Article La Liga Premier League Serie A

ဘာစီလိုနာအသင်းကို ဖရိုဖရဲဖြစ်စေခဲ့တဲ့ ကလပ်စံချိန်တင် အဆိုးရွားဆုံး ခေါ်ယူမှုများ

ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ လူအင်အားနဲ့ ပွဲတစ်ပွဲကို စိုးမိုးထားနိုင်တဲ့ သွင်းဂိုးတွေကို ဖြည့်ဆည်းကို တတ်စွမ်းသမျှကို အမြဲလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အသင်းရဲ့ အကောင်းဆုံး ပုံစံကို ရရှိနေတိုင်းမှာ ဘောလုံးပွဲ လောင်းသူတွေအနေနဲ့ ဂိုးပေါ်နဲ့ ဘော်ဒီအပေါ်လောင်းဖို့ ကြိုက်တဲ့ ကြေးဖွင့်လိုက်၊ စိန်ခေါ်ရဲတယ်လို့ ဖြစ်ခဲ့ဖူးချိန်မှာ နေမာ၊ လူးဝစ် ဆွာရက်ဇ်၊ အီတူး၊ ရော်နယ်လ်ဒင်ညိုတို့လို ခေါ်ယူမှုတွေကလည်း ဒါကို အထောက်အကူပေးခဲ့ပါတယ်။

ဒါပေမယ့် သူတို့လို ငွေကြေးမြောက်မြားစွာ သုံးစွဲခဲ့ယူခဲ့ရပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲဖြစ်ခဲ့ပြီး အရင်အသင်းမှာ ကောင်းခဲ့သလောက် နူးကမ့်မှာ သုံးစားမရတော့ဘဲ နှစ်ဦးနှစ်ဖက် အပြန်အလှန် ဖျက်ဆီးသလိုဖြစ်ခဲ့ရတဲ့ ကစားသမားတွေလည်း ရှိခဲ့ရာမှာ ဒီထဲကနေ စံချိန်တင်ခဲ့တဲ့ ၇ ဦးကို ရွေးချယ် ဖော်ပြလိုက်ပါတယ်။

၇။ နယ်လ်ဆန် ဆီမီဒို (၂၀၁၇-၂၀ ယူရို ၃၅ သန်း)
ဒန်နီယယ်လ် အဲလ်ဗက်စ်နေရာကို ဆက်ခံဖို့ ဘင်ဖီကာအသင်းကနေ ခေါ်ယူလိုက်တဲ့ ဆီမီဒိုဟာ ဘရာဇီးလ်သားကြီးရဲ့ ဘယ်ကွာလတီကိုမှ မမီခဲ့သလို သူနဲ့ ပေါ်တူဂီမှာ ခေတ်ပြိုင်ဖြစ်ခဲ့တဲ့ ဂျာအို ကန်ဆယ်လိုကိုလည်း မယှဉ်နိုင်ခဲ့တာပါ။ ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာဟောင်း အဲရစ် အဘီဒယ်လ် ဦးဆောင်တဲ့ နားမလည်ပါးမလည် နည်းစနစ်အဖွဲ့ရဲ့ စိတ်ပျက်စရာလုပ်ရပ်ဖြစ်ခဲ့တဲ့ ပေါ်တူဂီသားဟာ ခံစစ်ပိုင်း ညံ့ဖျင်းသလို လျင်မြန်မှု တစ်ခုတည်းနဲ့သာ ကစားနေရပြီး တိုက်စစ်မှာလည်း အခွင့်အရေးဖန်တီးနိုင်မှုတွေ လျော့ကျလာချိန်မှာတော့ ဝုလ်ဗ်စ်လို အသင်းမျိုးဆီ လွင့်ခဲ့ရတာပါ။

