Article Premier League

ပရီးမီးယားလိဂ္ေရာက္ ဘရာဇီးလ္ကစားသမားေတြထဲ ဘယ္သူ အေကာင္းဆံုးလဲ

ပီအက္စ္ဂ်ီအသင္းမွာ ၈ ႏွစ္ၾကာကစားခဲ့ၿပီးေနာက္ မၾကာေသးခင္က ခ်ဲလ္ဆီးကို သီယာဂို ေဆးလ္ဗား ေျပာင္းလာေတာ့ ပရီးမီးယားလိဂ္နဲ႔ ဘရာဇီးလ္ကစားသမားေတြရဲ႕ေပါင္းစည္းမႈကို သတိထားစရာျဖစ္လာပါတယ္။ တစ္ခ်ိန္က ပရီးမီးယားလိဂ္ကို ဘရာဇီးလ္ကစားသမားေတြ ေျပာင္းတာနည္းေပမယ့္ ဒီေန႔ေခတ္မွာေတာ့ ဘရာဇီးလ္ကစားသမား ေတာ္ေတာ္မ်ားမ်ား ပရီးမီးယားလိဂ္မွာ ေနရာရေနၾကပါၿပီ။ ပရီးမီးယားလိဂ္ေရာက္ ဘရာဇီးလ္ကစားသမားေတြထဲ ဘယ္သူ အေကာင္းဆံုးျဖစ္မလဲကို ရႈစားၾကည့္ၾကရေအာင္ပါ…

၁၀။ လူးကပ္စ္ လီဗာ (လီဗာပူး)
၂၀၁၀ကေန ၂၀၁၆ခုႏွစ္အတြင္း တစ္ပြဲပ်မ္းမွ် ေဘာလံုးဖ်က္ထုတ္မႈႏႈန္းအမ်ားဆံုးျဖစ္ခဲ့တဲ့ လူးကပ္စ္ လီဗာဟာ လီဗာပူးရဲ႕အေကာင္းဆံုး ကြင္းလယ္လူတစ္ဦး ျဖစ္ခဲ့သူပါ။ ဒီေန႔အထိ ပရီးမီးယားလိဂ္ပြဲအမ်ားဆံုး ကစားထားတဲ့ ဘရာဇီးလ္ကစားသမားတစ္ဦးအျဖစ္လည္း သူ မွတ္တမ္း၀င္ေနပါေသးတယ္။

၉။ ေဒးဗစ္ လူး၀စ္ (အာဆင္နယ္၊ ခ်ဲလ္ဆီး)
ၿပီးခဲ့တဲ့ ရာသီက အာဆင္နယ္အသင္းမွာ အမွားမ်ားခဲ့လို႔ ေ၀ဖန္စရာျဖစ္ခဲ့ေပမယ့္ ခ်ဲလ္ဆီးမွာတုန္းက ေဒးဗစ္ လူး၀စ္ ရခဲ့တဲ့ ေအာင္ျမင္မႈေတြကို ေမ့ထားလို႔မရပါဘူး။ ၂၀၁၆-၁၇ရာသီက နည္းျပ ကြန္တီလက္ထက္ ခ်ဲလ္ဆီးအသင္း ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ရာမွာ သူ႔ရဲ႕အခန္းက႑က အေရးပါခဲ့ပါတယ္။ ပရီးမီးယားလိဂ္ပြဲေပါင္း ၂၀၀ေက်ာ္ကစားထားၿပီး သူ႔ေျခစြမ္းနဲ႔အေတြ႔အႀကံဳေၾကာင့္လည္း အမွားေတြမ်ားတဲ့ၾကားက အာဆင္နယ္နည္းျပ အာေတးတားဟာ ေဒးဗစ္ လူး၀စ္ကို ေနာက္ထပ္စာခ်ဳပ္သက္တမ္းတိုးခဲ့တာပါ။

