဲ႔ပတ္သက္ၿပီး ဇာတ္လမ္းေတြ လုပ္ႏိုင္တယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္က မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ပါ။ အဲဒီေတာ့ ကြၽန္ေတာ့္အေၾကာင္းက သတင္းထူးႀကီး ျဖစ္ေနမွာပါ”

“အဲဒီေတာ့ သူတို႔ေတြ ဇာတ္လမ္းေတြ လုပ္ရတဲ့အေၾကာင္းအရင္းက အဲဒါပါပဲ။ သူတို႔ေတြ လူၿပိန္းႀကိဳက္ေတြကို သေဘာက်တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ဒဏ္ရာေၾကာင့္ ၈ ပတ္နားၿပီးတဲ့ေနာက္ ယူ႐ိုၿပိဳင္ပြဲကစားခဲ့တယ္။ တစ္ပြဲမွ မကစားခဲ့ရဘဲ ၿပိဳင္ပြဲထဲမွာ အသင္းထဲ ပါဝင္ခဲ့တယ္။ မကစားတာၾကာလို႔ ေျခက်သြားတာမ်ိဳးနဲ႔ပတ္သက္ၿပီး ေျပာရမယ္ဆိုရင္ ကြၽန္ေတာ့္အေပၚမွာေတာ့ အဲဒီလိုကိစၥမ်ိဳးေတြ ျဖစ္မွာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.