La Liga Match Report

မက်ဒရစ်ဒါဘီမှာ ပွဲခံပြီး ဘာစီလိုနာကို ပြန်ကျော်တက်တဲ့ ထိပ်ဆုံးက တော်ဝင် ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ ခံစစ်မှာ အယ်ဒါ မီလီတို၊ အလာဘာ၊ ကာဗာဟယ်လ်နဲ့ ဖယ်လွန် မန်ဒီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ချွယ်မင်နီ၊ မိုဒရစ်ချ်နဲ့ တိုနီ ခရူးစ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဗီနီးရှပ် ဂျူနီယာ၊ ရိုဒရီဂိုနဲ့ ဗယ်လ်ဗာဒီတို့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရှင် အက်သလက်တီကိုတို့ကတော့ ဂိုးသမား အော့ဘ်လက်ခ် ဒဏ်ရာကနေ ပြန်လာခဲ့ပြီး ခံစစ်မှာ ဖလိပီ၊ ဝစ်ဆယ်လ်နဲ့ မန်ဒါဗာတို့ကိုပဲ နေရာချခဲ့သလို ကွင်းလယ်မှာတော့ ကွန်ဒေါ့ဘီယာ၊ ကိုကီ၊ ဒီပေါလ်၊ ယော်ရန်တေနဲ့ ကာရက်စ်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်အခြေပြု ကစားကွက်ကို ခင်းကျင်းခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဖဲလစ္စနဲ့အတူ ဂရစ်ဇ်မန်းကို ပြန်သုံးခဲ့တာပါ။

တီကိုတို့အနေနဲ့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဦးစားပေး ကစားဟန်နဲ့ အမြင့်ဘောတွေကို သုံးစွဲနေခဲ့ချိန်မှာ တောင်ပံတွေက လာတဲ့ ကောင်တာတွေနဲ့ ရီးရဲလ်တို့ အတော်လေး ရုန်းကန်ခဲ့ရပြီး ကူတွာရဲ့ ထောင့်ကန်ဘောကို ထွက်ဆွဲတဲ့ ဆုံးဖြတ်ချက်အမှားကနေ လွတ်ထွက်လာတာကို ဖဲလစ္စ ကန်သွင်းရာမှာ ခံစစ်က ခရူးစ်နဲ့ ထိသွားခဲ့လို့ လက်ရှိချန်ပီယံတွေ သက်သာခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ ရီးရဲလ်တို့ ဦးဆောင်ဂိုး စတင်ရှာဖွေနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘယ်တောင်ပံကို ပေးပို့ခဲ့ရာမှာ ရိုဒရီဂိုက အတွင်းကနေ ပြန်ဝင်ပြီး ကစားဖော် ချွယ်မင်နီနဲ့ ဝမ်းတူးရိုက်ထွက်ပြီးမှ တီကိုခံစစ်ပေါ်က ကျော်ကျလာတဲ့ ဘောလုံးကို မြေကျတာနဲ့ Half Volley အနီးကပ် ကန်သွင်းပြီး ဂိုးသမား အော့ဘ်လက်ခ်ကို မလှုပ်နိုင်အောင် ထိုးနှက်သွားနိုင်ခဲ့တာပါ။

ဂိုးပေးရအပြီးမှာ အိမ်ရှင် တီကိုတို့ တိုက်စစ်ပိုဖိလာခဲ့ပြီး ဂရစ်ဇ်မန်းရဲ့ ဧရိယာအပြင်က ကန်ချက်ပြင်းပြင်းကို ရီးရဲလ်ဂိုးသမား ကူတွာ ပုတ်ထုတ်ခဲ့ရသလို ဒီကရတဲ့ ထောင့်ကန်ဘောကို အတိုပေးပြီး ဒီပေါလ်က ဖြတ်တင်ပေးရာမှာ သိပ်မခုန်နိုင်ခဲ့တဲ့ ကွန်ဒေါ့ဘီယာက ထောင်တိုက်ခဲ့လို့ အိမ်ရှင်တို့ စိတ်ပျက်ခဲ့ရပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာတော့ ရီးရဲလ်တို့ ဒုတိယ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ မိုဒရစ်ချ်နဲ့ ဝမ်းတူးရိုက်ထွက်လာခဲ့တဲ့ ဗီနီးရှပ်စ်က တစ်ကိုယ်တော် ဆွဲပြေးပြီး အတွင်းကို ချိုးဝင်ပြီးမှ ကန်သွင်းခဲ့ရာမှာ တိုင်ထိပြီး ညာဘက်ကို ထွက်လာတဲ့ ဘောလုံးကို ဂိုးတွေ ဆက်တိုက် သွင်းနေတဲ့ ဗယ်လ်ဗာဒီက ပိတ်သွင်းနိုင်ခဲ့တာပါ။

