Match Report Premier League

ဆရာကြီး ပစ်ခ်ဖို့ဒ် မပါမှပဲ ပထမဆုံးနိုင်ပွဲကို ရှာဖွေနိုင်ခဲ့တဲ့ လမ်းပတ်ရဲ့ အဲဗာတန်

အဲဗာတန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ပစ်ခ်ဖို့ဒ် ဒဏ်ရာရထားတာကြောင့် အရန်ဂိုးသမား ဘီဂိုဗစ်ချ်၊ ကိုဒီ၊ တာကော့ဗ်စကီး၊ ပက်တာဆန်၊ မစ်ကိုလန်ကိုတို့နဲ့ ခံစစ်ကို ပြင်ဆင်ခဲ့ရပြီး ကွင်းလယ်မှာတော့ အိုနာနာ၊ ဂါနာ ဂေးယီနဲ့ အီဝိုဘီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မော်ပေ၊ ဂေါ်ဒန်နဲ့ ဂရေးတို့ကို သုံးစွဲခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဝက်စ်ဟမ်းအသင်းကတော့ ဂိုးသမား ဖာဘီယန်စကီး၊ ခံစစ်မှာ ဇူးမား၊ ခယ်ရာ၊ ဆိုဖာလ်၊ ခရက်စ်ဝဲလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆိုးချက်ခ်၊ ဒက်ကလန် ရိုက်စ်၊ ပါကေးတာတို့နဲ့ ပွဲထွက်လာခဲ့သလို တိုက်စစ်ကိုတော့ ဘိုဝင်၊ ဖော်နယ်လစ်နဲ့ အန်တိုနီယိုတို့က ဦးဆောင်လာခဲ့တာပါ။

ပွဲချိန် ၈ မိနစ်မှာ ဘိုဝင်ပေးတာကို အန်တိုနီယို ပိတ်နိုင်ရင် ဂိုးနေတဲ့ အနေအထားကို ကိုဒီက လက်မတင်ကလေး ဖျက်ထုတ်သွားခဲ့လို့ အဲဗာတန်တို့ သက်သာခဲ့ရသလို ပရီးမီးယားလိဂ်မှာ နိုင်ပွဲရှားပါးနေတဲ့ ဝက်စ်ဟမ်းတို့ရဲ့ တိုက်စစ်တွေကိုတော့ ဂိုးသမား ဘီဂိုဗစ်ချ်က အမှားအယွင်းမရှိ ဖမ်းယူသွားနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံးရဲ့ တိုက်စစ်ကစားပုံက စိတ်ပျက်စရာဖြစ်နေခဲ့သလို ကျောင်းသားလေးတွေနဲ့တောင် တူနေပြီး ပရီးမီးယားလိဂ်အဆင့်လို့ ပြောလို့မရခဲ့တာကြောင့် ဂိုးမရှိသရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာတော့ အိမ်ရှင် အဲဗာတန်တို့က ပိုပြီး အထိုင်ကျတဲ့ ပုံစံနဲ့ ကစားလာနိုင်ခဲ့တာပါ။

ပွဲချိန် ၅၃ မိနစ်မှာတော့ အဲဗာတန်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဘောလုံးရလာတဲ့ အီဝိုဘီ ပေးတာကို မော်ပေက ဝက်စ်ဟမ်းခံစစ်တွေ ဝင်မဖျက်ခင်မှာ ဧရိယာထိပ်ကနေ ထောင့်ကျဉ်းထဲ ကန်သွင်းခဲ့ရာမှာ အသက်ကြီးပြီး လေးလံစပြုနေတဲ့ ဂိုးသမား ဖာဘီယန်စကီး မကာကွယ်နိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းတို့ရဲ့ ကွင်းလယ်ကတော့ ရှေ့နဲ့ရော နောက်နဲ့ပါ မချိတ်ဆက်နိုင်ပဲ အူလည်ချာလည်ဖြစ်နေခဲ့ပြီး ဒက်ကလန် ရိုက်စ်ကို ပေါင်သန်း ၁၅၀ တောင်းတယ်ဆိုတာ ဟဟပဲ ပေးရမယ့် အနေအထားဖြစ်နေခဲ့သလို အဲဗာတန်တို့ရဲ့ တောင်ပံတိုက်စစ်တွေကို ရှေ့မှာ အသုံးချမယ့် ကဲလ်ဗတ်-လူဝင်လို တိုက်စစ်မှူးမျိုး မရှိတာကြောင့်သာ ဂိုးထပ်မပေးခဲ့ရတာဖြစ်ပါတယ်။

