Premier League

ဒီရာသီ ဗိုလ်စွဲနိုင်တဲ့အသင်းအဖြစ် မထင်မှတ်ထားတဲ့အသင်းကို ရွေးချယ်ခဲ့တဲ့ ရိုဒရီ

လက်ရှိအခင်းအကျင်းအရ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲကစားပြီးနောက် ရှုံးပွဲတစ်ပွဲမှ မရှိသေးတဲ့ အသင်းဆိုလို့ မန်ချက်စတာစီးတီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ ၂ သင်းသာရှိနေတာဖြစ်ပြီး မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီက စပါးစ်ကို ချန်ပီယံလောင်းအဖြစ် ရွေးချယ်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးရော တော့တင်ဟမ်ဟော့စပါးပါ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေကြတာမဟုတ်ဘဲ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်ဟာ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ပြီး ၅ ပွဲဆက်နိုင်ပွဲ ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ဟာ တတ်နိုင်သမျှ ရှုံးပွဲမရှိတဲ့ စံချိန်ကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးပမ်းသွားကြမှာဖြစ်ပြီး နည်းပြ ၂ ဦးစလုံးကလည်း ရှုံးပွဲမရှိစံချိန်ကို ကြာနိုင်သမျှ ကြာကြာ ထိန်းသိမ်းသွားချင်ကြမယ်ဆိုတာ သံသယဖြစ်စရာမရှိတာဖြစ်ပါတယ်။

တကယ်တော့ အန်တိုနီယို ကွန်တီရဲ့ စပါးစ်ဟာ ယခုရာသီမှာ ၎င်းတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ပရိသတ်အများစုကို အံ့အားသင့်စေနိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းက မြောက်လန်ဒန်ကလပ်အသင်းရဲ့ ခြေလှမ်းကို စောင့်ကြည့်နေတာဖြစ်ပါတယ်။

အဲဒီထဲမှာ ရိုဒရီလည်း တစ်ဦးအပါအဝင်ဖြစ်ပြီး Gazzetta dello Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မန်စီးတီးနဲ့ စပါးစ်တို့ ပိုင်ဆိုင်ထားတဲ့ ရှုံးပွဲမရှိ စံချိန်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ အခုလို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

“သူတို့တွေမှာ အရမ်းကောင်းမွန်တဲ့ လူစာရင်းရှိပြီး အရမ်းကို ရှင်းလင်းတဲ့ အတွေးအခေါ်ရှိပြီး သူတို့ကို ပြီးပြည်စုံအောင် ဘယ်လိုသယ်ဆောင်သွားပေးရမလဲဆိုတာကို သိတဲ့ နည်းပြတွေလည်း ရှိကြပါတယ်။ သူတို့တွေက သူတို့ ဘာလုပ်ရမယ်ဆိုတာကို သိကြပြီး အဲဒါကို အရမ်းကို တိကျသေချာစွာနဲ့ လုပ်နေကြပါတယ်။ ပရီးမီးယားလိဂ်ဆုဖလားအတွက် ချန်ပီယံလောင်းအဖြစ် ကျွန်တော်ကတော့ စပါးစ်ကိုပဲ မြင်တယ်။ ကွန်တီရဲ့ နည်းပြဘဝ အောင်မြင်မှုတွေက သူ့အလိုလို စကားပြောနေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ယခုနိုင်ငံတကာပွဲစဉ် အားလပ်ရက်တွေအပြီး အောက်တိုဘာလ ၁ ရက်နေ့မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းအိမ်ကွင်း အမ်းမရိတ်စ်ကို သွားရောက်ယှဉ်ပြိုင်သွားရဖို့ ရှိနေပြီး ရိုဒရီရဲ့ တစ်ကြိုပေးမှုဟာ မှန်ကန်လားဆိုတာကို အဲဒီပွဲစဉ်မှာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လက္ရွိအခင္းအက်င္းအရ ပရီးမီးယားလိဂ္ပြဲစဥ္ ၇ ပြဲကစားၿပီးေနာက္ ရႈံးပြဲတစ္ပြဲမွ မရွိေသးတဲ့ အသင္းဆိုလို႔ မန္ခ်က္စတာစီးတီးနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးတို႔ ၂ သင္းသာရွိေနတာျဖစ္ၿပီး မန္စီးတီးကြင္းလယ္ကစားသမား ႐ိုဒရီက စပါးစ္ကို ခ်န္ပီယံေလာင္းအျဖစ္ ေ႐ြးခ်ယ္ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးေရာ ေတာ့တင္ဟမ္ေဟာ့စပါးပါ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနၾကတာမဟုတ္ဘဲ အမွတ္ေပးဇယားထိပ္ဆုံးက အာဆင္နယ္ဟာ မန္ခ်က္စတာယူႏိုက္တက္ကို ရႈံးနိမ့္ၿပီး ၅ ပြဲဆက္ႏိုင္ပြဲ ရပ္တန႔္ခဲ့ရတာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးတို႔ဟာ တတ္ႏိုင္သမွ် ရႈံးပြဲမရွိတဲ့ စံခ်ိန္ကို ဆက္လက္ထိန္းသိမ္းဖို႔ ႀကိဳးပမ္းသြားၾကမွာျဖစ္ၿပီး နည္းျပ ၂ ဦးစလုံးကလည္း ရႈံးပြဲမရွိစံခ်ိန္ကို ၾကာႏိုင္သမွ် ၾကာၾကာ ထိန္းသိမ္းသြားခ်င္ၾကမယ္ဆိုတာ သံသယျဖစ္စရာမရွိတာျဖစ္ပါတယ္။

