Premier League

ဘာမှတိုးတက်မှုမရှိဘူးလို့ ဝေဖန်ခဲ့တဲ့ ဆောင်းနက်စ်ကို တုံ့ပြန်ခဲ့တဲ့ စီးတီးကြယ်ပွင့်

မန်ချက်စတာစီးတီးကြယ်ပွင့် ဂျက်ခ် ဂရီးလစ်ရှ်ဟာ ၎င်းနဲ့ပတ်သက်ပြီး မကြာသေးမီက ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့တဲ့ ဂရေမီ ဆောင်းနက်စ်ကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

စကော့တလန်ဂန္တဝင်ကစားသမားဟာ talkSPORT မှာ ဂျက်ခ် ဂရီးလစ်ရှ်အကြောင်း ပြောဆိုခဲ့ရာမှာ ချီးကျူးပြောဆိုစရာ တစ်ကွက်မှ မတွေ့ခဲ့ပုံပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဂရေမီ ဆောင်းနက်စ်က အက်စတန် ဗီလာကြယ်ပွင့်ဟောင်းဟာ ဘောလုံးကို လျင်မြန်သင့်သလောက် လျင်လျင်မြန်မြန် မရွေ့လျားနိုင်တဲ့ အရမ်းကောင်းတဲ့ကစားသမားမဟုတ်ဘဲ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ပြီးကတည်းက ဘာမှ တိုးတက်လာခဲ့တာမရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဂျက်ခ် ဂရီးလစ်ရှ်က ဘောလုံးသမားကောင်းပါ။ ကျွန်တော့်အတွက်တော့ သူက အရမ်းကောင်းတဲ့ ကစားသမားတော့မဟုတ်ဘူး။ သူက ကြီးမားတဲ့ရွေ့လျားမှုတွေ ပြုလုပ်နိုင်တဲ့ ကစားသမားကောင်းဖြစ်ပြီး အဲဒါကို မန်စီးတီးမှာတော့ မလုပ်နိုင်သေးပါဘူး။ အက်စတန် ဗီလာမှာတုန်းက သူဟာ ပရီးမီးယားလိဂ်မှာ ပြစ်ဒဏ် အကျူးလွန်ခံရဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ ခင်ဗျား ဘောလုံးထိတွေ့မှု အရမ်းများရင် ခင်ဗျားက ပြစ်ဒဏ်အကျူးလွန်ခံရဆုံးကစားသမားဖြစ်မှာပါ။ ခင်ဗျား ဘောလုံးထိတွေ့မှုအများကြီး ပြုလုပ်ရတဲ့အကြောင်းရင်းက ခင်ဗျား ဘောလုံးပေးပို့မှုလုပ်ရမယ့်နေရာကို လျင်မြန်သင့်သလောက် လျင်လျင်မြန်မြန် မမြင်နိုင်လို့ပါ”

“ဘာကြောင့် သူက အမှန်တကယ် ရှိတဲ့ ခြေစွမ်းထက် ပိုကောင်းတဲ့ ကစားသမားလို့ လူတွေ ထင်ကြလဲဆိုတာ ကျွန်တော် နားလည်တယ်။ ဘာလို့လဲဆိုတော့ သူက ဘောလုံးနဲ့ ပြေးလွှားပြီး ခင်ဗျားကို ထိုင်ခုံကနေ ဖင်တကြွကြွဖြစ်အောင် လုပ်နိုင်လို့ပါ။ ဒါပေမယ့် သူ ဘာမှ လုံလုံလောက်လောက် လုပ်ပြနိုင်တာမရှိပါဘူး။ သူက မှန်ကန်တဲ့ ပေးပို့စရာနေရာတွေကို မမြင်နိုင်ဘဲ လျင်မြန်သင့်သလောက်လည်း လျင်လျင်မြန်မြန် မပေးပို့နိုင်ပါဘူး။ သူသာ အပတ်တိုင်း ကြယ်ပွင့်ဖြစ်နေခဲ့ရင် ကျွန်တော်တို့ ဒီလို စကားမျိုးတွေ ပြောနေရမှာမဟုတ်ပါဘူး။ ကျွန်တော်ထင်ခဲ့တာက ဂျက်ခ်က မန်စီးတီးမှာ နေ့တိုင်း ဘောလုံးကို လျင်လျင်မြန်မြန် ရွေ့လျားဖို့ ပြောတာခံနေခဲ့ရမယ်။ သူ မြင်တဲ့နေရာကို ပိုမြန်မြန်ပို့ပေးဖို့ ပြောခံရမယ်။ ဒါပေမယ့် သူ့အတွက်တော့ အဲဒါက ဖြစ်မလာခဲ့ဘူး”

