International Match Report

ဂျာမနီကိုပါ သူ့အိမ်ကွင်းမှာ ဖြုတ်ချခဲ့တဲ့ တစ်ချိန်က ဥရောပဘုရင် ဟန်ဂေရီ

ဂျာမနီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ ဆူးလား၊ ရူဒီဂါ၊ ရောင်းမ်နဲ့ ဟော့ဖ်မန်းတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကင်းမစ်ချ်၊ ဂွန်ဒိုးဝမ်နဲ့ မူလာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂနာဘရီ၊ ဆာနေးနဲ့ တီမို ဗာနာတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဟန်ဂေရီအသင်းကတော့ ဂိုးသမား ဂူလာချီ၊ ခံစစ်မှာ အော်ဘန်၊ လန်း၊ အက်တိလာ ဆာလိုင်းတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ အဒမ် နာဂီ၊ ရှေဖာ၊ ကာကက်ဇ်နဲ့ ဖီယိုလာတို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ ဆိုဘော့ဆ်လိုင်း၊ ဂက်ဇ်ဒက်နဲ့ အဒမ် ဆာလိုင်းတို့ကို ပွဲထွက်စေခဲ့တာ ဖြစ်ပါတယ်။

ဂျာမန်နည်းပြတွေ တိုင်ပတ်နေတဲ့ ဒီရာသီမှာ လက်ရွေးစင်နည်းပြ ဟန်ဆီ ဖလစ်ခ်ကတည်း ဘာတေွ တွေးနေမှန်း မသိဘဲ တောင်ပံတိုက်စစ်မှူး ဟော့ဖ်မန်းကို ညာနောက်ခံနေရာမှာ အသုံးပြုခဲ့သလို အသင်းကစားကွက်က 3 Back ဆိုရင်တောင် နားလည်ပေးလို့ ရသေးချိန်မှာ 4 Back ကြီးနဲ့ ခံစစ်ကို အားနည်းစေမယ့် ရွေးချယ်မှုမျိုး လုပ်လာခဲ့တာက တော်တော်လေး ကြည့်ရရှုရ အဆင်မပြေခဲ့တာပါ။

ပွဲချိန် ၁၇ မိနစ်မှာ ဟန်ဂေရီတို့ အဖွင့်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကို ဆိုဘော့ဆ်လိုင်းက အနီးတိုင်ဘက် ကန်ပို့ပေးရာမှာ တိုက်စစ်မှူး အဒမ် ဆာလိုင်းက သူ့ကို ကပ်ထားတဲ့ မူလာကို ခွာထွက်ပြီး နောက်ပေါက်နဲ့ ချိတ်သွင်းယူခဲ့ရာမှာ ဂိုးသမား တာစတီဂန်ပေါ်က ကျော်ဝင်သွားခဲ့လို့ ဂျာမန်တွေ အိမ်ကွင်းမှာ နောက်က လိုက်ကစားရဖို့ ဖြစ်လာခဲ့ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာ ဟန်ဂေရီတို့ရဲ့ ဖရီးကစ်ကနေ ထိုးဖောက်မှုက ဟော့ဖ်မန်းရဲ့ ဘယ်ခြမ်းကနေ ပေါက်ထွက်သွားပြီး ဖီယိုလာက ဖြတ်တင်ခဲ့ရာမှာ ဂက်ဇ်ဒက်ထက် ခြေဖျားလေးပဲ ဦးခဲ့တဲ့ ရောင်းမ်က ဖျက်ထုတ်နိုင်ခဲ့လို့ ဂျာမနီတို့ နောက်တစ်ဂိုး ထပ်မပေးခဲ့ရတာဖြစ်ပြီး ပွဲချိန် ၃၉ မိနစ်မှာတော့ သူတို့ရဲ့ ပထမဆုံး ဂိုးပေါက်တည့်မှုအဖြစ် မူလာ ခေါင်းတိုက်တာကို ဂိုးသမား ဂူလာချီ ဖမ်းယူသွားနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ ဟန်ဂေရီတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ လူပျောက်တိုင်ရမယ့် ဂနာဘရီအစား ခယ်ရာ ဝင်ကစားပြီး ခံစစ်က ဟော့ဖ်မန်းကို တောင်ပံတက်ကစားခိုင်းခဲ့သလို ဂျာမန်တွေ ဖိကစားခဲ့ကြပေမယ့် အလုပ်မဖြစ်ဘဲဖြစ်နေခဲ့ပြီး ဧည့်သည်တွေဘက်ကတော့ အဒမ် ဆာလိုင်းနဲ့ ဂက်ဇ်ဒက်အစား မာတင် အဒမ်နဲ့ ကလိန်းဟိုင်စလာကို အပြောင်းအလဲလုပ်သွားခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဟန်ဂေရီတို့ ထိုးဖောက်လာခဲ့ပြီး ဘယ်ခြမ်းကနေ ကွင်းလယ်လူ ရှေဖာ ထိုးပေးတာကို ခပ်လွယ်လွယ် လွှတ်ပေးလိုက်တဲ့ ဆူးလားကြောင့် လူစားဝင်ကစားသမား အဒမ်က ကန်ခွင့်ရခဲ့ပေမယ့် တိုက်စစ်မှာ သူတစ်ယောက်တည်းနဲ့ ရုန်းကန်ခဲ့ရလို့ ထောင့်ကျဉ်းကန်ချက်ကို တာစတီဂန် ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

