Premier League Serie A Transfer News

စပါးစ်ကနေ ထွက်ခွာပြီး အသင်းဟောင်းကို ပြန်ဖို့ သတင်းထွက်နေတဲ့ ကွန်တီ

ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးဘဲ အမှတ်ပေးဇယားရဲ့ တတိယနေရာကနေ ရပ်တည်နေနိုင်တဲ့ တော့တင်ဟမ် ဟော့စပါးစ်အသင်းရဲ့ နည်းပြ အန်တိုနီယို ကွန်တီအနေနဲ့ အသင်းရဲ့ ရလဒ်ကောင်းတွေနဲ့ ပျော်နေတယ်လို့ ထင်ရပေမယ့် ထင်မှတ်မထားတဲ့ အခြေအနေမှာ အသင်းဟောင်း ဂျူဗင်တပ်စ်နဲ့ ပူးပေါင်းသွားတာမျိုးဖြစ်နိုင်တယ်လို့ အီတလီဘက်က အသံထွက်လာခဲ့ပါတယ်။

လက်စတာနဲ့ အိမ်ကွင်းပွဲစဉ်မှာ သူ့ရဲ့ ခြေစွမ်းပျောက်နေတဲ့ ကစားသမား ဆွန်ဟောင်မင်တစ်ယောက် ဟက်ထရစ်ရသွားလို့ ဝမ်းသာနေပေမယ့် လက်ရှိမှာ သူ့ကို အသင်းဘက်က စာချုပ်သစ် ချုပ်ဆိုခြင်း မရှိသေးတာကြောင့် တစ်နှစ်သာ ကျန်ရှိတော့တဲ့ စာချုပ်နဲ့အတူ ဖလားတွေကို မျှော်လင့်နိုင်ခြင်း မရှိတဲ့ မြောက်လန်ဒန်ကနေ ထွက်ခွာဖို့ သတင်းတွေ ပေါ်လာတာပါ။

ဂျူဗင်တပ်စ်အသင်းဘက်ကတော့ သူတို့ကို ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ကိုင်တွယ်သွားခဲ့တဲ့ ကွင်းလယ်လူဟောင်းကြီးကို အလိုရှိနေပြီး လက်ရှိနည်းပြ မက်ဆီမီလီယာနို အယ်လီဂရီရဲ့ လူကောင်းတွေကို အသုံးပြုပြီး ဆိုးရွားနေတဲ့ ရလဒ်တွေကြောင့် ထုတ်ပယ်ဖို့တောင် စဉ်းစားနေပြီလို့လည်း သိရပါတယ်။

အယ်လီဂရီကတော့ ၂၀၁၄ ကနေ ၂၀၁၉ အထိ ကွန်တီကို ဆက်ခံသူဖြစ်ခဲ့ပြီး ဂျူဗီတို့အတွက် နိုင်ပွဲ ၇၀.၄၈ ရာခိုင်နှုန်းနဲ့ စီးရီးအေချန်ပီယံဆု ၅ ကြိမ် ရယူပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာတော့ ဒုတိယနှစ်ကြိမ်ရခဲ့ပေမယ့် အသင်းနဲ့ လမ်းခွဲပြီးမှ နောက်တစ်ကြိမ် ပြန်လည်ပူးပေါင်းရာမှာတော့ “မောင် အရင်လို မဟုတ်တော့ဘူး”လို့ ပြောရမလိုဖြစ်နေပြီး သူ့ရဲ့ နည်းစနစ်ပိုင်းမှာ ချို့ယွင်းမှုတွေ များနေခဲ့တာပါ။

အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ အိုးလ်လေဒီတွေရဲ့ အသင်းဒါရိုက်တာနဲ့ ဒုဥက္ကဌ ပါဗယ် နက်ဗက်ကတော့ အသင်းကို အပြောင်းအလဲလုပ်ဖို့ စိတ်အားထက်သန်နေပြီး သူ့ရဲ့ နောက်ထပ် ခန့်အပ်မယ့် နည်းပြကတော့ အသင်းနဲ့ မပြီးဆုံးသေးတဲ့ အလုပ်တွေကို ဆက်လုပ်ဖို့ ရှိနေတဲ့ ကွန်တီပဲလို့လည်း နီးစပ်ရာ အသိုင်းအဝိုင်းက ဆိုပါတယ်။