၆။ အန်ဒရီ ဂိုမက်စ် (၂၀၁၆-၁၉ ယူရို ၃၅ သန်း)
ပေါ်တူဂီကွင်းလယ်လူဟာ ဗလင်စီယာအသင်းနဲ့အတူ ခြေစွမ်းပြသနိုင်ခဲ့သလို ယူရို ၂၀၁၆ ချန်ပီယံလက်ရွေးစင်အသင်းမှာလည်း အဓိကကျခဲ့သူ ဖြစ်ပေမယ့် နူးကမ့်မှာတော့ ယောင်ဝါးဝါးဖြစ်ခဲ့ရတာပါ။ ခြေစွမ်းအရ မဆိုးလှပေမယ့် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကတော့ ဆိုးရွားခဲ့ပြီး ဖိအားဒဏ်တွေနဲ့ အသင်းရဲ့ မြင့်မားတဲ့ တောင်းဆိုမှုတွေမှာ လိုက်ပါလုပ်ဆောင်နိုင်ခြင်း မရှိခဲ့သလို သူ့အနေနဲ့ ဘာစီလိုနာမှာ အိမ်ထဲက အိမ်ပြင်တောင် ထွက်ချင်မရှိဘူးလို့ ဝန်ခံခဲ့ဖူးတာဖြစ်ပါတယ်။ အဲဗာတန်မှာလည်း ရုန်းကန်နေရတဲ့ ဂိုမက်စ်ဟာ လက်ရှိမှာတော့ ပြင်သစ်ကလပ် လီလ်မှာ အငှားထွက်ကစားနေတာပါ။

၅။ မီရာလမ် ပီယာနစ်ချ် (၂၀၂၀-၂၂ ယူရိုသန်း ၆၀)
ခြေစွမ်းကောင်းပေမယ့် ကြံ့ခိုင်မှုပိုင်း အားနည်းပြီး ဒဏ်ရာပြဿနာရှိတဲ့ အာသာကို ဂျူဗင်တပ်စ်ဆီ ယူရို ၇၂ သန်းနဲ့ ရောင်းချမှုအပြီး ဘော့စနီးယားလက်ရွေးစင်ကို ယူရိုသန်း ၆၀ နဲ့ ပြန်လည်ခေါ်ယူခဲ့တာပါ။ အလဲအထပ်သဘောမျိုးဖြစ်ခဲ့တဲ့ ယူရို ၁၂ သန်း အမြတ်ထွက်ခဲ့တဲ့ ဘာစီလိုနာတို့ အနေနဲ့ ပီယာနစ်ချ်ကို ပထမရာသီမှာ ပွဲ ၃၀ သာ သုံးစွဲနိုင်ခဲ့ပြီး သူ့ရဲ့ ကစားဟန်နဲ့ အသင်းကိုက်ညီမှုက နည်းပါးခဲ့သလို နည်းပြတွေရဲ့ ဆိုးရွားတဲ့ ကိုင်တွယ်မှုအပြီးမှာ ဘက်ရှီးတပ်စ်ဆီ အငှားချခဲ့ရပြီး လက်ရှိမှာတော့ အီရန်ကလပ် ရှာဂျားကို ပြောင်းရွှေ့ဖို့ စာချုပ်ဖျက်သိမ်းထားခဲ့ရပါတယ်။

၄။ မာတင် ဘရိတ်သ်ဝိတ် (၂၀၂၀-၂၂ ယူရို ၁၈ သန်း)
အသင်းရဲ့ တိုက်စစ်ကစားသမားအများစု ဒဏ်ရာရရှိနေခဲ့လို့ အပြောင်းအရွှေ့ကာလ ပြင်ပမှာ လာလီဂါရဲ့ အထူးခွင့်ပြုချက်နဲ့ ခေါ်ယူခွင့်ရခဲ့တဲ့ ဒိန်းမတ်တိုက်စစ်မှူးဟာ ဘာစီလိုနာကို အံ့အားသင့်စရာအဖြစ် ရောက်ရှိလာခဲ့ပေမယ့် သူတို့တွေရဲ့ နည်းစနစ်ပိုင်း ဦးစားပေးပုံစံမှာ ဘယ်တုန်းကမှ ဘောင်မဝင်ခဲ့တာပါ။ ပိုဆိုးတာက အဲ့ဒီတုန်းက ကြောက်အားလန့်အား ခေါ်ယူမှုဖြစ်ခဲ့တဲ့ ဘရိတ်သ်ဝိတ်ဟာ သူ့ရဲ့ လီဟာနက်စ်အသင်းနဲ့တောင် လာလီဂါ ၄၃ ပွဲမှာ ၁၀ ဂိုးသာ ရရှိခဲ့သူဖြစ်ပြီး နူးကမ့်မှာတော့ ၄၄ ပွဲမှာ ၅ ဂိုးသာ ရရှိခဲ့သလို အသင်းရဲ့ အဆိုးရွားဆုံး‌ ခေါ်ယူမှုတစ်ခုအဖြစ် စာချုပ်ဖျက်သိမ်းချိန်မှာပါ မျက်နှာပျက်ခဲ့ရသေးတာလည်းဖြစ်ပါတယ်။