၈။ ဖာနန္ဒင္ညိဳ (မန္စီးတီး)
အသက္ ၃၅ႏွစ္အရြယ္ရွိၿပီး ပရီးမီးယားလိဂ္ပြဲေပါင္း ၂၂၄ပြဲအထိ ကစားေပးထားတဲ့ ဖာနန္ဒင္ညိဳဟာ မန္စီးတီးအသင္းရဲ႕ ပရီးမီးယားလိဂ္ေခတ္တစ္ေခတ္မွာ အဓိက ေနရာကေန ပါ၀င္ခဲ့သူပါ။ မန္စီးတီးနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ၄ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ၿပီး နည္းျပ ဂြါဒီယိုလာကဆိုရင္ မတူညီတဲ့ ၁၀ ေနရာေလာက္အထိ ဖာနန္ဒင္ညိဳ ေျပာင္းကစားႏိုင္တယ္လို႔ ခ်ီးက်ဴးခဲ့ဖူးပါတယ္။

(၇) ေကာ္တင္ညိဳ(လီဗာပူး)
၂၀၁၃ခုႏွစ္က လီဗာပူးကို ေပါင္ ၈.၅ သန္းတည္းနဲ႔ေျပာင္းခဲ့တဲ့ ေကာ္တင္ညိဳဟာ ေနာက္ ၅ႏွစ္အၾကာမွာ ေပါင္ ၁၄၅သန္းအထိ တန္ေၾကးျမင့္သြားတာကို ၾကည့္ရင္ ပရီးမီးယားလိဂ္မွာ သူ ဘယ္ေလာက္အထိ တိုးတက္သြားခဲ့သလဲကို လြယ္လင့္တကူ သိႏိုင္မွာပါ။ ေကာ္တင္ညိဳဟာ လီဗာပူးအတြက္ ၅ႏွစ္တာအတြင္း ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈ ၃၅ႀကိမ္အထိ လုပ္ႏိုင္ခဲ့ပါတယ္။

(၆) ဂ်ဴနင္ညဳိ (မစ္ဒယ္ဘေရာ့)
အရပ္အျမင့္ ၅ေပ၊ ၅လက္မပဲရွိတဲ့ ဂ်ဴနင္ညဳိဟာ ၁၉၉၆-၉၇ရာသီက မစ္ဒယ္ဘေရာ့အတြက္ ပရီးမီးယားလိဂ္သြင္းဂိုး ၁၂ ဂိုးရခ့ဲၿပီး ေရးဗားဆိုက္ဒ္ကို ၃ႀကိမ္ထိ လာကစားခဲ့သူပါ။ မစ္ဒယ္ဘေရာ့မွာ ေနာက္ဆံုးကစားခဲ့တဲ့ ၂၀၀၃-၀၄ရာသီက ပရီးမီးယားလိဂ္သြင္းဂိုး ၈ ဂိုးရခဲ့ပါတယ္။

(၅) အီဒါဆင္(မန္စီးတီး)
ဘင္ဖီကာကေန ေပါင္ ၃၅သန္းနဲ႔ အီဒါဆင္ကို ေခၚႏိုင္ခဲ့တာက မန္စီးတီးအတြက္ တကယ့္ကို တန္လြန္းတဲ့ အေျပာင္းအေရႊ႕ျဖစ္ခဲ့ပါတယ္။ ၂၀၁၈-၁၉ရာသီက ပရီးမီးယားလိဂ္အေကာင္းဆံုးအသင္းမွာ ေရြးခ်ယ္ခံခဲ့ရသလို အခုၿပီးခဲ့တဲ့ရာသီမွာလည္း အေကာင္းဆံုးဂိုးသမားဆု(ေရႊလက္အိတ္)ကို ရခဲ့ပါတယ္။

(၄) ၀ီလီယန္ (အာဆင္နယ္၊ ခ်ဲလ္ဆီး)
ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ဘရာဇီးလ္ကစားသမားေတြထဲမွာ ေျခစြမ္းနိမ့္ျမင့္တက္က်အနည္းဆံုးလို႔ ဆိုႏိုင္တဲ့ ၀ီလီယန္ဟာ ခ်ဲလ္ဆီးမွာ ကစားခဲ့တဲ့ ၆ ရာသီအတြင္း ၅ ရာသီမွာ ၿပိဳင္ပြဲအရပ္ရပ္သြင္းဂိုး အနည္းဆံုး ဆယ္ဂဏန္းရွိခဲ့ပါတယ္။

