Premier League

ယူကရိန်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲက ရှုံးကြွေးပြန်ဆပ်ခဲ့တဲ့ စကော့တလန်

စကော့တလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဂေါ်ဒန်၊ ခံစစ်မှာ ဟင်ဒရီ၊ မက်ကင်နာ၊ တီယာနီနဲ့ ပက်တာဆန်တို့ကို အသုံးပြုလာခဲ့ပြီး ကွင်းလယ်မှာတော့ မက်ဂရီဂါ၊ မက်တော်မီနေးနဲ့ မက်ဂင်းတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ခရစ္စတီး၊ အမ်းစ်ထရောင်းနဲ့ ရှေအက်ဒမ်စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ယူကရိန်းတို့ကတော့ ဂိုးသမား ထရူဘင်၊ ခံစစ်မှာ မက်ဗီယန်ကို၊ ဘွန်ဒါ၊ ကာရာဗာယက်ဗ်နဲ့ မီခေလီချင်ကိုတို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ စတီပါနင်ကို၊ ပီခါလီနော့ခ်၊ မာလီနော့ဗ်စကီး၊ ယာမိုလန်ကိုနဲ့ မူဒရစ်ခ်တို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဒေါ့ဗစ်ခ်တစ်ဦးတည်းကို တင်ကစားခဲ့တာပါ။

စကော့တလန်ညာခြမ်းက အဲဗာတန်နောက်ခံလူ ပက်တာဆန်အနေနဲ့ ယူကရိန်း ဘယ်တောင်ပံက မူဒရစ်ခ်ရဲ့ ပြေးအားတိုးအားတွေကို မနည်း ထိန်းချုပ်နေခဲ့ရပြီး ဒဏ်ရာပါ ရသွားခဲ့လို့ ဘရန့်ဖို့ဒ်ရဲ့ ဟစ်ကီနဲ့ လူစားလဲခဲ့ရသလို ကွင်းလယ်မှာတော့ အိမ်ရှင်တွေက သာလွန်ခဲ့ပြီး တောင်ပံတွေမှာတော့ ဧည့်သည်တွေက ပိုအလုပ်ဖြစ်ခဲ့ပါတယ်။

