Premier League

လိုင်းပေါ် လေပြန်တိုက်တဲ့ ဂါဘရီယဲလ်ကို တုံ့ပြန်လိုက်တဲ့ အိုင်ဗန် တိုနီ

ဘရန့်တ်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနီက အာဆင်နယ်အသင်းဆီကနေ အနည်းငယ် ရှက်ရွံ့စရာကောင်းတဲ့ လူမှုကွန်ရက်ပို့စ်ကို မြင်ပြီးနောက်ပိုင်း အာဆင်နယ်ကို ပြန်ဆော်ချင်စိတ်ကို မနည်းထိန်းထားရတယ်လို့ ဝန်ခံခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့ညနေမှာ ဘရန့်တ်ဖို့ဒ်အိမ်ကွင်းမှာ ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ဆာလီဘာ၊ ဂျေဆူးစ်၊ ဗီယာရာတို့က ဂိုးတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ဘရန့်တ်ဖို့ဒ်နဲ့ အာဆင်နယ်တို့ပွဲစဉ်ဟာ ပြီးခဲ့တဲ့ရာသီအဖွင့်ပွဲစဉ်တုန်းကနဲ့ လုံးဝကို ကွဲပြားခြားနားသွားတဲ့ ပွဲစဉ်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက တန်းတက်ပျားတွေက အာတီတာရဲ့အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနိုင်ပွဲအပြီးမှာ အိုင်ဗန် တိုနီက “ကောင်လေးတွေနဲ့ ကန်ရတာ ကောင်းသားပဲ”ဆိုတဲ့ လှောင်ပြောင်တဲ့စာကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာဖြစ်ပြီး အာဆင်နယ်နည်းပြ အာတီတာက အဲဒီစာကို ရာသီနှောင်းပိုင်း နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံရာမှာ စိတ်ဓာတ်ခွန်အားအဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းက အမ်းမရိတ်စ်မှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပွဲအပြီးမှာ လာကာဇက်က အိုင်ဗန် တိုနီကို တုံ့ပြန်ခဲ့သလို တနင်္ဂနွေနေ့မှာလည်း အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ် မာဂါလိုင်စ်က တူညီတဲ့ သတင်းစကားကို ပြန်လည်မျှဝေခဲ့တာဖြစ်ပြီး အိုင်ဗန် တိုနီက ဟာသဆိုတာ တစ်ခါလောက်ပဲ ကောင်းတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“ပထမတစ်ကြိမ်ကတော့ ရယ်စရာကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ ဒုတိယတစ်ကြိမ်ကတော့ နည်းနည်း ကသိကအောင့်ဖြစ်စရာပဲ။ ဒါပေမယ့် ကျွန်တော့် လျှာကို ကျွန်တော် ကိုက်ထားတယ်။ ကျွန်တော် ပြန်ပြီး တုံ့ပြန်ချင်တယ်။ ကျွန်တော် နည်းနည်း ပြန်လုပ်ချင်တယ်”

“ဒါပေမယ့် သူတို့ကစားခဲ့တာ တော်တော်လေးကောင်းခဲ့တာဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့။ သူတို့တွေက အရင်တုန်းက ကျွန်တော်တို့ ကစားခဲ့တဲ့အသင်းနဲ့ မတူညီတဲ့ အာဆင်နယ်ဖြစ်နေပြီး အရမ်းကောင်းကောင်း ကစားနိုင်ခဲ့တယ်။ သူတို့ ကောင်းကောင်းလုပ်နိုင်နေတော့လည်း လေပြန်တိုက်တာကတော့ အပြစ်ပြောလို့မရဘူးပေါ့ဗျာ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အိုင်ဗန် တိုနီဟာ ပြီးခဲ့တဲ့အပတ်မှာ အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါးရတ် ဆောက်ဂိတ်ရဲ့ အီတလီ၊ ဂျာမနီတို့နဲ့ ကစားရမယ့် နေးရှင်းလိဂ်ပွဲစဉ်အတွက် ပဏာမလူစာရင်းထဲ ခေါ်ယူခြင်း ခံခဲ့ရပြီး အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးဟာ အရင်တုန်းက အင်္ဂလန်အသင်းအတွက် ဘယ်အဆင့်မှာမှ ပါဝင်ကစားပေးခဲ့ဖူးခြင်း မရှိတဲ့ ကစားသမားဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရန႔္တ္ဖို႔ဒ္တိုက္စစ္မႉး အိုင္ဗန္ တိုနီက အာဆင္နယ္အသင္းဆီကေန အနည္းငယ္ ရွက္႐ြံ႕စရာေကာင္းတဲ့ လူမႈကြန္ရက္ပို႔စ္ကို ျမင္ၿပီးေနာက္ပိုင္း အာဆင္နယ္ကို ျပန္ေဆာ္ခ်င္စိတ္ကို မနည္းထိန္းထားရတယ္လို႔ ဝန္ခံခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ တနဂၤေႏြေန႔ညေနမွာ ဘရန႔္တ္ဖို႔ဒ္အိမ္ကြင္းမွာ ၃-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးကို ျပန္လည္တက္လွမ္းႏိုင္ခဲ့တာျဖစ္ၿပီး ဆာလီဘာ၊ ေဂ်ဆူးစ္၊ ဗီယာရာတို႔က ဂိုးေတြ သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။ ဘရန႔္တ္ဖို႔ဒ္နဲ႔ အာဆင္နယ္တို႔ပြဲစဥ္ဟာ ၿပီးခဲ့တဲ့ရာသီအဖြင့္ပြဲစဥ္တုန္းကနဲ႔ လုံးဝကို ကြဲျပားျခားနားသြားတဲ့ ပြဲစဥ္ျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီက တန္းတက္ပ်ားေတြက အာတီတာရဲ႕အသင္းကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

