Analysis Match Report Serie A

စီးရီးအေ ၇/၈လမ်းဆုံမှာ ဂိုင်းကိုင်နေတဲ့ အင်တာနဲ့ ဂျူဗီတို့ရဲ့ ရုပ်ပျက်ခဲ့တဲ့ ရက်သတ္တပတ်

ဒီတစ်ပတ် စီးရီးအေကတော့ အသင်းကြီးနှစ်သင်းဖြစ်ကြတဲ့ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်တို့အတွက် လှပတဲ့ အချိန်အခါမျိုး မဟုတ်ဘဲ ချန်ပီယံဟောင်းကြီးတွေ အနေနဲ့ နှစ်သင်းစလုံး အဝေးကွင်းမှာ မရှုမလှ ရှုံးနိမ့်ခဲ့ကြသလို သူတို့ထက် အစဉ်အလာအရ များစွာကွာခြားတဲ့ အူဒီနီးစီးနဲ့ မွန်ဇာတို့လို ပြိုင်ဘက်တွေကို အသီးသီး ဒူးထောက်ခဲ့ကြရတာဖြစ်ပါတယ်။

အင်တာမီလန်အသင်းကတော့ နည်းပြ ဆီမိုနီ အင်ဇာဂီရဲ့ လှေကြီးထိုး ဗျူဟာအောက်မှာ လူကောင်းတွေကို လက်လွှတ်ပြီး ပုံမလာ ပန်းမလာ ကစားသမားတွေနဲ့ လူအိုခြေကျတွေကို စုဆောင်းခဲ့ချိန်မှာ ဝါရင့်နဲ့ အစွမ်းအစရှိသူတွေ တစ်ပြုံတစ်မကြီး ထွက်ခွာသွားကြသလို ပြန်လည်ခေါ်ယူခဲ့တဲ့ ဂျက်ကို၊ အချယ်ဘီနဲ့ မစ်ခီတာရီယန်တို့လို ကစားသမားတွေက အသင်းရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေခဲ့ပြီး အသင်းငယ်လေးတွေလောက်ကိုပဲ အနိုင်ကစားနိုင်တော့တာပါ။

ဒီရာသီမှာ လာဇီယိုကို အိမ်ကွင်း၊ အေစီမီလန်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး တစ်ချိန်က အသင်းလတ်စာရင်းကနေ လျော့ကျခဲ့ရပြီးမှ ဒီရာသီမှာ ကစားသမားဟောင်း အန်ဒရီးယား စတော့တီလ်လက်ထက်မှာ တောက်ပလာတဲ့ အူဒီးနီးစီးကိုလည်း အင်တာတို့ ဒီတစ်ပတ်မှာ ရှုံးနိမ့်ခဲ့ရသလို ဗုံမဟုတ် ပတ်မဟုတ်နဲ့ နောက်ရာသီ ဥရောပ ကစားဖို့ကတောင် ဝေးကွာရဖို့ ရှိနေခဲ့ပါတယ်။

ဘာရဲလားရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် နောက်ခံလူ ရှကရီညာရဲ့ အုန်းဂိုးနဲ့ စပြီး ရောင်းလိုက်တဲ့ပွဲမှာ လူကောင်းတွေဖြစ်တဲ့ နောက်ခံလူ ဒီဗရိုင်း၊ တောင်ပံခံစစ်မှူး ဂိုဆန်စ်နဲ့ အိုင်းယက်စ်ကနေ အလွတ်ရောက်လာပြီး တစ်ပွဲမှ မသုံးရသေးတဲ့ ဂိုးသမား အိုနာနာတို့ကို အရန်ခုံ ထိုင်ခိုင်းပြီး ၃၈ နှစ်အရွယ် အဘိုးကြီး ဟန်ဒါနိုဗစ်ချ်ကိုပဲ အသင်းခေါင်းဆောင်ပေးပြီး ဆက်သုံးနေတဲ့ အင်ဇာဂီကတော့ ဒီနေ့မှာ နိုင်ပွဲနဲ့ မအပ်စပ်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ လျင်မြန်တဲ့ ဒူလိုဖူးတို့ အုပ်စုနောက် ပြေးလိုက်ရင်း ဖတ်ဖတ်မောနေတဲ့ အချယ်ဘီကို ထုတ်ခဲ့ပြီး ဒီပွဲမှ စကစားရတဲ့ ဒီဗရိုင်းကို ထည့်လိုက်တော့မှ ခံစစ်က ငါးပါးမှောက်တော့ပြီး ၈၄ မိနစ်မှာ အူဒီနီးစီးနောက်ခံလူ ဘီယိုးလ်က ထောင့်ကန်ဘောကနေ ခေါင်းတိုက်ခဲ့သလို နာကျင်အချိန်ပို ၃ မိနစ်မှာတော့ တိုလ်ဂိုင်း အာဆလန်က တန်ပြန်တိုက်စစ်ကနေ အနီးကပ်ခေါင်းတိုက်ပြီး ဟန်ဒါနိုဗစ်ချ်ကို ငုတ်တုတ်မေ့စေခဲ့တာဖြစ်ပါတယ်။