ဂျာမနီတို့ဘက်က ဘယ်သူလာလာ ဂိုးမသွင်းကြေးလို ဖြစ်နေတဲ့ တိုက်စစ်ကို ပြင်ဆင်ဖို့ ဂွန်ဒိုးဝမ်နဲ့ ဗာနာအစား မူစီယာလာနဲ့ ဟာဗတ်ဇ်တို့ကို ထပ်ထည့်ခဲ့သလို ဂိုးရှေ့မှာ ဝင်တိုးဖို့ ကြိုးစားခဲ့ပေမယ့် ဟန်ဂေရီခံစစ်ကို မကျော်ခဲ့ဘဲ ကင်းမစ်ချ်ရဲ့ ဧရိယာအပြင်က ကန်ချက်တွေကတောင် ပိုပြီး ရင်ခုန်စရာဖြစ်နေခဲ့သေးတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ မူလာအစား နမီချာကို လဲကစားခဲ့တဲ့ ဂျာမနီတို့ရဲ့ တိုက်စစ်တွေက ဘာမှ ထူးမလာခဲ့သလို ဟန်ဂေရီတို့ကလည်း ကောင်တာတွေမှာ အဆုံးသတ်မကောင်းခဲ့လို့ ဂိုးသမား တာစတီဂန်ဆီမှာပဲ အဆုံးသတ်ခဲ့ရအပြီးမှာတော့ ပွဲချိန်အပြည့်မှာ ဥရောပမှာ တစ်ချိန်က ဘာဆိုလားဖြစ်ခဲ့တဲ့ ဧည့်သည်တွေကပဲ ပထမပိုင်းက ရလဒ်အတိုင်း အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ဟန်ဂေရီတို့ နေးရှင်းလိဂ်အေ အုပ်စု(၃)မှာ ရမှတ် ၁၀ မှတ်နဲ့ ဆက်လက်ဦးဆောင်ခဲ့သလို လာမယ့်ပွဲမှာ အီတလီကို အိမ်ကွင်းမှာ သရေကစားနိုင်ခဲ့ရင် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ ဖြစ်လာခဲ့ပြီး ဂျာမနီတို့ကတော့ ရှုံးပွဲကြုံခဲ့ပေမယ့် သူ့ထက် ပိုဆိုးနေပြီး တတိယမြောက်ရှုံးပွဲကို စုဆောင်းမိခဲ့တဲ့ အင်္ဂလန်တို့ကြောင့် ဒီနှစ်မှာ တန်းမဆင်းရဘဲ ဆက်ကစားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ာမနီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား တာစတီဂန္၊ ခံစစ္မွာ ဆူးလား၊ ႐ူဒီဂါ၊ ေရာင္းမ္နဲ႔ ေဟာ့ဖ္မန္းတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကင္းမစ္ခ်္၊ ဂြန္ဒိုးဝမ္နဲ႔ မူလာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂနာဘရီ၊ ဆာေနးနဲ႔ တီမို ဗာနာတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဟန္ေဂရီအသင္းကေတာ့ ဂိုးသမား ဂူလာခ်ီ၊ ခံစစ္မွာ ေအာ္ဘန္၊ လန္း၊ အက္တိလာ ဆာလိုင္းတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ အဒမ္ နာဂီ၊ ေရွဖာ၊ ကာကက္ဇ္နဲ႔ ဖီယိုလာတို႔ကို အသုံးျပဳခဲ့သလို တိုက္စစ္မွာေတာ့ ဆိုေဘာ့ဆ္လိုင္း၊ ဂက္ဇ္ဒက္နဲ႔ အဒမ္ ဆာလိုင္းတို႔ကို ပြဲထြက္ေစခဲ့တာ ျဖစ္ပါတယ္။

