Analysis Match Report Premier League

ပျားဖွပ်စားပြီး ချိုမြိန်ခဲ့တဲ့ ဇယားထိပ်ရောက် အာဆင်နယ်ရဲ့ နိုင်ပွဲက မှတ်သားစရာများ

အကြွေးကို အတိုးနဲ့ဆပ်ပြီး ပျားကို အမြောက်နဲ့ထုတဲ့ ဂန်းနားတွေ
ပြီးခဲ့တဲ့နှစ်က အဖွင့်ပွဲမှာ ထင်မှတ်မထားဘဲ ဂန်းနားတွေ ပျားတုပ်ခံခဲ့ရပါတယ်။ ဒါကို မနှစ်က အိမ်ကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ပြန်တီးနိုင်ခဲ့ပေမယ့် နေရာချင်း မတူလို့ ပရိသတ်တွေအတွက် သိပ်မချိုခဲ့ပါဘူး။ ဒီနှစ်မှာတော့ သူ့ကွင်းမှာပဲ အကြွေးတင်ထားတဲ့ နှစ်ဂိုးကို ပြန်ဆပ်လိုက်ရုံမက ပိုကောင်းတဲ့ အဆင့်အတန်းမြင့် ကစားပုံနဲ့ မတူရင် မတုနဲ့ဆိုပြီး ပျားတွေကို မညှာမတာ အမြောက်နဲ့ ထုလို့ သုံးဂိုးသွင်းပေးခဲ့တာပါ။ နိုင်သင့်နိုင်ထိုက်သလို နိုင်ဖို့ အကြောင်းပြချက်တွေ များလွန်းတဲ့ Must Win ပွဲက တကယ်ပဲ ပျားဖွပ်စားပြီး ချိုမြိန်ခဲ့တာဖြစ်ပါတယ်။

နှစ်ခါခေါင်းတိုက်ပြီး နှစ်ဂိုးယူပြတာက ဆရာ
ပြီးခဲ့တဲ့ နှစ်က ဘရန့်ဖို့ဒ်ရဲ့ ခေါင်းဘောတွေမှာ အနိုင်ကျင့်ခံခဲ့ရတဲ့ အာဆင်နယ်တို့ အဖွင့်ဂိုးနှစ်ဂိုးကို ခေါင်းတိုက်သွင်းပြီး ပညာပြန်ပြနိုင်ခဲ့တာက ဆရာကျတယ်လို့ ခေါ်ရမှာပါ။ ဒီပွဲရဲ့ အဓိကကျတဲ့ ခံစစ်မှူးဖြစ်မယ်လို့ ခန့်မှန်းခံထားရတဲ့ ဆာလီဘာရဲ့ ခေါင်းတိုက်ချက်က ပျားတွေရဲ့ အားနည်းချက်ကို တည့်တည့်မတ်မတ် ထိမှန်သွားခဲ့သလို ချာကာရဲ့ ဖန်တီးမှုကို ဂျေဆူးစ်က ဖော်မြူလာကျကျ ခေါင်းပြေးတိုက်ခဲ့တာကလည်း ဘရန့်ဖို့ဒ်ရဲ့ ခံစစ်ပိုင်းက အရှည်ကြီးတွေနဲ့ ဂိုးသမား အပုလေးကို ငုတ်တုတ်မေ့စေခဲ့တာဖြစ်ပါတယ်။

