Ligue1 Match Report

တစ်ပွဲလုံးရုန်းပြနေတဲ့ မက်ဆီရဲ့ဂိုးနဲ့ လိဂန်ကို အမှတ်ဖြတ်လိုက်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ ပါရဲရား၊ မားကင်ညို့စ်နဲ့ ဆာဂျီယို ရာမို့စ်တို့ကို ထားခဲ့ပြီး ကွင်းလယ်မှာတော့ ဗာရက်တီနဲ့ ဖာဘီယန် ရူးဝီးဇ်တို့ကို ခံစစ်ဦးစားပေး ပြင်ဆင်လာခဲ့သလို တောင်ပံတွေမှာတော့ ဟာကီမီနဲ့ နူနို မန်ဒက်စ်တို့ ကစားခဲ့ကြချိန်မှာ တိုက်စစ်ကို မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ပဲ ဦးဆောင်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် လီယွန်တို့ကတော့ ဂိုးသမား လိုပက်စ်၊ ခံစစ်မှာ သီယာဂို မန်ဒက်စ်၊ လူကီဘာ၊ တာဂလီယာဖီကိုနဲ့ ဂူစတိုတို့ ကစားခဲ့ကြချိန်မှာ ကွင်းလယ်ကိုတော့ တိုလစ်ဆို၊ ကက်ကရေး၊ တီတီ၊ တိုကို အီကမ်ဘီတို့နဲ့ တိုက်စစ်ဆန်ဆန် ခင်းကျင်းလာခဲ့ပြီး ရှေ့တန်းမှာတော့ လာကာဇက်နဲ့ ဒမ်ဘီလီတို့ကို တွဲဖက်ပေးခဲ့လာခဲ့တာပါ။

ပွဲချိန် ၅ မိနစ်မှာကတည်းက ပီအက်စ်ဂျီတို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တစ်သင်းလုံးနီးပါး နောက်ဆင်းခံနေကြတဲ့ လီယွန်တို့ရဲ့ ခံစစ်တန်းကြားကနေ ဘောလုံးပြန်ရသွားတဲ့ မက်ဆီက နေမာကို ပေးခဲ့တဲ့ နေမာက တိုးလို့ရသလောက် တိုးပြီးမှ ဧရိယာအတွင်းမှာ ပြန်ပို့ပေးတာကို မက်ဆီက ထိန်းတောင်မနေဘဲ First Time Shot ကန်သွင်းပြီး ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘောလုံးပိုင်ဆိုင်မှု အများစုကတော့ မက်ဆီတို့အဖွဲ့ဆီမှာပဲ ရှိနေခဲ့ပြီး ပွဲချိန် ၁၀ မိနစ်မှာ ပထမအကြိမ်က ပုံစံအတိုင်း နေမာ ပေးတာကို မက်ဆီပဲ ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ခံစစ်က သီယာဂို မန်ဒက်စ် ပိတ်ဆို့သွားနိုင်ခဲ့သလို တိုက်စစ်ဦးစားပေး လူစာရင်းကြီးကို ဟန်တစ်ခွဲသားနဲ့ ထုတ်လာပြီးမှ ပြိုင်ဘက် ပါရီသားတွေကို ရှိန်နေတဲ့ လီယွန်အသင်းသားတွေကတော့ ခံစစ်မှာ အချိန်ကုန်နေတာက ဟာသတစ်ပုဒ်ဖြစ်ခဲ့ရသေးတာပါ။

ပွဲချိန် ၁၅ မိနစ်မှာ အမ်ဘာပေရဲ့ ကန်ချက်က ဂိုးသမား လိုပက်စ်ရဲ့ တည့်တည့်ပဲ ရောက်သွားခဲ့သလို ပွဲချိန် ၂၁ မိနစ်မှာတော့ လီယွန်တို့ တိုက်စစ်ဆင်လာပြီး ဖြတ်တင်ဘောကို လာကာဇက် အနီးကပ် ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် အာဆင်နယ်က အလွဲတွေ မပျောက်သေးတာကြောင့် ဘေးထွက် သွားခဲ့ပြီး အိမ်ရှင်တွေ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာ တိုကို အီကမ်ဘီရဲ့ ဘယ်ခြမ်းက ကန်ချက်ကို ဒွန်နာရမ်မာ အမိဖမ်းသွားခဲ့ပြီး ပွဲချိန် ၂၉ မိနစ်မှာတော့ ကောင်တာကနေ လီယွန်တို့ နောက်တစ်ကြိမ် ကန်ခွင့်ရခဲ့ပေမယ့် လာကာဇက်ရဲ့ အားထုတ်မှုကို ဒွန်နာရမ်မာပဲ သာသာယာယာ ဖမ်းသွားခဲ့သလို ဆာဂျီယို ရာမို့စ်ရဲ့ ညာခြမ်းကတော့ တစ်ဖက်တိုက်စစ်ရဲ့ မြန်နှုန်းကို မထိန်းနိုင်ဘဲ ရုန်းကန်နေခဲ့ရတာပါ။