“ကျွန်တော် ဒီနေ့ မန်စီးတီးမှာ တွေ့နေရတဲ့ ဂျက်ခ် ဂရီးလစ်ရှ်က လွန်ခဲ့တဲ့ နှစ်တွေတုန်းက အက်စတန် ဗီလာမှာ မြင်တွေ့ခဲ့ရတဲ့ တူညီတဲ့ ဂျက်ခ် ဂရီးလစ်ရှ်ပဲလို့ မြင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဂရီးလစ်ရှ်ဟာ လက်ရှိမှာတော့ အီတလီ၊ ဂျာမနီတို့နဲ့ ယှဉ်ပြိုင်ကစားမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေမတိုင်မီ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေတာဖြစ်ပြီး ဆောင်းနက်စ်ရဲ့ ဝေဖန်မှုနဲ့ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ အခုလိုပဲ ပြန်လည် တုံပြန်ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

“သူ ကျွန်တော်နဲ့ပတ်သက်ပြီး ဘာဖြစ်နေလဲ မသိပါဘူး။ သူ အမြဲတမ်း ကျွန်တော့်ကိုဆိုရင် အဲဒီလိုပဲ ပြောနေတာပါ။ ဒါပေမယ့် ကျွန်တော် အဲဒါတွေကို များများစားစား မဖတ်မိအောင် ကြိုးစားပါတယ်။ သူ Sky Sports မှာ ရှိနေတဲ့ကျရင်တော့ အဲဒါက ခက်ခဲပါတယ်။ အဲဒီပြောဆိုမှုတွေက အချိန်တော်တော်များများ လေ့ကျင့်ရေးကွင်း ပတ်ဝန်းကျင် နေရာတိုင်းမှာ ရှိနေတာပါ။ ဒီမှာ သူက အရမ်းကောင်းတဲ့ ကစားသမားဖြစ်ပြီး အောင်မြင်မှုတွေ အများကြီးရခဲ့တယ်ဆိုတာ သိသာပါတယ်။ ဒါပေမယ့် သူ ကျွန်တော်နဲ့ပတ်သက်ပြီး ပြောနေတာတွေက ဘာလဲ ဒါမှမဟုတ် သူ ဘာဖြစ်နေလဲဆိုတာတော့ ကျွန်တော် မသိပါဘူး”

“ကျွန်တော့်အကြောင်း ကျွန်တော့်ဘာသာ သိပါတယ်။ ကျွန်တော် ကစားခဲ့တဲ့ပွဲတွေကို အမြဲတမ်း ပြန်ကြည့်ပြီး ကျွန်တော်က ကိုယ့်ကိုကိုယ် အရမ်းဝေဖန်သုံးသပ်တဲ့သူပါ။ ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံ လုံးဝမရှိခဲ့တဲ့ အထူးသဖြင့် ပြီးခဲ့တဲ့ရာသီ ဒုတိယပိုင်းက ပွဲစဉ်တွေ ရှိခဲ့တယ်ဆိုတာကို ကျွန်တော် သိတယ်။ ဒီနေ့မှာ လူတွေက ပြောစရာတွေ အများကြီးရှိနေတယ်။ အဲဒါက လူမှုကွန်ရက်ပေါ်တွေမှာ ဒါမှမဟုတ် ဘောလုံးဝေဖန်သူတွေရဲ့ ပါးစပ်ထဲမှာ ဒီလိုဟာတွေက ရှိနေပါတယ်။ အဲဒါက ပြိုင်ပွဲရဲ့ တစ်စိတ်တပိုင်းပါပဲ”

