La Liga Premier League Transfer News

နူးညက်ဇ်ရဲ့အသင်းဖော်ကို ပေါင် ၈၅ သန်းနဲ့ ကမ်းလှမ်းမယ့် လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ဖက်ဒရီကို ဗယ်လ်ဗာဒီအတွက် ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၈၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီး လက်ရှိမှာလည်း နောက်ထပ် ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗယ်လ်ဗာဒီဟာ တနင်္ဂနွေနေ့က အက်သလက်တီကို မက်ဒရစ်နဲ့ ကစားခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပြီး ဥရုဂွေးကွင်းလယ်ကြယ်ပွင့်ဆီကနေ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရတဲ့ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။

ဗယ်လ်ဗာဒီဟာ ယခုရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် နောက်ဆုံး ၃ ပွဲမှာ တစ်ဂိုးစီ သွင်းယူခဲ့တဲ့ ဂိုးတွေအပါအဝင် ၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ နောက်ထပ်တစ်ကြိမ် ဥရုဂွေးကြယ်ပွင့်ကို အာရုံစိုက်လာခဲ့ပုံ ပေါ်ပါတယ်။

ဥရုဂွေးလက်ရွေးစင်ကွင်းလယ်ကစားသမားဟာ မူလအားဖြင့်တော့ ကွင်းလယ်ဗဟိုကစားသမားဖြစ်ပြီး ညာနောက်ခံနေရာရော ကွင်းလယ်ခံစစ်ကစားသမားအဖြစ်ပါ ကစားနိုင်သူဖြစ်ပေမယ့်လည်း မကြာခဏဆိုသလို ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ် ၃ နေရာထဲက ညာတောင်ပံမှာ အသုံးပြုခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဗယ်လ်ဗာဒီဟာ ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ ၄၆ ပွဲ ပါဝင်ကစားပေးနိုင်ခဲ့ပေမယ့်လည်း ကက်စမီရို၊ တိုနီ ခရူးစ်နဲ့ မိုဒရစ်တို့ ကွင်းလယ် ၃ ဦးအတွဲကြောင့် လာလီဂါမှာတော့ ၁၉ ပွဲသာ ပွဲထွက် ပါဝင်ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဗယ်လ်ဗာဒီဟာ နည်းပြ အန်ဆလော့တီရဲ့ တိုက်စစ်အထိ တိုးမြှင့် အသုံးပြုခြင်းခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ တိုက်စစ်မှာ ဗင်နီးရှပ်စ် ဂျူနီယာ၊ ရိုဒီဂိုတို့လို တိုက်စစ်မှူးတွေနဲ့အတူ တောက်ပနေပြီ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဗယ်လ်ဗာဒီအတွက် နောက်ကျ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း စပိန်လာလီဂါထိပ်သီးအသင်းကြီးရဲ့ တာဝန်ရှိသူတွေဟာ မာဆေးဆိုဒ်အသင်းရဲ့ ကမ်းလှမ်းမှုဟာ စိတ်အနှောင့်အယှက်ဖြစ်စရာလို့ ယုံကြည်ခဲ့ကြကြောင်း စပိန်သတင်းဌာန AS က ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟာ လာမယ့်ဆောင်းရာသီ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒါဝင် နူးညက်ဇ်၊ ရိုဒရီဂို ဘန်တန်ကာတို့လို ကစားသမားတွေနဲ့အတူ ဥရုဂွေးအတွက် အဓိကကစားသမားအဖြစ် ပါဝင်ကစားပေးသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ နိုင်ငံတကာပွဲဦးထွက်ခွင့်ရခဲ့တဲ့ ဗယ်လ်ဗာဒီဟာ လက်ရှိမှာ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၄၀ ကျော် ပါဝင်ကစားပေးထားခဲ့ပြီး ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းဟာ ရီးရဲလ္မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္ ဖက္ဒရီကို ဗယ္လ္ဗာဒီအတြက္ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္ ၈၅ သန္းနဲ႔ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ၿပီး လက္ရွိမွာလည္း ေနာက္ထပ္ ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔ ႀကိဳတင္ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဗယ္လ္ဗာဒီဟာ တနဂၤေႏြေန႔က အက္သလက္တီကို မက္ဒရစ္နဲ႔ ကစားခဲ့တဲ့ မက္ဒရစ္ဒါဘီပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္အတြက္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့သူျဖစ္ၿပီး ဥ႐ုေဂြးကြင္းလယ္ၾကယ္ပြင့္ဆီကေန အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရတဲ့ပြဲစဥ္လည္း ျဖစ္ခဲ့ပါတယ္။

