International Premier League

တီယာနီရဲ့ခြေစွမ်းက လီဗာပူးလ်ကြယ်ပွင့်ထက် အပုံကြီးသာတယ်လို့ ချီးကျူးနေတဲ့ ပရိသတ်များ

အာဆင်နယ်နဲ့ စကော့တလန် ပရိသတ်တွေဟာ ယူကရိန်းအသင်းကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က အာဆင်နယ်နောက်ခံကစားသမားရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ပြီးနောက် အန်ဒီ ရောဘတ်ဆန်ထက် ပိုကောင်းတယ်လို့ ပြောကြားခဲ့ကြပါတယ်။

တီယာနီဟာ နေးရှင်းလိဂ်အုပ်စုပွဲစဉ်မှာ အနိုင် ၃ မှတ် ရယူနိုင်ခဲ့တဲ့ စကော့တလန်အသင်းအတွက် ၈၅ မိနစ်အထိ ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ဘယ်နောက်ခံကစားသမားဟာ ယခုရာသီ အာဆင်နယ်ရဲ့ လိဂ်ပွဲစဉ်မိနစ်စုစုပေါင်းရဲ့ ၄၂ ရာခိုင်နှုန်းသာ ပါဝင်ကစားပေးထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စကော့တလန်နည်းပြ စတိဗ် ကလာ့ခ်က တီယာနီအနေနဲ့ အမ်းမရိတ်စ်မှာ ပွဲသိပ်မကစားခဲ့ရပေမယ့်လည်း လိုအပ်တယ်ဆိုရင် နိုင်ငံတကာပွဲစဉ် ၃ ပွဲစလုံးမှာ ကစားခိုင်းသွားဦးမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဘယ်နောက်ခံကစားသမား အန်ဒီ ရောဘတ်ဆန်ဟာ ဒဏ်ရာကြောင့် အနားယူနေရတဲ့အတွက် ယူကရိန်းနဲ့ပွဲစဉ်မှာ တီယာနီက ဘယ်နောက်ခံနေရာမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ရတာ ဖြစ်ပါတယ်။ အာဆင်နယ်နောက်ခံကစားသမားဟာ တောက်ပတဲ့စွမ်းဆောင်ရည်ပြသပြီး အာဆင်နယ်နဲ့သတင်းထွက်ပေါ်နေခဲ့တဲ့ မိုင်ခေလို မာဒရစ်ပါဝင်ခဲ့တဲ့ ယူကရိန်းနဲ့ပွဲစဉ်မှာ ပေးဂိုးမရှိအောင် ထိန်းသိမ်းနိုင်ဖို့အတွက် အကူအညီ ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါက အာဆင်နယ်နဲ့ စကော့တလန်ပရိသတ်တွေကို တီယာနီက လီဗာပူးလ် ဘယ်နောက်ခံကစားသမား အန်ဒီ ရောဘတ်ဆန်ထက် ပိုမိုကောင်းမွန်တယ်လို့ ပြောကြားမှုတွေကို ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။

“တီယာနီက အဆင့်အတန်းရှိတဲ့ ခြေစွမ်းပြသခဲ့တယ်။ အဲဒါက စံတစ်ခုပဲ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “ရောဘတ်ဆန် အသင်းထဲမှာ မပါဝင်နိုင်ချိန်မှာ ပိုကောင်းအောင် ကစားပေးခဲ့တယ်။ တီယာနီက ၁၀ ဆလောက် ပိုကောင်းတယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

စကော့တလန်ပရိသတ်တွေဟာ အာဆင်နယ်အသင်းမှာ တီယာနီ အချိန်အတော်ကြာ ပါဝင်ကစားပေးခဲ့ခြင်းမရှိခဲ့ပေမယ့်လည်း ဘယ်လောက်အထိ ကောင်းမွန်တဲ့ ကစားသမားလဲဆိုတာကို ပြသနိုင်ဆဲဖြစ်တာကြောင့် အံ့အားသင့်ခဲ့ကြတာဖြစ်ပြီး အာဆင်နယ်ပရိသတ်တွေအတွက်ကတော့ ပြန်ကစားနိုင်တာမကြာသေးတဲ့ ကြယ်ပွင့်နောက်ခံကစားသမားကို ပွဲတိုင်းသုံးမယ်လို့ ပြောခဲ့တဲ့ စကော့တလန်နည်းပြရဲ့ စကားကြောင့် နှလုံးရောဂါရချင်နေကြလောက်ပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္နဲ႔ စေကာ့တလန္ ပရိသတ္ေတြဟာ ယူကရိန္းအသင္းကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္က အာဆင္နယ္ေနာက္ခံကစားသမားရဲ႕ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ၿပီးေနာက္ အန္ဒီ ေရာဘတ္ဆန္ထက္ ပိုေကာင္းတယ္လို႔ ေျပာၾကားခဲ့ၾကပါတယ္။