“ကျွန်တော့်ရဲ့အမြင်မှာ ကမ္ဘာပေါ်က အကြီးမားဆုံးအားကစားပြိုင်ပွဲဖြစ်ပြီး အားလုံးကလည်း အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောချင်နေကြတာပါ။ အဲဒါက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ခင်ဗျား အဲဒါနဲ့အတူ လိုက်စီးမျောနေရမှာပါ။ ကျွန်တော် အဲဒါနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ လေ့လာသင်ယူခဲ့တယ်။ တစ်စုံတယာက်က ကျွန်တော့် အမေ ဒါမှမဟုတ် အဖေ ဒါမှမဟုတ် တစ်စုံတယောက်အကြောင်း ပြောခဲ့ရင် ကျွန်တော် ပိုပြီး နားထောင်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးၾကယ္ပြင့္ ဂ်က္ခ္ ဂရီးလစ္ရွ္ဟာ ၎နဲ႔ပတ္သက္ၿပီး မၾကာေသးမီက ေဝဖန္ျပစ္တင္မႈေတြ ျပဳလုပ္ခဲ့တဲ့ ဂေရမီ ေဆာင္းနက္စ္ကို ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

စေကာ့တလန္ဂႏၲဝင္ကစားသမားဟာ talkSPORT မွာ ဂ်က္ခ္ ဂရီးလစ္ရွ္အေၾကာင္း ေျပာဆိုခဲ့ရာမွာ ခ်ီးက်ဴးေျပာဆိုစရာ တစ္ကြက္မွ မေတြ႕ခဲ့ပုံေပၚခဲ့တာ ျဖစ္ပါတယ္။ ဂေရမီ ေဆာင္းနက္စ္က အက္စတန္ ဗီလာၾကယ္ပြင့္ေဟာင္းဟာ ေဘာလုံးကို လ်င္ျမန္သင့္သေလာက္ လ်င္လ်င္ျမန္ျမန္ မေ႐ြ႕လ်ားႏိုင္တဲ့ အရမ္းေကာင္းတဲ့ကစားသမားမဟုတ္ဘဲ မန္ခ်က္စတာစီးတီးကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက ဘာမွ တိုးတက္လာခဲ့တာမရွိဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဂ်က္ခ္ ဂရီးလစ္ရွ္က ေဘာလုံးသမားေကာင္းပါ။ ကြၽန္ေတာ့္အတြက္ေတာ့ သူက အရမ္းေကာင္းတဲ့ ကစားသမားေတာ့မဟုတ္ဘူး။ သူက ႀကီးမားတဲ့ေ႐ြ႕လ်ားမႈေတြ ျပဳလုပ္ႏိုင္တဲ့ ကစားသမားေကာင္းျဖစ္ၿပီး အဲဒါကို မန္စီးတီးမွာေတာ့ မလုပ္ႏိုင္ေသးပါဘူး။ အက္စတန္ ဗီလာမွာတုန္းက သူဟာ ပရီးမီးယားလိဂ္မွာ ျပစ္ဒဏ္ အက်ဴးလြန္ခံရဆုံး ကစားသမားျဖစ္ခဲ့ပါတယ္။ ခင္ဗ်ား ေဘာလုံးထိေတြ႕မႈ အရမ္းမ်ားရင္ ခင္ဗ်ားက ျပစ္ဒဏ္အက်ဴးလြန္ခံရဆုံးကစားသမားျဖစ္မွာပါ။ ခင္ဗ်ား ေဘာလုံးထိေတြ႕မႈအမ်ားႀကီး ျပဳလုပ္ရတဲ့အေၾကာင္းရင္းက ခင္ဗ်ား ေဘာလုံးေပးပို႔မႈလုပ္ရမယ့္ေနရာကို လ်င္ျမန္သင့္သေလာက္ လ်င္လ်င္ျမန္ျမန္ မျမင္ႏိုင္လို႔ပါ”

