Premier League

ဇန်နဝါရီပစ်မှတ်တွေကို ဒီအပတ်ထဲ ဆုံးဖြတ်သွားတော့မယ့် တန်ဟက်

နိုင်ငံတကာပွဲစဉ်အားလပ်ရက်ဟာ ကလပ်အသင်း လှုပ်ရှားမှုတွေကို ခေတ္တရပ်တန့်ဖို့ အချက်ပြမှုဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မန်ချက်စတာယူနိုက်တက်က ဘဝမှာ အထိုင်ကျအောင်လုပ်နေတဲ့ တန်ဟက်အတွက်တော့ သူများတွေထက် ပိုပြီး ပြင်းပြင်းထန်ထန် အလုပ်လုပ်နေရမှာဖြစ်ပါတယ်။

ပြန်လည်အသက်ဝင်လာတဲ့ ခြေစွမ်းကို မြင်တွေ့ခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ နေရာ လမ်းကြောင်းပေါ် ပြန်ရောက်လာပြီး နည်းပြကစားချင်တဲ့ကစားဟန်နဲ့ စတင် အံဝင်လာသလို လက်ရှိအချိန်အထိ နိုင်ပွဲတွေမှာ နွေရာသီကစားသမားခေါ်ယူမှုတွေက အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ကစားပေးခဲ့ကြတာဖြစ်ပါတယ်။ ခရစ်ရှန် အဲရစ်၊ မာတီနက်ဇ်၊ မာလာစီယာတို့ရဲ့ စောစီးစွာ အောင်မြင်မှု ရရှိခဲ့မှုက တန်ဟက်အတွက် ဇန်နဝါရီမှာ နောက်ထပ်လူအင်အားဖြည့်တင်းဖို့အတွက် အားပေးနေတာဖြစ်ပါတယ်။

အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေဟာ ယခုအပတ်မှာ ကြီးမားတဲ့ ဆွေးနွေးစရာတွေအဖြစ် ရှိနေပေမယ့်လည်း ဒတ်ချ်လူမျိုးနည်းပြအတွက် ကာရင်တန်မှာ နိုင်ငံတကာပွဲ ကစားရမယ့်တာဝန်ပေးအပ်ခြင်းမခံရတဲ့ ကစားသမားတွေနဲ့ အနီးကပ် အလုပ်လုပ်ဖို့ တာဝန်ရှိနေဆဲဖြစ်ပြီး ပွဲကစားရဖို့ မရှိတာကြောင့် ဒီအပတ်ထဲမှာ အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ အချိန်ရမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အသင်းက နေရာတိုင်းက တည်ဆောက်ပုံကို တိုးတက်အောင်လုပ်ရမှာဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ အများအပြား ရှိခဲ့ပါတယ်။ ကျွန်တော်တို့ တိုးတက်အောင် လုပ်သွားမှာပါ။ ကျွန်တော်တို့ ဇန်နဝါရီ ဒါမှမဟုတ် လာမယ့်နွေရာသီအတွက် ပစ်မှတ်တွေကို ရှာဖွေသွားမှာဖြစ်သလို အစီအစဉ်တွေချမှတ်ပြီး ကစားဟန်ကို တိုးတက်အောင်လည်း လုပ်သွားမှာပါ”

“ဟုတ်တာပေါ့။ ခုလာမယ့် ကာလက ၃ ရက်တစ်ပွဲလောက် ကစားရတော့မှာပါ။ ကျွန်တော်တို့ အဲဒီအတွက်ကို အဆင်သင့်ဖြစ်အောင် လုပ်ရမှာပါ”လို့ ပြီးခဲ့တဲ့အပတ်က MUTV ကို ပြောကြားခဲ့တာဖြစ်ပါတယ်။ တန်ဟက်နဲ့ အသင်းတာဝန်ရှိသူတွေကြား ယခုအပတ် ကနဦးပြောဆိုဆွေးနွေးမှုတွေဟာ အဓိကအားဖြင့် ၃ နေရာအတွက် ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ နောက်တဆင့် လူစာရင်းတည်ဆောက်မှုရဲ့ တစ်စိတ်အပိုင်းအနေနဲ့ ညာနောက်ခံ၊ ကွင်းလယ်နဲ့ တိုက်စစ်မှူး စတဲ့နေရာတွေကို အင်အားဖြည့်တင်းဖို့ လိုအပ်တယ်ဆိုတာကို သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒီ ၃ နေရာစလုံးအတွက် ကုန်ခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ရှာဖွေခဲ့ပေမယ့်လည်း အမျိုးမျိုးသော အကြောင်းအရင်းကြောင့် မခေါ်ယူနိုင်ခဲ့ဘဲ တန်ဟက်က အန်တိုနီ၊ အဲရစ်ဆင်နဲ့ မာတီနက်ဇ်တို့ကို ဦးစားပေး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အာရွန် ဝမ်-ဘစ်ဆာကာက အသင်းမှာ လူပိုဖြစ်နေမှုကြောင့် ညာနောက်ခံနေရာက ဦးစားပေးစာရင်းထဲမှာ ထိပ်ဆုံးမှာ ရှိနေပြီး ယခုနွေရာသီ အပြောင်းအရွှေ့ကာလမှာ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေရှိလာခဲ့ရင် ရောင်းထုတ်ခဲ့မှာဖြစ်ပေမယ့်လည်း ကမ်းလှမ်းမှုတွေ မရှိခဲ့တာဖြစ်ပါတယ်။

