Premier League

အသင်းနဲ့အနာဂတ်ကို ဂရုမစိုက်ဘဲ တော့ဒ် ဘိုလီကို ပေါ်တင်မေးခွန်းထုတ်လိုက်တဲ့ ခိုင် ဟာဗတ်ဇ်

ချဲလ်ဆီးကြယ်ပွင့် ခိုင် ဟာဗတ်ဇ်က နည်းပြ သောမတ်စ် တူဟယ်ကို ထုတ်ပယ်ခဲ့တဲ့ အသင်းပိုင်ရှင် တော့ဒ် ဘိုလီရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့ပြီး အသင်းပိုင်ရှင်သစ်တွေဟာ လိုတာထက်ပိုပြီး ပြင်းထန်တဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ရိုမန် အေဘရာမိုဗစ်ချ်ရဲ့နေရာမှာ ဆက်ခံခဲ့တဲ့ အသင်းပိုင်ရှင်သစ်တွေဟာ နည်းပြ တူဟယ်ကို နွေရာသီအပြောင်းအရွှေ့ကာလမှာ ကြီးမားတဲ့ ငွေကြေးသုံးစွဲမှုတွေ ခွင့်ပြုပေးခဲ့ပြီး နာမည်ကြီးကစားသမားအများအပြား ထွက်ခွာပြီးနောက်ပိုင်း ချဲလ်ဆီးအသင်းဟာ ပြန်လည်တည်ဆောက်ရေးစီမံကိန်းတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ရာသီသစ် အစောပိုင်း ရက်သတ္တပတ်တွေအတွင်း ခြေစွမ်းပိုင်းတည်ငြိမ်မှုရဖို့ ရုန်းကန်ခဲ့ရပြီး လိဒ်စ်ယူနိုက်တက်၊ ဆောက်သမ်တန်၊ ဒိုင်နမို ဇာဂရက်တို့ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ ခရိုအေးရှားကလပ်အသင်းဖြစ်တဲ့ ဒိုင်နမို ဇာဂရက်ကို ရှုံးနိမ့်ခဲ့မှုက နည်းပြ သောမတ်စ် တူဟယ်အတွက် ချဲလ်ဆီးနည်းပြဘဝ အဆုံးသတ်ဖြစ်လာခဲ့တာဖြစ်ပြီး အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလီဟာ ချန်ပီယံလိဂ်ဖလားရယူပေးထားတဲ့ ဂျာမန်လူမျိုးနည်းပြကို ထုတ်ပယ်ပြီးနောက် ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ့တားကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ တူဟယ်ဟာ တော့ဒ် ဘိုလီရဲ့ အညှာအတာမဲ့စွာ ထုတ်ပယ်မှုကြောင့် အံ့အားသင့် တုန်လှုပ်ခဲ့ရပြီး အသင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ပြောင်းလဲပစ်နိုင်ဖို့အတွက် အချိန်ပေးခြင်းခံခဲ့ရသင့်တယ်လို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ နည်းပြ တူဟယ်လက်အောက် ချဲလ်ဆီးအသင်းမှာ ချန်ပီယံလိဂ်နဲ့ ကလပ် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွေမှာ အနိုင်ရရှိစေမယ့် သွင်းဂိုးတွေကို သွင်းယူပေးခဲ့ပြီး အကောင်းဆုံးကာလတွေကို ပိုင်ဆိုင်ခဲ့တဲ့ ခိုင် ဟာဗတ်ဇ်က ဂျာမန်လူမျိုးနည်းပြရဲ့ ရုတ်တရက် ထွက်ခွာမှုကို အံ့အားသင့် စိတ်ပျက်ခဲ့တဲ့အကြောင်း ထုတ်ဖော် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ကျွန်တော်လည်း အံ့အားသင့်ခဲ့ရတယ်။ အထူးသဖြင့် ခင်ဗျား ကျွန်တော်တို့ ပြီးခဲ့တဲ့တစ်နှစ်ခွဲလောက်မှာ ဘယ်လိုကစားခဲ့ပြီး ဘယ်လိုအောင်မြင်မှုတွေ ရခဲ့လဲဆိုတာကို ထည့်စဉ်းစားရင် ခင်ဗျားလည်း အံ့အားသင့်မိမှာပါ။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာက ရာသီကို တလွဲစတင်ခဲ့တယ်လို့ ခင်ဗျား ပြောလို့မရပါဘူး”

“အထူးသဖြင့် ကျွန်တော်တို့မှာ လိုက်လျောညီထွေဖြစ်အောင် အရင်ဆုံးလုပ်ရမယ့် လူသစ်တွေ အများအပြားရှိနေတဲ့အချိန်မှာပေါ့။ ဒါပေမယ့် ဘောလုံးက အရမ်းကို လျင်လျင်မြန်မြန် ရွေ့လျားနေပြီး အချိန်မရွေး အများကြီး ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ နည်းပြသစ်က အရမ်းကို ကောင်းမွန်တဲ့ ပုံစံနဲ့ စတင်နိုင်ခဲ့ပြီး ကျွန်တော်တို့မှာလည်း အရမ်းကောင်းတဲ့လူစာရင်းရှိပါတယ်။ ကျွန်တော်တို့က အချိန်ကောင်းအတွက် ရှိနေကြတာလို့ ထင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးၾကယ္ပြင့္ ခိုင္ ဟာဗတ္ဇ္က နည္းျပ ေသာမတ္စ္ တူဟယ္ကို ထုတ္ပယ္ခဲ့တဲ့ အသင္းပိုင္ရွင္ ေတာ့ဒ္ ဘိုလီရဲ႕ ဆုံးျဖတ္ခ်က္ကို ေမးခြန္းထုတ္ခဲ့ၿပီး အသင္းပိုင္ရွင္သစ္ေတြဟာ လိုတာထက္ပိုၿပီး ျပင္းထန္တဲ့ လုပ္ေဆာင္မႈေတြ ျပဳလုပ္ေနတယ္လို႔ စြပ္စြဲခဲ့ပါတယ္။