ဂ်ာမန္နည္းျပေတြ တိုင္ပတ္ေနတဲ့ ဒီရာသီမွာ လက္ေ႐ြးစင္နည္းျပ ဟန္ဆီ ဖလစ္ခ္ကတည္း ဘာေတြ ေတြးေနမွန္း မသိဘဲ ေတာင္ပံတိုက္စစ္မႉး ေဟာ့ဖ္မန္းကို ညာေနာက္ခံေနရာမွာ အသုံးျပဳခဲ့သလို အသင္းကစားကြက္က 3 Back ဆိုရင္ေတာင္ နားလည္ေပးလို႔ ရေသးခ်ိန္မွာ 4 Back ႀကီးနဲ႔ ခံစစ္ကို အားနည္းေစမယ့္ ေ႐ြးခ်ယ္မႈမ်ိဳး လုပ္လာခဲ့တာက ေတာ္ေတာ္ေလး ၾကည့္ရရႈရ အဆင္မေျပခဲ့တာပါ။

ပြဲခ်ိန္ ၁၇ မိနစ္မွာ ဟန္ေဂရီတို႔ အဖြင့္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေထာင့္ကန္ေဘာကို ဆိုေဘာ့ဆ္လိုင္းက အနီးတိုင္ဘက္ ကန္ပို႔ေပးရာမွာ တိုက္စစ္မႉး အဒမ္ ဆာလိုင္းက သူ႔ကို ကပ္ထားတဲ့ မူလာကို ခြာထြက္ၿပီး ေနာက္ေပါက္နဲ႔ ခ်ိတ္သြင္းယူခဲ့ရာမွာ ဂိုးသမား တာစတီဂန္ေပၚက ေက်ာ္ဝင္သြားခဲ့လို႔ ဂ်ာမန္ေတြ အိမ္ကြင္းမွာ ေနာက္က လိုက္ကစားရဖို႔ ျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာ ဟန္ေဂရီတို႔ရဲ႕ ဖရီးကစ္ကေန ထိုးေဖာက္မႈက ေဟာ့ဖ္မန္းရဲ႕ ဘယ္ျခမ္းကေန ေပါက္ထြက္သြားၿပီး ဖီယိုလာက ျဖတ္တင္ခဲ့ရာမွာ ဂက္ဇ္ဒက္ထက္ ေျခဖ်ားေလးပဲ ဦးခဲ့တဲ့ ေရာင္းမ္က ဖ်က္ထုတ္ႏိုင္ခဲ့လို႔ ဂ်ာမနီတို႔ ေနာက္တစ္ဂိုး ထပ္မေပးခဲ့ရတာျဖစ္ၿပီး ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ သူတို႔ရဲ႕ ပထမဆုံး ဂိုးေပါက္တည့္မႈအျဖစ္ မူလာ ေခါင္းတိုက္တာကို ဂိုးသမား ဂူလာခ်ီ ဖမ္းယူသြားႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာ ဟန္ေဂရီတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ လူေပ်ာက္တိုင္ရမယ့္ ဂနာဘရီအစား ခယ္ရာ ဝင္ကစားၿပီး ခံစစ္က ေဟာ့ဖ္မန္းကို ေတာင္ပံတက္ကစားခိုင္းခဲ့သလို ဂ်ာမန္ေတြ ဖိကစားခဲ့ၾကေပမယ့္ အလုပ္မျဖစ္ဘဲျဖစ္ေနခဲ့ၿပီး ဧည့္သည္ေတြဘက္ကေတာ့ အဒမ္ ဆာလိုင္းနဲ႔ ဂက္ဇ္ဒက္အစား မာတင္ အဒမ္နဲ႔ ကလိန္းဟိုင္စလာကို အေျပာင္းအလဲလုပ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဟန္ေဂရီတို႔ ထိုးေဖာက္လာခဲ့ၿပီး ဘယ္ျခမ္းကေန ကြင္းလယ္လူ ေရွဖာ ထိုးေပးတာကို ခပ္လြယ္လြယ္ လႊတ္ေပးလိုက္တဲ့ ဆူးလားေၾကာင့္ လူစားဝင္ကစားသမား အဒမ္က ကန္ခြင့္ရခဲ့ေပမယ့္ တိုက္စစ္မွာ သူတစ္ေယာက္တည္းနဲ႔ ႐ုန္းကန္ခဲ့ရလို႔ ေထာင့္က်ဥ္းကန္ခ်က္ကို တာစတီဂန္ ပုတ္ထုတ္သြားႏိုင္ခဲ့ပါတယ္။