“ဘာေၾကာင့္ သူက အမွန္တကယ္ ရွိတဲ့ ေျခစြမ္းထက္ ပိုေကာင္းတဲ့ ကစားသမားလို႔ လူေတြ ထင္ၾကလဲဆိုတာ ကြၽန္ေတာ္ နားလည္တယ္။ ဘာလို႔လဲဆိုေတာ့ သူက ေဘာလုံးနဲ႔ ေျပးလႊားၿပီး ခင္ဗ်ားကို ထိုင္ခုံကေန ဖင္တႂကြႂကြျဖစ္ေအာင္ လုပ္ႏိုင္လို႔ပါ။ ဒါေပမယ့္ သူ ဘာမွ လုံလုံေလာက္ေလာက္ လုပ္ျပႏိုင္တာမရွိပါဘူး။ သူက မွန္ကန္တဲ့ ေပးပို႔စရာေနရာေတြကို မျမင္ႏိုင္ဘဲ လ်င္ျမန္သင့္သေလာက္လည္း လ်င္လ်င္ျမန္ျမန္ မေပးပို႔ႏိုင္ပါဘူး။ သူသာ အပတ္တိုင္း ၾကယ္ပြင့္ျဖစ္ေနခဲ့ရင္ ကြၽန္ေတာ္တို႔ ဒီလို စကားမ်ိဳးေတြ ေျပာေနရမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္ထင္ခဲ့တာက ဂ်က္ခ္က မန္စီးတီးမွာ ေန႔တိုင္း ေဘာလုံးကို လ်င္လ်င္ျမန္ျမန္ ေ႐ြ႕လ်ားဖို႔ ေျပာတာခံေနခဲ့ရမယ္။ သူ ျမင္တဲ့ေနရာကို ပိုျမန္ျမန္ပို႔ေပးဖို႔ ေျပာခံရမယ္။ ဒါေပမယ့္ သူ႔အတြက္ေတာ့ အဲဒါက ျဖစ္မလာခဲ့ဘူး”

“ကြၽန္ေတာ္ ဒီေန႔ မန္စီးတီးမွာ ေတြ႕ေနရတဲ့ ဂ်က္ခ္ ဂရီးလစ္ရွ္က လြန္ခဲ့တဲ့ ႏွစ္ေတြတုန္းက အက္စတန္ ဗီလာမွာ ျမင္ေတြ႕ခဲ့ရတဲ့ တူညီတဲ့ ဂ်က္ခ္ ဂရီးလစ္ရွ္ပဲလို႔ ျမင္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဂရီးလစ္ရွ္ဟာ လက္ရွိမွာေတာ့ အီတလီ၊ ဂ်ာမနီတို႔နဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ ေနးရွင္းလိဂ္ပြဲစဥ္ေတြမတိုင္မီ အဂၤလန္လက္ေ႐ြးစင္အသင္းနဲ႔ ပူးေပါင္းေနတာျဖစ္ၿပီး ေဆာင္းနက္စ္ရဲ႕ ေဝဖန္မႈနဲ႔ပတ္သက္ၿပီး ေမးျမန္းခံရခ်ိန္မွာ အခုလိုပဲ ျပန္လည္ တုံျပန္ေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။