၃။ ဇလာတန် အီဘရာဟီမိုဗစ်ချ် (၂၀၀၉-၁၀ ယူရို ၆၉.၅ သန်း)
ဆွီဒင်တိုက်စစ်မှူးရဲ့ စီးရီးအေက အမြင့်မားဆုံး ခြေစွမ်းကို ရောက်ရှိနေချိန်မှာ ဘာစီလိုနာတို့အနေနဲ့ ခေါ်ယူခဲ့ပေမယ့် နည်းပြ ဂွါဒီယိုလာ၊ မက်ဆီတို့နဲ့ အကြိတ်အခဲတွေ ဖြစ်ပွားခဲ့မှုမှာ အရပ် ၆ ပေ ၅ လက်မနဲ့ ညာတောင်ပံထွက်ကစားရတဲ့အထိဖြစ်ခဲ့ရပြီး အရာအားလုံး‌ စောင်တလွဲဖြစ်ခဲ့ရတဲ့ အပြောင်းအရွှေ့တစ်ခုအဖြစ်သာ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ပိုဆိုးတာက သူတို့တွေ ယူရိုသန်း ၂၀ တန်ဖိုးဖြတ်ပြီး အင်တာကို အလိုက်ပေးခဲ့တဲ့ တိုက်စစ်မှူး ဆင်မြူယယ်လ် အီတူးက အီတလီကလပ်ကို ချန်ပီယံလိဂ်အပါအဝင် ဖလားသုံးလုံးရယူပေးခဲ့တာဖြစ်ပြီး ဘာစီလိုနာတို့ကတော့ အဲ့ဒီရာသီမှာ ဆီမီးဖိုင်နယ်က လှည့်ပြန်ခဲ့ရတာပါ။

၂။ အွန်ထွာ ဂရစ်ဇ်မန်း (၂၀၁၉-လက်ရှိ ယူရို သန်း ၁၂၀)
ပြင်သစ်တိုက်စစ်မှူးကို ဘာစီလိုနာတို့က အက်သလက်တီကိုကနေ စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းနဲ့ နှစ်ရာသီ ကစားရာမှာ ထင်သလောက် ခြေစွမ်းမပြနိုင်တာကြောင့် အသင်းဟောင်းဆီ အငှားနဲ့ ပြန်ပို့ခဲ့ရသလို သိပ်မကောင်းလှတဲ့ ခြေစွမ်းကြောင့် ဟိုဘက်ကလည်း ပြန်ခေါ်ဖို့ အင်တင်တင်လုပ်နေပြီး အငှားစာချုပ်က သတ်မှတ်ပွဲအရေအတွက်ကို ကစားခဲ့ရင် ယူရိုသန်း ၄၀ နဲ့ ခေါ်ရမှာစိုးလို့တောင် လူစားဝင်အဖြစ်ပဲ ချွေတာနေခဲ့တာ ဖြစ်ပါတယ်။ နူးကမ့်ဘက်က တရားစွဲမယ်တောင်ဖြစ်ခဲ့ရပြီး နောက်ဆုံးမှာတော့ ယူရို ၂၅ သန်းနဲ့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

