International Premier League

နည်းပြ ဆောက်ဂိတ်ကို ဖြုတ်ပစ်ဖို့ တောင်းဆိုနေကြပြီဖြစ်တဲ့ အင်္ဂလန်ပရိသတ်များ

ပြီးခဲ့တဲ့ အီတလီမြေက နေးရှင်းလိဂ်ပွဲစဉ်မှာ ဆိုးရွားတဲ့ ကစားပုံနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် နေးရှင်းလိဂ်ရဲ့ ထိပ်တန်းအသင်းတွေသာ ကစားရတဲ့ အုပ်စုအေကနေ အုပ်စုဘီကို တန်းဆင်းခဲ့ရတဲ့ အင်္ဂလန်အသင်းနဲ့ နည်းပြ ဂါရက် ဆောက်ဂိတ်ကို ပရိသတ်တွေက ဒေါသထွက်နေခဲ့ကြပြီး အမြန်ဆုံး ရာထူးကနေ ဖယ်ရှားဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပရိသတ်တွေအပြင် ဘောလုံးကျွမ်းကျင်သူတွေကလည်း အသင်းရဲ့ ဘာဗျူဟာမှ မရှိတဲ့ ကစားကွက်နဲ့ ၅ ပွဲမှာ ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့တဲ့ သွင်းဂိုးက ဟာရီကိန်းရဲ့ ပင်နယ်တီသာ ဖြစ်နေတာတွေကို ထောက်ပြခဲ့ကြပြီး ဒီလိုပုံစံနဲ့တော့ ဒီနည်းပြ ဒီရာထူးမှာ ဆက်ရှိနေတာဟာ အံ့ဩစရာလို့ ဆိုခဲ့ကြတာပါ။

အင်္ဂလန်အသင်းအနေနဲ့ ကစားပုံကောင်းရဲ့သားနဲ့ ရှုံးနိမ့်ခဲ့ရင် ပရိသတ်တွေအနေနဲ့ ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်ပေမယ့် ခံစစ်ကို အလွန်အကျွံ ကစားပြီး တိုက်စစ်မှာ ကစားသမားကောင်းတွေကို နေရာမချတတ်တာနဲ့ လူရွေးချယ်မှုတွေမှာလည်း ကစားသမားကောင်းတွေကို ချန်ရစ်ပြီး အသုံးမကျတဲ့ သူတွေကို ရွေးချယ်နေတာက လှောင်ပြောင်စရာဖြစ်ခဲ့ရပါတယ်။

အထူးသဖြင့်တော့ နိုင်ငံ့လက်ရွေးစင်အသင်းရဲ့ နည်းပြတစ်ယောက်အနေနဲ့ ကလပ်အသင်းတွေမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်သူတွေကို ရွေးချယ်သုံးစွဲရမယ့်အစား မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခွင့် မရှိတဲ့ နောက်ခံလူ ဟာရီ မက်ဂွိုင်းယားကို ပွဲတိုင်းသုံးစွဲနေပြီး ကလပ်အသင်းမှာ ညာတောင်ပံတိုက်စစ်ကစားတဲ့ ဘူကာယို ဆာကာကို ဘယ်နောက်ခံမှာ သုံးစွဲခဲ့တာက အောချစရာလုပ်ရပ်လည်းဖြစ်ခဲ့တာပါ။

ပရိသတ်တွေကတော့ ဒီပုံစံနဲ့ ဆောက်ဂိတ်တစ်ယောက် ကာတာကို ဘာသွားလုပ်မှာလဲလို့ လှောင်ပြောင်ခဲ့ကြပြီး စိတ်ပျက်စရာ ပျင်းရိပျင်းတွဲ ကစားပုံနဲ့ အသင်းကို ရှက်တတ်ရင် တစ်ဖက်မှာ အင်္ဂလန်အမျိုးသမီးအသင်း ဘယ်လိုကစားနေသလဲဆိုတာ သွားကြည့်ပါဦးလို့လည်း ရှုတ်ချခဲ့ကြသလို နည်းပြတင် မဟုတ်ဘဲ ကစားသမားတွေကပါ ပရိသတ်တွေကို စော်ကားနေသလိုပဲလို့ ပြောခဲ့ကြပါတယ်။

