Premier League Transfer News

ေလဗာကူဆင္နည္းျပစကားအရ ခ်ဲလ္ဆီးကို ဟာဗတ္ဇ္ ေရာက္ဖို႔ ေသခ်ာသေလာက္ရွိလာ

တနလၤာေန႔က ေလ့က်င့္ေရးအစီအစဥ္ဟာ ခိုင္ ဟာဗတ္ဇ္အတြက္ ေလဗာကူဆင္အသင္းနဲ႔အတူ ေနာက္ဆုံးအႀကိမ္ေလ့က်င့္ခန္းဆင္းတာျဖစ္တယ္လို႔ ေလဗာကူဆင္နည္းျပ ပီတာေဘာ့စ္က အတည္ျပဳလိုက္ၿပီးေနာက္ ခ်ဲလ္ဆီးကို ဒီဂ်ာမနီကြင္းလယ္လူ ေရာက္ဖို႔ ပိုၿပီး နီးစပ္လာခဲ့ပါတယ္။ ေဈးကြက္ေပါက္ေဈး ေပါင္သန္း ၉၀ ေလာက္ တန္ေၾကးရွိတဲ့ အသက္ ၂၁ႏွစ္သားကို ေခၚဖို႔ ခ်ဲလ္ဆီးဘက္က စိတ္ဝင္စားခဲ့တာၾကာပါၿပီ။

ေလဗာကူဆင္နည္းျပ ပီတာေဘာ့စ္က “ကံမေကာင္းဘူးလို႔ပဲ ေျပာရမလား။ ကြၽန္ေတာ္တို႔အသင္းရဲ႕ ကစားသမားအင္အားကို ဆုံးျဖတ္လို႔မရေသးပါဘူး။ ကီဗင္ ေဖာ္လန္နဲ႔ ခိုင္ ဟာဗတ္ဇ္တို႔ႏွစ္ဦးကေတာ့ ကြၽန္ေတာ္တို႔နဲ႔အတူ ေနာက္တစ္ႀကိမ္ ေလ့က်င့္ခန္းျပန္ဆင္းမယ္လို႔ မေမွ်ာ္လင့္ေတာ့ပါဘူး”လို႔ ေျပာပါတယ္။

ဟာဗတ္ဇ္ဟာ တနလၤာေန႔က ဂ်ာမနီအသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းေနၿပီး စပိန္၊ ဆြစ္ဇာလန္တို႔နဲ႔ ကစားမယ့္ UEFA Nations Leagueအတြက္ ျပင္ဆင္ေနပါတယ္။ ဒီၾကားထဲ သူ႔အေျပာင္းအေ႐ႊ႕အတြက္ ခ်ဲလ္ဆီးနဲ႔ ေလဗာကူဆင္အသင္းတာဝန္ရွိသူေတြ အၿပီးသတ္ေဆြးေႏြးဖို႔ရွိေနပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီက ကစားသမားဝယ္ခြင့္မရခဲ့တဲ့ ခ်ဲလ္ဆီးဟာ ဒီႏွစ္ေႏြရာသီမွာေတာ့ တီမိုဝါနာ၊ ဇီယက္ခ်္၊ ဘန္ခ်ီဝဲလ္၊ မာလန္ဆားနဲ႔ သီယာဂိုေဆးလ္ဗားတို႔ကို ေခၚထားၿပီး ရာသီသစ္အတြက္ အေကာင္းဆုံး ျပင္ဆင္ေနပါတယ္။ ဟာဗတ္ဇ္ကို အၿပီးသတ္ေခၚႏိုင္ခဲ့ရင္ ဘာကေလနဲ႔ ေလာ့ဖ္တပ္စ္ခ်ိခ္တို႔လို ကြင္းလယ္လူေတြကို ခ်ဲလ္ဆီး ထုတ္ေရာင္းသြားဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: တနင်္လာနေ့က လေ့ကျင့်ရေးအစီအစဉ်ဟာ ခိုင် ဟာဗတ်ဇ်အတွက် လေဗာကူဆင်အသင်းနဲ့အတူ နောက်ဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းတာဖြစ်တယ်လို့ လေဗာကူဆင်နည်းပြ ပီတာဘော့စ်က အတည်ပြုလိုက်ပြီးနောက် ချဲလ်ဆီးကို ဒီဂျာမနီကွင်းလယ်လူ ရောက်ဖို့ ပိုပြီး နီးစပ်လာခဲ့ပါတယ်။ ဈေးကွက်ပေါက်ဈေး ပေါင်သန်း ၉၀ လောက် တန်ကြေးရှိတဲ့ အသက် ၂၁နှစ်သားကို ခေါ်ဖို့ ချဲလ်ဆီးဘက်က စိတ်ဝင်စားခဲ့တာကြာပါပြီ။

လေဗာကူဆင်နည်းပြ ပီတာဘော့စ်က “ကံမကောင်းဘူးလို့ပဲ ပြောရမလား။ ကျွန်တော်တို့အသင်းရဲ့ ကစားသမားအင်အားကို ဆုံးဖြတ်လို့မရသေးပါဘူး။ ကီဗင် ဖော်လန်နဲ့ ခိုင် ဟာဗတ်ဇ်တို့နှစ်ဦးကတော့ ကျွန်တော်တို့နဲ့အတူ နောက်တစ်ကြိမ် လေ့ကျင့်ခန်းပြန်ဆင်းမယ်လို့ မမျှော်လင့်တော့ပါဘူး”လို့ ပြောပါတယ်။

ဟာဗတ်ဇ်ဟာ တနင်္လာနေ့က ဂျာမနီအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီး စပိန်၊ ဆွစ်ဇာလန်တို့နဲ့ ကစားမယ့် UEFA Nations Leagueအတွက် ပြင်ဆင်နေပါတယ်။ ဒီကြားထဲ သူ့အပြောင်းအရွှေ့အတွက် ချဲလ်ဆီးနဲ့ လေဗာကူဆင်အသင်းတာဝန်ရှိသူတွေ အပြီးသတ်ဆွေးနွေးဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ကစားသမားဝယ်ခွင့်မရခဲ့တဲ့ ချဲလ်ဆီးဟာ ဒီနှစ်နွေရာသီမှာတော့ တီမိုဝါနာ၊ ဇီယက်ချ်၊ ဘန်ချီဝဲလ်၊ မာလန်ဆားနဲ့ သီယာဂိုဆေးလ်ဗားတို့ကို ခေါ်ထားပြီး ရာသီသစ်အတွက် အကောင်းဆုံး ပြင်ဆင်နေပါတယ်။ ဟာဗတ်ဇ်ကို အပြီးသတ်ခေါ်နိုင်ခဲ့ရင် ဘာကလေနဲ့ လော့ဖ်တပ်စ်ချိခ်တို့လို ကွင်းလယ်လူတွေကို ချဲလ်ဆီး ထုတ်ရောင်းသွားဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.