International Match Report

အာဂျင်တီးနားကို ၃၄ ပွဲရှုံးပွဲမရှိအောင် လှပတဲ့သွင်းဂိုးနဲ့ ကူညီပေးခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ သောကြာနေ့ညက မိုင်ယာမီ ဟာ့ဒ်ရော့ခ်ကွင်းထဲမှာ ဟွန်ဒူးရပ်စ်ကို ၃-၀ နဲ့ စိတ်လှုပ်ရှားဖွယ် စွမ်းဆောင်ရည်ပြသပြီး အနိုင်ရရှိခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ မိနစ် ၉၀ အပြည့် ပါဝင်ကစားပေးခဲ့ပြီး အာဂျင်တီးနားအသင်း သွင်းယူနိုင်ခဲ့တဲ့ ၃ ဂိုးစလုံးမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းအတွက် ပထမပိုင်း ၁၆ မိနစ်မှာ လော်တာရို မာတီနက်ဇ်က အဖွင့်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးကို ကွင်းလယ်ကနေ လီယွန်နယ် မက်ဆီက ဘယ်တောင်ပံကနေတဆင့် ပင်နယ်တီဧရိယာထဲ ပြေးဝင်ဖို့ စောင့်ဆိုင်းနေတဲ့ ပါပူ ဂိုးမက်ဇ်ဆီ လှလှပပ ပေးပို့ခဲ့ရာမှာ ဂိုးမက်ဇ်က ပင်နယ်တီဧရိယာထဲ ၆ ကိုက်အကွာမှာ ပိတ်သွင်းဖို့ စောင့်နေတဲ့ မာတီနက်ဇ်ဆီ ခင်းပေးခဲ့တာဖြစ်ပါတယ်။

မက်ဆီရဲ့ ဖန်တီးနိုင်စွမ်းက အာဂျင်တီးနားရဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးမှာ နောက်ထပ်တစ်ကြိမ် မြင်တွေ့ခွင့် ရရှိခဲ့ပြန်တာဖြစ်ပြီး လို ဆယ်လ်ဆိုဆီကို အလွန်ကောင်းမွန်တဲ့ ပေးပို့မှု ပြုလုပ်ခဲ့ရာမှာ ဟွန်ဒူးရပ်စ်နောက်ခံလူတွေက ဗီလာရီးရဲလ်ကြယ်ပွင့်ကို နောက်ကနေ ဆွဲလှဲခဲ့တာကြောင့် ပင်နယ်တီ ရရှိခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီပြစ်ဒဏ်ဘောကို လီယွန်နယ် မက်ဆီက အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပြီး ညာဘက် ဂိုးအောက်ထောင့်ကို မြေလှိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမားကတော့ ဘယ်ဖက်ကို မှားယွင်းပြီး ဒိုင်ဗင်ပစ်ဖမ်းခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ဒုတိယပိုင်းမှာ ကစားအား အနည်းငယ် ကျဆင်းသွားခဲ့ပေမယ့်လည်း ဟွန်ဒူးရပ်စ် နောက်ခံကစားသမားရဲ့ ဘောလုံးနဲ့ တုံ့ဆိုင်းနေမှုကို အခွင့်ကောင်းယူပြီး လီယွန်နယ် မက်ဆီက ဂိုးပေါက်ကနေ ရှေ့ထွက်နေတဲ့ ဂိုးသမားကို အသာကျော်ကန်ပြီး တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဟာ ဒီနိုင်ပွဲကြောင့် ၂၀၁၉ ခုနှစ် ကိုပါအမေရိက ဆီမီးဖိုင်နယ်မှာ ဘရာဇီးလ်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ၃၄ ပွဲအထိ ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ပြီး အီတလီအသင်းရဲ့ အရှည်လျားဆုံး နိုင်ငံတကာရှုံးပွဲမရှိစံချိန်ကို လိုက်မီဖို့ ၃ ပွဲသာ လိုအပ်တော့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီက ဟွန်ဒူးရပ်စ်နဲ့ ပွဲအပြီးမှာ အာဂျင်တီးနားအသင်းဟာ အလွန်ကောင်းမွန်တဲ့လူစာရင်းကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုတစ်စုံတရာ ရရှိနိုင်ဖို့အတွက် စိတ်အေးအေးနဲ့ တစ်လှမ်းချင်း လှမ်းသွားရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့လည်း ပရိသတ်တွေအတိုင်းပဲ စိတ်လှုပ်ရှားခဲ့ကြပေမယ့်လည်း ကျွန်တော်တို့ စိတ်အေးအေး ထားရမှာပါ။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့အသင်းရှိနေပေမယ့် ကမ္ဘာ့ဖလားက ထူးခြားပါတယ်။ အဲဒီတော့ ကျွန်တော်တို့ တစ်လှမ်းချင်းစီ လှမ်းသွားရမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီရဲ႕ အာဂ်င္တီးနားအသင္းဟာ ေသာၾကာေန႔ညက မိုင္ယာမီ ဟာ့ဒ္ေရာ့ခ္ကြင္းထဲမွာ ဟြန္ဒူးရပ္စ္ကို ၃-၀ နဲ႔ စိတ္လႈပ္ရွားဖြယ္ စြမ္းေဆာင္ရည္ျပသၿပီး အႏိုင္ရရွိခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီဟာ မိနစ္ ၉၀ အျပည့္ ပါဝင္ကစားေပးခဲ့ၿပီး အာဂ်င္တီးနားအသင္း သြင္းယူႏိုင္ခဲ့တဲ့ ၃ ဂိုးစလုံးမွာ ပါဝင္ပတ္သက္ခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းအတြက္ ပထမပိုင္း ၁၆ မိနစ္မွာ ေလာ္တာ႐ို မာတီနက္ဇ္က အဖြင့္ဂိုးသြင္းယူေပးခဲ့တာျဖစ္ၿပီး ဒီသြင္းဂိုးကို ကြင္းလယ္ကေန လီယြန္နယ္ မက္ဆီက ဘယ္ေတာင္ပံကေနတဆင့္ ပင္နယ္တီဧရိယာထဲ ေျပးဝင္ဖို႔ ေစာင့္ဆိုင္းေနတဲ့ ပါပူ ဂိုးမက္ဇ္ဆီ လွလွပပ ေပးပို႔ခဲ့ရာမွာ ဂိုးမက္ဇ္က ပင္နယ္တီဧရိယာထဲ ၆ ကိုက္အကြာမွာ ပိတ္သြင္းဖို႔ ေစာင့္ေနတဲ့ မာတီနက္ဇ္ဆီ ခင္းေပးခဲ့တာျဖစ္ပါတယ္။