“အင်္ဂလန်နည်းပြရာထူးမှာ ကမ္ဘာ့ဖလားကို သွားတဲ့အထိ ဆောက်ဂိတ် ဆက်ရှိနေမှာကို ဘယ်လိုမှ မယုံကြည်နိုင်ဘူး”လို့ ပရိသတ်တစ်ဦးက တွစ်တာမှာ ရေးသားခဲ့ပြီး နောက်တစ်ဦးကတော့ “ဒီလောက်ကြီး ခံစစ်ပိတ်ကစားနေတာတောင် ဂိုးတွေ ခဏခဏ ပေးနေရတာပဲလား။ အက်ဖ်အေအနေနဲ့ ရဲရဲရင့်ရင့် ဆုံးဖြတ်ပြီး ကမ္ဘာ့ဖလားရှုံးထွက် ၁၆ သင်းအဆင့်က လှည့်မပြန်ရခင် လူပြောင်းဖို့ လိုနေပြီ”လို့ ထောက်ပြခဲ့တာပါ။

ဆောက်ဂိတ်အနေနဲ့ ဒီညမှာ အသင်းကို နောက်ဆုံးကိုင်တွယ်တာဖြစ်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ကြတဲ့အထိ အင်္ဂလန်ပရိသတ်တွေရဲ့ ဒေါသက ပြင်းထန်နေခဲ့ပြီး လုံးဝ အရည်အချင်း မပြည့်မီတဲ့ နည်းပြအနေနဲ့ အသင်းကို ဘာဆုဖလားမှ ရယူမပေးနိုင်ဘူးလို့လည်း ဆိုခဲ့ကြသလို အချိန်ပေးထားသမျှကို ဖြုန်းတီးပြီး အသုံးမကျတဲ့ ကစားသမားတွေကို ရွေးနေတဲ့ အရှုံးသမားကို ရာထူးက ဖြုတ်ပစ်ဖို့ မျှော်လင့်တယ်လို့လည်း တိုက်ခိုက်ခဲ့ကြပါတယ်။

ပရိသတ်တွေအနေနဲ့ ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားနဲ့ ၂၀၂၁ ယူရိုပြိုင်ပွဲတွေမှာ အသင်းကို ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲ အဆင့်တွေဆီ ပို့ဆောင်ပေးခဲ့တဲ့ မျက်နှာကို ပြတ်ပြတ်သားသား ပယ်ချလိုက်ပြီလို့လည်း တွေ့မြင်နေရပြီး ခြင်္သေ့သုံးကောင်တို့ရဲ့ ဆိုးရွားလှတဲ့ လက်ရှိပုံစံနဲ့ ခပ်တုံးတုံး ကစားဟန်ကို လာမယ့်ကမ္ဘာ့ဖလားအထိ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူးဆိုတာကိုလည်း ပြသခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ်မှာ ယူ-၂၁ အသင်းရဲ့ နည်းပြဘဝကနေ အသင်းကြီးကို ရာထူးတက်လာခဲ့တဲ့ ဆောက်ဂိတ်ဟာ ကစားသမားဘဝမှာလည်း အသင်းကို ယူရို ၉၆ ပြိုင်ပွဲက ထွက်စေခဲ့တဲ့ ပင်နယ်တီလွဲချော်မှုကြောင့် နာမည်ဆိုးရှိထားခဲ့သလို နည်းပြဘဝကို ကူးပြောင်းချိန်မှာလည်း မစ်ဒယ်ဘရော့ကို ပရီးမီးယားလိဂ်ကနေ တန်းဆင်းစေခဲ့တာကြောင့် အထုတ်ခံခဲ့ရပြီး သုံးနှစ်ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရသေးတာပါ။

ဆမ် အလာဒိုက်စ်ရဲ့ အငြင်းပွားဖွယ်ရာ အရှုပ်အထွေးတွေနဲ့ အသင်းကနေ ထုတ်ပယ်ခံရအပြီးမှာ ယာယီနည်းပြအဖြစ် အင်္ဂလန်ကို ကိုင်တွယ်ရင်း အမြဲတမ်းနည်းပြဖြစ်လာခဲ့တဲ့ ဆောက်ဂိတ်ကို လက်ရှိမှာတော့ လမ်းခွဲချိန်တန်ပြီလို့ အားလုံးက ယူဆနေကြပြီး တုံးအလေးကွေးတဲ့ ကစားဟန်နဲ့တော့ ကာတာကမ္ဘာ့ဖလားကို သွားဖို့ မဖြစ်နိုင်ကြောင်းလည်း ဝေဖန်နေကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ အီတလီေျမက ေနးရွင္းလိဂ္ပြဲစဥ္မွာ ဆိုး႐ြားတဲ့ ကစားပုံနဲ႔ ရႈံးနိမ့္ခဲ့တဲ့ေနာက္ ေနးရွင္းလိဂ္ရဲ႕ ထိပ္တန္းအသင္းေတြသာ ကစားရတဲ့ အုပ္စုေအကေန အုပ္စုဘီကို တန္းဆင္းခဲ့ရတဲ့ အဂၤလန္အသင္းနဲ႔ နည္းျပ ဂါရက္ ေဆာက္ဂိတ္ကို ပရိသတ္ေတြက ေဒါသထြက္ေနခဲ့ၾကၿပီး အျမန္ဆုံး ရာထူးကေန ဖယ္ရွားဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

