Premier League Transfer News

စိတ်ပျက်စရာ ကြယ်ပွင့်ကြောင့် လူသစ် ဒိန်းမတ်သားကို ခေါ်ဖို့ နီးစပ်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ လက်ရှိ ကစားသမားစာရင်းကို မလုံလောက်သေးဘူးလို့ ယူဆနေပြီး ပွဲကြီးတွေနဲ့ ပွဲငယ်တွေကြားမှာ လူကြီးနဲ့ လူငယ်ကစားသမားတွေကို အလှည့်ကျ အနားပေးသုံးစွဲဖို့ အဆင်မပြေနိုင်သေးချိန်မှာ သူတို့ရဲ့ လူအင်အားကို လာမယ့် ဇန်နဝါရီမှာ ဘွန်ဒက်စ်လီဂါ အခြေစိုက် ဒိန်းမတ်တောင်ပံသမားတစ်ဦးနဲ့ အားဖြည့်သွားဖို့ ဆွေးနွေးနေပြီဖြစ်ပါတယ်။

ရာသီအစက အာဆင်နယ်လူစာရင်းရဲ့ တောင်ပံသမားအုပ်စုထဲမှာ ဘူကာယို ဆာကာ၊ ဂါဘရီယယ်လ် မာတီနယ်လီ၊ အီမီးလ် စမစ်ရိုး၊ ရီးစ် နယ်လ်ဆန်၊ မားကင်ညို့စ်တို့ ၅ ဦး စာရင်းပေါက်ခဲ့ရာမှာ ရှေ့က ကစားသမား ၄ ဦးကြောင့် နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ဆော်ပေါ်လိုက ရောက်လာတဲ့ ဘရာဇီးလ်လူငယ်ကို အငှားချဖို့တောင် စဉ်းစားခဲ့သေးပေမယ့် ပွဲတွေ စတင်ချိန်မှာပဲ အစီအစဉ် ပြောင်းခဲ့ရတာပါ။

ကိုယ့်အသင်းအတွက် ကစားပေးဖို့ဆို ဒဏ်ရာမှတ်တမ်းက ရွံစရာကောင်းလွန်းနေတဲ့ နယ်လ်ဆန်နဲ့ စမစ်ရိုးတို့ဟာ သူတို့အတွက် အစီအစဉ်တွေ မရေးဆွဲနိုင်ခင်မှာပဲ ဂီလာနဖြစ်သွားခဲ့ကြပြီး လက်ရှိအချိန်အထိ အသင်းကို ကူညီမပေးနိုင်သေးသလို အဆိုပါ ဂျာမနီပြန်နှစ်ဦးအနေနဲ့ ပရိသတ်တွေရဲ့ စိတ်မရှည်ခြင်းတွေနဲ့လည်း ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းအတွက် ပြီးခဲ့တဲ့ ရာသီမှာ ၃၇ ပွဲကစားပြီး ၁၁ ဂိုး သွင်းယူပေးခဲ့တဲ့ ကစားသမားဟာ ကြံ့ခိုင်မှုအနေအထားမှာတော့ အကောင်းဆုံး ရှိမနေဘဲ တချို့ပွဲစဉ်တွေကို အရန်ခုံကသာ စတင်နိုင်ခဲ့သလို ပရီးမီးယားလိဂ် ၁၀ ဂိုး ရရှိခဲ့ပေမယ့်လည်း သူ့ရဲ့ ပွဲဆက်များမှုမှာ သိသာလာတဲ့ သက်လုံနဲ့ စွမ်းဆောင်ရည်ကတော့ ပန်းဝင်ချိန်တွေမှာ ကျဆင်းခဲ့သေးတာပါ။

စမစ်ရိုးရဲ့ ဒဏ်ရာကြောင့် အာဆင်နယ်တို့အနေနဲ့ အငှားချဖို့ စဉ်းစားနေတဲ့ အသက် ၁၉ နှစ်အရွယ် တောင်ပံသမား မားကင်ညို့စ်ကို အရန်အသင်းကနေ ပြန်ခေါ်ခဲ့ရပြီး ဇူးရစ်ချ်နဲ့ ပြီးခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုအဆင့် ပွဲစဉ်မှာ ပွဲထွက်ခိုင်းခဲ့ရသလို တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပရိသတ်တွေကတော့ သဘောကျနှစ်ခြိုက်ခဲ့ကြပါတယ်။