၁။ ဖလိပီ ကော်တင်ညို (၂၀၁၈-၂၂ ယူရိုသန်း ၁၆၀)
လီဗာပူးလ်အသင်းကနေ အမြင့်မားဆုံးခြေစွမ်းရနေချိန်မှာ အပိုင်ပဲဆိုပြီး ဇန်နဝါရီမှာ ကောက်သိမ်းသွားခဲ့တဲ့ ဘာစီလိုနာတို့အတွက် မယ်မယ်ရရ မရှိတဲ့ နည်းစနစ်အဖွဲ့တွေနဲ့ နည်းပြတွေရဲ့ အသုံးမကျမှုမှာ ကော်တင်ညိုတစ်ယောက် ဓားစာခံဖြစ်ခဲ့ရပါတယ်။ ခြေစွမ်းမပြနိုင်တာက သူ့ရဲ့အပြစ် မဟုတ်ဘူးဆိုတာ နူးကမ့်ကို ဘိုင်ယန်မြူးနစ်မှာ အငှားထွက်ကစားရင်း ပြန်လာပြီး ရှစ်ဂိုး-နှစ်ဂိုးပွဲမှာ နှစ်ဂိုးသွင်း ခြောက်လှန့်ပြခဲ့တာကြောင့် အသင်းနဲ့ပါ မကြည်မလင် ဖြစ်ခဲ့ရပြီး နောက်နှစ်ရာသီမှာ အရန်ကစားသမားအဖြစ်သာ ရှိနေခဲ့သလို ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အက်စ်တန်ဗီလာကို အငှားချခဲ့ပြီး ဒီနွေမှာတော့ ယူရိုသန်း ၂၀ နဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ သူတို႔ရဲ႕ လူအင္အားနဲ႔ ပြဲတစ္ပြဲကို စိုးမိုးထားႏိုင္တဲ့ သြင္းဂိုးေတြကို ျဖည့္ဆည္းကို တတ္စြမ္းသမွ်ကို အၿမဲလုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ အသင္းရဲ႕ အေကာင္းဆုံး ပုံစံကို ရရွိေနတိုင္းမွာ ေဘာလုံးပြဲ ေလာင္းသူေတြအေနနဲ႔ ဂိုးေပၚနဲ႔ ေဘာ္ဒီအေပၚေလာင္းဖို႔ ႀကိဳက္တဲ့ ေၾကးဖြင့္လိုက္၊ စိန္ေခၚရဲတယ္လို႔ ျဖစ္ခဲ့ဖူးခ်ိန္မွာ ေနမာ၊ လူးဝစ္ ဆြာရက္ဇ္၊ အီတူး၊ ေရာ္နယ္လ္ဒင္ညိဳတို႔လို ေခၚယူမႈေတြကလည္း ဒါကို အေထာက္အကူေပးခဲ့ပါတယ္။

ဒါေပမယ့္ သူတို႔လို ေငြေၾကးေျမာက္ျမားစြာ သုံးစြဲခဲ့ယူခဲ့ရေပမယ့္ မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္ဘဲျဖစ္ခဲ့ၿပီး အရင္အသင္းမွာ ေကာင္းခဲ့သေလာက္ ႏူးကမ့္မွာ သုံးစားမရေတာ့ဘဲ ႏွစ္ဦးႏွစ္ဖက္ အျပန္အလွန္ ဖ်က္ဆီးသလိုျဖစ္ခဲ့ရတဲ့ ကစားသမားေတြလည္း ရွိခဲ့ရာမွာ ဒီထဲကေန စံခ်ိန္တင္ခဲ့တဲ့ ၇ ဦးကို ေ႐ြးခ်ယ္ ေဖာ္ျပလိုက္ပါတယ္။