(၃) အယ္လီဆန္ (လီဗာပူး)
ႏွစ္ေပါင္း ၃၀ၾကာေ၀းကြာခဲ့ရတဲ့ အမွတ္ေပးခ်န္ပီယံဆုကို လီဗာပူး တစ္ေက်ာ့ျပန္ဆြတ္ခူးႏိုင္ခဲ့ရာမွာ ဘရာဇီးလ္ဂိုးသမား အယ္လီဆန္ရဲ႕ အခန္းက႑ကလည္း ေမ့ထားလို႔မရပါဘူး။ အယ္လီဆန္ဟာ ေနာက္ဆံုး ၂ရာသီအတြင္း ပရီးမီးယားလိဂ္မွာ တျခားဂိုးသမားေတြထက္ ေပးဂိုးပိုနည္းခဲ့ပါတယ္။

(၂) ဖာမီႏို (လီဗာပူး)
ကစားပံုအရ တျခားဘရာဇီးလ္တုိက္စစ္မွဴးေတြနဲ႔ ျခားနားသလိုရွိေပမယ့္ ဖာမီႏိုဟာ ပရီးမီးယားလိဂ္ေရာက္ ဘရာဇီးလ္ကစားသမားေတြထဲ ဂိုးအမ်ားဆံုးသြင္းထားသူပါ။ စုစုေပါင္း ၅၇ ဂိုးသြင္းထားၿပီး ဂိုးဖန္တီးမႈ အႀကိမ္ ၄၀ အထိရွိပါတယ္။

(၁) ဂီလ္ဘာတို ေဆးလ္ဗား (အာဆင္နယ္)
ကမၻာ႔ဖလားရ ဘရာဇီးလ္လက္ေရြးစင္ကစားသမားတစ္ဦးျဖစ္တဲ့ ဂီလ္ဘာတို ေဆးလ္ဗားဟာ ပက္ထရစ္ ဗီအဲရာနဲ႔တြဲၿပီး အာဆင္နယ္အသင္းနဲ႔အတူ ရႈံးပြဲမရွိခ်န္ပီယံအသင္းကို ဦးေဆာင္ခဲ့ပါတယ္။ အာစင္၀င္းဂါးရဲ႕အသင္းမွာ ကြင္းလယ္ခံစစ္အတြင္းက်ဆံုးေနရာမွာ ကစားခဲ့ရေပမယ့္ ၂၀၀၆-၀၇ ရာသီက ပရီးမီးယားလိဂ္သြင္းဂိုး ၁၀ဂိုးအထိရခဲ့ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပီအက်စ်ဂျီအသင်းမှာ ၈ နှစ်ကြာကစားခဲ့ပြီးနောက် မကြာသေးခင်က ချဲလ်ဆီးကို သီယာဂို ဆေးလ်ဗား ပြောင်းလာတော့ ပရီးမီးယားလိဂ်နဲ့ ဘရာဇီးလ်ကစားသမားတွေရဲ့ပေါင်းစည်းမှုကို သတိထားစရာဖြစ်လာပါတယ်။ တစ်ချိန်က ပရီးမီးယားလိဂ်ကို ဘရာဇီးလ်ကစားသမားတွေ ပြောင်းတာနည်းပေမယ့် ဒီနေ့ခေတ်မှာတော့ ဘရာဇီးလ်ကစားသမား တော်တော်များများ ပရီးမီးယားလိဂ်မှာ နေရာရနေကြပါပြီ။ ပရီးမီးယားလိဂ်ရောက် ဘရာဇီးလ်ကစားသမားတွေထဲ ဘယ်သူ အကောင်းဆုံးဖြစ်မလဲကို ရှုစားကြည့်ကြရအောင်ပါ…

၁၀။ လူးကပ်စ် လီဗာ (လီဗာပူး)
၂၀၁၀ကနေ ၂၀၁၆ခုနှစ်အတွင်း တစ်ပွဲပျမ်းမျှ ဘောလုံးဖျက်ထုတ်မှုနှုန်းအများဆုံးဖြစ်ခဲ့တဲ့ လူးကပ်စ် လီဗာဟာ လီဗာပူးရဲ့အကောင်းဆုံး ကွင်းလယ်လူတစ်ဦး ဖြစ်ခဲ့သူပါ။ ဒီနေ့အထိ ပရီးမီးယားလိဂ်ပွဲအများဆုံး ကစားထားတဲ့ ဘရာဇီးလ်ကစားသမားတစ်ဦးအဖြစ်လည်း သူ မှတ်တမ်းဝင်နေပါသေးတယ်။