တီယာနီဟာ ေနးရွင္းလိဂ္အုပ္စုပြဲစဥ္မွာ အႏိုင္ ၃ မွတ္ ရယူႏိုင္ခဲ့တဲ့ စေကာ့တလန္အသင္းအတြက္ ၈၅ မိနစ္အထိ ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ ဘယ္ေနာက္ခံကစားသမားဟာ ယခုရာသီ အာဆင္နယ္ရဲ႕ လိဂ္ပြဲစဥ္မိနစ္စုစုေပါင္းရဲ႕ ၄၂ ရာခိုင္ႏႈန္းသာ ပါဝင္ကစားေပးထားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း စေကာ့တလန္နည္းျပ စတိဗ္ ကလာ့ခ္က တီယာနီအေနနဲ႔ အမ္းမရိတ္စ္မွာ ပြဲသိပ္မကစားခဲ့ရေပမယ့္လည္း လိုအပ္တယ္ဆိုရင္ ႏိုင္ငံတကာပြဲစဥ္ ၃ ပြဲစလုံးမွာ ကစားခိုင္းသြားဦးမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဘယ္ေနာက္ခံကစားသမား အန္ဒီ ေရာဘတ္ဆန္ဟာ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့အတြက္ ယူကရိန္းနဲ႔ပြဲစဥ္မွာ တီယာနီက ဘယ္ေနာက္ခံေနရာမွာ ပြဲထြက္ပါဝင္ကစားေပးခဲ့ရတာ ျဖစ္ပါတယ္။ အာဆင္နယ္ေနာက္ခံကစားသမားဟာ ေတာက္ပတဲ့စြမ္းေဆာင္ရည္ျပသၿပီး အာဆင္နယ္နဲ႔သတင္းထြက္ေပၚေနခဲ့တဲ့ မိုင္ေခလို မာဒရစ္ပါဝင္ခဲ့တဲ့ ယူကရိန္းနဲ႔ပြဲစဥ္မွာ ေပးဂိုးမရွိေအာင္ ထိန္းသိမ္းႏိုင္ဖို႔အတြက္ အကူအညီ ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အဲဒါက အာဆင္နယ္နဲ႔ စေကာ့တလန္ပရိသတ္ေတြကို တီယာနီက လီဗာပူးလ္ ဘယ္ေနာက္ခံကစားသမား အန္ဒီ ေရာဘတ္ဆန္ထက္ ပိုမိုေကာင္းမြန္တယ္လို႔ ေျပာၾကားမႈေတြကို ျဖစ္ေပၚေစခဲ့တာ ျဖစ္ပါတယ္။

“တီယာနီက အဆင့္အတန္းရွိတဲ့ ေျခစြမ္းျပသခဲ့တယ္။ အဲဒါက စံတစ္ခုပဲ”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “ေရာဘတ္ဆန္ အသင္းထဲမွာ မပါဝင္ႏိုင္ခ်ိန္မွာ ပိုေကာင္းေအာင္ ကစားေပးခဲ့တယ္။ တီယာနီက ၁၀ ဆေလာက္ ပိုေကာင္းတယ္”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

စေကာ့တလန္ပရိသတ္ေတြဟာ အာဆင္နယ္အသင္းမွာ တီယာနီ အခ်ိန္အေတာ္ၾကာ ပါဝင္ကစားေပးခဲ့ျခင္းမရွိခဲ့ေပမယ့္လည္း ဘယ္ေလာက္အထိ ေကာင္းမြန္တဲ့ ကစားသမားလဲဆိုတာကို ျပသႏိုင္ဆဲျဖစ္တာေၾကာင့္ အံ့အားသင့္ခဲ့ၾကတာျဖစ္ၿပီး အာဆင္နယ္ပရိသတ္ေတြအတြက္ကေတာ့ ျပန္ကစားႏိုင္တာမၾကာေသးတဲ့ ၾကယ္ပြင့္ေနာက္ခံကစားသမားကို ပြဲတိုင္းသုံးမယ္လို႔ ေျပာခဲ့တဲ့ စေကာ့တလန္နည္းျပရဲ႕ စကားေၾကာင့္ ႏွလုံးေရာဂါရခ်င္ေနၾကေလာက္ၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.