ဒေးဗစ်မွိုက်စ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ရလဒ်မကောင်းတာက ဒီနေ့ပွဲပုံစံအရ ပြောရရင် သိပ်မဆန်းဘူးလို့ ဆိုရမှာဖြစ်ပြီး ကစားသမားချင်း အရေးကြီးတဲ့ နားလည်မှု မရှိသလို အသင်းဖော် ဘောလုံးတောင်းနေတာတောင် မပေးနိုင်တဲ့ အဖြစ်တွေက မကြာခဏ မြင်ခဲ့ရချိန်မှာ အဆုံးသတ်တွေက လွဲချော်နေခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာ ဘင်ရာမာကန်ချက် တိုင်ထိတာလောက်သာ ရင်ခုန်စရာဖြစ်ခဲ့တာပါ။

လူစားဝင်လာသူတွေဖြစ်ကြတဲ့ ဘင်ရာမာနဲ့ ကော်နေးတို့ ကြိုးစားခဲ့ပေမယ့် လွဲချော်ခဲ့ကြသလို အန်တိုနီယိုအစား စကာမက်ကာကို ထပ်ထည့်ပြီး တိုက်စစ်ဆင်ခဲ့ပေမယ့် ဘောလုံးချော်ကန်တဲ့သူနဲ့ အဝါကတ်ရှာတဲ့သူတွေလောက်ပဲ မှတ်တမ်းဝင်ခဲ့ကြချိန်မှာ ဂိုးသမား ပစ်ခ်ဖို့ဒ်ရှိတုန်းကလို လွှတ်မပေးဘဲ ပိုကြိုးစားပြီး စုစည်းမှု ကောင်းနေတဲ့ လမ်းပတ်ရဲ့ အဲဗာတန်ခံစစ်ကို ထိုးဖောက်ဖို့တော့ မဖြစ်နိုင်ခဲ့ဘဲ လက်လျှော့ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဂွတ်ဒီဆန်ပါ့ခ်မှာ အဲဗာတန်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဒီရာသီအတွက် ပထမဆုံးနိုင်ပွဲကို ရရှိသွားခဲ့သလို အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာကို တက်လှမ်းနိုင်ခဲ့ကြပြီး ဝက်စ်ဟမ်းကတော့ တန်းဆင်းဇုန် အဆင့် ၁၈ နေရာကို ရောက်ရှိသွားခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဲဗာတန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ပစ္ခ္ဖို႔ဒ္ ဒဏ္ရာရထားတာေၾကာင့္ အရန္ဂိုးသမား ဘီဂိုဗစ္ခ်္၊ ကိုဒီ၊ တာေကာ့ဗ္စကီး၊ ပက္တာဆန္၊ မစ္ကိုလန္ကိုတို႔နဲ႔ ခံစစ္ကို ျပင္ဆင္ခဲ့ရၿပီး ကြင္းလယ္မွာေတာ့ အိုနာနာ၊ ဂါနာ ေဂးယီနဲ႔ အီဝိုဘီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ေမာ္ေပ၊ ေဂၚဒန္နဲ႔ ဂေရးတို႔ကို သုံးစြဲခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဝက္စ္ဟမ္းအသင္းကေတာ့ ဂိုးသမား ဖာဘီယန္စကီး၊ ခံစစ္မွာ ဇူးမား၊ ခယ္ရာ၊ ဆိုဖာလ္၊ ခရက္စ္ဝဲလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆိုးခ်က္ခ္၊ ဒက္ကလန္ ႐ိုက္စ္၊ ပါေကးတာတို႔နဲ႔ ပြဲထြက္လာခဲ့သလို တိုက္စစ္ကိုေတာ့ ဘိုဝင္၊ ေဖာ္နယ္လစ္နဲ႔ အန္တိုနီယိုတို႔က ဦးေဆာင္လာခဲ့တာပါ။

ပြဲခ်ိန္ ၈ မိနစ္မွာ ဘိုဝင္ေပးတာကို အန္တိုနီယို ပိတ္ႏိုင္ရင္ ဂိုးေနတဲ့ အေနအထားကို ကိုဒီက လက္မတင္ကေလး ဖ်က္ထုတ္သြားခဲ့လို႔ အဲဗာတန္တို႔ သက္သာခဲ့ရသလို ပရီးမီးယားလိဂ္မွာ ႏိုင္ပြဲရွားပါးေနတဲ့ ဝက္စ္ဟမ္းတို႔ရဲ႕ တိုက္စစ္ေတြကိုေတာ့ ဂိုးသမား ဘီဂိုဗစ္ခ်္က အမွားအယြင္းမရွိ ဖမ္းယူသြားႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာ ႏွစ္သင္းစလုံးရဲ႕ တိုက္စစ္ကစားပုံက စိတ္ပ်က္စရာျဖစ္ေနခဲ့သလို ေက်ာင္းသားေလးေတြနဲ႔ေတာင္ တူေနၿပီး ပရီးမီးယားလိဂ္အဆင့္လို႔ ေျပာလို႔မရခဲ့တာေၾကာင့္ ဂိုးမရွိသေရက်ေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ အိမ္ရွင္ အဲဗာတန္တို႔က ပိုၿပီး အထိုင္က်တဲ့ ပုံစံနဲ႔ ကစားလာႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ အဲဗာတန္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန ေဘာလုံးရလာတဲ့ အီဝိုဘီ ေပးတာကို ေမာ္ေပက ဝက္စ္ဟမ္းခံစစ္ေတြ ဝင္မဖ်က္ခင္မွာ ဧရိယာထိပ္ကေန ေထာင့္က်ဥ္းထဲ ကန္သြင္းခဲ့ရာမွာ အသက္ႀကီးၿပီး ေလးလံစျပဳေနတဲ့ ဂိုးသမား ဖာဘီယန္စကီး မကာကြယ္ႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။