႐ိုမန္ ေအဘရာမိုဗစ္ခ်္ရဲ႕ေနရာမွာ ဆက္ခံခဲ့တဲ့ အသင္းပိုင္ရွင္သစ္ေတြဟာ နည္းျပ တူဟယ္ကို ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ႀကီးမားတဲ့ ေငြေၾကးသုံးစြဲမႈေတြ ခြင့္ျပဳေပးခဲ့ၿပီး နာမည္ႀကီးကစားသမားအမ်ားအျပား ထြက္ခြာၿပီးေနာက္ပိုင္း ခ်ဲလ္ဆီးအသင္းဟာ ျပန္လည္တည္ေဆာက္ေရးစီမံကိန္းေတြကို လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ရာသီသစ္ အေစာပိုင္း ရက္သတၱပတ္ေတြအတြင္း ေျခစြမ္းပိုင္းတည္ၿငိမ္မႈရဖို႔ ႐ုန္းကန္ခဲ့ရၿပီး လိဒ္စ္ယူႏိုက္တက္၊ ေဆာက္သမ္တန္၊ ဒိုင္နမို ဇာဂရက္တို႔ကို ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္မွာ ခ႐ိုေအးရွားကလပ္အသင္းျဖစ္တဲ့ ဒိုင္နမို ဇာဂရက္ကို ရႈံးနိမ့္ခဲ့မႈက နည္းျပ ေသာမတ္စ္ တူဟယ္အတြက္ ခ်ဲလ္ဆီးနည္းျပဘဝ အဆုံးသတ္ျဖစ္လာခဲ့တာျဖစ္ၿပီး အသင္းပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီဟာ ခ်န္ပီယံလိဂ္ဖလားရယူေပးထားတဲ့ ဂ်ာမန္လူမ်ိဳးနည္းျပကို ထုတ္ပယ္ၿပီးေနာက္ ဘ႐ိုက္တန္နည္းျပ ဂေရဟမ္ ေပါ့တားကို နည္းျပသစ္အျဖစ္ ခန႔္အပ္ခဲ့တာျဖစ္ပါတယ္။ တူဟယ္ဟာ ေတာ့ဒ္ ဘိုလီရဲ႕ အညႇာအတာမဲ့စြာ ထုတ္ပယ္မႈေၾကာင့္ အံ့အားသင့္ တုန္လႈပ္ခဲ့ရၿပီး အသင္းမွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြကို ေျပာင္းလဲပစ္ႏိုင္ဖို႔အတြက္ အခ်ိန္ေပးျခင္းခံခဲ့ရသင့္တယ္လို႔ ယုံၾကည္ခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ နည္းျပ တူဟယ္လက္ေအာက္ ခ်ဲလ္ဆီးအသင္းမွာ ခ်န္ပီယံလိဂ္နဲ႔ ကလပ္ ကမာၻ႔ဖလားဗိုလ္လုပြဲေတြမွာ အႏိုင္ရရွိေစမယ့္ သြင္းဂိုးေတြကို သြင္းယူေပးခဲ့ၿပီး အေကာင္းဆုံးကာလေတြကို ပိုင္ဆိုင္ခဲ့တဲ့ ခိုင္ ဟာဗတ္ဇ္က ဂ်ာမန္လူမ်ိဳးနည္းျပရဲ႕ ႐ုတ္တရက္ ထြက္ခြာမႈကို အံ့အားသင့္ စိတ္ပ်က္ခဲ့တဲ့အေၾကာင္း ထုတ္ေဖာ္ ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္လည္း အံ့အားသင့္ခဲ့ရတယ္။ အထူးသျဖင့္ ခင္ဗ်ား ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့တစ္ႏွစ္ခြဲေလာက္မွာ ဘယ္လိုကစားခဲ့ၿပီး ဘယ္လိုေအာင္ျမင္မႈေတြ ရခဲ့လဲဆိုတာကို ထည့္စဥ္းစားရင္ ခင္ဗ်ားလည္း အံ့အားသင့္မိမွာပါ။ လက္ရွိ အမွတ္ေပးဇယား အဆင့္ ၆ ေနရာမွာ ရပ္တည္ေနတာက ရာသီကို တလြဲစတင္ခဲ့တယ္လို႔ ခင္ဗ်ား ေျပာလို႔မရပါဘူး”

“အထူးသျဖင့္ ကြၽန္ေတာ္တို႔မွာ လိုက္ေလ်ာညီေထြျဖစ္ေအာင္ အရင္ဆုံးလုပ္ရမယ့္ လူသစ္ေတြ အမ်ားအျပားရွိေနတဲ့အခ်ိန္မွာေပါ့။ ဒါေပမယ့္ ေဘာလုံးက အရမ္းကို လ်င္လ်င္ျမန္ျမန္ ေ႐ြ႕လ်ားေနၿပီး အခ်ိန္မေ႐ြး အမ်ားႀကီး ျဖစ္သြားႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ နည္းျပသစ္က အရမ္းကို ေကာင္းမြန္တဲ့ ပုံစံနဲ႔ စတင္ႏိုင္ခဲ့ၿပီး ကြၽန္ေတာ္တို႔မွာလည္း အရမ္းေကာင္းတဲ့လူစာရင္းရွိပါတယ္။ ကြၽန္ေတာ္တို႔က အခ်ိန္ေကာင္းအတြက္ ရွိေနၾကတာလို႔ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.