အုပ်စုတွင်းမှာ အပြိုင်ဖြစ်နေခဲ့တဲ့ နှစ်သင်းစလုံးအနေနဲ့ တစ်အသင်းအမှားကို တစ်သင်း စောင့်ကစားသွားခဲ့ပြီး အိမ်ရှင်တွေဘက်က အခွင့်အရေးတွေကိုတော့ အထောင်က ရှေအက်ဒမ်စ်နဲ့ တောင်ပံဘက်က အမ်းစ်ထရောင်းတို့ ညံ့နေခဲ့လို့ အလုပ်မဖြစ်ဘဲ လွဲချော်နေခဲ့ကြသလို ပထမပိုင်းမှာတော့ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ကွင်းလယ်ပိုင်းက သာလွန်တဲ့ အိမ်ရှင် စကော့တလန်တို့က ပိုမိုအလုပ်ဖြစ်လာခဲ့ပြီး ယူကရိန်းတို့ကတော့ အဝေးဘောတွေနဲ့ လျင်မြန်မှုကို ဦးစားပေးပြီး ပြန်လည်ဖိအားပေးနိုင်ဖို့ ကြိုးစားနေခဲ့သလို မူဒရစ်ခ်ကတော့ အခွင့်အရေးကို ကန်သလိုလို ပေးသလိုလိုလုပ်သွားလို့ ဧည့်သည်တွေ နစ်နာခဲ့ရသလို ပွဲချိန် ၆၃ မိနစ်မှာ ရှေအက်ဒမ်စ်ရဲ့ ခေါင်းတိုက်ချက်ကတော့ ဘားထိထွက်သွားခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ စကော့တလန်တို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဆက်တိုက်ဆိုသလို အခွင့်အရေးတွေ ရှာဖွေနေခဲ့တဲ့ တိုက်စစ်ပိုင်းက ဖိအားပေးမှုကနေ တီယာနီနဲ့ ယူကရိန်းကွင်းလယ်လူ ပီခါလီနော့ခ်တို့ လုရင်း ပျက်လာတဲ့ ဘောလုံးကို ဧရိယာထဲကနေ ရသွားခဲ့တဲ့ မက်ဂင်းက အနိမ့်ဘော အပြင်းကန်သွင်းပြီး ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဂိုးရအပြီးမှာတော့ စကော့တလန်ဘက်က ရှေအက်ဒမ်စ်နဲ့ အမ်းစ်ထရောင်းတို့အစား ဒိုက်ခ်နဲ့ ဖရေဆာတို့ ဝင်လာခဲ့သလို ပွဲချိန် မိနစ် ၈၀ မှာတော့ တီယာနီရဲ့ ကန်ချက်ကနေ ရတဲ့ ထောင့်ကန်ဘောကို ဖရေဆာ ကန်တင်ပေးရာမှာ သူနဲ့အတူ လူစားဝင်လာတဲ့ တိုက်စစ်မှူး ဒိုက်ခ်က အဝေးတိုင်ဘက်ကို မြေထောက်ခေါင်းတိုက်ချက်နဲ့ သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၈၇ မိနစ်မှာတော့ ယူကရိန်းတို့ကို အပြီးတိုင် ပြိုလဲစေမယ့် သွင်းဂိုးကို စကော့တလန်တို့ ရယူသွားခဲ့ကြပြီးလည်း ဖရေဆာ-ဒိုက်ခ်အတွဲကပဲ ရယူသွားခဲ့ကြသလို ဘယ်ထောင့်ကန်ဘောကနေပဲ ဖရေဆာက ကန်တင်ပေးရာမှာ ခေါင်းတိုက်ဖျက်ရမယ့်အစား ဝင်တိုက်မိတာကို ဒရာမာခင်းနေခဲ့တဲ့ နောက်ခံလူ မီခေလီချင်ကိုကြောင့် လွတ်နေခဲ့တဲ့ ဒိုက်ခ်က အဝေးတိုင်ဘက်ကို ခေါင်းတိုက်သွင်းပြီး တတိယဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ စကော့တလန်တို့က ယူကရိန်းတို့ကို အိမ်ကွင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဒီဂိုးကြောင့် နေးရှင်းလိဂ်ဘီရဲ့ အုပ်စု(၁)မှာ ပထမနေရာကို ယူကရိန်းဆီကနေ စကော့တလန်တို့ ပြန်လည်လုယူနိုင်ခဲ့ကြသလို လာမယ့်နှစ်မှာ လိဂ်အေဆီ တန်းတက်ခွင့်ရဖို့ အခြေအနေ ကောင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စေကာ့တလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေဂၚဒန္၊ ခံစစ္မွာ ဟင္ဒရီ၊ မက္ကင္နာ၊ တီယာနီနဲ႔ ပက္တာဆန္တို႔ကို အသုံးျပဳလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ မက္ဂရီဂါ၊ မက္ေတာ္မီေနးနဲ႔ မက္ဂင္းတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ခရစၥတီး၊ အမ္းစ္ထေရာင္းနဲ႔ ေရွအက္ဒမ္စ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ယူကရိန္းတို႔ကေတာ့ ဂိုးသမား ထ႐ူဘင္၊ ခံစစ္မွာ မက္ဗီယန္ကို၊ ဘြန္ဒါ၊ ကာရာဗာယက္ဗ္နဲ႔ မီေခလီခ်င္ကိုတို႔ကို ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ စတီပါနင္ကို၊ ပီခါလီေနာ့ခ္၊ မာလီေနာ့ဗ္စကီး၊ ယာမိုလန္ကိုနဲ႔ မူဒရစ္ခ္တို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ေဒါ့ဗစ္ခ္တစ္ဦးတည္းကို တင္ကစားခဲ့တာပါ။

စေကာ့တလန္ညာျခမ္းက အဲဗာတန္ေနာက္ခံလူ ပက္တာဆန္အေနနဲ႔ ယူကရိန္း ဘယ္ေတာင္ပံက မူဒရစ္ခ္ရဲ႕ ေျပးအားတိုးအားေတြကို မနည္း ထိန္းခ်ဳပ္ေနခဲ့ရၿပီး ဒဏ္ရာပါ ရသြားခဲ့လို႔ ဘရန႔္ဖို႔ဒ္ရဲ႕ ဟစ္ကီနဲ႔ လူစားလဲခဲ့ရသလို ကြင္းလယ္မွာေတာ့ အိမ္ရွင္ေတြက သာလြန္ခဲ့ၿပီး ေတာင္ပံေတြမွာေတာ့ ဧည့္သည္ေတြက ပိုအလုပ္ျဖစ္ခဲ့ပါတယ္။