ပွဲချိန် မိနစ် ၄၀ မှာ တန်ပြန်တိုက်စစ်ကနေ အမ်ဘာပေ လွတ်ထွက်သွားခဲ့ချိန်မှာ တစ်ကိုယ်ကောင်းဆန်တယ်လို့ အပြောခံနေရလို့လား မသိဘဲ အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ ခံစစ်နဲ့ ထိထွက်ခဲ့တာကို မက်ဆီ လိုက်လံရယူပြီး ကန်သွင်းခဲ့ပေမယ့် ဂိုးသမား ပိတ်ဆို့သွားခဲ့သလို နေမာရဲ့ ကန်ချက်ကိုလည်း လိုပက်စ် လက်စွမ်းပြ ပုတ်ထုတ်သွားခဲ့လို့ ပထမပိုင်းမှာ ပီအက်စ်ဂျီတို့ တစ်ဂိုးနဲ့သာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းစစချင်းမှာ ဘယ်ခြမ်းက နူနို မန်ဒက်စ်ရဲ့ ဖြတ်တင်ဘောကို မက်ဆီ ခြေယောင်ပြလှည့်စားပြီးမှ ဂိုးသမားကို ကျော်ကန်သွင်းရာမှာ နောက်ခံလူ လူကီဘာက ဂိုးစည်းပေါ်က ခေါင်းတိုက်ရှင်းထုတ်သွားခဲ့လို့ ပီအက်စ်ဂျီတို့ အပိုင်ဂိုး လက်လွှတ်ခဲ့ရသလို ပွဲချိန် ၇၂ မိနစ်မှာလည်း မန်ဒက်စ်ပဲ ဘယ်ခြမ်းက ဖန်တီးပေးရာမှာ ငှက်ပျောသီး အခွံနွှာစားသလောက် လွယ်တဲ့ အလုံးကို နေမာက ပြီးစလွယ်ပိတ်ခဲ့လို့ ဒုတိယဂိုးနဲ့ ထပ်ဝေးခဲ့ရတာပါ။

ပွဲချိန် ၇၈ မိနစ်မှာလည်း မက်ဆီရဲ့ ဘယ်ဘက်တိုင်ခြေကို ကန်သွင်းမှုကို လိုပက်စ်ပဲ လက်စွမ်းပြပုတ်ထုတ်သွားခဲ့ပြီး တစ်ချိန်လုံး ညံ့နေတဲ့ နေမာနဲ့ အမ်ဘာပေတို့ကတော့ ပွဲကြီးမတိုးခဲ့လို့ လက်ကျန်ပွဲတွေချိန်တွေမှာတော့ အိမ်ရှင် လီယွန်တို့ရဲ့ တိုက်စစ်တွေကို ပီအက်စ်ဂျီတို့ ထိန်းချုပ်ကစားရင်း တစ်လုံးတည်းသော ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

