International

အာဆင်နယ်နဲ့ပွဲ အရန်ခုံပို့ရင် ကိုယ့်ဘဝကိုယ်တွေးဖို့ ကွန်တီကို ဖရီးကစ်နဲ့သတိပေးလိုက်တဲ့ ဆွန်

တောင်ကိုရီးယားကြယ်ပွင့်တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ကော်စတာရီကာနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းမှု ပြုလုပ်ပေးခဲ့ပါတယ်။

အာတီတာရဲ့ အာဆင်နယ်အသင်းအနေနဲ့ နိုင်ငံတကာပွဲစဉ် အားလပ်ရက်တွေအပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင်ချိန်မှာတော့ ဆွန်ဟောင်မင်နဲ့ ရင်ဆိုင်ရမယ့်ကိစ္စဟာ အနည်းငယ် စိုးရိမ်စရာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ တောင်ကိုရီးယားတိုက်စစ်မှူးဟာ တော့တင်ဟမ်ဟော့စပါးအတွက် ရာသီအဖွင့်ပွဲစဉ် ၈ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့်လည်း လက်စတာစီးတီးနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ၁၃ မိနစ်နဲ့ ၂၁ စက္ကန့်အတွင်း ဟက်ထရစ်သွင်းယူပြီး ပေါက်ကွဲပြခဲ့တာဖြစ်ပါတယ်။

ရာသီအဖွင့်ရက်သတ္တပတ်တွေမှာ ယုံကြည်မှု ပျောက်ဆုံးနေခဲ့ပုံပေါ်ခဲ့ပြီး ရုန်းကန်နေရတာကြောင့် နည်းပြ အန်တိုနီယို ကွန်တီဟာ ဆွန်ဟောင်မင်ကို အရန်ခုံပို့ထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ လက်စတာစီးတီးနဲ့ပွဲစဉ်မှာ လိုအပ်နေတဲ့ ယုံကြည်မှုပြန်လည်ရရှိအောင် အခွင့်အရေးပေးခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ အဲဒီပွဲစဉ်က ယုံကြည်ချက်နဲ့အတူ သောကြာနေ့ညက ကော်စတာရီကာနဲ့ ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ်ကို ဝင်ရောက်ကစားပေးခဲ့ပြီး တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း နောက်ထပ်တစ်ကြိမ် ဂိုးပေါက်ထပ်မံ ရှာတွေ့ခဲ့ပြန်တာဖြစ်ပါတယ်။

ပွဲကစားချိန် နောက်ဆုံး ၅ မိနစ်အတွင်း ၂-၁ နဲ့ တောင်ကိုရီးယားအသင်းက နောက်ကနေ လိုက်ကစားနေရချိန်မှာ အိမ်ရှင် တောင်ကိုရီးယားတို့ ဘယ်တောင်ပံက ပင်နယ်တီဧရိယာအစွန်မှာ အလွတ်တည်ကန်ဘော ကန်ခွင့်ရရှိခဲ့ပြီး ဒီပြစ်ဒဏ်ဘောကို တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်တိုက်စစ်မှူး ဆွန်ဟောင်မင်က ကန်သွင်းဖို့အတွက် တာဝန်ကျခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ နောက်ကို ဆုတ်ပြီး အရှိန်ယူခဲ့ပြီးနောက် ဂိုးသမား ဘယ်လိုမှ မကာကွယ်နိုင်မယ့် အားပါ ပြင်းထန်တဲ့ ကန်သွင်းမှုမျိုး ပြုလုပ်ခဲ့တာဖြစ်ပြီး ပက်ထရစ် ဆီကီရာတစ်ယောက် ဘောလုံးက အပေါ်ကနေ ကျော်ပြီး ဂိုးအပေါ်ထောင့်ထဲ ဝင်သွားတာကိုသာ ကြောင်ကြည့်နေခဲ့ရတာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ရဲ့ အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းချက်ဟာ လူမှုကွန်ရက်ပေါ်မှာ တောမီးပမာ ချက်ချင်းပျံ့နှံ့သွားခဲ့ပြီး တော့တင်ဟမ်ဟော့စပါးပရိသတ်တွေဟာ ဘာကြောင့် ကွန်တီအနေနဲ့ တောင်ကိုရီးယားကြယ်ပွင့်ကို အလွတ်တည်ကန်ဘော ကန်သွင်းသူအဖြစ် မသတ်မှတ်ထားတာလဲလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်မှာ ခရစ်ရှန် အဲရစ်ဆင် ထွက်ခွာသွားပြီးကတည်းက တော့တင်ဟမ်ဟော့စပါးအသင်းဟာ တိုက်ရိုက် အလွတ်တည်ကန်ဘောကနေ ကန်သွင်းမှုတွေမှာ ကြီးမားတဲ့ ပြဿနာရှိနေခဲ့တာဖြစ်ပြီး အဲရစ် ဒိုင်ယာက ကန်သွင်းမှုအချို့ ပြုလုပ်ခဲ့ရာမှာ ဂိုးရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ဟာရီ ကိန်းကလည်း မကြာခဏဆိုသလို တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အလွတ်တည်ကန်ဘောတွေကို ကန်သွင်းပေးခဲ့ပေမယ့်လည်း ထူးမခြားနား ဖြစ်နေခဲ့တာဖြစ်တာကြောင့် တောင်ကိုရီးယားအသင်းအတွက် အလွန်ကောင်းမွန်တဲ့ ကန်သွင်းမှု ပြုလုပ်ခဲ့ပြီးနောက် ဆွန်ဟောင်မင်က စပါးစ်ရဲ့ အလွတ်တည်ကန်ဘောတွေမှာ အားကိုးရသူဖြစ်လာကောင်း ဖြစ်လာနိုင်ပါတယ်။