လူမဲ့ကျွန်းပေါ်က ဆက်သွယ်မှု ဧရိယာပြင်ပ တိုနီ
ဘရန့်ဖို့ဒ်ရဲ့ Danger Man အိုင်ဗန် တိုနီကတော့ ဒီနေ့ပွဲမှာ တတ်နိုင်သလောက် ရုန်းခဲ့ပေမယ့် အာဆင်နယ်ခံစစ်ရဲ့ ဖြတ်တောက်စွမ်းအားကြောင့် လူမဲ့ကျွန်းပေါ်မှာ ဖုန်းလိုင်းမမိဘဲ ဆက်သွယ်မှု ဧရိယာပြင်ပရောက်နေသလိုဖြစ်ခဲ့တာပါ။ ဒီပွဲမတိုင်ခင်က သူ့ကို သိပ်ထားနိုင်ရင် အာဆင်နယ်တို့ ရလဒ် ကောင်းပြီလို့ ခန့်မှန်းခဲ့တဲ့သူတိုင်းအတွက်တော့ အထင်နဲ့ အမြင်က တစ်ထပ်တည်းကျလို့ ဝမ်းသာစရာဖြစ်ခဲ့ပြီး ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ အင်္ဂလန်မှာ အရွေးမခံရတဲ့ ဘန်ဝှိုက်တို့ရဲ့ ပူပူနွေးနွေး လက်ရွေးစင်တိုက်စစ်မှူးနဲ့ ခပ်ညံ့ညံ့ ဆောက်ဂိတ်ကိုပါ အဝေးက ပညာပေးသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဗီယာရာတိုင်း သမိုင်းမရိုင်းဘူး
အာဆင်နယ်အင်္ကျီနဲ့ အမြောက်လိုဂိုကို ရင်ဘတ်ပေါ်တင်လိုက်ရင် ဗီယာရာတွေရဲ့ သမိုင်းက လှပနေမှာပါပဲ။ စကတည်းက ပက်ထရစ်ကြီးနဲ့ နာမည်ချင်းတူလို့ ပရိသတ်တွေ မျှော်လင့်ထားခဲ့တဲ့ ဖာဘီယိုကတော့ တိုက်စစ်သန် ကွင်းလယ်လူဖြစ်လို့ တစ်နည်းတစ်ဟန်နဲ့ လမ်းဖောက်နိုင်ပါလိမ့်မယ်။ ဒီနေ့မှာလည်း မပါဝင်နိုင်ခဲ့တဲ့ ကပ္ပတိန် အော်ဒီဂွါဒ်နေရာကို ဝင်ကစားပြီး ညာခြမ်းကနေ လူပေးမလိုလိုနဲ့ စနိုက်ပါကန်ချက်ကို ပြသသွားခဲ့တဲ့ ဂန်းနားတွေ အတွက် အဖွင့်ဂိုးနဲ့ ပေါ်တူဂီသားဟာ မတူကွဲပြားတဲ့ ဗီယာရာတစ်ယောက်ဖြစ်ပြီး သမိုင်းသစ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ မှတ်ကျောက်တင်ခံနိုင်ခဲ့တာပါ။

ဗျူဟာမှန်ခဲ့တဲ့ အာတီတာ
ဘရန့်ဖို့ဒ်တို့ရဲ့ တိုက်စစ်က တိုနီနဲ့ အမ်ဘူးမိုတို့ရဲ့ Link တွေကို ဖြတ်ထုတ်ဖို့ ပြင်ဆင်လာခဲ့တဲ့ နည်းပြ အာတီတာဟာ သူတို့ရဲ့ ခံစစ်ကိုတော့ ဖိအားကြီးကြီး ပေးနိုင်ဖို့ ဒီနေ့မှာ ၄-၂-၃-၁ နဲ့ ၄-၁-၄-၁ ကစားကွက်တွေအစား ၄-၃-၃ စစ်စစ်ကို ကစားလာခဲ့တာပါ။ ရှေ့မှာ ဂျေဆူးစ်၊ မာတီနယ်လီ၊ ဆာကာတို့ သုံးဦးက အမြဲတစေ ရွေ့လျားနေခဲ့သလို နောက်က ချာကာ၊ ပါတေးနဲ့ ဗီယာရာတို့ကတော့ အတန်းလိုက်တက်ပြီး ဖိအားပေးခဲ့ချိန်မှာ နောက်က ဘန်ဝှိုက်နဲ့ တီယာနီတို့ရဲ့ နေရာယူပုံနဲ့ဆိုရင် ၂-၂-၃-၃ ကစားကွက်ဖြစ်သွားခဲ့ပြီး သမားရိုးကျ ၃-၅-၂ နဲ့ ကွင်းလယ်အသာစီးရဖို့ ပြင်ဆင်လာတဲ့ သောမတ်စ် ဖရန့်ခ်ကို မှန်းချက်ရော နှမ်းထွက်ပါ ဇီးရိုးဖြစ်သွားစေခဲ့ပါတယ်။

