Premier League

အာဆင်နယ်ရဲ့စံချိန်သစ်ရှင် လူငယ်လေးကို ဆွဲစားဖို့ကြံနေတဲ့ ပြိုင်ဘက်အသင်းကြီး

အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံး ပွဲထွက်ကစားသမားဖြစ်တဲ့ အီသန် နွာနယ်ရီကို မြောက်လန်ဒန်ကလပ်အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်မချုပ်ဆိုခင် ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ထိပ်တန်းအသင်းတွေထဲမှာ လီဗာပူးလ်အသင်းလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်လူငယ်ကြယ်ပွင့်ဟာ ဘရန့်တ်ဖို့ဒ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ တနင်္ဂနွေနေ့ညနေပွဲစဉ်မှာ အသက် ၁၅ နှစ်နဲ့ ၁၈၁ ရက်အရွယ်မှာပဲ ပရီးမီးယားလိဂ်ပွဲဦးထွက် ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး ဘောလုံးလောကတလွှားမှာ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအတွက် ၁၉၉၀ ကာလအစောပိုင်းတုန်းက ကစားပေးခဲ့တဲ့ ဂျေဆန် ကန်ဒီက နွာနယ်ရီကို လူစားဝင်ကစားစေဖို့ ဆုံးဖြတ်ချက်ဟာ အာတီတာရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်သက်သက်သာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

နွာနယ်ရီရဲ့ ပါဝင်မှုဟာ အထူးသဖြင့် အာဆင်နယ်နဲ့ ပညာတော်သင်ကစားသမားအဖြစ် လက်မှတ် မထိုးရသေးတဲ့အချက်ကြောင့် အနည်းဆုံးပမာဏနဲ့ ခေါ်ယူနိုင်မှာဖြစ်တဲ့အတွက် ခေါ်ယူချင်သူတွေကြားမှာ လှုပ်ခတ်စေခဲ့တာဖြစ်ပြီး လူငယ်ကြယ်ပွင့်အနေနဲ့ အသက် ၁၆ နှစ်မပြည့်ခင်အထိ အဲဒီစာချုပ်ကို ချုပ်ဆိုနိုင်ဦးမှာမဟုတ်တာဖြစ်ပါတယ်။

Liverpool Echo ရဲ့ ဖော်ပြချက်အရ ယာဂန် ကလော့ပ်ရဲ့အသင်းဟာ အာဆင်နယ်ဆယ်ကျော်သက်ကစားသမားကို အလွန် စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့နှစ်တွေမှာလည်း ဈေးပေါပေါနဲ့ လူငယ်ပါရမီရှင် ကစားသမားတွေကို ခေါ်ယူခဲ့တဲ့ သမိုင်းကြောင်းကလည်း ရှိနေတာဖြစ်ပါတယ်။

မကြာသေးမီက ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံး ကစားသမားဖြစ်ခဲ့တဲ့ ဟာဗေး အဲလီးယော့တ်ဟာ ၂၀၁၉ ခုနှစ်မှာ ပေါင် ၄.၃ သန်းနဲ့ ဖူလ်ဟမ်ကနေ လီဗာပူးလ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဖေဘီယို ကာဗယ်လ်ဟိုကလည်း ဖူလ်ဟမ်ကနေပဲ ယခုနွေရာသီမှာ ပေါင် ၇.၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကယ်လ်ဗင် ရမ်းဆေး၊ ဆက်ပ် ဗန်ဗန်ဘာ့ဂ်၊ ကီ-ဂျာနာ ဟိုဗာတို့လို အခြားကစားသမားတွေကလည်း မိခင်ကလပ်အသင်းကို စွန့်ခွာပြီး အန်းဖီးကို ပြောင်းရွှေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

နွာနယ်ရီဟာ နည်းပြ အာတီတာက ၎င်းရဲ့ အရည်အချင်းတွေအပေါ် အသင်းက ယုံကြည်မှုရှိကြောင်း ပြသထားခဲ့တာကြောင့် အာဆင်နယ်အသင်းနဲ့ ဆက်နေဖို့ များနေတယ်လို့ ယူဆရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္မွာ အသက္အငယ္ဆုံး ပြဲထြက္ကစားသမားျဖစ္တဲ့ အီသန္ ႏြာနယ္ရီကို ေျမာက္လန္ဒန္ကလပ္အသင္းနဲ႔ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္မခ်ဳပ္ဆိုခင္ ေခၚယူသြားဖို႔ စိတ္ဝင္စားေနတဲ့ထိပ္တန္းအသင္းေတြထဲမွာ လီဗာပူးလ္အသင္းလည္း ပါဝင္ေနတယ္လို႔ သိရပါတယ္။

