La Liga Premier League Transfer News

ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့သတင်းတွေကို အဖြေပေးခဲ့တဲ့ ဒီပိုင်း

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး မန်းဖစ် ဒီပိုင်းဟာ နူးကမ့်မှာ ပွဲကစားချိန် ကင်းမဲ့နေမှုကြောင့် မပျော်မရွှင်ဖြစ်နေပေမယ့်လည်း အသင်းမှာ ဆက်နေပြီး ပွဲထွက်ခွင့်နေရာအတွက် တိုက်ပွဲဝင်သွားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

နယ်သာလန်လက်ရွေးစင်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးအခြေအနေ ရှိခဲ့ပေမယ့်လည်း နောက်ဆုံးမိနစ်မှာ အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကလည်း ကြယ်ပွင့်ဟောင်းကို ပြန်လည်ခေါ်ယူဖို့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ဒီပိုင်းဟာ နည်းပြ လူးဝစ္စ ဗန်ဟားလ်နဲ့ မော်ရင်ညိုတို့ လက်ထက် အိုးထရက်ဖို့ဒ်မှာ စိတ်ပျက်ဖွယ် ၁၈ လကို ဖြတ်သန်းခဲ့ပြီးနောက် လီယွန်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အပြောင်းအရွှေ့ကာလနောက်ဆုံးနေ့မှာ ချဲလ်ဆီးအသင်းကို အူဘာမီယန်း ထွက်ခွာသွားမှုကြောင့် အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းမှာ ဆက်ရှိနေခဲ့ရပေမယ့်လည်း ယခုရာသီမှာ ၃ ပွဲသာ ပါဝင်ကစားပေးခွင့်ရရှိထားပြီး မိနစ် ၉၀ ပြည့်အောင်တောင် ပွဲကစားချိန် မရရှိသေးတာဖြစ်ပါတယ်။

“ကျွန်တော် ပြီးခဲ့တဲ့ ၂ ပတ် လာလီဂါမှာ ပွဲထွက်ပါဝင်ခွင့် ရရှိခဲ့ပါတယ်။ အဲဒါက မလုံလောက်ပါဘူး။ ကျွန်တော် မိနစ် ၆၀ ပြည့်တာနဲ့ လူစားလဲခံခဲ့ရပြီး အဲဒီထက်ပိုပြီး ကစားချင်ပါတယ်။ ပွဲနောက်ဆုံး ၂၅ မိနစ်မှာ နေရာလွတ်တွေ ပိုရှိပြီး အဲဒါကို အခွင့်ကောင်းယူဖို့အတွက် အခွင့်အလမ်းတွေက အမြဲရှိနေပါတယ်”

“ကျွန်တော် ယှဉ်ပြိုင်မှုတွေကို နှစ်သက်ပြီး အဲဒီကနေ ရှောင်ပြေးမှာမဟုတ်ပါဘူး။ ကျွန်တော် ဘာစီလိုနာမှာ ရှိနေရတာကို နှစ်သက်ပါတယ်။ တခြားအသင်းတွေက ကျွန်တော့်တံခါးကို လာခေါက်ခဲ့ပြီး ကျွန်တော့် ရွေးချယ်စရာတွေကို ကြည့်ခဲ့ပါတယ်။ ကျွန်တော် ဘာစီလိုနာမှာ ဆက်နေပြီး ကျွန်တော် ရသင့်ရထိုက်တဲ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒီပိုင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ သတင်းထွက်ပေါ်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားမဟုတ်ဘဲ ဖရန်ကီ ဒီ ယုံးရဲ့ အနာဂတ်ကလည်း ပြင်းထန်တဲ့ ကောလာဟလတွေအောက်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။

အိုင်းယက်စ်ကြယ်ပွင့်ဟောင်းကို မန်ချက်စတာယူနိုက်တက်အသင်းကရော ချဲလ်ဆီးအသင်းကပါ ခေါ်ယူချင်ခဲ့ကြတာဖြစ်ပေမယ့်လည်း နောက်ဆုံးမှာတော့ နူးကမ့်မှာပဲ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာၾကယ္ပြင့္တိုက္စစ္မႉး မန္းဖစ္ ဒီပိုင္းဟာ ႏူးကမ့္မွာ ပြဲကစားခ်ိန္ ကင္းမဲ့ေနမႈေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ေနေပမယ့္လည္း အသင္းမွာ ဆက္ေနၿပီး ပြဲထြက္ခြင့္ေနရာအတြက္ တိုက္ပြဲဝင္သြားခ်င္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