အီသန်ရဲ့ အငယ်ဆုံး စံချိန်သစ်
နွမ်နာရီခေါ်ခေါ် နဝမ်နာရီထွက်ထွက် အန်ဝမ်နာရီပဲပြောပြော အသက် ၁၅ နှစ်နဲ့ ၁၈၀ ရက် (၆ လ)အရွယ် မောင်အီသန်ကတော့ ပရီးမီးယားလိဂ် စံချိန်ကို ချိုးခဲ့တာပါ။ ဒီပွဲမတိုင်ခင်မှာ အသင်းကြီးကစားသမားတချို့ရဲ့ ဒဏ်ရာတွေက လူစာရင်းထဲကို ခေါ်ယူခံခဲ့ရတဲ့ ယူ-၁၈ တိုက်စစ်သမားဟာ ပွဲချိန် မိနစ် ၉၀ မှာ လူစားဝင်လာခဲ့ပြီး ၁၆ နှစ်နဲ့ ရက် ၃၀ မှာ ဖူလ်ဟမ်နဲ့ ပွဲထွက်ပြီး စံချိန်တင်ထားခဲ့တဲ့ လက်ရှိ လီဗာပူးလ်ကစားသမား ဟာဗီ အဲလီးယော့ရဲ့ စံချိန်နဲ့ အာဆင်နယ်အသင်းရဲ့ အသက်အငယ်ဆုံးအဖြစ် တင်ရှိထားတဲ့ ဆက်စ် ဖာဘရီဂက်စ်ရဲ့ လိဂ်ဖလားပွဲထွက် ၁၆ နှစ်နဲ့ ၁၇၇ ရက်နဲ့ ဂျက်ခ် ဝီလ်ရှီးယားရဲ့ ပရီးမီးယားလိဂ် ပွဲထွက် ၁၆ နှစ်နဲ့ ၂၅၆ ရက် စံချိန်တွေကိုလည်းချိုးဖျက်ပြီး အသစ်တင်ရှိသွားခဲ့တာဖြစ်ပါတယ်။

လေးဂိုး လေးဝါ ဂျေဆူးစ်
အာဆင်နယ်တို့အတွက် အကောင်းတွေချည်း ရှိမနေသလို အဆိုးတွေလည်း ရှိနေတတ်ပါတယ်။ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ် အနေနဲ့ သိပ်အန္တရာယ်မများတဲ့ အနေအထားကို ဖျက်ထုတ်ပြီး အဝါရသွားတာကတော့ သူ့ရဲ့ ၇ ပွဲမှာ ၄ ကတ်မြောက်ဖြစ်နေခဲ့ပြီး နောက်တစ်ကတ်ထိရင်တော့ တစ်ပွဲပယ်ခံရဖို့ ဖြစ်တော့မှာပါ။ တစ်ကွင်းလုံး လိုက်ကစားတဲ့ ဘရာဇီးလ်သားအတွက်တော့ လာမယ့်ပွဲတွေမှာ ဆင်ခြင်ရတော့မှာဖြစ်ပြီး ၁၉ ပွဲအထိ ၅ ဝါ မထိမှ ပွဲပယ်ပြစ်ဒဏ်ကို ရှောင်လွှဲနိုင်မှာဖြစ်လို့ ရာခိုင်နှုန်းအားဖြင့် တစ်ရာခိုင်နှုန်းတောင် မရှိချိန်မှာ ၄ ဂိုးမြောက်ကို ရရှိခဲ့တဲ့ ပွဲက ၄ ဝါမြောက်က နကီးတီးယားကို ယုံမလို့မရတဲ့ တိုက်စစ်အတွက်တော့ အသည်းယားစရာဖြစ်နေပြီး လွယ်ကူတဲ့ ပွဲတစ်ပွဲမှာ အချိန်ကိုက် ပွဲပယ်ခံရနိုင်အောင်ပဲ ကြိုးစားရတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အေႂကြးကို အတိုးနဲ႔ဆပ္ၿပီး ပ်ားကို အေျမာက္နဲ႔ထုတဲ့ ဂန္းနားေတြ
ၿပီးခဲ့တဲ့ႏွစ္က အဖြင့္ပြဲမွာ ထင္မွတ္မထားဘဲ ဂန္းနားေတြ ပ်ားတုပ္ခံခဲ့ရပါတယ္။ ဒါကို မႏွစ္က အိမ္ကြင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ျပန္တီးႏိုင္ခဲ့ေပမယ့္ ေနရာခ်င္း မတူလို႔ ပရိသတ္ေတြအတြက္ သိပ္မခ်ိဳခဲ့ပါဘူး။ ဒီႏွစ္မွာေတာ့ သူ႔ကြင္းမွာပဲ အေႂကြးတင္ထားတဲ့ ႏွစ္ဂိုးကို ျပန္ဆပ္လိုက္႐ုံမက ပိုေကာင္းတဲ့ အဆင့္အတန္းျမင့္ ကစားပုံနဲ႔ မတူရင္ မတုနဲ႔ဆိုၿပီး ပ်ားေတြကို မညႇာမတာ အေျမာက္နဲ႔ ထုလို႔ သုံးဂိုးသြင္းေပးခဲ့တာပါ။ ႏိုင္သင့္ႏိုင္ထိုက္သလို ႏိုင္ဖို႔ အေၾကာင္းျပခ်က္ေတြ မ်ားလြန္းတဲ့ Must Win ပြဲက တကယ္ပဲ ပ်ားဖြပ္စားၿပီး ခ်ိဳၿမိန္ခဲ့တာျဖစ္ပါတယ္။