“သူ ကြၽန္ေတာ္နဲ႔ပတ္သက္ၿပီး ဘာျဖစ္ေနလဲ မသိပါဘူး။ သူ အၿမဲတမ္း ကြၽန္ေတာ့္ကိုဆိုရင္ အဲဒီလိုပဲ ေျပာေနတာပါ။ ဒါေပမယ့္ ကြၽန္ေတာ္ အဲဒါေတြကို မ်ားမ်ားစားစား မဖတ္မိေအာင္ ႀကိဳးစားပါတယ္။ သူ Sky Sports မွာ ရွိေနတဲ့က်ရင္ေတာ့ အဲဒါက ခက္ခဲပါတယ္။ အဲဒီေျပာဆိုမႈေတြက အခ်ိန္ေတာ္ေတာ္မ်ားမ်ား ေလ့က်င့္ေရးကြင္း ပတ္ဝန္းက်င္ ေနရာတိုင္းမွာ ရွိေနတာပါ။ ဒီမွာ သူက အရမ္းေကာင္းတဲ့ ကစားသမားျဖစ္ၿပီး ေအာင္ျမင္မႈေတြ အမ်ားႀကီးရခဲ့တယ္ဆိုတာ သိသာပါတယ္။ ဒါေပမယ့္ သူ ကြၽန္ေတာ္နဲ႔ပတ္သက္ၿပီး ေျပာေနတာေတြက ဘာလဲ ဒါမွမဟုတ္ သူ ဘာျဖစ္ေနလဲဆိုတာေတာ့ ကြၽန္ေတာ္ မသိပါဘူး”

“ကြၽန္ေတာ့္အေၾကာင္း ကြၽန္ေတာ့္ဘာသာ သိပါတယ္။ ကြၽန္ေတာ္ ကစားခဲ့တဲ့ပြဲေတြကို အၿမဲတမ္း ျပန္ၾကည့္ၿပီး ကြၽန္ေတာ္က ကိုယ့္ကိုကိုယ္ အရမ္းေဝဖန္သုံးသပ္တဲ့သူပါ။ ကြၽန္ေတာ့္ရဲ႕ အေကာင္းဆုံးပုံစံ လုံးဝမရွိခဲ့တဲ့ အထူးသျဖင့္ ၿပီးခဲ့တဲ့ရာသီ ဒုတိယပိုင္းက ပြဲစဥ္ေတြ ရွိခဲ့တယ္ဆိုတာကို ကြၽန္ေတာ္ သိတယ္။ ဒီေန႔မွာ လူေတြက ေျပာစရာေတြ အမ်ားႀကီးရွိေနတယ္။ အဲဒါက လူမႈကြန္ရက္ေပၚေတြမွာ ဒါမွမဟုတ္ ေဘာလုံးေဝဖန္သူေတြရဲ႕ ပါးစပ္ထဲမွာ ဒီလိုဟာေတြက ရွိေနပါတယ္။ အဲဒါက ၿပိဳင္ပြဲရဲ႕ တစ္စိတ္တပိုင္းပါပဲ”

“ကြၽန္ေတာ့္ရဲ႕အျမင္မွာ ကမာၻေပၚက အႀကီးမားဆုံးအားကစားၿပိဳင္ပြဲျဖစ္ၿပီး အားလုံးကလည္း အဲဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ေျပာခ်င္ေနၾကတာပါ။ အဲဒါက ေကာင္းသည္ျဖစ္ေစ၊ ဆိုးသည္ျဖစ္ေစ ခင္ဗ်ား အဲဒါနဲ႔အတူ လိုက္စီးေမ်ာေနရမွာပါ။ ကြၽန္ေတာ္ အဲဒါနဲ႔ ရင္ဆိုင္ေျဖရွင္းဖို႔ ေလ့လာသင္ယူခဲ့တယ္။ တစ္စုံတယာက္က ကြၽန္ေတာ့္ အေမ ဒါမွမဟုတ္ အေဖ ဒါမွမဟုတ္ တစ္စုံတေယာက္အေၾကာင္း ေျပာခဲ့ရင္ ကြၽန္ေတာ္ ပိုၿပီး နားေထာင္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.