Premier League

မန္ခ်က္စတာယူႏိုက္တက္ကို ဗန္ဒီဘိခ္ေရာက္လာခဲ့ရင္ ဘာေတြေျပာင္းလဲသြားမလဲ

ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ေပါလ္ ေပါ့ဘာတို႔လို ကြင္းလယ္လူေတြရွိတာေၾကာင့္ ဒတ္ခ်္ကြင္းလယ္လူ ဗန္ဒီဘိခ္ကို မန္ခ်က္စတာယူႏိုက္တက္ ေခၚမယ့္သတင္းက ဒီေလာက္အထိ ျမန္ျမန္ဆန္ဆန္ တိုးတက္လာမယ္လို႔ မထင္ခဲ့ပါဘူး။ ဒါေပမယ့္ အခုအခါ ဗန္ဒီဘိခ္အတြက္ ကနဦး ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၃၉သန္းနဲ႔ ထပ္ေဆာင္းေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၅သန္း ေပးဖို႔ သေဘာတူထားပါၿပီ။ ပုဂၢိဳလ္ေရးအခ်က္အလက္ေတြလည္း ညႇိႏႈိင္းစရာသိပ္မလိုေတာ့လို႔ လာမယ့္ရက္အနည္းငယ္အတြင္း ဗန္ဒီဘိခ္ ေဆးစစ္ေတာ့မယ္လို႔ေတာင္ သတင္းထြက္လာပါတယ္။

ေလာေလာဆယ္မွာ နယ္သာလန္လက္ေ႐ြးစင္အသင္းနဲ႔အတူ Nations League အတြက္ ျပင္ဆင္ေနလို႔ ယူႏိုက္တက္ကိုေျပာင္းဖို႔အတြက္ ေဆးစစ္မယ့္ကိစၥကို အမ္စတာဒမ္မွာပဲ အၿပီးေဆာင္႐ြက္ဖို႔ ရွိပါတယ္။ တြစ္တာမွာ သတင္းေထာက္တစ္ဦးက ပို႔စ္တင္ခဲ့တဲ့ ဗန္ဒီဘိခ္ရဲ႕ အေျပာင္းအေ႐ႊ႕သတင္းကို ရက္ရွ္ဖို႔ဒ္က Like ေပးလိုက္တာေၾကာင့္လည္း ပိုလႈပ္ခတ္သြားခဲ့ပါတယ္။

အရင္ဆုံး ဗန္ဒီဘိခ္ဟာ ဘယ္လို ကစားသမားလဲဆိုတာကို ၾကည့္ရေအာင္ပါ။ အသက္ ၂၃ႏွစ္အ႐ြယ္ပဲရွိေသးတဲ့ ဒီ ဒတ္ခ်္လူငယ္ေျခတက္ကစားသမားေလးဟာ ၂၀၁၉-၂၀ ရာသီက ေအဂ်က္စ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္မွာ ၄ ဂိုးသြင္းၿပီး ေျခစြမ္းျပခဲ့သူပါ။ ေနာက္ဆုံး ၃ရာသီအတြင္း ၿပိဳင္ပြဲအရပ္ရပ္သြင္းဂိုး ၄၀ ရွိပါတယ္။

တိုက္စစ္အားသန္သူျဖစ္ေပမယ့္ ကြင္းလယ္မွာေနရာစုံ လိုက္ကစားသူဆိုရင္မမွားပါဘူး။ Attacking Roleလား၊ Central Roleလား ဒါမွမဟုတ္ Box to Box လိုက္ကစားခိုင္းမလား၊ ေနရာစုံလိုက္ကစားႏိုင္သူပါ။ ဆိုးလ္ရွားအတြက္ ဖာနန္ဒက္စ္နဲ႔ ေပါ့ဘာတို႔ ႏွစ္ဦးထဲက တစ္ဦးဦး မကစားႏိုင္မွာကို စိုးရိမ္စရာ လိုေတာ့မွာလည္းမဟုတ္ပါဘူး။ ဗန္ဒီဘိခ္ဟာ ဂ်ာမနီတိုက္စစ္မႉး ေသာမတ္စ္မူလာလို ကိုယ့္အသင္းတိုက္စစ္ဇုန္မွာ ၿပိဳင္ဘက္ေနာက္ခံလူေတြ သတိမထားမိေလာက္ေအာင္ ေနရာယူ ဂိုးသြင္းတတ္သူပါ။ မာရွယ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ ဂိုးသြင္းေျခပ်က္ေနခ်ိန္မွာ မန္ယူအတြက္ ဗန္ဒီဘိခ္က ဂိုးအရင္းအျမစ္တစ္ခု ျဖစ္လာႏိုင္တာအမွန္ပါပဲ။