ဂ်ာမနီတို႔ဘက္က ဘယ္သူလာလာ ဂိုးမသြင္းေၾကးလို ျဖစ္ေနတဲ့ တိုက္စစ္ကို ျပင္ဆင္ဖို႔ ဂြန္ဒိုးဝမ္နဲ႔ ဗာနာအစား မူစီယာလာနဲ႔ ဟာဗတ္ဇ္တို႔ကို ထပ္ထည့္ခဲ့သလို ဂိုးေရွ႕မွာ ဝင္တိုးဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဟန္ေဂရီခံစစ္ကို မေက်ာ္ခဲ့ဘဲ ကင္းမစ္ခ်္ရဲ႕ ဧရိယာအျပင္က ကန္ခ်က္ေတြကေတာင္ ပိုၿပီး ရင္ခုန္စရာျဖစ္ေနခဲ့ေသးတာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ မူလာအစား နမီခ်ာကို လဲကစားခဲ့တဲ့ ဂ်ာမနီတို႔ရဲ႕ တိုက္စစ္ေတြက ဘာမွ ထူးမလာခဲ့သလို ဟန္ေဂရီတို႔ကလည္း ေကာင္တာေတြမွာ အဆုံးသတ္မေကာင္းခဲ့လို႔ ဂိုးသမား တာစတီဂန္ဆီမွာပဲ အဆုံးသတ္ခဲ့ရအၿပီးမွာေတာ့ ပြဲခ်ိန္အျပည့္မွာ ဥေရာပမွာ တစ္ခ်ိန္က ဘာဆိုလားျဖစ္ခဲ့တဲ့ ဧည့္သည္ေတြကပဲ ပထမပိုင္းက ရလဒ္အတိုင္း ေအာင္ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ဟန္ေဂရီတို႔ ေနးရွင္းလိဂ္ေအ အုပ္စု(၃)မွာ ရမွတ္ ၁၀ မွတ္နဲ႔ ဆက္လက္ဦးေဆာင္ခဲ့သလို လာမယ့္ပြဲမွာ အီတလီကို အိမ္ကြင္းမွာ သေရကစားႏိုင္ခဲ့ရင္ ဆီမီးဖိုင္နယ္ကို တက္လွမ္းႏိုင္ဖို႔ ျဖစ္လာခဲ့ၿပီး ဂ်ာမနီတို႔ကေတာ့ ရႈံးပြဲႀကဳံခဲ့ေပမယ့္ သူ႔ထက္ ပိုဆိုးေနၿပီး တတိယေျမာက္ရႈံးပြဲကို စုေဆာင္းမိခဲ့တဲ့ အဂၤလန္တို႔ေၾကာင့္ ဒီႏွစ္မွာ တန္းမဆင္းရဘဲ ဆက္ကစားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.