လူငယ်ကြယ်ပွင့် အီသန် လတ်ထ်နဲ့ မာ့စ် ဂျူရာဒိုတို့ဟာ ဒါလော့တ်ရဲ့ ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတွေကို နောက်ဆုံးမှာ လျော့ပါးစေမှာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ဖြစ်နိုင်ရင် ညာနောက်ခံနေရာအတွက် နောက်ထပ် ရွေးချယ်စရာကို ဦးစားပေး ခေါ်ယူသွားဖို့ လိုနေတာဖြစ်ပါတယ်။

တန်ဟက်ဟာ ကွင်းလယ်မှာ ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းပေးနိုင်မယ့် ကွင်းလယ်ကစားသမားမျိုး လိုချင်ခဲ့တာ အားလုံးအသိဖြစ်ခဲ့ပြီး ဘာစီလိုနာကြယ်ပွင့် ဖရန်ကီ ဒီ ယုံးကို မခေါ်ယူနိုင်ခဲ့တဲ့နောက် အဲရစ်ဆင်က အဲဒီနေရာမှာ ကစားပေးနေရတာဖြစ်ပေမယ့်လည်း ဒိန်းမတ်ကွင်းလယ်ဖန်တီးရှင်က ကောင်းကောင်း ကစားပြနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒိန်းမတ်ကွင်းလယ်ကစားသမားဟာ တစ်ပတ်ကို ၂ ကြိမ်လောက်အထိ မကစားနိုင်တာကြောင့် နောက်ထပ် ကာလရှည် ဖြေရှင်းနည်းတစ်ခုကို ရှာဖွေဖို့ ဆန္ဒရှိနေတာဖြစ်ပြီး လက်တွေ့မှာတော့ မန်ယူနိုက်တက်ဟာ ယခုနွေရာသီမှာ တိုက်စစ်ကစားသမား ၂ ဦးအထိ ခေါ်ယူနိုင်ခဲ့မှာဖြစ်ပေမယ့်လည်း မာစီယယ်လ် ခြေစွမ်းပြန်ပြသလာမှုနဲ့ ရော်နယ်လ်ဒိုအသင်းမှာ ဆက်ရှိနေမှုတို့ကြောင့် အရေးပိုကြီးတဲ့ ညာတောင်ပံနေရာအတွက် အန်တိုနီကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

သေသေချာချာ ပြုစုပျိုးထောင်ပေးမယ်ဆိုရင် ချာလီ မက်နေးလ်ဟာ ရေရှည်အတွက် ရွေးချယ်စရာဖြစ်လာနိုင်ပေမယ့်လည်း ရော်နယ်လ်ဒိုက နောက်နှစ်မှာ ထွက်ဖို့ရှိနေတာကြောင့် နောက်ထပ် အထောင်တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့က ဦးစားပေး ဖြစ်လာပုံပေါ်ပါတယ်။ ဒီ ၃ နေရာအပြင် မန်ချက်စတာယူနိုက်တက်က ရေရှည်အစားထိုးနိုင်မယ့် ဂိုးသမားတစ်ဦးကိုလည်း ရှာဖွေနေပြီး ဒေးဗစ် ဒဟေးယားဟာ တန်ဟက် ကစားချင်တဲ့ နည်းဗျူဟာနဲ့ ကွက်တိ အံမဝင်သလို စာချုပ်သက်တမ်းကုန်ဆုံးဖို့လည်း နီးလာပြီဖြစ်တာကြောင့် မြင့်မားတဲ့လစာပမာဏနဲ့ ဆက်ထိန်းထားမယ့်အစား အလွတ်နဲ့ပဲ ထွက်ခွာခွင့် ပြုသွားနိုင်ပါတယ်။