အေကာင္းဆုံးကေတာ့ ဆိုးလ္ရွားဟာ ၃-၄-၃ မွာ ဗန္ဒီဘိခ္ကို ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔တြဲသုံးႏိုင္သလို ပုံမွန္ သုံးေနၾက ၄-၃-၃ မွာေတာ့ ဖာနန္ဒက္စ္ရဲ႕ အရန္အျဖစ္ အသုံးျပဳႏိုင္ၿပီး ခံစစ္ကို ဦးစားေပးရမယ့္ပြဲမ်ိဳးဆိုရင္ ဗန္ဒီဘိခ္ကို False-9 မွာ သုံးလို႔ရပါတယ္။ နည္းစနစ္ပိုင္းနဲ႔ပတ္သက္ၿပီး ဆိုးလ္ရွားအတြက္ ေ႐ြးခ်ယ္စရာအမ်ားႀကီးရသြားေစႏိုင္တဲ့ ကစားသမားေခၚယူမႈတစ္ခုလို႔ သုံးသပ္ရမွာပါ။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘရူနိုဖာနန်ဒက်စ်နဲ့ ပေါလ်ပေါ့ဘာတို့လို ကွင်းလယ်လူတွေရှိတာကြောင့် ဒတ်ချ်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို မန်ချက်စတာယူနိုက်တက် ခေါ်မယ့်သတင်းက ဒီလောက်အထိ မြန်မြန်ဆန်ဆန် တိုးတက်လာမယ်လို့ မထင်ခဲ့ပါဘူး။ ဒါပေမယ့် အခုအခါ ဗန်ဒီဘိခ်အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၃၉သန်းနဲ့ ထပ်ဆောင်းပြောင်းရွှေ့ကြေး ယူရို ၅သန်း ပေးဖို့ သဘောတူထားပါပြီ။ ပုဂ္ဂိုလ်ရေးအချက်အလက်တွေလည်း ညှိနှိုင်းစရာသိပ်မလိုတော့လို့ လာမယ့်ရက်အနည်းငယ်အတွင်း ဗန်ဒီဘိခ် ဆေးစစ်တော့မယ်လို့တောင် သတင်းထွက်လာပါတယ်။

လောလောဆယ်မှာ နယ်သာလန်လက်ရွေးစင်အသင်းနဲ့အတူ Nations Leagueအတွက် ပြင်ဆင်နေလို့ ယူနိုက်တက်ကိုပြောင်းဖို့အတွက် ဆေးစစ်မယ့်ကိစ္စကို အမ်စတာဒမ်မှာပဲ အပြီးဆောင်ရွက်ဖို့ ရှိပါတယ်။ တွစ်တာမှာ သတင်းထောက်တစ်ဦးက ပို့စ်တင်ခဲ့တဲ့ ဗန်ဒီဘိခ်ရဲ့ အပြောင်းအရွှေ့သတင်းကို ရက်ရှ်ဖို့ဒ်က Like ပေးလိုက်တာကြောင့်လည်း ပိုလှုပ်ခတ်သွားခဲ့ပါတယ်။

အရင်ဆုံး ဗန်ဒီဘိခ်ဟာ ဘယ်လို ကစားသမားလဲဆိုတာကို ကြည့်ရအောင်ပါ။ အသက် ၂၃နှစ်အရွယ်ပဲရှိသေးတဲ့ ဒီ ဒတ်ချ်လူငယ်ခြေတက်ကစားသမားလေးဟာ ၂၀၁၉-၂၀ ရာသီက အေဂျက်စ်အသင်းနဲ့အတူ ချန်ပီယံလိဂ်မှာ ၄ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့သူပါ။ နောက်ဆုံး ၃ရာသီအတွင်း ပြိုင်ပွဲအရပ်ရပ်သွင်းဂိုး ၄၀ ရှိပါတယ်။

တိုက်စစ်အားသန်သူဖြစ်ပေမယ့် ကွင်းလယ်မှာနေရာစုံ လိုက်ကစားသူဆိုရင်မမှားပါဘူး။ Attacking Roleလား၊ Central Roleလား ဒါမှမဟုတ် Box to Box လိုက်ကစားခိုင်းမလား၊ နေရာစုံလိုက်ကစားနိုင်သူပါ။ ဆိုးလ်ရှားအတွက် ဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ နှစ်ဦးထဲက တစ်ဦးဦး မကစားနိုင်မှာကို စိုးရိမ်စရာ လိုတော့မှာလည်းမဟုတ်ပါဘူး။ ဗန်ဒီဘိခ်ဟာ ဂျာမနီတိုက်စစ်မှူး သောမတ်စ်မူလာလို ကိုယ့်အသင်းတိုက်စစ်ဇုန်မှာ ပြိုင်ဘက်နောက်ခံလူတွေ သတိမထားမိလောက်အောင် နေရာယူ ဂိုးသွင်းတတ်သူပါ။ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ ဂိုးသွင်းခြေပျက်နေချိန်မှာ မန်ယူအတွက် ဗန်ဒီဘိခ်က ဂိုးအရင်းအမြစ်တစ်ခု ဖြစ်လာနိုင်တာအမှန်ပါပဲ။

အကောင်းဆုံးကတော့ ဆိုးလ်ရှားဟာ ၃-၄-၃ မှာ ဗန်ဒီဘိခ်ကို ဘရူနိုဖာနန်ဒက်စ်နဲ့တွဲသုံးနိုင်သလို ပုံမှန် သုံးနေကြ ၄-၃-၃ မှာတော့ ဖာနန်ဒက်စ်ရဲ့ အရန်အဖြစ် အသုံးပြုနိုင်ပြီး ခံစစ်ကို ဦးစားပေးရမယ့်ပွဲမျိုးဆိုရင် ဗန်ဒီဘိခ်ကို False-9 မှာ သုံးလို့ရပါတယ်။ နည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီး ဆိုးလ်ရှားအတွက် ရွေးချယ်စရာအများကြီးရသွားစေနိုင်တဲ့ ကစားသမားခေါ်ယူမှုတစ်ခုလို့ သုံးသပ်ရမှာပါ။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.