အုပ္စုတြင္းမွာ အၿပိဳင္ျဖစ္ေနခဲ့တဲ့ ႏွစ္သင္းစလုံးအေနနဲ႔ တစ္အသင္းအမွားကို တစ္သင္း ေစာင့္ကစားသြားခဲ့ၿပီး အိမ္ရွင္ေတြဘက္က အခြင့္အေရးေတြကိုေတာ့ အေထာင္က ေရွအက္ဒမ္စ္နဲ႔ ေတာင္ပံဘက္က အမ္းစ္ထေရာင္းတို႔ ညံ့ေနခဲ့လို႔ အလုပ္မျဖစ္ဘဲ လြဲေခ်ာ္ေနခဲ့ၾကသလို ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ကြင္းလယ္ပိုင္းက သာလြန္တဲ့ အိမ္ရွင္ စေကာ့တလန္တို႔က ပိုမိုအလုပ္ျဖစ္လာခဲ့ၿပီး ယူကရိန္းတို႔ကေတာ့ အေဝးေဘာေတြနဲ႔ လ်င္ျမန္မႈကို ဦးစားေပးၿပီး ျပန္လည္ဖိအားေပးႏိုင္ဖို႔ ႀကိဳးစားေနခဲ့သလို မူဒရစ္ခ္ကေတာ့ အခြင့္အေရးကို ကန္သလိုလို ေပးသလိုလိုလုပ္သြားလို႔ ဧည့္သည္ေတြ နစ္နာခဲ့ရသလို ပြဲခ်ိန္ ၆၃ မိနစ္မွာ ေရွအက္ဒမ္စ္ရဲ႕ ေခါင္းတိုက္ခ်က္ကေတာ့ ဘားထိထြက္သြားခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ စေကာ့တလန္တို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဆက္တိုက္ဆိုသလို အခြင့္အေရးေတြ ရွာေဖြေနခဲ့တဲ့ တိုက္စစ္ပိုင္းက ဖိအားေပးမႈကေန တီယာနီနဲ႔ ယူကရိန္းကြင္းလယ္လူ ပီခါလီေနာ့ခ္တို႔ လုရင္း ပ်က္လာတဲ့ ေဘာလုံးကို ဧရိယာထဲကေန ရသြားခဲ့တဲ့ မက္ဂင္းက အနိမ့္ေဘာ အျပင္းကန္သြင္းၿပီး ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂိုးရအၿပီးမွာေတာ့ စေကာ့တလန္ဘက္က ေရွအက္ဒမ္စ္နဲ႔ အမ္းစ္ထေရာင္းတို႔အစား ဒိုက္ခ္နဲ႔ ဖေရဆာတို႔ ဝင္လာခဲ့သလို ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ တီယာနီရဲ႕ ကန္ခ်က္ကေန ရတဲ့ ေထာင့္ကန္ေဘာကို ဖေရဆာ ကန္တင္ေပးရာမွာ သူနဲ႔အတူ လူစားဝင္လာတဲ့ တိုက္စစ္မႉး ဒိုက္ခ္က အေဝးတိုင္ဘက္ကို ေျမေထာက္ေခါင္းတိုက္ခ်က္နဲ႔ သြင္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ယူကရိန္းတို႔ကို အၿပီးတိုင္ ၿပိဳလဲေစမယ့္ သြင္းဂိုးကို စေကာ့တလန္တို႔ ရယူသြားခဲ့ၾကၿပီးလည္း ဖေရဆာ-ဒိုက္ခ္အတြဲကပဲ ရယူသြားခဲ့ၾကသလို ဘယ္ေထာင့္ကန္ေဘာကေနပဲ ဖေရဆာက ကန္တင္ေပးရာမွာ ေခါင္းတိုက္ဖ်က္ရမယ့္အစား ဝင္တိုက္မိတာကို ဒရာမာခင္းေနခဲ့တဲ့ ေနာက္ခံလူ မီေခလီခ်င္ကိုေၾကာင့္ လြတ္ေနခဲ့တဲ့ ဒိုက္ခ္က အေဝးတိုင္ဘက္ကို ေခါင္းတိုက္သြင္းၿပီး တတိယဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ စေကာ့တလန္တို႔က ယူကရိန္းတို႔ကို အိမ္ကြင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဒီဂိုးေၾကာင့္ ေနးရွင္းလိဂ္ဘီရဲ႕ အုပ္စု(၁)မွာ ပထမေနရာကို ယူကရိန္းဆီကေန စေကာ့တလန္တို႔ ျပန္လည္လုယူႏိုင္ခဲ့ၾကသလို လာမယ့္ႏွစ္မွာ လိဂ္ေအဆီ တန္းတက္ခြင့္ရဖို႔ အေျခအေန ေကာင္းသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.