နည်းပြအဖွဲ့အနေနဲ့ စမစ်ရိုးကို ဘယ်တောင်ပံမှာရော ညာတောင်ပံမှာပါ အလှည့်ကျ အသုံးပြုနိုင်ဖို့ လျာထားခဲ့ပေမယ့် ပရီးမီးယားလိဂ် ၄ ပွဲမှာ လူစားဝင်အဖြစ် ၆ မိနစ်တစ်ပွဲ၊ ၉ မိနစ်တစ်ပွဲ၊ ၁၆ မိနစ် ၂ ပွဲသာ ကစားအပြီးမှာ ပေါင်ခြံဒဏ်ရာ ပြန်ပေါ်လို့ ပစ်ထားခဲ့ရပြန်တာကြောင့် အားကိုးနိုင်ဖို့ လက်လျော့လိုက်တဲ့ ပုံစံမျိုးကို ပြသပြီး ဖရန့်ဖတ်ရဲ့ ဂျက်စပါ လင်းစ်ထရွမ်ကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် လင်းစ်ထရွမ်ကတော့ ညာသန်ကစားသမားတစ်ဦးဖြစ်ပြီး ညာခြမ်းမှာ Traditional Winger အဖြစ် ကစားနိုင်သလို ဘယ်ခြမ်းမှာလည်း Inverted Winger အဖြစ် ကစားနိုင်တဲ့သူဖြစ်လို့ အာဆင်နယ်အသင်းအတွက် အရေးပါတဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ပြီး ဒီရာသီမှာ ကာတာ ကမ္ဘာ့ဖလားကြောင့် ပွဲစဉ်တွေ ကျပ်ချိန်မှာ မာတီနယ်လီနဲ့ ဆာကာကို ကူညီပေးနိုင်ဖို့ ဖြစ်လာမှာပါ။

နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ လင်းစ်ထရွမ်အတွက် ပေါင် ၁၇ သန်း ပေးချေသွားဖို့ ဖရန့်ဖတ်အသင်းနဲ့ ညှိနှိုင်းနေခဲ့ပြီး ကွင်းလယ် တိုက်စစ် နံပါတ် ၁၀ နေရာမှာပါ ကစားနိုင်တဲ့ ဒိန်းမတ်သားကို ဇန်နဝါရီမှာ အမြန်ဆုံး ရရှိနိုင်ဖို့ ပစ်မှတ်ထားနေသလို အိုလက်ဇန်ဒါ ဇင်ချန်ကိုရဲ့ အသင်းဖော် မိုက်ခေလို မူဒရစ်ကိုတော့ စောင့်ကြည့်နေတုန်းပဲလို့ ဆိုပါတယ်။

လင်းစ်ထရွမ်ဟာ ဒိန်းမတ်ကလပ် ဘရွန်ဘီအသင်းကနေ ဖရန့်ဖတ်အသင်းကို ၂၀၂၁-၂၂ ရာသီမှာ ရောက်ရှိလာခဲ့သူဖြစ်ပြီး ဂျာမန်ကလပ်အတွက် ပြိုင်ပွဲစုံမှာ ၄၉ ပွဲကစား ၈ ဂိုး သွင်းယူပေးထားသလို ၉ ဂိုး ဖန်တီးပေးထားပြီး ဒဏ်ရာမှတ်တမ်းလည်း ကောင်းမွန်တဲ့ ကစားသမားမျိုးဖြစ်လို့ စမစ်ရိုးနဲ့ နယ်လ်ဆန်ကို စိတ်ပျက်နေကြတဲ့ ပရိသတ်တွေအတွက် ဖြေဆေးပေးနိုင်လိမ့်မယ်လို့ ယူဆရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ လက္ရွိ ကစားသမားစာရင္းကို မလုံေလာက္ေသးဘူးလို႔ ယူဆေနၿပီး ပြဲႀကီးေတြနဲ႔ ပြဲငယ္ေတြၾကားမွာ လူႀကီးနဲ႔ လူငယ္ကစားသမားေတြကို အလွည့္က် အနားေပးသုံးစြဲဖို႔ အဆင္မေျပႏိုင္ေသးခ်ိန္မွာ သူတို႔ရဲ႕ လူအင္အားကို လာမယ့္ ဇန္နဝါရီမွာ ဘြန္ဒက္စ္လီဂါ အေျခစိုက္ ဒိန္းမတ္ေတာင္ပံသမားတစ္ဦးနဲ႔ အားျဖည့္သြားဖို႔ ေဆြးေႏြးေနၿပီျဖစ္ပါတယ္။