ႏွစ္ခါေခါင္းတိုက္ၿပီး ႏွစ္ဂိုးယူျပတာက ဆရာ
ၿပီးခဲ့တဲ့ ႏွစ္က ဘရန႔္ဖို႔ဒ္ရဲ႕ ေခါင္းေဘာေတြမွာ အႏိုင္က်င့္ခံခဲ့ရတဲ့ အာဆင္နယ္တို႔ အဖြင့္ဂိုးႏွစ္ဂိုးကို ေခါင္းတိုက္သြင္းၿပီး ပညာျပန္ျပႏိုင္ခဲ့တာက ဆရာက်တယ္လို႔ ေခၚရမွာပါ။ ဒီပြဲရဲ႕ အဓိကက်တဲ့ ခံစစ္မႉးျဖစ္မယ္လို႔ ခန႔္မွန္းခံထားရတဲ့ ဆာလီဘာရဲ႕ ေခါင္းတိုက္ခ်က္က ပ်ားေတြရဲ႕ အားနည္းခ်က္ကို တည့္တည့္မတ္မတ္ ထိမွန္သြားခဲ့သလို ခ်ာကာရဲ႕ ဖန္တီးမႈကို ေဂ်ဆူးစ္က ေဖာ္ျမဴလာက်က် ေခါင္းေျပးတိုက္ခဲ့တာကလည္း ဘရန႔္ဖို႔ဒ္ရဲ႕ ခံစစ္ပိုင္းက အရွည္ႀကီးေတြနဲ႔ ဂိုးသမား အပုေလးကို ငုတ္တုတ္ေမ့ေစခဲ့တာျဖစ္ပါတယ္။