တကယ္ေတာ့ အန္တိုနီယို ကြန္တီရဲ႕ စပါးစ္ဟာ ယခုရာသီမွာ ၎တို႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပရိသတ္အမ်ားစုကို အံ့အားသင့္ေစႏိုင္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာစီးတီးအသင္းက ေျမာက္လန္ဒန္ကလပ္အသင္းရဲ႕ ေျခလွမ္းကို ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

အဲဒီထဲမွာ ႐ိုဒရီလည္း တစ္ဦးအပါအဝင္ျဖစ္ၿပီး Gazzetta dello Sport နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ မန္စီးတီးနဲ႔ စပါးစ္တို႔ ပိုင္ဆိုင္ထားတဲ့ ရႈံးပြဲမရွိ စံခ်ိန္နဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ အခုလို ေျပာၾကားသြားခဲ့တာ ျဖစ္ပါတယ္။

“သူတို႔ေတြမွာ အရမ္းေကာင္းမြန္တဲ့ လူစာရင္းရွိၿပီး အရမ္းကို ရွင္းလင္းတဲ့ အေတြးအေခၚရွိၿပီး သူတို႔ကို ၿပီးျပည္စုံေအာင္ ဘယ္လိုသယ္ေဆာင္သြားေပးရမလဲဆိုတာကို သိတဲ့ နည္းျပေတြလည္း ရွိၾကပါတယ္။ သူတို႔ေတြက သူတို႔ ဘာလုပ္ရမယ္ဆိုတာကို သိၾကၿပီး အဲဒါကို အရမ္းကို တိက်ေသခ်ာစြာနဲ႔ လုပ္ေနၾကပါတယ္။ ပရီးမီးယားလိဂ္ဆုဖလားအတြက္ ခ်န္ပီယံေလာင္းအျဖစ္ ကြၽန္ေတာ္ကေတာ့ စပါးစ္ကိုပဲ ျမင္တယ္။ ကြန္တီရဲ႕ နည္းျပဘဝ ေအာင္ျမင္မႈေတြက သူ႔အလိုလို စကားေျပာေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ယခုႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္ေတြအၿပီး ေအာက္တိုဘာလ ၁ ရက္ေန႔မွာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ အာဆင္နယ္အသင္းအိမ္ကြင္း အမ္းမရိတ္စ္ကို သြားေရာက္ယွဥ္ၿပိဳင္သြားရဖို႔ ရွိေနၿပီး ႐ိုဒရီရဲ႕ တစ္ႀကိဳေပးမႈဟာ မွန္ကန္လားဆိုတာကို အဲဒီပြဲစဥ္မွာ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.