ပွဲချိန် ၄၀ နဲ့ ၄၁ မိနစ်တွေမှာ လက်ရွေးစင်အသင်းဖော် ကာရက်စ်ကိုရဲ့ ကန်ချက်နှစ်ကြိမ်ကို ကူတွာ ကာကွယ်ခဲ့ရပြီး ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ရီးရဲလ်မက်ဒရစ်တို့ ဦးဆောင်နေခဲ့ကြသလို ဒုတိယပိုင်းမှာလည်း တီကိုတို့ပဲ ဖိကစားနေခဲ့ကြပြီး ဂရစ်ဇ်မန်းရဲ့ တည်ကန်ဘော၊ ဖြတ်တင်ဘောတွေနဲ့ ခြိမ်းခြောက်ခဲ့ကြချိန်မှာ ဧည့်သည်အသင်းကတော့ အခွင့်အရေး နည်းနည်းပဲ ရခဲ့တာဖြစ်ပါတယ်။

တီကိုတို့ဘက်က ဖဲလစ္စ၊ ဒီပေါလ်၊ ကာရက်စ်ကို၊ ကိုကီနဲ့ ကွန်ဒေါ့ဘီယာတို့အစား ကွန်ညာ၊ မိုရာတာ၊ ဟာမိုဆို၊ ကော်ရီးယားနဲ့ ဆာအူးလ်တို့ကို လဲကစားသွားခဲ့ကြပြီး ရီးရဲလ်တို့ဘက်ကတော့ မန်ဒီ၊ မိုဒရစ်ချ်၊ ရိုဒရီဂိုနဲ့ ခရူးစ်တို့အစား ရူဒီဂါ၊ ကာမာဗင်ဂါ၊ စီဘာယော့စ်နဲ့ အဆန်စီယိုတို့ကို ထည့်သွင်းပြီး ပွဲကို ထိန်းကစားသွားကြတာပါ။

ပွဲချိန် ၈၃ မိနစ်မှာတော့ တီကိုတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဂရစ်ဇ်မန်းရဲ့ ညာထောင့်ကန်ဘောကနေ အယ်ဒါ မီလီတို ခေါင်းတိုက်ရှင်းထုတ်တဲ့ ဘောလုံးက တစ်ချိန်တည်း ခုန်ခဲ့တဲ့ တစ်ဖက်နောက်ခံလူ ဟာမိုဆိုရဲ့ ပခုံးကို သွားမှန်ပြီး ဂိုးထဲကို ဝင်သွားခဲ့လို့ လက်စွမ်းပြနေတဲ့ ကူတွာ Clean Sheet ပျက်ခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တိုက်စစ်ကစားနေရင်း မာန်တက်ပြီး ပွဲချိန် ၈၉ မိနစ်မှာ ကာဗာဟယ်လ်ကို တွန်းထိုးခဲ့ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာ ထောင့်ကန်ဘောကနေ စီဘာယော့စ်ကို ရင်ဘတ်တွန်းချခဲ့တဲ့ ဂိုးသွင်းရှင် ဟာမိုဆို နှစ်ဝါဆက်တိုက်ထိပြီး အထုတ်ခံခဲ့ရတာကြောင့် တီကိုတို့ ဆယ်ယောက် ဖြစ်သွားခဲ့ပြီး လက်ကျန်ပွဲချိန်တွေကို ရီးရဲလ်တို့ သက်တောင့်သက်သာ ထိန်းချုပ်သွားနိုင်ခဲ့ကြတာပါ။

မက်ဒရစ်ဒါဘီရဲ့ ပွဲချိန်အပြည့်မှာတော့ ပြိုင်ဘက်အသင်းတွေ မျှော်လင့်နေသလို ရီးရဲလ်တို့ အမှတ်မလျော့ခဲ့ဘဲ နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲရယူခဲ့သလို ဒီရာသီရဲ့ နိုင်ပွဲရာနှုန်းပြည့်စံချိန်ကို ၇ ပွဲဆက်တိုက် ဆက်လက်ထိန်းသိမ်းပြီး လာလီဂါ အမှတ်ပေးဇယားထိပ်က ဘာစီလိုနာတို့ကို ဆွဲချနိုင်ခဲ့ချိန်မှာ အက်သလက်တီကိုတို့ကတော့ အဆင့် ၇ ကို ကျဆင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကူတြာ၊ ခံစစ္မွာ အယ္ဒါ မီလီတို၊ အလာဘာ၊ ကာဗာဟယ္လ္နဲ႔ ဖယ္လြန္ မန္ဒီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခြၽယ္မင္နီ၊ မိုဒရစ္ခ်္နဲ႔ တိုနီ ခ႐ူးစ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဗီနီးရွပ္ ဂ်ဴနီယာ၊ ႐ိုဒရီဂိုနဲ႔ ဗယ္လ္ဗာဒီတို႔ ပြဲထြက္လာခဲ့ၾကတာျဖစ္ပါတယ္။