နယ္သာလန္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္း ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ အနီးစပ္ဆုံးအေျခအေန ရွိခဲ့ေပမယ့္လည္း ေနာက္ဆုံးမိနစ္မွာ အေျပာင္းအေ႐ႊ႕က ပ်က္ျပယ္သြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္း ၾကယ္ပြင့္ေဟာင္းကို ျပန္လည္ေခၚယူဖို႔ သတင္းေတြ ဆက္တိုက္ ထြက္ေပၚေနခဲ့တာျဖစ္ၿပီး ဒီပိုင္းဟာ နည္းျပ လူးဝစၥ ဗန္ဟားလ္နဲ႔ ေမာ္ရင္ညိဳတို႔ လက္ထက္ အိုးထရက္ဖို႔ဒ္မွာ စိတ္ပ်က္ဖြယ္ ၁၈ လကို ျဖတ္သန္းခဲ့ၿပီးေနာက္ လီယြန္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

အေျပာင္းအေ႐ႊ႕ကာလေနာက္ဆုံးေန႔မွာ ခ်ဲလ္ဆီးအသင္းကို အူဘာမီယန္း ထြက္ခြာသြားမႈေၾကာင့္ အသက္ ၂၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဘာစီလိုနာအသင္းမွာ ဆက္ရွိေနခဲ့ရေပမယ့္လည္း ယခုရာသီမွာ ၃ ပြဲသာ ပါဝင္ကစားေပးခြင့္ရရွိထားၿပီး မိနစ္ ၉၀ ျပည့္ေအာင္ေတာင္ ပြဲကစားခ်ိန္ မရရွိေသးတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ၿပီးခဲ့တဲ့ ၂ ပတ္ လာလီဂါမွာ ပြဲထြက္ပါဝင္ခြင့္ ရရွိခဲ့ပါတယ္။ အဲဒါက မလုံေလာက္ပါဘူး။ ကြၽန္ေတာ္ မိနစ္ ၆၀ ျပည့္တာနဲ႔ လူစားလဲခံခဲ့ရၿပီး အဲဒီထက္ပိုၿပီး ကစားခ်င္ပါတယ္။ ပြဲေနာက္ဆုံး ၂၅ မိနစ္မွာ ေနရာလြတ္ေတြ ပိုရွိၿပီး အဲဒါကို အခြင့္ေကာင္းယူဖို႔အတြက္ အခြင့္အလမ္းေတြက အၿမဲရွိေနပါတယ္”

“ကြၽန္ေတာ္ ယွဥ္ၿပိဳင္မႈေတြကို ႏွစ္သက္ၿပီး အဲဒီကေန ေရွာင္ေျပးမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္ ဘာစီလိုနာမွာ ရွိေနရတာကို ႏွစ္သက္ပါတယ္။ တျခားအသင္းေတြက ကြၽန္ေတာ့္တံခါးကို လာေခါက္ခဲ့ၿပီး ကြၽန္ေတာ့္ ေ႐ြးခ်ယ္စရာေတြကို ၾကည့္ခဲ့ပါတယ္။ ကြၽန္ေတာ္ ဘာစီလိုနာမွာ ဆက္ေနၿပီး ကြၽန္ေတာ္ ရသင့္ရထိုက္တဲ့အခြင့္အေရးအတြက္ တိုက္ပြဲဝင္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီပိုင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းထြက္ေပၚခဲ့တဲ့ တစ္ဦးတည္းေသာ ကစားသမားမဟုတ္ဘဲ ဖရန္ကီ ဒီ ယုံးရဲ႕ အနာဂတ္ကလည္း ျပင္းထန္တဲ့ ေကာလာဟလေတြေအာက္မွာ ရွိေနခဲ့တာျဖစ္ပါတယ္။

အိုင္းယက္စ္ၾကယ္ပြင့္ေဟာင္းကို မန္ခ်က္စတာယူႏိုက္တက္အသင္းကေရာ ခ်ဲလ္ဆီးအသင္းကပါ ေခၚယူခ်င္ခဲ့ၾကတာျဖစ္ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ႏူးကမ့္မွာပဲ ဆက္ရွိေနခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.