ဝက္စ္ဟမ္းတို႔ရဲ႕ ကြင္းလယ္ကေတာ့ ေရွ႕နဲ႔ေရာ ေနာက္နဲ႔ပါ မခ်ိတ္ဆက္ႏိုင္ပဲ အူလည္ခ်ာလည္ျဖစ္ေနခဲ့ၿပီး ဒက္ကလန္ ႐ိုက္စ္ကို ေပါင္သန္း ၁၅၀ ေတာင္းတယ္ဆိုတာ ဟဟပဲ ေပးရမယ့္ အေနအထားျဖစ္ေနခဲ့သလို အဲဗာတန္တို႔ရဲ႕ ေတာင္ပံတိုက္စစ္ေတြကို ေရွ႕မွာ အသုံးခ်မယ့္ ကဲလ္ဗတ္-လူဝင္လို တိုက္စစ္မႉးမ်ိဳး မရွိတာေၾကာင့္သာ ဂိုးထပ္မေပးခဲ့ရတာျဖစ္ပါတယ္။

ေဒးဗစ္မြိဳက္စ္အေနနဲ႔ ပရီးမီးယားလိဂ္မွာ ရလဒ္မေကာင္းတာက ဒီေန႔ပြဲပုံစံအရ ေျပာရရင္ သိပ္မဆန္းဘူးလို႔ ဆိုရမွာျဖစ္ၿပီး ကစားသမားခ်င္း အေရးႀကီးတဲ့ နားလည္မႈ မရွိသလို အသင္းေဖာ္ ေဘာလုံးေတာင္းေနတာေတာင္ မေပးႏိုင္တဲ့ အျဖစ္ေတြက မၾကာခဏ ျမင္ခဲ့ရခ်ိန္မွာ အဆုံးသတ္ေတြက လြဲေခ်ာ္ေနခဲ့ၿပီး ပြဲခ်ိန္ ၇၄ မိနစ္မွာ ဘင္ရာမာကန္ခ်က္ တိုင္ထိတာေလာက္သာ ရင္ခုန္စရာျဖစ္ခဲ့တာပါ။

လူစားဝင္လာသူေတြျဖစ္ၾကတဲ့ ဘင္ရာမာနဲ႔ ေကာ္ေနးတို႔ ႀကိဳးစားခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့ၾကသလို အန္တိုနီယိုအစား စကာမက္ကာကို ထပ္ထည့္ၿပီး တိုက္စစ္ဆင္ခဲ့ေပမယ့္ ေဘာလုံးေခ်ာ္ကန္တဲ့သူနဲ႔ အဝါကတ္ရွာတဲ့သူေတြေလာက္ပဲ မွတ္တမ္းဝင္ခဲ့ၾကခ်ိန္မွာ ဂိုးသမား ပစ္ခ္ဖို႔ဒ္ရွိတုန္းကလို လႊတ္မေပးဘဲ ပိုႀကိဳးစားၿပီး စုစည္းမႈ ေကာင္းေနတဲ့ လမ္းပတ္ရဲ႕ အဲဗာတန္ခံစစ္ကို ထိုးေဖာက္ဖို႔ေတာ့ မျဖစ္ႏိုင္ခဲ့ဘဲ လက္ေလွ်ာ့ခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဂြတ္ဒီဆန္ပါ့ခ္မွာ အဲဗာတန္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဒီရာသီအတြက္ ပထမဆုံးႏိုင္ပြဲကို ရရွိသြားခဲ့သလို အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၄ ေနရာကို တက္လွမ္းႏိုင္ခဲ့ၾကၿပီး ဝက္စ္ဟမ္းကေတာ့ တန္းဆင္းဇုန္ အဆင့္ ၁၈ ေနရာကို ေရာက္ရွိသြားခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.