လီယွန်ကွင်းက ခက်ခဲတဲ့ တစ်ဂိုး-ဂိုးမရှိ ရလဒ်နဲ့ နိုင်ပွဲကြောင့် ပီအက်စ်ဂျီတို့အနေနဲ့ ၈ ပွဲကစား ၇ ပွဲနိုင်၊ ၁ ပွဲသရေ ရမှတ် ၂၂ မှတ်နဲ့ ဇယားထိပ် နေရာကို ပြတ်ပြတ်သားသား ပိုင်ဆိုင်ခဲ့ပြီး ဒုတိယ နေရာက သရေကျသွားတဲ့ မာဆေးလ်ကို ၂ မှတ် ပြန်ဖြတ်လိုက်သလို လက်ရှိ ပြင်သစ်လိဂန်ကို ရှုံးပွဲမရှိ ဆက်လက်ဦးဆောင်ထားနိုင်ဆဲဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ ပါရဲရား၊ မားကင္ညိဳ႕စ္နဲ႔ ဆာဂ်ီယို ရာမို႔စ္တို႔ကို ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဗာရက္တီနဲ႔ ဖာဘီယန္ ႐ူးဝီးဇ္တို႔ကို ခံစစ္ဦးစားေပး ျပင္ဆင္လာခဲ့သလို ေတာင္ပံေတြမွာေတာ့ ဟာကီမီနဲ႔ ႏူႏို မန္ဒက္စ္တို႔ ကစားခဲ့ၾကခ်ိန္မွာ တိုက္စစ္ကို မက္ဆီ၊ ေနမာနဲ႔ အမ္ဘာေပတို႔ပဲ ဦးေဆာင္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ လီယြန္တို႔ကေတာ့ ဂိုးသမား လိုပက္စ္၊ ခံစစ္မွာ သီယာဂို မန္ဒက္စ္၊ လူကီဘာ၊ တာဂလီယာဖီကိုနဲ႔ ဂူစတိုတို႔ ကစားခဲ့ၾကခ်ိန္မွာ ကြင္းလယ္ကိုေတာ့ တိုလစ္ဆို၊ ကက္ကေရး၊ တီတီ၊ တိုကို အီကမ္ဘီတို႔နဲ႔ တိုက္စစ္ဆန္ဆန္ ခင္းက်င္းလာခဲ့ၿပီး ေရွ႕တန္းမွာေတာ့ လာကာဇက္နဲ႔ ဒမ္ဘီလီတို႔ကို တြဲဖက္ေပးခဲ့လာခဲ့တာပါ။

ပြဲခ်ိန္ ၅ မိနစ္မွာကတည္းက ပီအက္စ္ဂ်ီတို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တစ္သင္းလုံးနီးပါး ေနာက္ဆင္းခံေနၾကတဲ့ လီယြန္တို႔ရဲ႕ ခံစစ္တန္းၾကားကေန ေဘာလုံးျပန္ရသြားတဲ့ မက္ဆီက ေနမာကို ေပးခဲ့တဲ့ ေနမာက တိုးလို႔ရသေလာက္ တိုးၿပီးမွ ဧရိယာအတြင္းမွာ ျပန္ပို႔ေပးတာကို မက္ဆီက ထိန္းေတာင္မေနဘဲ First Time Shot ကန္သြင္းၿပီး ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကေတာ့ မက္ဆီတို႔အဖြဲ႕ဆီမွာပဲ ရွိေနခဲ့ၿပီး ပြဲခ်ိန္ ၁၀ မိနစ္မွာ ပထမအႀကိမ္က ပုံစံအတိုင္း ေနမာ ေပးတာကို မက္ဆီပဲ ကန္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ခံစစ္က သီယာဂို မန္ဒက္စ္ ပိတ္ဆို႔သြားႏိုင္ခဲ့သလို တိုက္စစ္ဦးစားေပး လူစာရင္းႀကီးကို ဟန္တစ္ခြဲသားနဲ႔ ထုတ္လာၿပီးမွ ၿပိဳင္ဘက္ ပါရီသားေတြကို ရွိန္ေနတဲ့ လီယြန္အသင္းသားေတြကေတာ့ ခံစစ္မွာ အခ်ိန္ကုန္ေနတာက ဟာသတစ္ပုဒ္ျဖစ္ခဲ့ရေသးတာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာ အမ္ဘာေပရဲ႕ ကန္ခ်က္က ဂိုးသမား လိုပက္စ္ရဲ႕ တည့္တည့္ပဲ ေရာက္သြားခဲ့သလို ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ လီယြန္တို႔ တိုက္စစ္ဆင္လာၿပီး ျဖတ္တင္ေဘာကို လာကာဇက္ အနီးကပ္ ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ အာဆင္နယ္က အလြဲေတြ မေပ်ာက္ေသးတာေၾကာင့္ ေဘးထြက္ သြားခဲ့ၿပီး အိမ္ရွင္ေတြ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာ တိုကို အီကမ္ဘီရဲ႕ ဘယ္ျခမ္းက ကန္ခ်က္ကို ဒြန္နာရမ္မာ အမိဖမ္းသြားခဲ့ၿပီး ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ ေကာင္တာကေန လီယြန္တို႔ ေနာက္တစ္ႀကိမ္ ကန္ခြင့္ရခဲ့ေပမယ့္ လာကာဇက္ရဲ႕ အားထုတ္မႈကို ဒြန္နာရမ္မာပဲ သာသာယာယာ ဖမ္းသြားခဲ့သလို ဆာဂ်ီယို ရာမို႔စ္ရဲ႕ ညာျခမ္းကေတာ့ တစ္ဖက္တိုက္စစ္ရဲ႕ ျမန္ႏႈန္းကို မထိန္းႏိုင္ဘဲ ႐ုန္းကန္ေနခဲ့ရတာပါ။

