Premier League Transfer News

21 Sep နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ မိတ်ဆက်ခေါ်ဆောင်လာခဲ့တဲ့ ပရီးမီးယားလိဂ် စံချိန်တင် အငယ်ဆုံး ကစားသမား အီသန် နွမ်နာရီဟာ သူတို့ရဲ့ အသက်အရွယ်တန်းမှာ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်တယ်ဆိုတာ ယုံမှားသံသယရှိစရာ မလိုကြောင်းနဲ့ မန်စီးတီးရဲ့ ဖီးလ် ဖိုဒန်လိုပဲ တောက်ပလာဦးမယ့်သူလို့ ရီယို ဖာဒီနန် တစ်ပေး။

– အခြေကျပြီးသား လက်စတာအသင်းမှာ ဆက်နေခဲ့တဲ့အတွက် နောင်တမရပေမယ့် မကြာခင်အချိန်အတွင်းမှာ သူ့ရဲ့ အေးဂျင့်နဲ့အတူ အနာဂတ်ကို ဆုံးဖြတ်ရလိမ့်မယ်လို့ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ကွင်းလယ်လူ ယူရီ တီးလီးမန်းစ်က ပြောကြားခဲ့တာကြောင့် အီဒူးနဲ့ ဇန်နဝါရီမှာ ရွှေ့ကွက်ကို စောင့်ကြည့်ရဖို့ ရှိလာ။

– နွမ်နာရီကို အသက် ၁၅ နှစ်နဲ့ ၁၈၁ ရက် အရွယ်မှာ ထည့်သွင်းကစားခဲ့မှုအတွက် အားလုံးက ချီးကျူးနေကြပေမယ့် အာဆင်နယ်အတွက်ဆို ဖင်နာဖို့ အသင့်ဖြစ်နေတဲ့ လီဗာပူးလ်ကစားသမားဟောင်း ဒန်နီ မာဖီကတော့ သူ့ကို ခေါ်ဆောင်လာတာဟာ စောလွန်းသေးကြောင်းနဲ့ ကစားသမားအတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်လို့ မဆိုနိုင်ဘဲ အန္တရာယ်များကြောင်း ဝေဖန်သွားခဲ့။

– အာဆင်နယ်အသင်းရဲ့ လိုအပ်နေဆဲ ကွက်လပ်တစ်ခုဖြစ်တဲ့ တောင်ပံကစားသမားတစ်နေရာအတွက် ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ်အသင်းက အသက် ၂၂ နှစ်အရွယ် ကစားသမား ဂျက်စ်ပါ လင်းစ်ထရွမ်ကို အလိုရှိနေပြီး ဒိန်းမတ်သားအတွက် ပေါင် ၁၅ သန်းဝန်းကျင်မှာ အလုပ်ဖြစ်နိုင်မယ်လို့ ခန့်မှန်းနေကြ။

– အာဆင်နယ်အသင်းရဲ့ လက်ပတ်မပါတဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဂရာနစ် ချာကာက နွမ်နာရီကို သူ့ရဲ့ နည်းပြလိုင်စင်အတွက် ယူ-၁၆ နည်းပြတစ်ဦးအဖြစ် ဆောင်ရွက်ရာမှာ မြင်တွေ့ခဲ့ပြီးသားဖြစ်ကြောင်းနဲ့ တခြားကလေးတွေထက် ကွဲပြားခြားနားစွာ ကောင်းမွန်ကြောင်း ပြောကြားခဲ့ပြီး ဘရန့်ဖို့ဒ်ကစားသမားတစ်ဦးနဲ့ ပြောခဲ့ရာမှာတော့ ငါတို့ကို အဘိုးကြီးဖြစ်ပြီလို့ စိတ်ဓာတ်ကျစေမယ့် ကောင်ပဲလို့ မှတ်ချက်ကို ရရှိခဲ့တယ်လို့ ထုတ်ဖော်သွား။