ဒင်း ဟန်ဒါဆန်ဟာ ယခုနွေရာသီမှာ နော်တင်ဟမ်ဖောရက်စ်ကို ပြောင်းရွှေ့ပြီးနောက်ပိုင်း ပြောကြားခဲ့တဲ့ မှတ်ချက်စကားကြောင့် အိုးထရက်ဖို့ဒ်ကို ပြန်လာနိုင်မယ့် လမ်းကို ကိုယ်တိုင် ဖျက်ဆီးခဲ့ပုံပေါ်ပြီး တန်းတက် ဖောရက်စ်နဲ့ အကောင်းဆုံးလက်စွမ်းပြသနေပေမယ့်လည်း မန်ယူနိုက်တက်ရဲ့ ပထမဦးစားပေးဂိုးသမားဖြစ်ဖို့ လုံလောက်တဲ့ ကောင်းမွန်မှုရှိတယ်ဆိုတဲ့ ဘုံသဘောတူညီချက်မျိုး ရှိမနေတာဖြစ်ပါတယ်။

ရာသီအစောပိုင်းသာ ရှိသေးပေမယ့်လည်း မန်ချက်စတာယူနိုက်တက်မှာ အင်အားဖြည့်ဖို့ လိုအပ်တဲ့နေရာတွေက တော်တော်လေး ရှင်းလင်းနေပြီဖြစ်ပြီး ယခုနိုင်ငံတကာပွဲစဉ် အားလပ်ရက်အပြီးမှာတော့ နည်းပြတန်ဟက်အနေနဲ့ သတ်မှတ်ထားပြီးဖြစ်တဲ့ နေရာတွေအတွက် အကြိုပစ်မှတ်စာရင်းကို ထုတ်ပြန်သွားနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္ဟာ ကလပ္အသင္း လႈပ္ရွားမႈေတြကို ေခတၱရပ္တန႔္ဖို႔ အခ်က္ျပမႈျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္က ဘဝမွာ အထိုင္က်ေအာင္လုပ္ေနတဲ့ တန္ဟက္အတြက္ေတာ့ သူမ်ားေတြထက္ ပိုၿပီး ျပင္းျပင္းထန္ထန္ အလုပ္လုပ္ေနရမွာျဖစ္ပါတယ္။

ျပန္လည္အသက္ဝင္လာတဲ့ ေျခစြမ္းကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ ထိပ္ဆုံး ၄ ေနရာ လမ္းေၾကာင္းေပၚ ျပန္ေရာက္လာၿပီး နည္းျပကစားခ်င္တဲ့ကစားဟန္နဲ႔ စတင္ အံဝင္လာသလို လက္ရွိအခ်ိန္အထိ ႏိုင္ပြဲေတြမွာ ေႏြရာသီကစားသမားေခၚယူမႈေတြက အေရးႀကီးတဲ့အစိတ္အပိုင္းအျဖစ္ ပါဝင္ကစားေပးခဲ့ၾကတာျဖစ္ပါတယ္။ ခရစ္ရွန္ အဲရစ္၊ မာတီနက္ဇ္၊ မာလာစီယာတို႔ရဲ႕ ေစာစီးစြာ ေအာင္ျမင္မႈ ရရွိခဲ့မႈက တန္ဟက္အတြက္ ဇန္နဝါရီမွာ ေနာက္ထပ္လူအင္အားျဖည့္တင္းဖို႔အတြက္ အားေပးေနတာျဖစ္ပါတယ္။

အေျပာင္းအေ႐ႊ႕အတြက္ ေဆြးေႏြးမႈေတြဟာ ယခုအပတ္မွာ ႀကီးမားတဲ့ ေဆြးေႏြးစရာေတြအျဖစ္ ရွိေနေပမယ့္လည္း ဒတ္ခ်္လူမ်ိဳးနည္းျပအတြက္ ကာရင္တန္မွာ ႏိုင္ငံတကာပြဲ ကစားရမယ့္တာဝန္ေပးအပ္ျခင္းမခံရတဲ့ ကစားသမားေတြနဲ႔ အနီးကပ္ အလုပ္လုပ္ဖို႔ တာဝန္ရွိေနဆဲျဖစ္ၿပီး ပြဲကစားရဖို႔ မရွိတာေၾကာင့္ ဒီအပတ္ထဲမွာ အသင္းတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးဖို႔ အခ်ိန္ရမွာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ အသင္းက ေနရာတိုင္းက တည္ေဆာက္ပုံကို တိုးတက္ေအာင္လုပ္ရမွာျဖစ္ၿပီး ေတြ႕ဆုံေဆြးေႏြးမႈေတြ အမ်ားအျပား ရွိခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ တိုးတက္ေအာင္ လုပ္သြားမွာပါ။ ကြၽန္ေတာ္တို႔ ဇန္နဝါရီ ဒါမွမဟုတ္ လာမယ့္ေႏြရာသီအတြက္ ပစ္မွတ္ေတြကို ရွာေဖြသြားမွာျဖစ္သလို အစီအစဥ္ေတြခ်မွတ္ၿပီး ကစားဟန္ကို တိုးတက္ေအာင္လည္း လုပ္သြားမွာပါ”