လူမဲ့ကြၽန္းေပၚက ဆက္သြယ္မႈ ဧရိယာျပင္ပ တိုနီ
ဘရန႔္ဖို႔ဒ္ရဲ႕ Danger Man အိုင္ဗန္ တိုနီကေတာ့ ဒီေန႔ပြဲမွာ တတ္ႏိုင္သေလာက္ ႐ုန္းခဲ့ေပမယ့္ အာဆင္နယ္ခံစစ္ရဲ႕ ျဖတ္ေတာက္စြမ္းအားေၾကာင့္ လူမဲ့ကြၽန္းေပၚမွာ ဖုန္းလိုင္းမမိဘဲ ဆက္သြယ္မႈ ဧရိယာျပင္ပေရာက္ေနသလိုျဖစ္ခဲ့တာပါ။ ဒီပြဲမတိုင္ခင္က သူ႔ကို သိပ္ထားႏိုင္ရင္ အာဆင္နယ္တို႔ ရလဒ္ ေကာင္းၿပီလို႔ ခန႔္မွန္းခဲ့တဲ့သူတိုင္းအတြက္ေတာ့ အထင္နဲ႔ အျမင္က တစ္ထပ္တည္းက်လို႔ ဝမ္းသာစရာျဖစ္ခဲ့ၿပီး ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ အဂၤလန္မွာ အေ႐ြးမခံရတဲ့ ဘန္ဝႈိက္တို႔ရဲ႕ ပူပူေႏြးေႏြး လက္ေ႐ြးစင္တိုက္စစ္မႉးနဲ႔ ခပ္ညံ့ညံ့ ေဆာက္ဂိတ္ကိုပါ အေဝးက ပညာေပးသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဗီယာရာတိုင္း သမိုင္းမ႐ိုင္းဘူး
အာဆင္နယ္အက်ႌနဲ႔ အေျမာက္လိုဂိုကို ရင္ဘတ္ေပၚတင္လိုက္ရင္ ဗီယာရာေတြရဲ႕ သမိုင္းက လွပေနမွာပါပဲ။ စကတည္းက ပက္ထရစ္ႀကီးနဲ႔ နာမည္ခ်င္းတူလို႔ ပရိသတ္ေတြ ေမွ်ာ္လင့္ထားခဲ့တဲ့ ဖာဘီယိုကေတာ့ တိုက္စစ္သန္ ကြင္းလယ္လူျဖစ္လို႔ တစ္နည္းတစ္ဟန္နဲ႔ လမ္းေဖာက္ႏိုင္ပါလိမ့္မယ္။ ဒီေန႔မွာလည္း မပါဝင္ႏိုင္ခဲ့တဲ့ ကပၸတိန္ ေအာ္ဒီဂြါဒ္ေနရာကို ဝင္ကစားၿပီး ညာျခမ္းကေန လူေပးမလိုလိုနဲ႔ စႏိုက္ပါကန္ခ်က္ကို ျပသသြားခဲ့တဲ့ ဂန္းနားေတြ အတြက္ အဖြင့္ဂိုးနဲ႔ ေပၚတူဂီသားဟာ မတူကြဲျပားတဲ့ ဗီယာရာတစ္ေယာက္ျဖစ္ၿပီး သမိုင္းသစ္ေရးထိုးဖို႔ အဆင္သင့္ျဖစ္ေနၿပီဆိုတာ မွတ္ေက်ာက္တင္ခံႏိုင္ခဲ့တာပါ။

ဗ်ဴဟာမွန္ခဲ့တဲ့ အာတီတာ
ဘရန႔္ဖို႔ဒ္တို႔ရဲ႕ တိုက္စစ္က တိုနီနဲ႔ အမ္ဘူးမိုတို႔ရဲ႕ Link ေတြကို ျဖတ္ထုတ္ဖို႔ ျပင္ဆင္လာခဲ့တဲ့ နည္းျပ အာတီတာဟာ သူတို႔ရဲ႕ ခံစစ္ကိုေတာ့ ဖိအားႀကီးႀကီး ေပးႏိုင္ဖို႔ ဒီေန႔မွာ ၄-၂-၃-၁ နဲ႔ ၄-၁-၄-၁ ကစားကြက္ေတြအစား ၄-၃-၃ စစ္စစ္ကို ကစားလာခဲ့တာပါ။ ေရွ႕မွာ ေဂ်ဆူးစ္၊ မာတီနယ္လီ၊ ဆာကာတို႔ သုံးဦးက အၿမဲတေစ ေ႐ြ႕လ်ားေနခဲ့သလို ေနာက္က ခ်ာကာ၊ ပါေတးနဲ႔ ဗီယာရာတို႔ကေတာ့ အတန္းလိုက္တက္ၿပီး ဖိအားေပးခဲ့ခ်ိန္မွာ ေနာက္က ဘန္ဝႈိက္နဲ႔ တီယာနီတို႔ရဲ႕ ေနရာယူပုံနဲ႔ဆိုရင္ ၂-၂-၃-၃ ကစားကြက္ျဖစ္သြားခဲ့ၿပီး သမား႐ိုးက် ၃-၅-၂ နဲ႔ ကြင္းလယ္အသာစီးရဖို႔ ျပင္ဆင္လာတဲ့ ေသာမတ္စ္ ဖရန႔္ခ္ကို မွန္းခ်က္ေရာ ႏွမ္းထြက္ပါ ဇီး႐ိုးျဖစ္သြားေစခဲ့ပါတယ္။

