Premier League

ပွဲမတိုင်ခင် ဒီဘရိုင်းနားကို ဂိုးမသွင်းနိုင်အောင် လုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ ဂျိုဆေးဆာ

ဝုလ်ဗ်စ်ဂိုးသမား ဂျိုဆေးဆာဟာ မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မတိုင်ခင် ကီဗင် ဒီဘရိုင်းနားနဲ့ ဥမင်ထဲက အဖြစ်အပျက် ထွက်ပေါ်လာခဲ့ပြီနောက် သနားစရာ စိတ်ပိုင်းဆိုင်ရာရှိသူအဖြစ် စွပ်စွဲခံခဲ့ရပါတယ်။

ဝုလ်ဗ်စ်အသင်းဟာ စနေနေ့က မိုးလီနက်မှာ မန်ချက်စတာစီးတီးကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဂျက် ဂရီးလစ်ရှ်က ပထမဆုံးမိနစ်မှာပဲ ဧည့်သည်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ အာလင်း ဟာလန်းဟာ နောက်ထပ် ၁၅ မိနစ်အကြာမှာ မန်ချက်စတာစီးတီးအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး စိတ်လှုပ်ရှားဖွယ် သွင်းဂိုးစံချိန်ကို ရှေ့ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖီးလ် ဖိုဒန်က ဒုတိယပိုင်းမှာ မန်ချက်စတာစီးတီးအတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဝုလ်ဗ်စ်အသင်းအတွက်တော့ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးကို ၅-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ထပ် အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ၅-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တုန်းက ကီဗင် ဒီဘရိုင်းနားဟာ မယုံနိုင်စရာကောင်းလောက်အောင် တစ်ဦးတည်း ၄ ဂိုးအထိ သွင်းယူခဲ့တာကြောင့် ဂျိုဆေးဆာက ပွဲမတိုင်ခင် ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကို တောင်းပန်တဲ့အမူအရာပြုလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပေါ်တူဂီဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီပွဲစဉ်မှာ ၄ ဂိုး သွင်းယူခဲ့တဲ့ မန်ချက်စတာစီးတီး ကွင်းလယ်ကြယ်ပွင့် ကီဗင် ဒီဘရိုင်းနားကို ပွဲမစတင်ခင် ဥမင်လျှောက်လမ်းထဲမှာ တန်းစီနေချိန်အတွင်း အေးအေးဆေးဆေး လုပ်ဖို့ တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

ဂျိုဆေးဆာရဲ့ ဒီဘရိုင်းနားနဲ့ ဖြစ်စဉ်ဟာ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေအတွက်တော့ သဘောမကျစရာဖြစ်ခဲ့ပြီး ပေါ်တူဂီဂိုးသမားဟာ သနားစရာကောင်းတဲ့စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူဖြစ်တယ်လို့ စွပ်စွဲခဲ့ကြတာ ဖြစ်ပါတယ်။

“ဒီဟာကို ရွိုင် ကီးန် မမြင်စေနဲ့”လို့ ပရိသတ်တစ်ဦးက မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကွင်းလယ်ကစားသမားရဲ့ ပွဲမတိုင်ခင် ဥမင်ထဲမှာကတည်းက ပြိုင်ဘက်ကစားသမားတွေကို ဖြဲတတ်တဲ့အကျင့်ကို ရည်ညွှန်းပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ပရိသတ်တစ်ဦးကလည်း “သူတို့တွေ စတောင် မကန်ခင်ကတည်းက ရှုံးနေခဲ့တာပဲ”လို့ မှတ်ချက် ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝုလ်ဗ်စ်ဂိုးသမား ဂျိုဆေးဆာဟာ မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မတိုင်ခင် ကီဗင် ဒီဘရိုင်းနားနဲ့ ဥမင်ထဲက အဖြစ်အပျက် ထွက်ပေါ်လာခဲ့ပြီနောက် သနားစရာ စိတ်ပိုင်းဆိုင်ရာရှိသူအဖြစ် စွပ်စွဲခံခဲ့ရပါတယ်။







REF: INTERNET SOURCES
SPORTS A2Z.