“ဟုတ္တာေပါ့။ ခုလာမယ့္ ကာလက ၃ ရက္တစ္ပြဲေလာက္ ကစားရေတာ့မွာပါ။ ကြၽန္ေတာ္တို႔ အဲဒီအတြက္ကို အဆင္သင့္ျဖစ္ေအာင္ လုပ္ရမွာပါ”လို႔ ၿပီးခဲ့တဲ့အပတ္က MUTV ကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။ တန္ဟက္နဲ႔ အသင္းတာဝန္ရွိသူေတြၾကား ယခုအပတ္ ကနဦးေျပာဆိုေဆြးေႏြးမႈေတြဟာ အဓိကအားျဖင့္ ၃ ေနရာအတြက္ ျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ ေနာက္တဆင့္ လူစာရင္းတည္ေဆာက္မႈရဲ႕ တစ္စိတ္အပိုင္းအေနနဲ႔ ညာေနာက္ခံ၊ ကြင္းလယ္နဲ႔ တိုက္စစ္မႉး စတဲ့ေနရာေတြကို အင္အားျဖည့္တင္းဖို႔ လိုအပ္တယ္ဆိုတာကို သတ္မွတ္ထားတာျဖစ္ပါတယ္။

ဒီ ၃ ေနရာစလုံးအတြက္ ကုန္ခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ရွာေဖြခဲ့ေပမယ့္လည္း အမ်ိဳးမ်ိဳးေသာ အေၾကာင္းအရင္းေၾကာင့္ မေခၚယူႏိုင္ခဲ့ဘဲ တန္ဟက္က အန္တိုနီ၊ အဲရစ္ဆင္နဲ႔ မာတီနက္ဇ္တို႔ကို ဦးစားေပး ေခၚယူခဲ့တာ ျဖစ္ပါတယ္။ အာ႐ြန္ ဝမ္-ဘစ္ဆာကာက အသင္းမွာ လူပိုျဖစ္ေနမႈေၾကာင့္ ညာေနာက္ခံေနရာက ဦးစားေပးစာရင္းထဲမွာ ထိပ္ဆုံးမွာ ရွိေနၿပီး ယခုေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလမွာ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈေတြရွိလာခဲ့ရင္ ေရာင္းထုတ္ခဲ့မွာျဖစ္ေပမယ့္လည္း ကမ္းလွမ္းမႈေတြ မရွိခဲ့တာျဖစ္ပါတယ္။

လူငယ္ၾကယ္ပြင့္ အီသန္ လတ္ထ္နဲ႔ မာ့စ္ ဂ်ဴရာဒိုတို႔ဟာ ဒါေလာ့တ္ရဲ႕ ပုခုံးေပၚက ဝန္ထုပ္ဝန္ပိုးေတြကို ေနာက္ဆုံးမွာ ေလ်ာ့ပါးေစမွာျဖစ္ေပမယ့္လည္း လက္ရွိမွာေတာ့ ျဖစ္ႏိုင္ရင္ ညာေနာက္ခံေနရာအတြက္ ေနာက္ထပ္ ေ႐ြးခ်ယ္စရာကို ဦးစားေပး ေခၚယူသြားဖို႔ လိုေနတာျဖစ္ပါတယ္။