ဆွန်ဟောင်မင်ဟာ အလွတ်တည်ကန်ဘောကနေ ဂိုးကန်သွင်းနိုင်ခဲ့တာက အခုအကြိမ်ဟာ ပထမဆုံးတော့မဟုတ်ဘဲ ဇွန်လတုန်းက ချီလီကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်နဲ့ ပါရာဂွေးနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်တွေမှာ ၂ ပွဲဆက်တိုက် အလွတ်တည်ကန်ဘောကနေ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီမှတ်တမ်းထဲမှာ ပြီးခဲ့တဲ့သြဂုတ်လက ဝက်ဖို့ဒ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ စပါးစ်အတွက် ဆွန်ဟောင်မင် အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းခဲ့တဲ့ သွင်းဂိုးကိုပါ ထပ်ဖြည့်လိုက်ရင် တော့တင်ဟမ်ဟော့စပါးအတွက် အလွတ်တည်ကန်ဘောကန်သွင်းသူက တောင်ကိုရီးယားကြယ်ပွင့်သာ ဖြစ်သင့်တယ်ဆိုတာ ထင်ရှားနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာင္ကိုရီးယားၾကယ္ပြင့္တိုက္စစ္မႉး ဆြန္ေဟာင္မင္ဟာ ေကာ္စတာရီကာနဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ အလြန္ေကာင္းမြန္တဲ့ အလြတ္တည္ကန္ေဘာကေန တိုက္႐ိုက္ကန္သြင္းမႈ ျပဳလုပ္ေပးခဲ့ပါတယ္။

အာတီတာရဲ႕ အာဆင္နယ္အသင္းအေနနဲ႔ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္ေတြအၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲေတြ ျပန္လည္စတင္ခ်ိန္မွာေတာ့ ဆြန္ေဟာင္မင္နဲ႔ ရင္ဆိုင္ရမယ့္ကိစၥဟာ အနည္းငယ္ စိုးရိမ္စရာ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ အသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ ေတာင္ကိုရီးယားတိုက္စစ္မႉးဟာ ေတာ့တင္ဟမ္ေဟာ့စပါးအတြက္ ရာသီအဖြင့္ပြဲစဥ္ ၈ ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိခဲ့ေပမယ့္လည္း လက္စတာစီးတီးနဲ႔ကစားခဲ့တဲ့ပြဲစဥ္မွာ ၁၃ မိနစ္နဲ႔ ၂၁ စကၠန႔္အတြင္း ဟက္ထရစ္သြင္းယူၿပီး ေပါက္ကြဲျပခဲ့တာျဖစ္ပါတယ္။