ပရိသတ္ေတြအျပင္ ေဘာလုံးကြၽမ္းက်င္သူေတြကလည္း အသင္းရဲ႕ ဘာဗ်ဴဟာမွ မရွိတဲ့ ကစားကြက္နဲ႔ ၅ ပြဲမွာ ၁ ဂိုးသာ သြင္းယူထားႏိုင္ခဲ့တဲ့ သြင္းဂိုးက ဟာရီကိန္းရဲ႕ ပင္နယ္တီသာ ျဖစ္ေနတာေတြကို ေထာက္ျပခဲ့ၾကၿပီး ဒီလိုပုံစံနဲ႔ေတာ့ ဒီနည္းျပ ဒီရာထူးမွာ ဆက္ရွိေနတာဟာ အံ့ဩစရာလို႔ ဆိုခဲ့ၾကတာပါ။

အဂၤလန္အသင္းအေနနဲ႔ ကစားပုံေကာင္းရဲ႕သားနဲ႔ ရႈံးနိမ့္ခဲ့ရင္ ပရိသတ္ေတြအေနနဲ႔ ခြင့္လႊတ္ေကာင္း ခြင့္လႊတ္ႏိုင္ေပမယ့္ ခံစစ္ကို အလြန္အကြၽံ ကစားၿပီး တိုက္စစ္မွာ ကစားသမားေကာင္းေတြကို ေနရာမခ်တတ္တာနဲ႔ လူေ႐ြးခ်ယ္မႈေတြမွာလည္း ကစားသမားေကာင္းေတြကို ခ်န္ရစ္ၿပီး အသုံးမက်တဲ့ သူေတြကို ေ႐ြးခ်ယ္ေနတာက ေလွာင္ေျပာင္စရာျဖစ္ခဲ့ရပါတယ္။

အထူးသျဖင့္ေတာ့ ႏိုင္ငံ့လက္ေ႐ြးစင္အသင္းရဲ႕ နည္းျပတစ္ေယာက္အေနနဲ႔ ကလပ္အသင္းေတြမွာ အေကာင္းဆုံး ေျခစြမ္းျပႏိုင္သူေတြကို ေ႐ြးခ်ယ္သုံးစြဲရမယ့္အစား မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ကစားခြင့္ မရွိတဲ့ ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားကို ပြဲတိုင္းသုံးစြဲေနၿပီး ကလပ္အသင္းမွာ ညာေတာင္ပံတိုက္စစ္ကစားတဲ့ ဘူကာယို ဆာကာကို ဘယ္ေနာက္ခံမွာ သုံးစြဲခဲ့တာက ေအာခ်စရာလုပ္ရပ္လည္းျဖစ္ခဲ့တာပါ။

ပရိသတ္ေတြကေတာ့ ဒီပုံစံနဲ႔ ေဆာက္ဂိတ္တစ္ေယာက္ ကာတာကို ဘာသြားလုပ္မွာလဲလို႔ ေလွာင္ေျပာင္ခဲ့ၾကၿပီး စိတ္ပ်က္စရာ ပ်င္းရိပ်င္းတြဲ ကစားပုံနဲ႔ အသင္းကို ရွက္တတ္ရင္ တစ္ဖက္မွာ အဂၤလန္အမ်ိဳးသမီးအသင္း ဘယ္လိုကစားေနသလဲဆိုတာ သြားၾကည့္ပါဦးလို႔လည္း ရႈတ္ခ်ခဲ့ၾကသလို နည္းျပတင္ မဟုတ္ဘဲ ကစားသမားေတြကပါ ပရိသတ္ေတြကို ေစာ္ကားေနသလိုပဲလို႔ ေျပာခဲ့ၾကပါတယ္။

“အဂၤလန္နည္းျပရာထူးမွာ ကမာၻ႔ဖလားကို သြားတဲ့အထိ ေဆာက္ဂိတ္ ဆက္ရွိေနမွာကို ဘယ္လိုမွ မယုံၾကည္ႏိုင္ဘူး”လို႔ ပရိသတ္တစ္ဦးက တြစ္တာမွာ ေရးသားခဲ့ၿပီး ေနာက္တစ္ဦးကေတာ့ “ဒီေလာက္ႀကီး ခံစစ္ပိတ္ကစားေနတာေတာင္ ဂိုးေတြ ခဏခဏ ေပးေနရတာပဲလား။ အက္ဖ္ေအအေနနဲ႔ ရဲရဲရင့္ရင့္ ဆုံးျဖတ္ၿပီး ကမာၻ႔ဖလားရႈံးထြက္ ၁၆ သင္းအဆင့္က လွည့္မျပန္ရခင္ လူေျပာင္းဖို႔ လိုေနၿပီ”လို႔ ေထာက္ျပခဲ့တာပါ။