– ဂျူဗင်တပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့လို့ တူရင်ကို နှစ်နှစ်အငှားနဲ့ ရောက်ရှိသွားခဲ့တဲ့ ကွင်းလယ်လူ မန်နျူယယ်လ် လိုကာတယ်လီအနေနဲ့ ဒုတိယမြောက် ရာသီမှာ နည်းပြ အယ်လီဂရီရဲ့ လက်အောက်မှာ ရုန်းကန်နေရတာကြောင့် ဆာဆူအိုလိုဆီကနေ အပြီးသတ် ခေါ်ယူနိုင်ခြေ နည်းလာခဲ့ချိန်မှာ အာဆင်နယ်တို့အနေနဲ့ ကွင်းလယ်လိုအပ်ချက်ကို သူနဲ့ ဖြည့်ဆည်းဖို့ ကြိုးစားဖွယ်ရှိနေ။

– အာဆင်နယ်တို့အနေနဲ့ နွေရာသီ ဈေးကွက်ပိတ်သိမ်းချိန် နောက်ဆုံးနေ့မှာ မခေါ်ယူနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်အတွက် ဇန်နဝါရီမှာ အက်စ်တန်ဗီလာတို့နဲ့ ထပ်မံဆွေးနွေးသွားဖွယ်ရှိနေပြီး ရာသီကုန်အထိသာ ကျန်တော့တဲ့ ဘရာဇီးလ်သားရဲ့ စာချုပ်ကြောင့် ဒီတစ်ကြိမ်မှာတော့ အခြေအနေကောင်းနိုင်မယ်လို့ ယုံကြည်နေပေမယ့် ချဲလ်ဆီးအသင်းနဲ့ ပြိုင်ဆိုင်ရဖို့ရှိနေ။

– လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အာဆင်နယ်အသင်းရဲ့ ပုံစံကောင်းကို ချီးကျူးသွားခဲ့သလို တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ဟာလည်း အာလင်း ဟားလန်းသာ မန်စီးတီးကို ရောက်မလာခဲ့ရင် လူတွေ နှုတ်ဖျားမှာ ရေပန်းအစားဆုံး အကြောင်းအရာဖြစ်နေလိမ့်မယ်လို့ဆို။

– မာဆေးလ်အသင်းကို စရောက်‌ရောက်ချင်းမှာ ပတ္တမြားမှန်ရင် နွံမနစ်ဘူးလို့ တချို့က ချီးကျူးခဲ့ကြပေမယ့် ရင်းနေးနဲ့ သရေကျတဲ့ ပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ တောင်ပံသမား နူနို တာဗာရက်စ်ရဲ့ ခြေစွမ်းက အကန့်အသတ်ရှိနေခဲ့လို့ အာဆင်နယ်တို့ အငှားချခဲ့တာဖြစ်ပြီး သူတို့တွေ ရူးလို့ မဟုတ်ကြောင်း ပြင်သစ်ဂျာနယ်လစ် စတီဖန် ဂီးက မှတ်ချက်ပေးသွား။

– အာဆင်နယ်အသင်းအနေနဲ့ ဝုလ်ဗာဟမ့်ပ်တန်အသင်းဘက်က တောင်းဆိုတဲ့ ပေါင်သန်း ၅၀ ဆိုတဲ့ ငွေကြေးပမာဏကို ပက်ဒရို နီတိုအတွက် မပေးချေခဲ့တာဟာ သိပ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပေါ်တူဂီသားနဲ့ သူ့အသင်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဆိုးရွားတဲ့ စတင်မှုအတွက် Football London သုံးသပ်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ မိတ္ဆက္ေခၚေဆာင္လာခဲ့တဲ့ ပရီးမီးယားလိဂ္ စံခ်ိန္တင္ အငယ္ဆုံး ကစားသမား အီသန္ ႏြမ္နာရီဟာ သူတို႔ရဲ႕ အသက္အ႐ြယ္တန္းမွာ အေကာင္းဆုံးေတြထဲက တစ္ဦးျဖစ္တယ္ဆိုတာ ယုံမွားသံသယရွိစရာ မလိုေၾကာင္းနဲ႔ မန္စီးတီးရဲ႕ ဖီးလ္ ဖိုဒန္လိုပဲ ေတာက္ပလာဦးမယ့္သူလို႔ ရီယို ဖာဒီနန္ တစ္ေပး။