ကွန်တီအနေနဲ့ ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်စဉ်မှာ ရရှိခဲ့တဲ့ သုံးရာသီစလုံးမှာ စီးရီးအေဖလားတွေကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နိုင်ပွဲရာနှုန်း ၆၇.၅၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်နိုင်ခဲ့သလို အသင်းကနေ ထွက်ခွာပြီး အီတလီလက်ရွေးစင်၊ ချဲလ်ဆီး၊ အင်တာမီလန်နဲ့ စပါးစ်တို့ကို ကိုင်တွယ်ရာမှာ လေးစားလောက်တဲ့ စွမ်းဆောင်ရည်ကို ပြသထားတာပါ။

သူနဲ့ လမ်းခွဲအပြီးမှာ အယ်လီဂရီ၊ မော်ရီဇီယို ဆာရီနဲ့ အန်ဒရီးယား ပီယာလိုတို့နဲ့ လက်တွဲခဲ့ပြီးဖြစ်တဲ့ အသင်းဟောင်းကို ပြန်ဖို့ အသက် ၅၃ နှစ် အရွယ် နည်းပြဘက် လမ်းဖွင့်ထားတယ်လို့လည်း သိရပြီး မြောက်လန်ဒန်ကနေ စာချုပ်သစ် မချုပ်ခင်မှာ တူရင်ကို ပြန်ရောက်သွားမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိေသးဘဲ အမွတ္ေပးဇယားရဲ႕ တတိယေနရာကေန ရပ္တည္ေနႏိုင္တဲ့ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းရဲ႕ နည္းျပ အန္တိုနီယို ကြန္တီအေနနဲ႔ အသင္းရဲ႕ ရလဒ္ေကာင္းေတြနဲ႔ ေပ်ာ္ေနတယ္လို႔ ထင္ရေပမယ့္ ထင္မွတ္မထားတဲ့ အေျခအေနမွာ အသင္းေဟာင္း ဂ်ဴဗင္တပ္စ္နဲ႔ ပူးေပါင္းသြားတာမ်ိဳးျဖစ္ႏိုင္တယ္လို႔ အီတလီဘက္က အသံထြက္လာခဲ့ပါတယ္။

လက္စတာနဲ႔ အိမ္ကြင္းပြဲစဥ္မွာ သူ႔ရဲ႕ ေျခစြမ္းေပ်ာက္ေနတဲ့ ကစားသမား ဆြန္ေဟာင္မင္တစ္ေယာက္ ဟက္ထရစ္ရသြားလို႔ ဝမ္းသာေနေပမယ့္ လက္ရွိမွာ သူ႔ကို အသင္းဘက္က စာခ်ဳပ္သစ္ ခ်ဳပ္ဆိုျခင္း မရွိေသးတာေၾကာင့္ တစ္ႏွစ္သာ က်န္ရွိေတာ့တဲ့ စာခ်ဳပ္နဲ႔အတူ ဖလားေတြကို ေမွ်ာ္လင့္ႏိုင္ျခင္း မရွိတဲ့ ေျမာက္လန္ဒန္ကေန ထြက္ခြာဖို႔ သတင္းေတြ ေပၚလာတာပါ။

ဂ်ဴဗင္တပ္စ္အသင္းဘက္ကေတာ့ သူတို႔ကို ၂၀၁၁ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္အထိ ကိုင္တြယ္သြားခဲ့တဲ့ ကြင္းလယ္လူေဟာင္းႀကီးကို အလိုရွိေနၿပီး လက္ရွိနည္းျပ မက္ဆီမီလီယာႏို အယ္လီဂရီရဲ႕ လူေကာင္းေတြကို အသုံးျပဳၿပီး ဆိုး႐ြားေနတဲ့ ရလဒ္ေတြေၾကာင့္ ထုတ္ပယ္ဖို႔ေတာင္ စဥ္းစားေနၿပီလို႔လည္း သိရပါတယ္။