ေဆာက္ဂိတ္အေနနဲ႔ ဒီညမွာ အသင္းကို ေနာက္ဆုံးကိုင္တြယ္တာျဖစ္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ေျပာခဲ့ၾကတဲ့အထိ အဂၤလန္ပရိသတ္ေတြရဲ႕ ေဒါသက ျပင္းထန္ေနခဲ့ၿပီး လုံးဝ အရည္အခ်င္း မျပည့္မီတဲ့ နည္းျပအေနနဲ႔ အသင္းကို ဘာဆုဖလားမွ ရယူမေပးႏိုင္ဘူးလို႔လည္း ဆိုခဲ့ၾကသလို အခ်ိန္ေပးထားသမွ်ကို ျဖဳန္းတီးၿပီး အသုံးမက်တဲ့ ကစားသမားေတြကို ေ႐ြးေနတဲ့ အရႈံးသမားကို ရာထူးက ျဖဳတ္ပစ္ဖို႔ ေမွ်ာ္လင့္တယ္လို႔လည္း တိုက္ခိုက္ခဲ့ၾကပါတယ္။

ပရိသတ္ေတြအေနနဲ႔ ေဆာက္ဂိတ္ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ႐ုရွားကမာၻ႔ဖလားနဲ႔ ၂၀၂၁ ယူ႐ိုၿပိဳင္ပြဲေတြမွာ အသင္းကို ဆီမီးဖိုင္နယ္နဲ႔ ဗိုလ္လုပြဲ အဆင့္ေတြဆီ ပို႔ေဆာင္ေပးခဲ့တဲ့ မ်က္ႏွာကို ျပတ္ျပတ္သားသား ပယ္ခ်လိုက္ၿပီလို႔လည္း ေတြ႕ျမင္ေနရၿပီး ျခေသၤ့သုံးေကာင္တို႔ရဲ႕ ဆိုး႐ြားလွတဲ့ လက္ရွိပုံစံနဲ႔ ခပ္တုံးတုံး ကစားဟန္ကို လာမယ့္ကမာၻ႔ဖလားအထိ ဘယ္လိုမွ သည္းမခံႏိုင္ေတာ့ဘူးဆိုတာကိုလည္း ျပသခဲ့ၾကပါတယ္။

၂၀၁၆ ခုႏွစ္မွာ ယူ-၂၁ အသင္းရဲ႕ နည္းျပဘဝကေန အသင္းႀကီးကို ရာထူးတက္လာခဲ့တဲ့ ေဆာက္ဂိတ္ဟာ ကစားသမားဘဝမွာလည္း အသင္းကို ယူ႐ို ၉၆ ၿပိဳင္ပြဲက ထြက္ေစခဲ့တဲ့ ပင္နယ္တီလြဲေခ်ာ္မႈေၾကာင့္ နာမည္ဆိုးရွိထားခဲ့သလို နည္းျပဘဝကို ကူးေျပာင္းခ်ိန္မွာလည္း မစ္ဒယ္ဘေရာ့ကို ပရီးမီးယားလိဂ္ကေန တန္းဆင္းေစခဲ့တာေၾကာင့္ အထုတ္ခံခဲ့ရၿပီး သုံးႏွစ္ေက်ာ္ အလုပ္လက္မဲ့ျဖစ္ခဲ့ရေသးတာပါ။

ဆမ္ အလာဒိုက္စ္ရဲ႕ အျငင္းပြားဖြယ္ရာ အရႈပ္အေထြးေတြနဲ႔ အသင္းကေန ထုတ္ပယ္ခံရအၿပီးမွာ ယာယီနည္းျပအျဖစ္ အဂၤလန္ကို ကိုင္တြယ္ရင္း အၿမဲတမ္းနည္းျပျဖစ္လာခဲ့တဲ့ ေဆာက္ဂိတ္ကို လက္ရွိမွာေတာ့ လမ္းခြဲခ်ိန္တန္ၿပီလို႔ အားလုံးက ယူဆေနၾကၿပီး တုံးအေလးေကြးတဲ့ ကစားဟန္နဲ႔ေတာ့ ကာတာကမာၻ႔ဖလားကို သြားဖို႔ မျဖစ္ႏိုင္ေၾကာင္းလည္း ေဝဖန္ေနၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.