ပြဲခ်ိန္ မိနစ္ ၄၀ မွာ တန္ျပန္တိုက္စစ္ကေန အမ္ဘာေပ လြတ္ထြက္သြားခဲ့ခ်ိန္မွာ တစ္ကိုယ္ေကာင္းဆန္တယ္လို႔ အေျပာခံေနရလို႔လား မသိဘဲ အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးရာမွာ ခံစစ္နဲ႔ ထိထြက္ခဲ့တာကို မက္ဆီ လိုက္လံရယူၿပီး ကန္သြင္းခဲ့ေပမယ့္ ဂိုးသမား ပိတ္ဆို႔သြားခဲ့သလို ေနမာရဲ႕ ကန္ခ်က္ကိုလည္း လိုပက္စ္ လက္စြမ္းျပ ပုတ္ထုတ္သြားခဲ့လို႔ ပထမပိုင္းမွာ ပီအက္စ္ဂ်ီတို႔ တစ္ဂိုးနဲ႔သာ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းစစခ်င္းမွာ ဘယ္ျခမ္းက ႏူႏို မန္ဒက္စ္ရဲ႕ ျဖတ္တင္ေဘာကို မက္ဆီ ေျခေယာင္ျပလွည့္စားၿပီးမွ ဂိုးသမားကို ေက်ာ္ကန္သြင္းရာမွာ ေနာက္ခံလူ လူကီဘာက ဂိုးစည္းေပၚက ေခါင္းတိုက္ရွင္းထုတ္သြားခဲ့လို႔ ပီအက္စ္ဂ်ီတို႔ အပိုင္ဂိုး လက္လႊတ္ခဲ့ရသလို ပြဲခ်ိန္ ၇၂ မိနစ္မွာလည္း မန္ဒက္စ္ပဲ ဘယ္ျခမ္းက ဖန္တီးေပးရာမွာ ငွက္ေပ်ာသီး အခြံႏႊာစားသေလာက္ လြယ္တဲ့ အလုံးကို ေနမာက ၿပီးစလြယ္ပိတ္ခဲ့လို႔ ဒုတိယဂိုးနဲ႔ ထပ္ေဝးခဲ့ရတာပါ။

ပြဲခ်ိန္ ၇၈ မိနစ္မွာလည္း မက္ဆီရဲ႕ ဘယ္ဘက္တိုင္ေျခကို ကန္သြင္းမႈကို လိုပက္စ္ပဲ လက္စြမ္းျပပုတ္ထုတ္သြားခဲ့ၿပီး တစ္ခ်ိန္လုံး ညံ့ေနတဲ့ ေနမာနဲ႔ အမ္ဘာေပတို႔ကေတာ့ ပြဲႀကီးမတိုးခဲ့လို႔ လက္က်န္ပြဲေတြခ်ိန္ေတြမွာေတာ့ အိမ္ရွင္ လီယြန္တို႔ရဲ႕ တိုက္စစ္ေတြကို ပီအက္စ္ဂ်ီတို႔ ထိန္းခ်ဳပ္ကစားရင္း တစ္လုံးတည္းေသာ ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

လီယြန္ကြင္းက ခက္ခဲတဲ့ တစ္ဂိုး-ဂိုးမရွိ ရလဒ္နဲ႔ ႏိုင္ပြဲေၾကာင့္ ပီအက္စ္ဂ်ီတို႔အေနနဲ႔ ၈ ပြဲကစား ၇ ပြဲႏိုင္၊ ၁ ပြဲသေရ ရမွတ္ ၂၂ မွတ္နဲ႔ ဇယားထိပ္ ေနရာကို ျပတ္ျပတ္သားသား ပိုင္ဆိုင္ခဲ့ၿပီး ဒုတိယ ေနရာက သေရက်သြားတဲ့ မာေဆးလ္ကို ၂ မွတ္ ျပန္ျဖတ္လိုက္သလို လက္ရွိ ျပင္သစ္လိဂန္ကို ရႈံးပြဲမရွိ ဆက္လက္ဦးေဆာင္ထားႏိုင္ဆဲျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.