တန္ဟက္ဟာ ကြင္းလယ္မွာ ခံစစ္ကေန တိုက္စစ္ကို ကူးေျပာင္းေပးႏိုင္မယ့္ ကြင္းလယ္ကစားသမားမ်ိဳး လိုခ်င္ခဲ့တာ အားလုံးအသိျဖစ္ခဲ့ၿပီး ဘာစီလိုနာၾကယ္ပြင့္ ဖရန္ကီ ဒီ ယုံးကို မေခၚယူႏိုင္ခဲ့တဲ့ေနာက္ အဲရစ္ဆင္က အဲဒီေနရာမွာ ကစားေပးေနရတာျဖစ္ေပမယ့္လည္း ဒိန္းမတ္ကြင္းလယ္ဖန္တီးရွင္က ေကာင္းေကာင္း ကစားျပေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒိန္းမတ္ကြင္းလယ္ကစားသမားဟာ တစ္ပတ္ကို ၂ ႀကိမ္ေလာက္အထိ မကစားႏိုင္တာေၾကာင့္ ေနာက္ထပ္ ကာလရွည္ ေျဖရွင္းနည္းတစ္ခုကို ရွာေဖြဖို႔ ဆႏၵရွိေနတာျဖစ္ၿပီး လက္ေတြ႕မွာေတာ့ မန္ယူႏိုက္တက္ဟာ ယခုေႏြရာသီမွာ တိုက္စစ္ကစားသမား ၂ ဦးအထိ ေခၚယူႏိုင္ခဲ့မွာျဖစ္ေပမယ့္လည္း မာစီယယ္လ္ ေျခစြမ္းျပန္ျပသလာမႈနဲ႔ ေရာ္နယ္လ္ဒိုအသင္းမွာ ဆက္ရွိေနမႈတို႔ေၾကာင့္ အေရးပိုႀကီးတဲ့ ညာေတာင္ပံေနရာအတြက္ အန္တိုနီကို ေခၚယူခဲ့တာျဖစ္ပါတယ္။

ေသေသခ်ာခ်ာ ျပဳစုပ်ိဳးေထာင္ေပးမယ္ဆိုရင္ ခ်ာလီ မက္ေနးလ္ဟာ ေရရွည္အတြက္ ေ႐ြးခ်ယ္စရာျဖစ္လာႏိုင္ေပမယ့္လည္း ေရာ္နယ္လ္ဒိုက ေနာက္ႏွစ္မွာ ထြက္ဖို႔ရွိေနတာေၾကာင့္ ေနာက္ထပ္ အေထာင္တိုက္စစ္မႉးတစ္ဦး ေခၚယူဖို႔က ဦးစားေပး ျဖစ္လာပုံေပၚပါတယ္။ ဒီ ၃ ေနရာအျပင္ မန္ခ်က္စတာယူႏိုက္တက္က ေရရွည္အစားထိုးႏိုင္မယ့္ ဂိုးသမားတစ္ဦးကိုလည္း ရွာေဖြေနၿပီး ေဒးဗစ္ ဒေဟးယားဟာ တန္ဟက္ ကစားခ်င္တဲ့ နည္းဗ်ဴဟာနဲ႔ ကြက္တိ အံမဝင္သလို စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔လည္း နီးလာၿပီျဖစ္တာေၾကာင့္ ျမင့္မားတဲ့လစာပမာဏနဲ႔ ဆက္ထိန္းထားမယ့္အစား အလြတ္နဲ႔ပဲ ထြက္ခြာခြင့္ ျပဳသြားႏိုင္ပါတယ္။

ဒင္း ဟန္ဒါဆန္ဟာ ယခုေႏြရာသီမွာ ေနာ္တင္ဟမ္ေဖာရက္စ္ကို ေျပာင္းေ႐ႊ႕ၿပီးေနာက္ပိုင္း ေျပာၾကားခဲ့တဲ့ မွတ္ခ်က္စကားေၾကာင့္ အိုးထရက္ဖို႔ဒ္ကို ျပန္လာႏိုင္မယ့္ လမ္းကို ကိုယ္တိုင္ ဖ်က္ဆီးခဲ့ပုံေပၚၿပီး တန္းတက္ ေဖာရက္စ္နဲ႔ အေကာင္းဆုံးလက္စြမ္းျပသေနေပမယ့္လည္း မန္ယူႏိုက္တက္ရဲ႕ ပထမဦးစားေပးဂိုးသမားျဖစ္ဖို႔ လုံေလာက္တဲ့ ေကာင္းမြန္မႈရွိတယ္ဆိုတဲ့ ဘုံသေဘာတူညီခ်က္မ်ိဳး ရွိမေနတာျဖစ္ပါတယ္။

ရာသီအေစာပိုင္းသာ ရွိေသးေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္မွာ အင္အားျဖည့္ဖို႔ လိုအပ္တဲ့ေနရာေတြက ေတာ္ေတာ္ေလး ရွင္းလင္းေနၿပီျဖစ္ၿပီး ယခုႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္အၿပီးမွာေတာ့ နည္းျပတန္ဟက္အေနနဲ႔ သတ္မွတ္ထားၿပီးျဖစ္တဲ့ ေနရာေတြအတြက္ အႀကိဳပစ္မွတ္စာရင္းကို ထုတ္ျပန္သြားႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.