ဂျူဗီတို့ကတော့ အဝေးကွင်းမှာ အဆင့် ၁၈ က မွန်ဇာတို့နဲ့ ကစားခဲ့ရချိန်မှာ ပွဲချိန် မိနစ် ၄၀ မှာ တစ်ဖက်နောက်ခံလူ အီယက်ဇိုရဲ့ လက်ကလေး ခဏဆွဲမိတာကို အသက်အရွယ်ကိုမှ အားမနာ တံတောင်နဲ့ ရင်ဘတ်ကို တွက်ပြီး တုံ့ပြန်ခဲ့တဲ့ ဒီမာရီယာ အနီကတ်နဲ့ အထုတ်ခံခဲ့ရတာကြောင့် ဆယ်ယောက်နဲ့ ကစားခဲ့ရသလို တစ်ပွဲလုံးနီးပါး တစ်ဖက်အသင်းရဲ့ ဖိကစားခြင်းကို ခံခဲ့ရတာပါ။

ပွဲချိန် ၇၄ မိနစ်မှာတော့ တောင်ပံက ဖြတ်တင်ဘောကို လူစားဝင် တိုက်စစ်မှူး ဂွတ်ကေယာက ဂျူဗီနောက်ခံလူ ဂက်တီနောက်က ဖြတ်ပြေးပြီး ပိတ်သွင်းခဲ့လို့ ဒီတစ်ဂိုးနဲ့ပဲ အယ်လီဂရီတို့အုပ်စု ခံလိုက်ရပြီး မွန်ဇာတို့ကို ဒီရာသီအတွက် ပထမဆုံး စီးရီးအေနိုင်ပွဲကို အဝေးကွင်းမှာ လက်ဆောင်ပေးမိလျက်သား ဖြစ်သွားခဲ့ပါတယ်။

နှစ်သင်းစလုံးအနေနဲ့ ဒီတစ်ပတ်မှာ ဆိုးရွားတဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားခဲ့ပြီး ဂိုးသွင်းစက်တွေဖြစ်ကြတဲ့ လော်တာရို မာတီနက်ဇ်နဲ့ ဒူရှန် ဗလာဟိုဗစ်ချ်တို့ ကြောင်ပျောက်ခဲ့ကြသလို ကစားကွက်ပိုင်းမှာလည်း တစ်ဖက်အသင်းတွေကို မယှဉ်နိုင်ခဲ့ကြလို့ ထိုက်ထိုက်တန်တန် ရှုံးနိမ့်ခဲ့ကြပြီး နည်းပြတွေရဲ့ ရာထူးတွေပါ စောင့်ကြည့်အနေအထားကို ရောက်လာခဲ့ပြီလို့ ဆိုရမှာပါ။

ဒီတစ်ပတ်မှာ ရှုံးပွဲကိုယ်စီ တွေ့ထားခဲ့တဲ့ နှစ်သင်းမှာ အင်တာမီလန်က လေးပွဲနိုင် သုံးပွဲရှုံး၊ ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေခဲ့ပြီး ဂျူဗင်တပ်စ်ကတော့ နှစ်ပွဲနိုင် လေးပွဲသရေ တစ်ပွဲရှုံး၊ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်သွားခဲ့တာကြောင့် နာမည်ကြီး ထမင်းငတ်ဖြစ်ခဲ့ကြတဲ့ နှစ်သင်းကတော့ လူအိုခြေကျတွေ ဒုက္ခပေးမှုနဲ့ ဂိုင်းကိုင်သွားခဲ့ကြရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီတစ္ပတ္ စီးရီးေအကေတာ့ အသင္းႀကီးႏွစ္သင္းျဖစ္ၾကတဲ့ အင္တာမီလန္နဲ႔ ဂ်ဴဗင္တပ္စ္တို႔အတြက္ လွပတဲ့ အခ်ိန္အခါမ်ိဳး မဟုတ္ဘဲ ခ်န္ပီယံေဟာင္းႀကီးေတြ အေနနဲ႔ ႏွစ္သင္းစလုံး အေဝးကြင္းမွာ မရႈမလွ ရႈံးနိမ့္ခဲ့ၾကသလို သူတို႔ထက္ အစဥ္အလာအရ မ်ားစြာကြာျခားတဲ့ အူဒီနီးစီးနဲ႔ မြန္ဇာတို႔လို ၿပိဳင္ဘက္ေတြကို အသီးသီး ဒူးေထာက္ခဲ့ၾကရတာျဖစ္ပါတယ္။