ရာသီအစက အာဆင္နယ္လူစာရင္းရဲ႕ ေတာင္ပံသမားအုပ္စုထဲမွာ ဘူကာယို ဆာကာ၊ ဂါဘရီယယ္လ္ မာတီနယ္လီ၊ အီမီးလ္ စမစ္႐ိုး၊ ရီးစ္ နယ္လ္ဆန္၊ မားကင္ညိဳ႕စ္တို႔ ၅ ဦး စာရင္းေပါက္ခဲ့ရာမွာ ေရွ႕က ကစားသမား ၄ ဦးေၾကာင့္ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ေဆာ္ေပၚလိုက ေရာက္လာတဲ့ ဘရာဇီးလ္လူငယ္ကို အငွားခ်ဖို႔ေတာင္ စဥ္းစားခဲ့ေသးေပမယ့္ ပြဲေတြ စတင္ခ်ိန္မွာပဲ အစီအစဥ္ ေျပာင္းခဲ့ရတာပါ။

ကိုယ့္အသင္းအတြက္ ကစားေပးဖို႔ဆို ဒဏ္ရာမွတ္တမ္းက ႐ြံစရာေကာင္းလြန္းေနတဲ့ နယ္လ္ဆန္နဲ႔ စမစ္႐ိုးတို႔ဟာ သူတို႔အတြက္ အစီအစဥ္ေတြ မေရးဆြဲႏိုင္ခင္မွာပဲ ဂီလာနျဖစ္သြားခဲ့ၾကၿပီး လက္ရွိအခ်ိန္အထိ အသင္းကို ကူညီမေပးႏိုင္ေသးသလို အဆိုပါ ဂ်ာမနီျပန္ႏွစ္ဦးအေနနဲ႔ ပရိသတ္ေတြရဲ႕ စိတ္မရွည္ျခင္းေတြနဲ႔လည္း ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။

အာဆင္နယ္အသင္းအတြက္ ၿပီးခဲ့တဲ့ ရာသီမွာ ၃၇ ပြဲကစားၿပီး ၁၁ ဂိုး သြင္းယူေပးခဲ့တဲ့ ကစားသမားဟာ ႀကံ့ခိုင္မႈအေနအထားမွာေတာ့ အေကာင္းဆုံး ရွိမေနဘဲ တခ်ိဳ႕ပြဲစဥ္ေတြကို အရန္ခုံကသာ စတင္ႏိုင္ခဲ့သလို ပရီးမီးယားလိဂ္ ၁၀ ဂိုး ရရွိခဲ့ေပမယ့္လည္း သူ႔ရဲ႕ ပြဲဆက္မ်ားမႈမွာ သိသာလာတဲ့ သက္လုံနဲ႔ စြမ္းေဆာင္ရည္ကေတာ့ ပန္းဝင္ခ်ိန္ေတြမွာ က်ဆင္းခဲ့ေသးတာပါ။

စမစ္႐ိုးရဲ႕ ဒဏ္ရာေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ အငွားခ်ဖို႔ စဥ္းစားေနတဲ့ အသက္ ၁၉ ႏွစ္အ႐ြယ္ ေတာင္ပံသမား မားကင္ညိဳ႕စ္ကို အရန္အသင္းကေန ျပန္ေခၚခဲ့ရၿပီး ဇူးရစ္ခ်္နဲ႔ ၿပီးခဲ့တဲ့ ယူ႐ိုပါလိဂ္ အုပ္စုအဆင့္ ပြဲစဥ္မွာ ပြဲထြက္ခိုင္းခဲ့ရသလို တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္တီးၿပီး ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြကေတာ့ သေဘာက်ႏွစ္ၿခိဳက္ခဲ့ၾကပါတယ္။