အီသန္ရဲ႕ အငယ္ဆုံး စံခ်ိန္သစ္
ႏြမ္နာရီေခၚေခၚ နဝမ္နာရီထြက္ထြက္ အန္ဝမ္နာရီပဲေျပာေျပာ အသက္ ၁၅ ႏွစ္နဲ႔ ၁၈၀ ရက္ (၆ လ)အ႐ြယ္ ေမာင္အီသန္ကေတာ့ ပရီးမီးယားလိဂ္ စံခ်ိန္ကို ခ်ိဳးခဲ့တာပါ။ ဒီပြဲမတိုင္ခင္မွာ အသင္းႀကီးကစားသမားတခ်ိဳ႕ရဲ႕ ဒဏ္ရာေတြက လူစာရင္းထဲကို ေခၚယူခံခဲ့ရတဲ့ ယူ-၁၈ တိုက္စစ္သမားဟာ ပြဲခ်ိန္ မိနစ္ ၉၀ မွာ လူစားဝင္လာခဲ့ၿပီး ၁၆ ႏွစ္နဲ႔ ရက္ ၃၀ မွာ ဖူလ္ဟမ္နဲ႔ ပြဲထြက္ၿပီး စံခ်ိန္တင္ထားခဲ့တဲ့ လက္ရွိ လီဗာပူးလ္ကစားသမား ဟာဗီ အဲလီးေယာ့ရဲ႕ စံခ်ိန္နဲ႔ အာဆင္နယ္အသင္းရဲ႕ အသက္အငယ္ဆုံးအျဖစ္ တင္ရွိထားတဲ့ ဆက္စ္ ဖာဘရီဂက္စ္ရဲ႕ လိဂ္ဖလားပြဲထြက္ ၁၆ ႏွစ္နဲ႔ ၁၇၇ ရက္နဲ႔ ဂ်က္ခ္ ဝီလ္ရွီးယားရဲ႕ ပရီးမီးယားလိဂ္ ပြဲထြက္ ၁၆ ႏွစ္နဲ႔ ၂၅၆ ရက္ စံခ်ိန္ေတြကိုလည္းခ်ိဳးဖ်က္ၿပီး အသစ္တင္ရွိသြားခဲ့တာျဖစ္ပါတယ္။

ေလးဂိုး ေလးဝါ ေဂ်ဆူးစ္
အာဆင္နယ္တို႔အတြက္ အေကာင္းေတြခ်ည္း ရွိမေနသလို အဆိုးေတြလည္း ရွိေနတတ္ပါတယ္။ တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ အေနနဲ႔ သိပ္အႏၲရာယ္မမ်ားတဲ့ အေနအထားကို ဖ်က္ထုတ္ၿပီး အဝါရသြားတာကေတာ့ သူ႔ရဲ႕ ၇ ပြဲမွာ ၄ ကတ္ေျမာက္ျဖစ္ေနခဲ့ၿပီး ေနာက္တစ္ကတ္ထိရင္ေတာ့ တစ္ပြဲပယ္ခံရဖို႔ ျဖစ္ေတာ့မွာပါ။ တစ္ကြင္းလုံး လိုက္ကစားတဲ့ ဘရာဇီးလ္သားအတြက္ေတာ့ လာမယ့္ပြဲေတြမွာ ဆင္ျခင္ရေတာ့မွာျဖစ္ၿပီး ၁၉ ပြဲအထိ ၅ ဝါ မထိမွ ပြဲပယ္ျပစ္ဒဏ္ကို ေရွာင္လႊဲႏိုင္မွာျဖစ္လို႔ ရာခိုင္ႏႈန္းအားျဖင့္ တစ္ရာခိုင္ႏႈန္းေတာင္ မရွိခ်ိန္မွာ ၄ ဂိုးေျမာက္ကို ရရွိခဲ့တဲ့ ပြဲက ၄ ဝါေျမာက္က နကီးတီးယားကို ယုံမလို႔မရတဲ့ တိုက္စစ္အတြက္ေတာ့ အသည္းယားစရာျဖစ္ေနၿပီး လြယ္ကူတဲ့ ပြဲတစ္ပြဲမွာ အခ်ိန္ကိုက္ ပြဲပယ္ခံရႏိုင္ေအာင္ပဲ ႀကိဳးစားရေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.