ရာသီအဖြင့္ရက္သတၱပတ္ေတြမွာ ယုံၾကည္မႈ ေပ်ာက္ဆုံးေနခဲ့ပုံေပၚခဲ့ၿပီး ႐ုန္းကန္ေနရတာေၾကာင့္ နည္းျပ အန္တိုနီယို ကြန္တီဟာ ဆြန္ေဟာင္မင္ကို အရန္ခုံပို႔ထားဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ လက္စတာစီးတီးနဲ႔ပြဲစဥ္မွာ လိုအပ္ေနတဲ့ ယုံၾကည္မႈျပန္လည္ရရွိေအာင္ အခြင့္အေရးေပးခဲ့တာျဖစ္ပါတယ္။ ဆြန္ေဟာင္မင္ဟာ အဲဒီပြဲစဥ္က ယုံၾကည္ခ်က္နဲ႔အတူ ေသာၾကာေန႔ညက ေကာ္စတာရီကာနဲ႔ ကစားခဲ့တဲ့ ႏိုင္ငံတကာပြဲစဥ္ကို ဝင္ေရာက္ကစားေပးခဲ့ၿပီး တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း ေနာက္ထပ္တစ္ႀကိမ္ ဂိုးေပါက္ထပ္မံ ရွာေတြ႕ခဲ့ျပန္တာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ ေနာက္ဆုံး ၅ မိနစ္အတြင္း ၂-၁ နဲ႔ ေတာင္ကိုရီးယားအသင္းက ေနာက္ကေန လိုက္ကစားေနရခ်ိန္မွာ အိမ္ရွင္ ေတာင္ကိုရီးယားတို႔ ဘယ္ေတာင္ပံက ပင္နယ္တီဧရိယာအစြန္မွာ အလြတ္တည္ကန္ေဘာ ကန္ခြင့္ရရွိခဲ့ၿပီး ဒီျပစ္ဒဏ္ေဘာကို ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္တိုက္စစ္မႉး ဆြန္ေဟာင္မင္က ကန္သြင္းဖို႔အတြက္ တာဝန္က်ခဲ့တာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ဟာ ေနာက္ကို ဆုတ္ၿပီး အရွိန္ယူခဲ့ၿပီးေနာက္ ဂိုးသမား ဘယ္လိုမွ မကာကြယ္ႏိုင္မယ့္ အားပါ ျပင္းထန္တဲ့ ကန္သြင္းမႈမ်ိဳး ျပဳလုပ္ခဲ့တာျဖစ္ၿပီး ပက္ထရစ္ ဆီကီရာတစ္ေယာက္ ေဘာလုံးက အေပၚကေန ေက်ာ္ၿပီး ဂိုးအေပၚေထာင့္ထဲ ဝင္သြားတာကိုသာ ေၾကာင္ၾကည့္ေနခဲ့ရတာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ရဲ႕ အလြတ္တည္ကန္ေဘာကေန တိုက္႐ိုက္ကန္သြင္းခ်က္ဟာ လူမႈကြန္ရက္ေပၚမွာ ေတာမီးပမာ ခ်က္ခ်င္းပ်ံ႕ႏွံ႔သြားခဲ့ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးပရိသတ္ေတြဟာ ဘာေၾကာင့္ ကြန္တီအေနနဲ႔ ေတာင္ကိုရီးယားၾကယ္ပြင့္ကို အလြတ္တည္ကန္ေဘာ ကန္သြင္းသူအျဖစ္ မသတ္မွတ္ထားတာလဲလို႔ ေမးခြန္းထုတ္ခဲ့ၾကပါတယ္။

လြန္ခဲ့တဲ့ ၃ ႏွစ္မွာ ခရစ္ရွန္ အဲရစ္ဆင္ ထြက္ခြာသြားၿပီးကတည္းက ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ တိုက္႐ိုက္ အလြတ္တည္ကန္ေဘာကေန ကန္သြင္းမႈေတြမွာ ႀကီးမားတဲ့ ျပႆနာရွိေနခဲ့တာျဖစ္ၿပီး အဲရစ္ ဒိုင္ယာက ကန္သြင္းမႈအခ်ိဳ႕ ျပဳလုပ္ခဲ့ရာမွာ ဂိုးရရွိေအာင္ စြမ္းေဆာင္ႏိုင္ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။

ဟာရီ ကိန္းကလည္း မၾကာခဏဆိုသလို ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ အလြတ္တည္ကန္ေဘာေတြကို ကန္သြင္းေပးခဲ့ေပမယ့္လည္း ထူးမျခားနား ျဖစ္ေနခဲ့တာျဖစ္တာေၾကာင့္ ေတာင္ကိုရီးယားအသင္းအတြက္ အလြန္ေကာင္းမြန္တဲ့ ကန္သြင္းမႈ ျပဳလုပ္ခဲ့ၿပီးေနာက္ ဆြန္ေဟာင္မင္က စပါးစ္ရဲ႕ အလြတ္တည္ကန္ေဘာေတြမွာ အားကိုးရသူျဖစ္လာေကာင္း ျဖစ္လာႏိုင္ပါတယ္။

ဆြန္ေဟာင္မင္ဟာ အလြတ္တည္ကန္ေဘာကေန ဂိုးကန္သြင္းႏိုင္ခဲ့တာက အခုအႀကိမ္ဟာ ပထမဆုံးေတာ့မဟုတ္ဘဲ ဇြန္လတုန္းက ခ်ီလီကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္နဲ႔ ပါရာေဂြးနဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္ေတြမွာ ၂ ပြဲဆက္တိုက္ အလြတ္တည္ကန္ေဘာကေန ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီမွတ္တမ္းထဲမွာ ၿပီးခဲ့တဲ့ၾသဂုတ္လက ဝက္ဖို႔ဒ္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ စပါးစ္အတြက္ ဆြန္ေဟာင္မင္ အလြတ္တည္ကန္ေဘာကေန တိုက္႐ိုက္ကန္သြင္းခဲ့တဲ့ သြင္းဂိုးကိုပါ ထပ္ျဖည့္လိုက္ရင္ ေတာ့တင္ဟမ္ေဟာ့စပါးအတြက္ အလြတ္တည္ကန္ေဘာကန္သြင္းသူက ေတာင္ကိုရီးယားၾကယ္ပြင့္သာ ျဖစ္သင့္တယ္ဆိုတာ ထင္ရွားေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.