Premier League Transfer News

ပရီးမီးယားလိဂ္အသင္းတခ်ဳိ႕ရဲ႕ အေျပာင္းအေရႊ႕သတင္းမ်ား စုစည္းမွဳ – ၁.၉.၂၀၂၀

– အဲဗာတန္အသင္းကို ေပါင္ ၂၅ သန္းနဲ႔ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီထားခဲ့တဲ့ နာပိုလီကြင္းလယ္လူ အယ္လန္အေနနဲ႔ ေနပယ္လ္က ပရိသတ္ေတြကို ေက်းဇူးတင္ေၾကာင္းနဲ႔ ႏွဳတ္ဆက္စကားေျပာၾကားခဲ့ၿပီး အဂၤလန္ေျမကို ေျခလွမ္းဖို႔ ရွိေန။

– ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ ဟားမက္စ္ ႐ိုဒရီးရက္ဇ္ကို ေခၚယူဖို႔ သေဘာတူညီခဲ့တဲ့ အဲဗာတန္တုိ႔ ၄၈ နာရီအတြင္း ေဆးစစ္သြားဖို႔ ရွိေနၿပီး ကိုလံဘီယာလက္ေရြးစင္ဟာ နည္းျပ အန္ဆယ္ေလာ့တီနဲ႔ တတိယေျမာက္လက္တြဲမွဳအျဖစ္ ရီးရဲလ္၊ ဘုိင္ယန္တုိ႔နဲ႔ အၿပီးမွာ ဆုံစည္းဖို႔ျဖစ္လာ။\

– ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားခဲ့တဲ့ ဘုန္းေမာက္ရဲ႕ တုိက္စစ္မွဴး ဂ်ဳိရွဴအာကင္းကို ေခၚယူဖို႔ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းက စိတ္ဝင္စားေနၿပီး နည္းျပ ေမာ္ရင္ညဳိအေနနဲ႔ သူ႕ကို အဓိကတုိက္စစ္မွဴး ဟာရီကိန္းရဲ႕ Backup အျဖစ္ အလိုရွိေန။

– အဓိကတုိက္စစ္မွဴး ဝက္စ္လီကို ျပင္းထန္တဲ့ ဒူးအရြတ္ဒဏ္ရာေၾကာင့္ ဆုံးရွဳံးထားရတဲ့ အက္စ္တန္ဗီလာအသင္းအေနနဲ႔ တုိက္စစ္မွဴးသစ္ ထပ္မံေခၚယူသြားဖို႔ ရွိေနသလို ဘုန္းေမာက္ရဲ႕ ကယ္လမ္ ဝီလ္ဆန္နဲ႔ ဘရန္႔ဖုိ႔ဒ္ရဲ႕ ဂိုးသြင္းဘုရင္ အုိလီ ဝတ္ကင္းစ္တို႔ကို ပစ္မွတ္ထားေနၿပီး သူတုိ႔ႏွစ္ဦးစလုံးကို ဖူလ္ဟမ္ကလည္း အလိုရွိေန။

– စီးရီးေအမွာ အံ့ၾသစရာျဖစ္ခဲ့တဲ့ အတၱလန္တာအသင္းရဲ႕ ေနာက္ခံလူေတြျဖစ္တဲ့ တီမိုသီ ကတ္စတာညီနဲ႔ ႐ိုဘင္ ဂိုဆင္စ္တုိ႔ကို ေခၚယူဖို႔ လက္စတာအသင္းက ႀကဳိးစားေနၿပီး အားနည္းေနခဲ့ ခံစစ္ပုိင္းကို ႀကီးႀကီးမားမား ျပန္လည္ျပင္ဆင္သြားဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အဲဗာတန်အသင်းကို ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီထားခဲ့တဲ့ နာပိုလီကွင်းလယ်လူ အယ်လန်အနေနဲ့ နေပယ်လ်က ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ နှုတ်ဆက်စကားပြောကြားခဲ့ပြီး အင်္ဂလန်မြေကို ခြေလှမ်းဖို့ ရှိနေ။

– ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဟားမက်စ် ရိုဒရီးရက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီခဲ့တဲ့ အဲဗာတန်တို့ ၄၈ နာရီအတွင်း ဆေးစစ်သွားဖို့ ရှိနေပြီး ကိုလံဘီယာလက်ရွေးစင်ဟာ နည်းပြ အန်ဆယ်လော့တီနဲ့ တတိယမြောက်လက်တွဲမှုအဖြစ် ရီးရဲလ်၊ ဘိုင်ယန်တို့နဲ့ အပြီးမှာ ဆုံစည်းဖို့ဖြစ်လာ။\

– ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့တဲ့ ဘုန်းမောက်ရဲ့ တိုက်စစ်မှူး ဂျိုရှူအာကင်းကို ခေါ်ယူဖို့ တော့တင်ဟမ် ဟော့စပါးစ်အသင်းက စိတ်ဝင်စားနေပြီး နည်းပြ မော်ရင်ညိုအနေနဲ့ သူ့ကို အဓိကတိုက်စစ်မှူး ဟာရီကိန်းရဲ့ Backup အဖြစ် အလိုရှိနေ။

– အဓိကတိုက်စစ်မှူး ဝက်စ်လီကို ပြင်းထန်တဲ့ ဒူးအရွတ်ဒဏ်ရာကြောင့် ဆုံးရှုံးထားရတဲ့ အက်စ်တန်ဗီလာအသင်းအနေနဲ့ တိုက်စစ်မှူးသစ် ထပ်မံခေါ်ယူသွားဖို့ ရှိနေသလို ဘုန်းမောက်ရဲ့ ကယ်လမ် ဝီလ်ဆန်နဲ့ ဘရန့်ဖို့ဒ်ရဲ့ ဂိုးသွင်းဘုရင် အိုလီ ဝတ်ကင်းစ်တို့ကို ပစ်မှတ်ထားနေပြီး သူတို့နှစ်ဦးစလုံးကို ဖူလ်ဟမ်ကလည်း အလိုရှိနေ။

– စီးရီးအေမှာ အံ့သြစရာဖြစ်ခဲ့တဲ့ အတ္တလန်တာအသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ တီမိုသီ ကတ်စတာညီနဲ့ ရိုဘင် ဂိုဆင်စ်တို့ကို ခေါ်ယူဖို့ လက်စတာအသင်းက ကြိုးစားနေပြီး အားနည်းနေခဲ့ ခံစစ်ပိုင်းကို ကြီးကြီးမားမား ပြန်လည်ပြင်ဆင်သွားဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.