အိမ္ရွင္ အက္သလက္တီကိုတို႔ကေတာ့ ဂိုးသမား ေအာ့ဘ္လက္ခ္ ဒဏ္ရာကေန ျပန္လာခဲ့ၿပီး ခံစစ္မွာ ဖလိပီ၊ ဝစ္ဆယ္လ္နဲ႔ မန္ဒါဗာတို႔ကိုပဲ ေနရာခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ကြန္ေဒါ့ဘီယာ၊ ကိုကီ၊ ဒီေပါလ္၊ ေယာ္ရန္ေတနဲ႔ ကာရက္စ္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္အေျချပဳ ကစားကြက္ကို ခင္းက်င္းခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ဖဲလစၥနဲ႔အတူ ဂရစ္ဇ္မန္းကို ျပန္သုံးခဲ့တာပါ။

တီကိုတို႔အေနနဲ႔ သူတို႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ ဦးစားေပး ကစားဟန္နဲ႔ အျမင့္ေဘာေတြကို သုံးစြဲေနခဲ့ခ်ိန္မွာ ေတာင္ပံေတြက လာတဲ့ ေကာင္တာေတြနဲ႔ ရီးရဲလ္တို႔ အေတာ္ေလး ႐ုန္းကန္ခဲ့ရၿပီး ကူတြာရဲ႕ ေထာင့္ကန္ေဘာကို ထြက္ဆြဲတဲ့ ဆုံးျဖတ္ခ်က္အမွားကေန လြတ္ထြက္လာတာကို ဖဲလစၥ ကန္သြင္းရာမွာ ခံစစ္က ခ႐ူးစ္နဲ႔ ထိသြားခဲ့လို႔ လက္ရွိခ်န္ပီယံေတြ သက္သာခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ ရီးရဲလ္တို႔ ဦးေဆာင္ဂိုး စတင္ရွာေဖြႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဘယ္ေတာင္ပံကို ေပးပို႔ခဲ့ရာမွာ ႐ိုဒရီဂိုက အတြင္းကေန ျပန္ဝင္ၿပီး ကစားေဖာ္ ခြၽယ္မင္နီနဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီးမွ တီကိုခံစစ္ေပၚက ေက်ာ္က်လာတဲ့ ေဘာလုံးကို ေျမက်တာနဲ႔ Half Volley အနီးကပ္ ကန္သြင္းၿပီး ဂိုးသမား ေအာ့ဘ္လက္ခ္ကို မလႈပ္ႏိုင္ေအာင္ ထိုးႏွက္သြားႏိုင္ခဲ့တာပါ။

ဂိုးေပးရအၿပီးမွာ အိမ္ရွင္ တီကိုတို႔ တိုက္စစ္ပိုဖိလာခဲ့ၿပီး ဂရစ္ဇ္မန္းရဲ႕ ဧရိယာအျပင္က ကန္ခ်က္ျပင္းျပင္းကို ရီးရဲလ္ဂိုးသမား ကူတြာ ပုတ္ထုတ္ခဲ့ရသလို ဒီကရတဲ့ ေထာင့္ကန္ေဘာကို အတိုေပးၿပီး ဒီေပါလ္က ျဖတ္တင္ေပးရာမွာ သိပ္မခုန္ႏိုင္ခဲ့တဲ့ ကြန္ေဒါ့ဘီယာက ေထာင္တိုက္ခဲ့လို႔ အိမ္ရွင္တို႔ စိတ္ပ်က္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ ရီးရဲလ္တို႔ ဒုတိယ ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန မိုဒရစ္ခ်္နဲ႔ ဝမ္းတူး႐ိုက္ထြက္လာခဲ့တဲ့ ဗီနီးရွပ္စ္က တစ္ကိုယ္ေတာ္ ဆြဲေျပးၿပီး အတြင္းကို ခ်ိဳးဝင္ၿပီးမွ ကန္သြင္းခဲ့ရာမွာ တိုင္ထိၿပီး ညာဘက္ကို ထြက္လာတဲ့ ေဘာလုံးကို ဂိုးေတြ ဆက္တိုက္ သြင္းေနတဲ့ ဗယ္လ္ဗာဒီက ပိတ္သြင္းႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၄၀ နဲ႔ ၄၁ မိနစ္ေတြမွာ လက္ေ႐ြးစင္အသင္းေဖာ္ ကာရက္စ္ကိုရဲ႕ ကန္ခ်က္ႏွစ္ႀကိမ္ကို ကူတြာ ကာကြယ္ခဲ့ရၿပီး ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ ဦးေဆာင္ေနခဲ့ၾကသလို ဒုတိယပိုင္းမွာလည္း တီကိုတို႔ပဲ ဖိကစားေနခဲ့ၾကၿပီး ဂရစ္ဇ္မန္းရဲ႕ တည္ကန္ေဘာ၊ ျဖတ္တင္ေဘာေတြနဲ႔ ၿခိမ္းေျခာက္ခဲ့ၾကခ်ိန္မွာ ဧည့္သည္အသင္းကေတာ့ အခြင့္အေရး နည္းနည္းပဲ ရခဲ့တာျဖစ္ပါတယ္။