အာဆင္နယ္လူငယ္ၾကယ္ပြင့္ဟာ ဘရန႔္တ္ဖို႔ဒ္ကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ တနဂၤေႏြေန႔ညေနပြဲစဥ္မွာ အသက္ ၁၅ ႏွစ္နဲ႔ ၁၈၁ ရက္အ႐ြယ္မွာပဲ ပရီးမီးယားလိဂ္ပြဲဦးထြက္ ပါဝင္ကစားခြင့္ရရွိခဲ့တာျဖစ္ၿပီး ေဘာလုံးေလာကတလႊားမွာ အုတ္ေအာ္ေသာင္းနင္း ျဖစ္သြားခဲ့တာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအတြက္ ၁၉၉၀ ကာလအေစာပိုင္းတုန္းက ကစားေပးခဲ့တဲ့ ေဂ်ဆန္ ကန္ဒီက ႏြာနယ္ရီကို လူစားဝင္ကစားေစဖို႔ ဆုံးျဖတ္ခ်က္ဟာ အာတီတာရဲ႕ တစ္ကိုယ္ေကာင္းဆန္တဲ့ ဆုံးျဖတ္ခ်က္သက္သက္သာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ႏြာနယ္ရီရဲ႕ ပါဝင္မႈဟာ အထူးသျဖင့္ အာဆင္နယ္နဲ႔ ပညာေတာ္သင္ကစားသမားအျဖစ္ လက္မွတ္ မထိုးရေသးတဲ့အခ်က္ေၾကာင့္ အနည္းဆုံးပမာဏနဲ႔ ေခၚယူႏိုင္မွာျဖစ္တဲ့အတြက္ ေခၚယူခ်င္သူေတြၾကားမွာ လႈပ္ခတ္ေစခဲ့တာျဖစ္ၿပီး လူငယ္ၾကယ္ပြင့္အေနနဲ႔ အသက္ ၁၆ ႏွစ္မျပည့္ခင္အထိ အဲဒီစာခ်ဳပ္ကို ခ်ဳပ္ဆိုႏိုင္ဦးမွာမဟုတ္တာျဖစ္ပါတယ္။

Liverpool Echo ရဲ႕ ေဖာ္ျပခ်က္အရ ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ အာဆင္နယ္ဆယ္ေက်ာ္သက္ကစားသမားကို အလြန္ စိတ္ဝင္စားေနၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြမွာလည္း ေဈးေပါေပါနဲ႔ လူငယ္ပါရမီရွင္ ကစားသမားေတြကို ေခၚယူခဲ့တဲ့ သမိုင္းေၾကာင္းကလည္း ရွိေနတာျဖစ္ပါတယ္။

မၾကာေသးမီက ပရီးမီးယားလိဂ္မွာ အသက္အငယ္ဆုံး ကစားသမားျဖစ္ခဲ့တဲ့ ဟာေဗး အဲလီးေယာ့တ္ဟာ ၂၀၁၉ ခုႏွစ္မွာ ေပါင္ ၄.၃ သန္းနဲ႔ ဖူလ္ဟမ္ကေန လီဗာပူးလ္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ ေဖဘီယို ကာဗယ္လ္ဟိုကလည္း ဖူလ္ဟမ္ကေနပဲ ယခုေႏြရာသီမွာ ေပါင္ ၇.၇ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး ကယ္လ္ဗင္ ရမ္းေဆး၊ ဆက္ပ္ ဗန္ဗန္ဘာ့ဂ္၊ ကီ-ဂ်ာနာ ဟိုဗာတို႔လို အျခားကစားသမားေတြကလည္း မိခင္ကလပ္အသင္းကို စြန႔္ခြာၿပီး အန္းဖီးကို ေျပာင္းေ႐ႊ႕လာခဲ့ၾကတာ ျဖစ္ပါတယ္။

ႏြာနယ္ရီဟာ နည္းျပ အာတီတာက ၎ရဲ႕ အရည္အခ်င္းေတြအေပၚ အသင္းက ယုံၾကည္မႈရွိေၾကာင္း ျပသထားခဲ့တာေၾကာင့္ အာဆင္နယ္အသင္းနဲ႔ ဆက္ေနဖို႔ မ်ားေနတယ္လို႔ ယူဆရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.