Premier League Transfer News

သောမတ်စ် ပါတေး လစ်သွားပြန်တဲ့ ဒဏ်ရာနဲ့ နောက်ဆုံးရ အာဆင်နယ်သတင်းများ

– အာဆင်နယ်အသင်းရဲ့ ပြန်ကစားနိုင်တာမှ တစ်ပွဲပဲ ရှိသေးတဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးကို ခြေစမ်းပွဲမှာ ဂါနာဘောလုံးအဖွဲ့ချုပ်က ခေါ်ယူသွားခဲ့လို့ ပရိသတ်တွေ စိုးရိမ်ခဲ့ကြချိန်မှာ ထင်ထားတဲ့အတိုင်းပဲ ဘရာဇီးလ်နဲ့ ခြေစမ်းပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်းလုပ်နေတုန်းမှာ ဒဏ်ရာရသွားခဲ့ပြီး ပွဲကို မပါဝင်နိုင်ခဲ့ဘဲ ထွက်သွားခဲ့ရ။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ချ်နဲ့ ကွင်းလယ်လူ ဖာဘီယို မီရက်တီတို့ရဲ့ ပရိသတ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့တာကြောင့် ဒီကစားသမားနှစ်ဦးကို တူရင်သားတွေ ရုန်းကန်နေရချိန်မှာ ဆွဲထုတ်နိုင်မလားလို့ မျှော်လင့်နေကြ။

– ဒီရာသီ ပရီးမီးယားလိဂ်မှာ စိုးမိုးထားနိုင်တဲ့ သာလွန်စွမ်းဆောင်ရည်မျိုး ပြသထားနိုင်တဲ့ အသင်းကြီးတစ်သင်းမှ မရှိတာကြောင့် ဂန်းနားတွေအနေနဲ့ ချန်ပီယံဖြစ်ခွင့်ကို မျှော်လင့်နိုင်ကြောင်း နည်းပြဟောင်းကြီး အာဆင် ဝင်းဂါးက ပြောကြားလိုက်ပြီး ကမ္ဘာ့ဖလားအပြီး တိုင်ပတ်နိုင်ချိန်ကိုလည်း အခွင့်ကောင်းယူနိုင်ရင် ကိုယ့်အတွက်ပဲလို့ ထောက်ပြသွားခဲ့။

– အင်္ဂလန်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ ဂါရက် ဆောက်ဂိတ်ကို အသင်းကို ဖျက်ဆီးမှု မပြီးဆုံးသေးခင် ထွက်သွားဖို့ ပရိသတ်တွေက တောင်းဆိုခဲ့ကြပြီးတဲ့နောက် အာဆင်နယ်ပရိသတ်တွေကလည်း ဘူကာယို ဆာကာကို တိုက်စစ်မှာ ထားရမယ့်အစား ဘယ်နောက်ခံလူနေရာမှာ သုံးစွဲခဲ့တာအတွက် ဒေါသထွက်နေကြ။

– အာဆင်နယ်အသင်းအနေနဲ့ ဆာကာကို ဘယ်နောက်ခံလူနေရာမှာ ဒဏ်ရာရတတ်တဲ့ အိုလက်ဇန်ဒါ ဇင်ချန်ကိုအစား သုံးစွဲနိုင်ပြီး ညာတောင်ပံကို ပိုမို ပုံဖော်ကစားနိုင်မယ့် မားကင်ညို့စ်၊ ဒါမှမဟုတ် ဖာဘီယို ဗီယာရာတို့နဲ့ ပုံသစ် ပြောင်းလဲနိုင်တယ်လို့ အင်္ဂလန်အသင်းနဲ့ ဘယ်နောက်ခံမှာ ကစားခဲ့အပြီးမှာ Football London အကြံပေးရေးသား။

– ပြီးခဲ့တဲ့ ဂျပန်နဲ့ အမေရိကန်တို့ရဲ့ ခြေစမ်းပွဲမှာ တွေ့ဆုံယှဉ်ပြိုင်ခဲ့ကြတဲ့ အာဆင်နယ်တို့ရဲ့ အရန်ခုံက ကစားသမားနှစ်ဦးဖြစ်ကြတဲ့ နောက်ခံလူ တာကဲဟီရို တိုမီယာစုနဲ့ ဂိုးသမား မတ် တာနာတို့ ပွဲအပြီးမှာ အမှတ်တရအဖြစ် အင်္ကျီချင်း လဲလှယ်သွားခဲ့ကြပြီး ဂျပန်အသင်းက တစ်ကြိမ်မှ ဂိုးပေါက်တည့်အောင် အကန်မခံရဘဲ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ရာသီကုန်မှာ ချန်ပီယံလိဂ် ပြန်လည်ကစားခွင့်နဲ့အတူ တတိယနေရာကို ရရှိလိမ့်မယ်လို့ ဆူပါကွန်ပျူတာတစ်လုံးက ခန့်မှန်းလိုက်ပြီး မန်ချက်စတာစီးတီးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်မယ်လို့ တွက်ချက်သွားခဲ့။

– အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး မှတ်တမ်း တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီး အဲ့ဒါကတော့ ဘောလုံးနဲ့တကွ ဖြတ်ကျော်ဆွဲပြေးမှုကို ၁၀ ကြိမ်နဲ့အထက် ပြုလုပ်ထားနိုင်သူတွေထဲမှာ အောင်မြင်မှုနှုန်း အများဆုံး ၈၁.၈ ရာခိုင်နှုန်းကို ရရှိထားခဲ့။

– အာဆင်နယ်အသင်းက အလိုရှိနေတဲ့ ရှက်ခ်တာဒိုးနက်စ်ခ် တောင်ပံကစားသမား မိုက်ခေလို မူဒရစ်ခ်က နည်းပြ အာတီတာရဲ့ အသင်းကို ဦးဆောင်ကိုင်တွယ်မှု စတိုင်နဲ့အတူ အသင်းရဲ့ လူငယ်ကစားသမားကောင်းတွေ များပြားတဲ့ ပုံစံကို သဘောကျနှစ်သက်နေပြီး သူ့ကို ကမ်းလှမ်းမှုချင်း ပြိုင်လာရင် မန်ချက်စတာစီးတီးကို ပယ်ချပြီး အမ်းမရိတ်ကို ရွေးချယ်နိုင်တယ်လို့ အရိပ်အမြွက်ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ ျပန္ကစားႏိုင္တာမွ တစ္ပြဲပဲ ရွိေသးတဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးကို ေျခစမ္းပြဲမွာ ဂါနာေဘာလုံးအဖြဲ႕ခ်ဳပ္က ေခၚယူသြားခဲ့လို႔ ပရိသတ္ေတြ စိုးရိမ္ခဲ့ၾကခ်ိန္မွာ ထင္ထားတဲ့အတိုင္းပဲ ဘရာဇီးလ္နဲ႔ ေျခစမ္းပြဲမတိုင္ခင္ ေသြးပူေလ့က်င့္ခန္းလုပ္ေနတုန္းမွာ ဒဏ္ရာရသြားခဲ့ၿပီး ပြဲကို မပါဝင္ႏိုင္ခဲ့ဘဲ ထြက္သြားခဲ့ရ။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သူဟာ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ဒူရွန္ ဗလာဟိုဗစ္ခ်္နဲ႔ ကြင္းလယ္လူ ဖာဘီယို မီရက္တီတို႔ရဲ႕ ပရိသတ္ျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့တာေၾကာင့္ ဒီကစားသမားႏွစ္ဦးကို တူရင္သားေတြ ႐ုန္းကန္ေနရခ်ိန္မွာ ဆြဲထုတ္ႏိုင္မလားလို႔ ေမွ်ာ္လင့္ေနၾက။

– ဒီရာသီ ပရီးမီးယားလိဂ္မွာ စိုးမိုးထားႏိုင္တဲ့ သာလြန္စြမ္းေဆာင္ရည္မ်ိဳး ျပသထားႏိုင္တဲ့ အသင္းႀကီးတစ္သင္းမွ မရွိတာေၾကာင့္ ဂန္းနားေတြအေနနဲ႔ ခ်န္ပီယံျဖစ္ခြင့္ကို ေမွ်ာ္လင့္ႏိုင္ေၾကာင္း နည္းျပေဟာင္းႀကီး အာဆင္ ဝင္းဂါးက ေျပာၾကားလိုက္ၿပီး ကမာၻ႔ဖလားအၿပီး တိုင္ပတ္ႏိုင္ခ်ိန္ကိုလည္း အခြင့္ေကာင္းယူႏိုင္ရင္ ကိုယ့္အတြက္ပဲလို႔ ေထာက္ျပသြားခဲ့။