၇။ နယ္လ္ဆန္ ဆီမီဒို (၂၀၁၇-၂၀ ယူ႐ို ၃၅ သန္း)
ဒန္နီယယ္လ္ အဲလ္ဗက္စ္ေနရာကို ဆက္ခံဖို႔ ဘင္ဖီကာအသင္းကေန ေခၚယူလိုက္တဲ့ ဆီမီဒိုဟာ ဘရာဇီးလ္သားႀကီးရဲ႕ ဘယ္ကြာလတီကိုမွ မမီခဲ့သလို သူနဲ႔ ေပၚတူဂီမွာ ေခတ္ၿပိဳင္ျဖစ္ခဲ့တဲ့ ဂ်ာအို ကန္ဆယ္လိုကိုလည္း မယွဥ္ႏိုင္ခဲ့တာပါ။ ဘာစီလိုနာအသင္းရဲ႕ အားကစားဒါ႐ိုက္တာေဟာင္း အဲရစ္ အဘီဒယ္လ္ ဦးေဆာင္တဲ့ နားမလည္ပါးမလည္ နည္းစနစ္အဖြဲ႕ရဲ႕ စိတ္ပ်က္စရာလုပ္ရပ္ျဖစ္ခဲ့တဲ့ ေပၚတူဂီသားဟာ ခံစစ္ပိုင္း ညံ့ဖ်င္းသလို လ်င္ျမန္မႈ တစ္ခုတည္းနဲ႔သာ ကစားေနရၿပီး တိုက္စစ္မွာလည္း အခြင့္အေရးဖန္တီးႏိုင္မႈေတြ ေလ်ာ့က်လာခ်ိန္မွာေတာ့ ဝုလ္ဗ္စ္လို အသင္းမ်ိဳးဆီ လြင့္ခဲ့ရတာပါ။

၆။ အန္ဒရီ ဂိုမက္စ္ (၂၀၁၆-၁၉ ယူ႐ို ၃၅ သန္း)
ေပၚတူဂီကြင္းလယ္လူဟာ ဗလင္စီယာအသင္းနဲ႔အတူ ေျခစြမ္းျပသႏိုင္ခဲ့သလို ယူ႐ို ၂၀၁၆ ခ်န္ပီယံလက္ေ႐ြးစင္အသင္းမွာလည္း အဓိကက်ခဲ့သူ ျဖစ္ေပမယ့္ ႏူးကမ့္မွာေတာ့ ေယာင္ဝါးဝါးျဖစ္ခဲ့ရတာပါ။ ေျခစြမ္းအရ မဆိုးလွေပမယ့္ သူ႔ရဲ႕ စိတ္ပိုင္းဆိုင္ရာကေတာ့ ဆိုး႐ြားခဲ့ၿပီး ဖိအားဒဏ္ေတြနဲ႔ အသင္းရဲ႕ ျမင့္မားတဲ့ ေတာင္းဆိုမႈေတြမွာ လိုက္ပါလုပ္ေဆာင္ႏိုင္ျခင္း မရွိခဲ့သလို သူ႔အေနနဲ႔ ဘာစီလိုနာမွာ အိမ္ထဲက အိမ္ျပင္ေတာင္ ထြက္ခ်င္မရွိဘူးလို႔ ဝန္ခံခဲ့ဖူးတာျဖစ္ပါတယ္။ အဲဗာတန္မွာလည္း ႐ုန္းကန္ေနရတဲ့ ဂိုမက္စ္ဟာ လက္ရွိမွာေတာ့ ျပင္သစ္ကလပ္ လီလ္မွာ အငွားထြက္ကစားေနတာပါ။

၅။ မီရာလမ္ ပီယာနစ္ခ်္ (၂၀၂၀-၂၂ ယူ႐ိုသန္း ၆၀)
ေျခစြမ္းေကာင္းေပမယ့္ ႀကံ့ခိုင္မႈပိုင္း အားနည္းၿပီး ဒဏ္ရာျပႆနာရွိတဲ့ အာသာကို ဂ်ဴဗင္တပ္စ္ဆီ ယူ႐ို ၇၂ သန္းနဲ႔ ေရာင္းခ်မႈအၿပီး ေဘာ့စနီးယားလက္ေ႐ြးစင္ကို ယူ႐ိုသန္း ၆၀ နဲ႔ ျပန္လည္ေခၚယူခဲ့တာပါ။ အလဲအထပ္သေဘာမ်ိဳးျဖစ္ခဲ့တဲ့ ယူ႐ို ၁၂ သန္း အျမတ္ထြက္ခဲ့တဲ့ ဘာစီလိုနာတို႔ အေနနဲ႔ ပီယာနစ္ခ်္ကို ပထမရာသီမွာ ပြဲ ၃၀ သာ သုံးစြဲႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ကစားဟန္နဲ႔ အသင္းကိုက္ညီမႈက နည္းပါးခဲ့သလို နည္းျပေတြရဲ႕ ဆိုး႐ြားတဲ့ ကိုင္တြယ္မႈအၿပီးမွာ ဘက္ရွီးတပ္စ္ဆီ အငွားခ်ခဲ့ရၿပီး လက္ရွိမွာေတာ့ အီရန္ကလပ္ ရွာဂ်ားကို ေျပာင္းေ႐ႊ႕ဖို႔ စာခ်ဳပ္ဖ်က္သိမ္းထားခဲ့ရပါတယ္။