ဗယ္လ္ဗာဒီဟာ ယခုရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ေနာက္ဆုံး ၃ ပြဲမွာ တစ္ဂိုးစီ သြင္းယူခဲ့တဲ့ ဂိုးေတြအပါအဝင္ ၄ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီျဖစ္ၿပီး အဲဒါေၾကာင့္ လီဗာပူးလ္အသင္းဟာ ေနာက္ထပ္တစ္ႀကိမ္ ဥ႐ုေဂြးၾကယ္ပြင့္ကို အာ႐ုံစိုက္လာခဲ့ပုံ ေပၚပါတယ္။

ဥ႐ုေဂြးလက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာ မူလအားျဖင့္ေတာ့ ကြင္းလယ္ဗဟိုကစားသမားျဖစ္ၿပီး ညာေနာက္ခံေနရာေရာ ကြင္းလယ္ခံစစ္ကစားသမားအျဖစ္ပါ ကစားႏိုင္သူျဖစ္ေပမယ့္လည္း မၾကာခဏဆိုသလို ရီးရဲလ္မက္ဒရစ္ရဲ႕ တိုက္စစ္ ၃ ေနရာထဲက ညာေတာင္ပံမွာ အသုံးျပဳျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ဗယ္လ္ဗာဒီဟာ ၿပီးခဲ့တဲ့ရာသီမွာ ၿပိဳင္ပြဲစုံ ၄၆ ပြဲ ပါဝင္ကစားေပးႏိုင္ခဲ့ေပမယ့္လည္း ကက္စမီ႐ို၊ တိုနီ ခ႐ူးစ္နဲ႔ မိုဒရစ္တို႔ ကြင္းလယ္ ၃ ဦးအတြဲေၾကာင့္ လာလီဂါမွာေတာ့ ၁၉ ပြဲသာ ပြဲထြက္ ပါဝင္ကစားခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဗယ္လ္ဗာဒီဟာ နည္းျပ အန္ဆေလာ့တီရဲ႕ တိုက္စစ္အထိ တိုးျမႇင့္ အသုံးျပဳျခင္းခံခဲ့ရတာျဖစ္ၿပီး လက္ရွိမွာေတာ့ တိုက္စစ္မွာ ဗင္နီးရွပ္စ္ ဂ်ဴနီယာ၊ ႐ိုဒီဂိုတို႔လို တိုက္စစ္မႉးေတြနဲ႔အတူ ေတာက္ပေနၿပီ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ဗယ္လ္ဗာဒီအတြက္ ေနာက္က် ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ေပမယ့္လည္း စပိန္လာလီဂါထိပ္သီးအသင္းႀကီးရဲ႕ တာဝန္ရွိသူေတြဟာ မာေဆးဆိုဒ္အသင္းရဲ႕ ကမ္းလွမ္းမႈဟာ စိတ္အေႏွာင့္အယွက္ျဖစ္စရာလို႔ ယုံၾကည္ခဲ့ၾကေၾကာင္း စပိန္သတင္းဌာန AS က ေဖာ္ျပခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ဟာ လာမယ့္ေဆာင္းရာသီ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဒါဝင္ ႏူးညက္ဇ္၊ ႐ိုဒရီဂို ဘန္တန္ကာတို႔လို ကစားသမားေတြနဲ႔အတူ ဥ႐ုေဂြးအတြက္ အဓိကကစားသမားအျဖစ္ ပါဝင္ကစားေပးသြားဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး ၂၀၁၇ ခုႏွစ္မွာ ႏိုင္ငံတကာပြဲဦးထြက္ခြင့္ရခဲ့တဲ့ ဗယ္လ္ဗာဒီဟာ လက္ရွိမွာ လက္ေ႐ြးစင္အသင္းအတြက္ ပြဲေပါင္း ၄၀ ေက်ာ္ ပါဝင္ကစားေပးထားခဲ့ၿပီး ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.