အဲဒီႏိုင္ပြဲအၿပီးမွာ အိုင္ဗန္ တိုနီက “ေကာင္ေလးေတြနဲ႔ ကန္ရတာ ေကာင္းသားပဲ”ဆိုတဲ့ ေလွာင္ေျပာင္တဲ့စာကို လူမႈကြန္ရက္ေပၚမွာ တင္ခဲ့တာျဖစ္ၿပီး အာဆင္နယ္နည္းျပ အာတီတာက အဲဒီစာကို ရာသီေႏွာင္းပိုင္း ေနာက္တစ္ႀကိမ္ ျပန္လည္ေတြ႕ဆုံရာမွာ စိတ္ဓာတ္ခြန္အားအျဖစ္ အသုံးျပဳခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းက အမ္းမရိတ္စ္မွာ ၂-၁ နဲ႔ အႏိုင္ရရွိခဲ့ပြဲအၿပီးမွာ လာကာဇက္က အိုင္ဗန္ တိုနီကို တုံ႔ျပန္ခဲ့သလို တနဂၤေႏြေန႔မွာလည္း အာဆင္နယ္ေနာက္ခံလူ ဂါဘရီယဲလ္ မာဂါလိုင္စ္က တူညီတဲ့ သတင္းစကားကို ျပန္လည္မွ်ေဝခဲ့တာျဖစ္ၿပီး အိုင္ဗန္ တိုနီက ဟာသဆိုတာ တစ္ခါေလာက္ပဲ ေကာင္းတယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

“ပထမတစ္ႀကိမ္ကေတာ့ ရယ္စရာေကာင္းတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒုတိယတစ္ႀကိမ္ကေတာ့ နည္းနည္း ကသိကေအာင့္ျဖစ္စရာပဲ။ ဒါေပမယ့္ ကြၽန္ေတာ့္ လွ်ာကို ကြၽန္ေတာ္ ကိုက္ထားတယ္။ ကြၽန္ေတာ္ ျပန္ၿပီး တုံ႔ျပန္ခ်င္တယ္။ ကြၽန္ေတာ္ နည္းနည္း ျပန္လုပ္ခ်င္တယ္”

“ဒါေပမယ့္ သူတို႔ကစားခဲ့တာ ေတာ္ေတာ္ေလးေကာင္းခဲ့တာဆိုေတာ့လည္း ဒီေလာက္ေတာ့ ရွိမွာေပါ့။ သူတို႔ေတြက အရင္တုန္းက ကြၽန္ေတာ္တို႔ ကစားခဲ့တဲ့အသင္းနဲ႔ မတူညီတဲ့ အာဆင္နယ္ျဖစ္ေနၿပီး အရမ္းေကာင္းေကာင္း ကစားႏိုင္ခဲ့တယ္။ သူတို႔ ေကာင္းေကာင္းလုပ္ႏိုင္ေနေတာ့လည္း ေလျပန္တိုက္တာကေတာ့ အျပစ္ေျပာလို႔မရဘူးေပါ့ဗ်ာ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အိုင္ဗန္ တိုနီဟာ ၿပီးခဲ့တဲ့အပတ္မွာ အဂၤလန္လက္ေ႐ြးစင္နည္းျပ ဂါးရတ္ ေဆာက္ဂိတ္ရဲ႕ အီတလီ၊ ဂ်ာမနီတို႔နဲ႔ ကစားရမယ့္ ေနးရွင္းလိဂ္ပြဲစဥ္အတြက္ ပဏာမလူစာရင္းထဲ ေခၚယူျခင္း ခံခဲ့ရၿပီး အသက္ ၂၆ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ အရင္တုန္းက အဂၤလန္အသင္းအတြက္ ဘယ္အဆင့္မွာမွ ပါဝင္ကစားေပးခဲ့ဖူးျခင္း မရွိတဲ့ ကစားသမားျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.