– အေျခက်ၿပီးသား လက္စတာအသင္းမွာ ဆက္ေနခဲ့တဲ့အတြက္ ေနာင္တမရေပမယ့္ မၾကာခင္အခ်ိန္အတြင္းမွာ သူ႔ရဲ႕ ေအးဂ်င့္နဲ႔အတူ အနာဂတ္ကို ဆုံးျဖတ္ရလိမ့္မယ္လို႔ အာဆင္နယ္အသင္းရဲ႕ ပစ္မွတ္ကြင္းလယ္လူ ယူရီ တီးလီးမန္းစ္က ေျပာၾကားခဲ့တာေၾကာင့္ အီဒူးနဲ႔ ဇန္နဝါရီမွာ ေ႐ႊ႕ကြက္ကို ေစာင့္ၾကည့္ရဖို႔ ရွိလာ။

– ႏြမ္နာရီကို အသက္ ၁၅ ႏွစ္နဲ႔ ၁၈၁ ရက္ အ႐ြယ္မွာ ထည့္သြင္းကစားခဲ့မႈအတြက္ အားလုံးက ခ်ီးက်ဴးေနၾကေပမယ့္ အာဆင္နယ္အတြက္ဆို ဖင္နာဖို႔ အသင့္ျဖစ္ေနတဲ့ လီဗာပူးလ္ကစားသမားေဟာင္း ဒန္နီ မာဖီကေတာ့ သူ႔ကို ေခၚေဆာင္လာတာဟာ ေစာလြန္းေသးေၾကာင္းနဲ႔ ကစားသမားအတြက္ အေကာင္းဆုံးျဖစ္မယ့္ ဆုံးျဖတ္ခ်က္လို႔ မဆိုႏိုင္ဘဲ အႏၲရာယ္မ်ားေၾကာင္း ေဝဖန္သြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ လိုအပ္ေနဆဲ ကြက္လပ္တစ္ခုျဖစ္တဲ့ ေတာင္ပံကစားသမားတစ္ေနရာအတြက္ ဘြန္ဒက္စ္လီဂါကလပ္ ဖရန႔္ဖတ္အသင္းက အသက္ ၂၂ ႏွစ္အ႐ြယ္ ကစားသမား ဂ်က္စ္ပါ လင္းစ္ထ႐ြမ္ကို အလိုရွိေနၿပီး ဒိန္းမတ္သားအတြက္ ေပါင္ ၁၅ သန္းဝန္းက်င္မွာ အလုပ္ျဖစ္ႏိုင္မယ္လို႔ ခန႔္မွန္းေနၾက။

– အာဆင္နယ္အသင္းရဲ႕ လက္ပတ္မပါတဲ့ အသင္းေခါင္းေဆာင္ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာက ႏြမ္နာရီကို သူ႔ရဲ႕ နည္းျပလိုင္စင္အတြက္ ယူ-၁၆ နည္းျပတစ္ဦးအျဖစ္ ေဆာင္႐ြက္ရာမွာ ျမင္ေတြ႕ခဲ့ၿပီးသားျဖစ္ေၾကာင္းနဲ႔ တျခားကေလးေတြထက္ ကြဲျပားျခားနားစြာ ေကာင္းမြန္ေၾကာင္း ေျပာၾကားခဲ့ၿပီး ဘရန႔္ဖို႔ဒ္ကစားသမားတစ္ဦးနဲ႔ ေျပာခဲ့ရာမွာေတာ့ ငါတို႔ကို အဘိုးႀကီးျဖစ္ၿပီလို႔ စိတ္ဓာတ္က်ေစမယ့္ ေကာင္ပဲလို႔ မွတ္ခ်က္ကို ရရွိခဲ့တယ္လို႔ ထုတ္ေဖာ္သြား။

– ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ယွဥ္ၿပိဳင္ရာမွာ ရႈံးနိမ့္ခဲ့လို႔ တူရင္ကို ႏွစ္ႏွစ္အငွားနဲ႔ ေရာက္ရွိသြားခဲ့တဲ့ ကြင္းလယ္လူ မန္န်ဴယယ္လ္ လိုကာတယ္လီအေနနဲ႔ ဒုတိယေျမာက္ ရာသီမွာ နည္းျပ အယ္လီဂရီရဲ႕ လက္ေအာက္မွာ ႐ုန္းကန္ေနရတာေၾကာင့္ ဆာဆူအိုလိုဆီကေန အၿပီးသတ္ ေခၚယူႏိုင္ေျခ နည္းလာခဲ့ခ်ိန္မွာ အာဆင္နယ္တို႔အေနနဲ႔ ကြင္းလယ္လိုအပ္ခ်က္ကို သူနဲ႔ ျဖည့္ဆည္းဖို႔ ႀကိဳးစားဖြယ္ရွိေန။

– အာဆင္နယ္တို႔အေနနဲ႔ ေႏြရာသီ ေဈးကြက္ပိတ္သိမ္းခ်ိန္ ေနာက္ဆုံးေန႔မွာ မေခၚယူႏိုင္ခဲ့တဲ့ ကြင္းလယ္လူ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္အတြက္ ဇန္နဝါရီမွာ အက္စ္တန္ဗီလာတို႔နဲ႔ ထပ္မံေဆြးေႏြးသြားဖြယ္ရွိေနၿပီး ရာသီကုန္အထိသာ က်န္ေတာ့တဲ့ ဘရာဇီးလ္သားရဲ႕ စာခ်ဳပ္ေၾကာင့္ ဒီတစ္ႀကိမ္မွာေတာ့ အေျခအေနေကာင္းႏိုင္မယ္လို႔ ယုံၾကည္ေနေပမယ့္ ခ်ဲလ္ဆီးအသင္းနဲ႔ ၿပိဳင္ဆိုင္ရဖို႔ရွိေန။

– လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း မိုက္ကယ္ အိုဝင္က အာဆင္နယ္အသင္းရဲ႕ ပုံစံေကာင္းကို ခ်ီးက်ဴးသြားခဲ့သလို တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ဟာလည္း အာလင္း ဟားလန္းသာ မန္စီးတီးကို ေရာက္မလာခဲ့ရင္ လူေတြ ႏႈတ္ဖ်ားမွာ ေရပန္းအစားဆုံး အေၾကာင္းအရာျဖစ္ေနလိမ့္မယ္လို႔ဆို။

– မာေဆးလ္အသင္းကို စေရာက္‌ေရာက္ခ်င္းမွာ ပတၱျမားမွန္ရင္ ႏြံမနစ္ဘူးလို႔ တခ်ိဳ႕က ခ်ီးက်ဴးခဲ့ၾကေပမယ့္ ရင္းေနးနဲ႔ သေရက်တဲ့ ပြဲစဥ္မွာ ေျခစြမ္းမျပႏိုင္ခဲ့တဲ့ ေတာင္ပံသမား ႏူႏို တာဗာရက္စ္ရဲ႕ ေျခစြမ္းက အကန႔္အသတ္ရွိေနခဲ့လို႔ အာဆင္နယ္တို႔ အငွားခ်ခဲ့တာျဖစ္ၿပီး သူတို႔ေတြ ႐ူးလို႔ မဟုတ္ေၾကာင္း ျပင္သစ္ဂ်ာနယ္လစ္ စတီဖန္ ဂီးက မွတ္ခ်က္ေပးသြား။

– အာဆင္နယ္အသင္းအေနနဲ႔ ဝုလ္ဗာဟမ့္ပ္တန္အသင္းဘက္က ေတာင္းဆိုတဲ့ ေပါင္သန္း ၅၀ ဆိုတဲ့ ေငြေၾကးပမာဏကို ပက္ဒ႐ို နီတိုအတြက္ မေပးေခ်ခဲ့တာဟာ သိပ္ကို မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္း ေပၚတူဂီသားနဲ႔ သူ႔အသင္းရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္မွာ ဆိုး႐ြားတဲ့ စတင္မႈအတြက္ Football London သုံးသပ္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.