မက္ဆီရဲ႕ ဖန္တီးႏိုင္စြမ္းက အာဂ်င္တီးနားရဲ႕ ဒုတိယေျမာက္ ဦးေဆာင္ဂိုးမွာ ေနာက္ထပ္တစ္ႀကိမ္ ျမင္ေတြ႕ခြင့္ ရရွိခဲ့ျပန္တာျဖစ္ၿပီး လို ဆယ္လ္ဆိုဆီကို အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈ ျပဳလုပ္ခဲ့ရာမွာ ဟြန္ဒူးရပ္စ္ေနာက္ခံလူေတြက ဗီလာရီးရဲလ္ၾကယ္ပြင့္ကို ေနာက္ကေန ဆြဲလွဲခဲ့တာေၾကာင့္ ပင္နယ္တီ ရရွိခဲ့တာျဖစ္ပါတယ္။

ပင္နယ္တီျပစ္ဒဏ္ေဘာကို လီယြန္နယ္ မက္ဆီက အမွားအယြင္းမရွိ ကန္သြင္းယူႏိုင္ခဲ့ၿပီး ညာဘက္ ဂိုးေအာက္ေထာင့္ကို ေျမလွိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမားကေတာ့ ဘယ္ဖက္ကို မွားယြင္းၿပီး ဒိုင္ဗင္ပစ္ဖမ္းခဲ့တာ ျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ဒုတိယပိုင္းမွာ ကစားအား အနည္းငယ္ က်ဆင္းသြားခဲ့ေပမယ့္လည္း ဟြန္ဒူးရပ္စ္ ေနာက္ခံကစားသမားရဲ႕ ေဘာလုံးနဲ႔ တုံ႔ဆိုင္းေနမႈကို အခြင့္ေကာင္းယူၿပီး လီယြန္နယ္ မက္ဆီက ဂိုးေပါက္ကေန ေရွ႕ထြက္ေနတဲ့ ဂိုးသမားကို အသာေက်ာ္ကန္ၿပီး တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားဟာ ဒီႏိုင္ပြဲေၾကာင့္ ၂၀၁၉ ခုႏွစ္ ကိုပါအေမရိက ဆီမီးဖိုင္နယ္မွာ ဘရာဇီးလ္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ၃၄ ပြဲအထိ ရႈံးပြဲမရွိ စံခ်ိန္ကို ဆက္လက္ ထိန္းသိမ္းႏိုင္ခဲ့ၿပီျဖစ္ၿပီး အီတလီအသင္းရဲ႕ အရွည္လ်ားဆုံး ႏိုင္ငံတကာရႈံးပြဲမရွိစံခ်ိန္ကို လိုက္မီဖို႔ ၃ ပြဲသာ လိုအပ္ေတာ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီက ဟြန္ဒူးရပ္စ္နဲ႔ ပြဲအၿပီးမွာ အာဂ်င္တီးနားအသင္းဟာ အလြန္ေကာင္းမြန္တဲ့လူစာရင္းကို ပိုင္ဆိုင္ထားၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈတစ္စုံတရာ ရရွိႏိုင္ဖို႔အတြက္ စိတ္ေအးေအးနဲ႔ တစ္လွမ္းခ်င္း လွမ္းသြားရမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔လည္း ပရိသတ္ေတြအတိုင္းပဲ စိတ္လႈပ္ရွားခဲ့ၾကေပမယ့္လည္း ကြၽန္ေတာ္တို႔ စိတ္ေအးေအး ထားရမွာပါ။ ကြၽန္ေတာ္တို႔မွာ အရမ္းေကာင္းတဲ့အသင္းရွိေနေပမယ့္ ကမာၻ႔ဖလားက ထူးျခားပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ တစ္လွမ္းခ်င္းစီ လွမ္းသြားရမွာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.