နည္းျပအဖြဲ႕အေနနဲ႔ စမစ္႐ိုးကို ဘယ္ေတာင္ပံမွာေရာ ညာေတာင္ပံမွာပါ အလွည့္က် အသုံးျပဳႏိုင္ဖို႔ လ်ာထားခဲ့ေပမယ့္ ပရီးမီးယားလိဂ္ ၄ ပြဲမွာ လူစားဝင္အျဖစ္ ၆ မိနစ္တစ္ပြဲ၊ ၉ မိနစ္တစ္ပြဲ၊ ၁၆ မိနစ္ ၂ ပြဲသာ ကစားအၿပီးမွာ ေပါင္ၿခံဒဏ္ရာ ျပန္ေပၚလို႔ ပစ္ထားခဲ့ရျပန္တာေၾကာင့္ အားကိုးႏိုင္ဖို႔ လက္ေလ်ာ့လိုက္တဲ့ ပုံစံမ်ိဳးကို ျပသၿပီး ဖရန႔္ဖတ္ရဲ႕ ဂ်က္စပါ လင္းစ္ထ႐ြမ္ကို ေခၚယူလိုေနတာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ လင္းစ္ထ႐ြမ္ကေတာ့ ညာသန္ကစားသမားတစ္ဦးျဖစ္ၿပီး ညာျခမ္းမွာ Traditional Winger အျဖစ္ ကစားႏိုင္သလို ဘယ္ျခမ္းမွာလည္း Inverted Winger အျဖစ္ ကစားႏိုင္တဲ့သူျဖစ္လို႔ အာဆင္နယ္အသင္းအတြက္ အေရးပါတဲ့ ေခၚယူမႈ ျဖစ္လာႏိုင္ၿပီး ဒီရာသီမွာ ကာတာ ကမာၻ႔ဖလားေၾကာင့္ ပြဲစဥ္ေတြ က်ပ္ခ်ိန္မွာ မာတီနယ္လီနဲ႔ ဆာကာကို ကူညီေပးႏိုင္ဖို႔ ျဖစ္လာမွာပါ။

နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ လင္းစ္ထ႐ြမ္အတြက္ ေပါင္ ၁၇ သန္း ေပးေခ်သြားဖို႔ ဖရန႔္ဖတ္အသင္းနဲ႔ ညႇိႏႈိင္းေနခဲ့ၿပီး ကြင္းလယ္ တိုက္စစ္ နံပါတ္ ၁၀ ေနရာမွာပါ ကစားႏိုင္တဲ့ ဒိန္းမတ္သားကို ဇန္နဝါရီမွာ အျမန္ဆုံး ရရွိႏိုင္ဖို႔ ပစ္မွတ္ထားေနသလို အိုလက္ဇန္ဒါ ဇင္ခ်န္ကိုရဲ႕ အသင္းေဖာ္ မိုက္ေခလို မူဒရစ္ကိုေတာ့ ေစာင့္ၾကည့္ေနတုန္းပဲလို႔ ဆိုပါတယ္။

လင္းစ္ထ႐ြမ္ဟာ ဒိန္းမတ္ကလပ္ ဘ႐ြန္ဘီအသင္းကေန ဖရန႔္ဖတ္အသင္းကို ၂၀၂၁-၂၂ ရာသီမွာ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး ဂ်ာမန္ကလပ္အတြက္ ၿပိဳင္ပြဲစုံမွာ ၄၉ ပြဲကစား ၈ ဂိုး သြင္းယူေပးထားသလို ၉ ဂိုး ဖန္တီးေပးထားၿပီး ဒဏ္ရာမွတ္တမ္းလည္း ေကာင္းမြန္တဲ့ ကစားသမားမ်ိဳးျဖစ္လို႔ စမစ္႐ိုးနဲ႔ နယ္လ္ဆန္ကို စိတ္ပ်က္ေနၾကတဲ့ ပရိသတ္ေတြအတြက္ ေျဖေဆးေပးႏိုင္လိမ့္မယ္လို႔ ယူဆရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.