တီကိုတို႔ဘက္က ဖဲလစၥ၊ ဒီေပါလ္၊ ကာရက္စ္ကို၊ ကိုကီနဲ႔ ကြန္ေဒါ့ဘီယာတို႔အစား ကြန္ညာ၊ မိုရာတာ၊ ဟာမိုဆို၊ ေကာ္ရီးယားနဲ႔ ဆာအူးလ္တို႔ကို လဲကစားသြားခဲ့ၾကၿပီး ရီးရဲလ္တို႔ဘက္ကေတာ့ မန္ဒီ၊ မိုဒရစ္ခ်္၊ ႐ိုဒရီဂိုနဲ႔ ခ႐ူးစ္တို႔အစား ႐ူဒီဂါ၊ ကာမာဗင္ဂါ၊ စီဘာေယာ့စ္နဲ႔ အဆန္စီယိုတို႔ကို ထည့္သြင္းၿပီး ပြဲကို ထိန္းကစားသြားၾကတာပါ။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ တီကိုတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဂရစ္ဇ္မန္းရဲ႕ ညာေထာင့္ကန္ေဘာကေန အယ္ဒါ မီလီတို ေခါင္းတိုက္ရွင္းထုတ္တဲ့ ေဘာလုံးက တစ္ခ်ိန္တည္း ခုန္ခဲ့တဲ့ တစ္ဖက္ေနာက္ခံလူ ဟာမိုဆိုရဲ႕ ပခုံးကို သြားမွန္ၿပီး ဂိုးထဲကို ဝင္သြားခဲ့လို႔ လက္စြမ္းျပေနတဲ့ ကူတြာ Clean Sheet ပ်က္ခဲ့ရတာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ တိုက္စစ္ကစားေနရင္း မာန္တက္ၿပီး ပြဲခ်ိန္ ၈၉ မိနစ္မွာ ကာဗာဟယ္လ္ကို တြန္းထိုးခဲ့ၿပီး နာက်င္အခ်ိန္ပို ၁ မိနစ္မွာ ေထာင့္ကန္ေဘာကေန စီဘာေယာ့စ္ကို ရင္ဘတ္တြန္းခ်ခဲ့တဲ့ ဂိုးသြင္းရွင္ ဟာမိုဆို ႏွစ္ဝါဆက္တိုက္ထိၿပီး အထုတ္ခံခဲ့ရတာေၾကာင့္ တီကိုတို႔ ဆယ္ေယာက္ ျဖစ္သြားခဲ့ၿပီး လက္က်န္ပြဲခ်ိန္ေတြကို ရီးရဲလ္တို႔ သက္ေတာင့္သက္သာ ထိန္းခ်ဳပ္သြားႏိုင္ခဲ့ၾကတာပါ။

မက္ဒရစ္ဒါဘီရဲ႕ ပြဲခ်ိန္အျပည့္မွာေတာ့ ၿပိဳင္ဘက္အသင္းေတြ ေမွ်ာ္လင့္ေနသလို ရီးရဲလ္တို႔ အမွတ္မေလ်ာ့ခဲ့ဘဲ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ႏိုင္ပြဲရယူခဲ့သလို ဒီရာသီရဲ႕ ႏိုင္ပြဲရာႏႈန္းျပည့္စံခ်ိန္ကို ၇ ပြဲဆက္တိုက္ ဆက္လက္ထိန္းသိမ္းၿပီး လာလီဂါ အမွတ္ေပးဇယားထိပ္က ဘာစီလိုနာတို႔ကို ဆြဲခ်ႏိုင္ခဲ့ခ်ိန္မွာ အက္သလက္တီကိုတို႔ကေတာ့ အဆင့္ ၇ ကို က်ဆင္းသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.