အင္တာမီလန္အသင္းကေတာ့ နည္းျပ ဆီမိုနီ အင္ဇာဂီရဲ႕ ေလွႀကီးထိုး ဗ်ဴဟာေအာက္မွာ လူေကာင္းေတြကို လက္လႊတ္ၿပီး ပုံမလာ ပန္းမလာ ကစားသမားေတြနဲ႔ လူအိုေျခက်ေတြကို စုေဆာင္းခဲ့ခ်ိန္မွာ ဝါရင့္နဲ႔ အစြမ္းအစရွိသူေတြ တစ္ၿပဳံတစ္မႀကီး ထြက္ခြာသြားၾကသလို ျပန္လည္ေခၚယူခဲ့တဲ့ ဂ်က္ကို၊ အခ်ယ္ဘီနဲ႔ မစ္ခီတာရီယန္တို႔လို ကစားသမားေတြက အသင္းရဲ႕ စြမ္းေဆာင္ရည္ကို ထိခိုက္ေစခဲ့ၿပီး အသင္းငယ္ေလးေတြေလာက္ကိုပဲ အႏိုင္ကစားႏိုင္ေတာ့တာပါ။

ဒီရာသီမွာ လာဇီယိုကို အိမ္ကြင္း၊ ေအစီမီလန္ကို အေဝးကြင္းမွာ ရႈံးနိမ့္ခဲ့ၿပီး တစ္ခ်ိန္က အသင္းလတ္စာရင္းကေန ေလ်ာ့က်ခဲ့ရၿပီးမွ ဒီရာသီမွာ ကစားသမားေဟာင္း အန္ဒရီးယား စေတာ့တီလ္လက္ထက္မွာ ေတာက္ပလာတဲ့ အူဒီးနီးစီးကိုလည္း အင္တာတို႔ ဒီတစ္ပတ္မွာ ရႈံးနိမ့္ခဲ့ရသလို ဗုံမဟုတ္ ပတ္မဟုတ္နဲ႔ ေနာက္ရာသီ ဥေရာပ ကစားဖို႔ကေတာင္ ေဝးကြာရဖို႔ ရွိေနခဲ့ပါတယ္။

ဘာရဲလားရဲ႕ အဖြင့္ဂိုးနဲ႔ ဦးေဆာင္ခဲ့ေပမယ့္ ေနာက္ခံလူ ရွကရီညာရဲ႕ အုန္းဂိုးနဲ႔ စၿပီး ေရာင္းလိုက္တဲ့ပြဲမွာ လူေကာင္းေတြျဖစ္တဲ့ ေနာက္ခံလူ ဒီဗ႐ိုင္း၊ ေတာင္ပံခံစစ္မႉး ဂိုဆန္စ္နဲ႔ အိုင္းယက္စ္ကေန အလြတ္ေရာက္လာၿပီး တစ္ပြဲမွ မသုံးရေသးတဲ့ ဂိုးသမား အိုနာနာတို႔ကို အရန္ခုံ ထိုင္ခိုင္းၿပီး ၃၈ ႏွစ္အ႐ြယ္ အဘိုးႀကီး ဟန္ဒါႏိုဗစ္ခ်္ကိုပဲ အသင္းေခါင္းေဆာင္ေပးၿပီး ဆက္သုံးေနတဲ့ အင္ဇာဂီကေတာ့ ဒီေန႔မွာ ႏိုင္ပြဲနဲ႔ မအပ္စပ္ခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ လ်င္ျမန္တဲ့ ဒူလိုဖူးတို႔ အုပ္စုေနာက္ ေျပးလိုက္ရင္း ဖတ္ဖတ္ေမာေနတဲ့ အခ်ယ္ဘီကို ထုတ္ခဲ့ၿပီး ဒီပြဲမွ စကစားရတဲ့ ဒီဗ႐ိုင္းကို ထည့္လိုက္ေတာ့မွ ခံစစ္က ငါးပါးေမွာက္ေတာ့ၿပီး ၈၄ မိနစ္မွာ အူဒီနီးစီးေနာက္ခံလူ ဘီယိုးလ္က ေထာင့္ကန္ေဘာကေန ေခါင္းတိုက္ခဲ့သလို နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ တိုလ္ဂိုင္း အာဆလန္က တန္ျပန္တိုက္စစ္ကေန အနီးကပ္ေခါင္းတိုက္ၿပီး ဟန္ဒါႏိုဗစ္ခ်္ကို ငုတ္တုတ္ေမ့ေစခဲ့တာျဖစ္ပါတယ္။