၄။ မာတင္ ဘရိတ္သ္ဝိတ္ (၂၀၂၀-၂၂ ယူ႐ို ၁၈ သန္း)
အသင္းရဲ႕ တိုက္စစ္ကစားသမားအမ်ားစု ဒဏ္ရာရရွိေနခဲ့လို႔ အေျပာင္းအေ႐ႊ႕ကာလ ျပင္ပမွာ လာလီဂါရဲ႕ အထူးခြင့္ျပဳခ်က္နဲ႔ ေခၚယူခြင့္ရခဲ့တဲ့ ဒိန္းမတ္တိုက္စစ္မႉးဟာ ဘာစီလိုနာကို အံ့အားသင့္စရာအျဖစ္ ေရာက္ရွိလာခဲ့ေပမယ့္ သူတို႔ေတြရဲ႕ နည္းစနစ္ပိုင္း ဦးစားေပးပုံစံမွာ ဘယ္တုန္းကမွ ေဘာင္မဝင္ခဲ့တာပါ။ ပိုဆိုးတာက အဲ့ဒီတုန္းက ေၾကာက္အားလန႔္အား ေခၚယူမႈျဖစ္ခဲ့တဲ့ ဘရိတ္သ္ဝိတ္ဟာ သူ႔ရဲ႕ လီဟာနက္စ္အသင္းနဲ႔ေတာင္ လာလီဂါ ၄၃ ပြဲမွာ ၁၀ ဂိုးသာ ရရွိခဲ့သူျဖစ္ၿပီး ႏူးကမ့္မွာေတာ့ ၄၄ ပြဲမွာ ၅ ဂိုးသာ ရရွိခဲ့သလို အသင္းရဲ႕ အဆိုး႐ြားဆုံး‌ ေခၚယူမႈတစ္ခုအျဖစ္ စာခ်ဳပ္ဖ်က္သိမ္းခ်ိန္မွာပါ မ်က္ႏွာပ်က္ခဲ့ရေသးတာလည္းျဖစ္ပါတယ္။

၃။ ဇလာတန္ အီဘရာဟီမိုဗစ္ခ်္ (၂၀၀၉-၁၀ ယူ႐ို ၆၉.၅ သန္း)
ဆြီဒင္တိုက္စစ္မႉးရဲ႕ စီးရီးေအက အျမင့္မားဆုံး ေျခစြမ္းကို ေရာက္ရွိေနခ်ိန္မွာ ဘာစီလိုနာတို႔အေနနဲ႔ ေခၚယူခဲ့ေပမယ့္ နည္းျပ ဂြါဒီယိုလာ၊ မက္ဆီတို႔နဲ႔ အႀကိတ္အခဲေတြ ျဖစ္ပြားခဲ့မႈမွာ အရပ္ ၆ ေပ ၅ လက္မနဲ႔ ညာေတာင္ပံထြက္ကစားရတဲ့အထိျဖစ္ခဲ့ရၿပီး အရာအားလုံး‌ ေစာင္တလြဲျဖစ္ခဲ့ရတဲ့ အေျပာင္းအေ႐ႊ႕တစ္ခုအျဖစ္သာ ရလဒ္ထြက္ေပၚခဲ့ပါတယ္။ ပိုဆိုးတာက သူတို႔ေတြ ယူ႐ိုသန္း ၂၀ တန္ဖိုးျဖတ္ၿပီး အင္တာကို အလိုက္ေပးခဲ့တဲ့ တိုက္စစ္မႉး ဆင္ျမဴယယ္လ္ အီတူးက အီတလီကလပ္ကို ခ်န္ပီယံလိဂ္အပါအဝင္ ဖလားသုံးလုံးရယူေပးခဲ့တာျဖစ္ၿပီး ဘာစီလိုနာတို႔ကေတာ့ အဲ့ဒီရာသီမွာ ဆီမီးဖိုင္နယ္က လွည့္ျပန္ခဲ့ရတာပါ။