– အဂၤလန္အသင္းကို ကိုင္တြယ္ေနတဲ့ နည္းျပ ဂါရက္ ေဆာက္ဂိတ္ကို အသင္းကို ဖ်က္ဆီးမႈ မၿပီးဆုံးေသးခင္ ထြက္သြားဖို႔ ပရိသတ္ေတြက ေတာင္းဆိုခဲ့ၾကၿပီးတဲ့ေနာက္ အာဆင္နယ္ပရိသတ္ေတြကလည္း ဘူကာယို ဆာကာကို တိုက္စစ္မွာ ထားရမယ့္အစား ဘယ္ေနာက္ခံလူေနရာမွာ သုံးစြဲခဲ့တာအတြက္ ေဒါသထြက္ေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ဆာကာကို ဘယ္ေနာက္ခံလူေနရာမွာ ဒဏ္ရာရတတ္တဲ့ အိုလက္ဇန္ဒါ ဇင္ခ်န္ကိုအစား သုံးစြဲႏိုင္ၿပီး ညာေတာင္ပံကို ပိုမို ပုံေဖာ္ကစားႏိုင္မယ့္ မားကင္ညိဳ႕စ္၊ ဒါမွမဟုတ္ ဖာဘီယို ဗီယာရာတို႔နဲ႔ ပုံသစ္ ေျပာင္းလဲႏိုင္တယ္လို႔ အဂၤလန္အသင္းနဲ႔ ဘယ္ေနာက္ခံမွာ ကစားခဲ့အၿပီးမွာ Football London အႀကံေပးေရးသား။

– ၿပီးခဲ့တဲ့ ဂ်ပန္နဲ႔ အေမရိကန္တို႔ရဲ႕ ေျခစမ္းပြဲမွာ ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့ၾကတဲ့ အာဆင္နယ္တို႔ရဲ႕ အရန္ခုံက ကစားသမားႏွစ္ဦးျဖစ္ၾကတဲ့ ေနာက္ခံလူ တာကဲဟီ႐ို တိုမီယာစုနဲ႔ ဂိုးသမား မတ္ တာနာတို႔ ပြဲအၿပီးမွာ အမွတ္တရအျဖစ္ အက်ႌခ်င္း လဲလွယ္သြားခဲ့ၾကၿပီး ဂ်ပန္အသင္းက တစ္ႀကိမ္မွ ဂိုးေပါက္တည့္ေအာင္ အကန္မခံရဘဲ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ ရာသီကုန္မွာ ခ်န္ပီယံလိဂ္ ျပန္လည္ကစားခြင့္နဲ႔အတူ တတိယေနရာကို ရရွိလိမ့္မယ္လို႔ ဆူပါကြန္ပ်ဴတာတစ္လုံးက ခန႔္မွန္းလိုက္ၿပီး မန္ခ်က္စတာစီးတီးအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကို ဆက္လက္ထိန္းသိမ္းႏိုင္မယ္လို႔ တြက္ခ်က္သြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္အေနနဲ႔ ဒီရာသီ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံး မွတ္တမ္း တစ္ခုကို ပိုင္ဆိုင္ႏိုင္ခဲ့ၿပီး အဲ့ဒါကေတာ့ ေဘာလုံးနဲ႔တကြ ျဖတ္ေက်ာ္ဆြဲေျပးမႈကို ၁၀ ႀကိမ္နဲ႔အထက္ ျပဳလုပ္ထားႏိုင္သူေတြထဲမွာ ေအာင္ျမင္မႈႏႈန္း အမ်ားဆုံး ၈၁.၈ ရာခိုင္ႏႈန္းကို ရရွိထားခဲ့။

– အာဆင္နယ္အသင္းက အလိုရွိေနတဲ့ ရွက္ခ္တာဒိုးနက္စ္ခ္ ေတာင္ပံကစားသမား မိုက္ေခလို မူဒရစ္ခ္က နည္းျပ အာတီတာရဲ႕ အသင္းကို ဦးေဆာင္ကိုင္တြယ္မႈ စတိုင္နဲ႔အတူ အသင္းရဲ႕ လူငယ္ကစားသမားေကာင္းေတြ မ်ားျပားတဲ့ ပုံစံကို သေဘာက်ႏွစ္သက္ေနၿပီး သူ႔ကို ကမ္းလွမ္းမႈခ်င္း ၿပိဳင္လာရင္ မန္ခ်က္စတာစီးတီးကို ပယ္ခ်ၿပီး အမ္းမရိတ္ကို ေ႐ြးခ်ယ္ႏိုင္တယ္လို႔ အရိပ္အႁမြက္ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.