ဂ်ဴဗီတို႔ကေတာ့ အေဝးကြင္းမွာ အဆင့္ ၁၈ က မြန္ဇာတို႔နဲ႔ ကစားခဲ့ရခ်ိန္မွာ ပြဲခ်ိန္ မိနစ္ ၄၀ မွာ တစ္ဖက္ေနာက္ခံလူ အီယက္ဇိုရဲ႕ လက္ကေလး ခဏဆြဲမိတာကို အသက္အ႐ြယ္ကိုမွ အားမနာ တံေတာင္နဲ႔ ရင္ဘတ္ကို တြက္ၿပီး တုံ႔ျပန္ခဲ့တဲ့ ဒီမာရီယာ အနီကတ္နဲ႔ အထုတ္ခံခဲ့ရတာေၾကာင့္ ဆယ္ေယာက္နဲ႔ ကစားခဲ့ရသလို တစ္ပြဲလုံးနီးပါး တစ္ဖက္အသင္းရဲ႕ ဖိကစားျခင္းကို ခံခဲ့ရတာပါ။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ေတာင္ပံက ျဖတ္တင္ေဘာကို လူစားဝင္ တိုက္စစ္မႉး ဂြတ္ေကယာက ဂ်ဴဗီေနာက္ခံလူ ဂက္တီေနာက္က ျဖတ္ေျပးၿပီး ပိတ္သြင္းခဲ့လို႔ ဒီတစ္ဂိုးနဲ႔ပဲ အယ္လီဂရီတို႔အုပ္စု ခံလိုက္ရၿပီး မြန္ဇာတို႔ကို ဒီရာသီအတြက္ ပထမဆုံး စီးရီးေအႏိုင္ပြဲကို အေဝးကြင္းမွာ လက္ေဆာင္ေပးမိလ်က္သား ျဖစ္သြားခဲ့ပါတယ္။

ႏွစ္သင္းစလုံးအေနနဲ႔ ဒီတစ္ပတ္မွာ ဆိုး႐ြားတဲ့ ေျခစြမ္းကို ပိုင္ဆိုင္ထားခဲ့ၿပီး ဂိုးသြင္းစက္ေတြျဖစ္ၾကတဲ့ ေလာ္တာ႐ို မာတီနက္ဇ္နဲ႔ ဒူရွန္ ဗလာဟိုဗစ္ခ်္တို႔ ေၾကာင္ေပ်ာက္ခဲ့ၾကသလို ကစားကြက္ပိုင္းမွာလည္း တစ္ဖက္အသင္းေတြကို မယွဥ္ႏိုင္ခဲ့ၾကလို႔ ထိုက္ထိုက္တန္တန္ ရႈံးနိမ့္ခဲ့ၾကၿပီး နည္းျပေတြရဲ႕ ရာထူးေတြပါ ေစာင့္ၾကည့္အေနအထားကို ေရာက္လာခဲ့ၿပီလို႔ ဆိုရမွာပါ။

ဒီတစ္ပတ္မွာ ရႈံးပြဲကိုယ္စီ ေတြ႕ထားခဲ့တဲ့ ႏွစ္သင္းမွာ အင္တာမီလန္က ေလးပြဲႏိုင္ သုံးပြဲရႈံး၊ ရမွတ္ ၁၂ မွတ္နဲ႔ အဆင့္ ၇ မွာ ရပ္တည္ေနခဲ့ၿပီး ဂ်ဴဗင္တပ္စ္ကေတာ့ ႏွစ္ပြဲႏိုင္ ေလးပြဲသေရ တစ္ပြဲရႈံး၊ ရမွတ္ ၁၀ မွတ္နဲ႔ အဆင့္ ၈ မွာ ရပ္တည္သြားခဲ့တာေၾကာင့္ နာမည္ႀကီး ထမင္းငတ္ျဖစ္ခဲ့ၾကတဲ့ ႏွစ္သင္းကေတာ့ လူအိုေျခက်ေတြ ဒုကၡေပးမႈနဲ႔ ဂိုင္းကိုင္သြားခဲ့ၾကရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.