၂။ အြန္ထြာ ဂရစ္ဇ္မန္း (၂၀၁၉-လက္ရွိ ယူ႐ို သန္း ၁၂၀)
ျပင္သစ္တိုက္စစ္မႉးကို ဘာစီလိုနာတို႔က အက္သလက္တီကိုကေန စာခ်ဳပ္ဖ်က္သိမ္းေၾကးေပးၿပီး ေခၚယူခဲ့တာျဖစ္ၿပီး အသင္းနဲ႔ ႏွစ္ရာသီ ကစားရာမွာ ထင္သေလာက္ ေျခစြမ္းမျပႏိုင္တာေၾကာင့္ အသင္းေဟာင္းဆီ အငွားနဲ႔ ျပန္ပို႔ခဲ့ရသလို သိပ္မေကာင္းလွတဲ့ ေျခစြမ္းေၾကာင့္ ဟိုဘက္ကလည္း ျပန္ေခၚဖို႔ အင္တင္တင္လုပ္ေနၿပီး အငွားစာခ်ဳပ္က သတ္မွတ္ပြဲအေရအတြက္ကို ကစားခဲ့ရင္ ယူ႐ိုသန္း ၄၀ နဲ႔ ေခၚရမွာစိုးလို႔ေတာင္ လူစားဝင္အျဖစ္ပဲ ေခြၽတာေနခဲ့တာ ျဖစ္ပါတယ္။ ႏူးကမ့္ဘက္က တရားစြဲမယ္ေတာင္ျဖစ္ခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ ယူ႐ို ၂၅ သန္းနဲ႔ သေဘာတူညီခဲ့တယ္လို႔ သိရပါတယ္။

၁။ ဖလိပီ ေကာ္တင္ညိဳ (၂၀၁၈-၂၂ ယူ႐ိုသန္း ၁၆၀)
လီဗာပူးလ္အသင္းကေန အျမင့္မားဆုံးေျခစြမ္းရေနခ်ိန္မွာ အပိုင္ပဲဆိုၿပီး ဇန္နဝါရီမွာ ေကာက္သိမ္းသြားခဲ့တဲ့ ဘာစီလိုနာတို႔အတြက္ မယ္မယ္ရရ မရွိတဲ့ နည္းစနစ္အဖြဲ႕ေတြနဲ႔ နည္းျပေတြရဲ႕ အသုံးမက်မႈမွာ ေကာ္တင္ညိဳတစ္ေယာက္ ဓားစာခံျဖစ္ခဲ့ရပါတယ္။ ေျခစြမ္းမျပႏိုင္တာက သူ႔ရဲ႕အျပစ္ မဟုတ္ဘူးဆိုတာ ႏူးကမ့္ကို ဘိုင္ယန္ျမဴးနစ္မွာ အငွားထြက္ကစားရင္း ျပန္လာၿပီး ရွစ္ဂိုး-ႏွစ္ဂိုးပြဲမွာ ႏွစ္ဂိုးသြင္း ေျခာက္လွန႔္ျပခဲ့တာေၾကာင့္ အသင္းနဲ႔ပါ မၾကည္မလင္ ျဖစ္ခဲ့ရၿပီး ေနာက္ႏွစ္ရာသီမွာ အရန္ကစားသမားအျဖစ္သာ ရွိေနခဲ့သလို ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ အက္စ္တန္ဗီလာကို အငွားခ်ခဲ့ၿပီး ဒီေႏြမွာေတာ့ ယူ႐ိုသန္း ၂၀ နဲ႔ အၿပီးသတ္ ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.