အယ္လီဂရီကေတာ့ ၂၀၁၄ ကေန ၂၀၁၉ အထိ ကြန္တီကို ဆက္ခံသူျဖစ္ခဲ့ၿပီး ဂ်ဴဗီတို႔အတြက္ ႏိုင္ပြဲ ၇၀.၄၈ ရာခိုင္ႏႈန္းနဲ႔ စီးရီးေအခ်န္ပီယံဆု ၅ ႀကိမ္ ရယူေပးႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္မွာေတာ့ ဒုတိယႏွစ္ႀကိမ္ရခဲ့ေပမယ့္ အသင္းနဲ႔ လမ္းခြဲၿပီးမွ ေနာက္တစ္ႀကိမ္ ျပန္လည္ပူးေပါင္းရာမွာေတာ့ “ေမာင္ အရင္လို မဟုတ္ေတာ့ဘူး”လို႔ ေျပာရမလိုျဖစ္ေနၿပီး သူ႔ရဲ႕ နည္းစနစ္ပိုင္းမွာ ခ်ိဳ႕ယြင္းမႈေတြ မ်ားေနခဲ့တာပါ။

အဆင့္ ၈ ေနရာမွာ ရပ္တည္ေနတဲ့ အိုးလ္ေလဒီေတြရဲ႕ အသင္းဒါ႐ိုက္တာနဲ႔ ဒုဥကၠဌ ပါဗယ္ နက္ဗက္ကေတာ့ အသင္းကို အေျပာင္းအလဲလုပ္ဖို႔ စိတ္အားထက္သန္ေနၿပီး သူ႔ရဲ႕ ေနာက္ထပ္ ခန႔္အပ္မယ့္ နည္းျပကေတာ့ အသင္းနဲ႔ မၿပီးဆုံးေသးတဲ့ အလုပ္ေတြကို ဆက္လုပ္ဖို႔ ရွိေနတဲ့ ကြန္တီပဲလို႔လည္း နီးစပ္ရာ အသိုင္းအဝိုင္းက ဆိုပါတယ္။

ကြန္တီအေနနဲ႔ ဂ်ဴဗင္တပ္စ္အသင္းကို ကိုင္တြယ္စဥ္မွာ ရရွိခဲ့တဲ့ သုံးရာသီစလုံးမွာ စီးရီးေအဖလားေတြကို သိမ္းပိုက္ႏိုင္ခဲ့တာျဖစ္ၿပီး ႏိုင္ပြဲရာႏႈန္း ၆၇.၅၅ ရာခိုင္ႏႈန္းကို ပိုင္ဆိုင္ႏိုင္ခဲ့သလို အသင္းကေန ထြက္ခြာၿပီး အီတလီလက္ေ႐ြးစင္၊ ခ်ဲလ္ဆီး၊ အင္တာမီလန္နဲ႔ စပါးစ္တို႔ကို ကိုင္တြယ္ရာမွာ ေလးစားေလာက္တဲ့ စြမ္းေဆာင္ရည္ကို ျပသထားတာပါ။

သူနဲ႔ လမ္းခြဲအၿပီးမွာ အယ္လီဂရီ၊ ေမာ္ရီဇီယို ဆာရီနဲ႔ အန္ဒရီးယား ပီယာလိုတို႔နဲ႔ လက္တြဲခဲ့ၿပီးျဖစ္တဲ့ အသင္းေဟာင္းကို ျပန္ဖို႔ အသက္ ၅၃ ႏွစ္ အ႐ြယ္ နည္းျပဘက္ လမ္းဖြင့္ထားတယ္လို႔လည္း သိရၿပီး ေျမာက္လန္ဒန္ကေန စာခ်ဳပ္သစ္ မခ်ဳပ္ခင္မွာ တူရင္ကို ျပန္ေရာက္သြားမလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.