၉။ ဒေးဗစ် လူးဝစ် (အာဆင်နယ်၊ ချဲလ်ဆီး)
ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်အသင်းမှာ အမှားများခဲ့လို့ ဝေဖန်စရာဖြစ်ခဲ့ပေမယ့် ချဲလ်ဆီးမှာတုန်းက ဒေးဗစ် လူးဝစ် ရခဲ့တဲ့ အောင်မြင်မှုတွေကို မေ့ထားလို့မရပါဘူး။ ၂၀၁၆-၁၇ရာသီက နည်းပြ ကွန်တီလက်ထက် ချဲလ်ဆီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရာမှာ သူ့ရဲ့အခန်းကဏ္ဍက အရေးပါခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲပေါင်း ၂၀၀ကျော်ကစားထားပြီး သူ့ခြေစွမ်းနဲ့အတွေ့အကြုံကြောင့်လည်း အမှားတွေများတဲ့ကြားက အာဆင်နယ်နည်းပြ အာတေးတားဟာ ဒေးဗစ် လူးဝစ်ကို နောက်ထပ်စာချုပ်သက်တမ်းတိုးခဲ့တာပါ။

၈။ ဖာနန်ဒင်ညို (မန်စီးတီး)
အသက် ၃၅နှစ်အရွယ်ရှိပြီး ပရီးမီးယားလိဂ်ပွဲပေါင်း ၂၂၄ပွဲအထိ ကစားပေးထားတဲ့ ဖာနန်ဒင်ညိုဟာ မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ခေတ်တစ်ခေတ်မှာ အဓိက နေရာကနေ ပါဝင်ခဲ့သူပါ။ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီး နည်းပြ ဂွါဒီယိုလာကဆိုရင် မတူညီတဲ့ ၁၀ နေရာလောက်အထိ ဖာနန်ဒင်ညို ပြောင်းကစားနိုင်တယ်လို့ ချီးကျူးခဲ့ဖူးပါတယ်။

(၇) ကော်တင်ညို(လီဗာပူး)
၂၀၁၃ခုနှစ်က လီဗာပူးကို ပေါင် ၈.၅ သန်းတည်းနဲ့ပြောင်းခဲ့တဲ့ ကော်တင်ညိုဟာ နောက် ၅နှစ်အကြာမှာ ပေါင် ၁၄၅သန်းအထိ တန်ကြေးမြင့်သွားတာကို ကြည့်ရင် ပရီးမီးယားလိဂ်မှာ သူ ဘယ်လောက်အထိ တိုးတက်သွားခဲ့သလဲကို လွယ်လင့်တကူ သိနိုင်မှာပါ။ ကော်တင်ညိုဟာ လီဗာပူးအတွက် ၅နှစ်တာအတွင်း ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၃၅ကြိမ်အထိ လုပ်နိုင်ခဲ့ပါတယ်။

(၆) ဂျူနင်ညို (မစ်ဒယ်ဘရော့)
အရပ်အမြင့် ၅ပေ၊ ၅လက်မပဲရှိတဲ့ ဂျူနင်ညိုဟာ ၁၉၉၆-၉၇ရာသီက မစ်ဒယ်ဘရော့အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၂ ဂိုးရခဲ့ပြီး ရေးဗားဆိုက်ဒ်ကို ၃ကြိမ်ထိ လာကစားခဲ့သူပါ။ မစ်ဒယ်ဘရော့မှာ နောက်ဆုံးကစားခဲ့တဲ့ ၂၀၀၃-၀၄ရာသီက ပရီးမီးယားလိဂ်သွင်းဂိုး ၈ ဂိုးရခဲ့ပါတယ်။

(၅) အီဒါဆင်(မန်စီးတီး)
ဘင်ဖီကာကနေ ပေါင် ၃၅သန်းနဲ့ အီဒါဆင်ကို ခေါ်နိုင်ခဲ့တာက မန်စီးတီးအတွက် တကယ့်ကို တန်လွန်းတဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။ ၂၀၁၈-၁၉ရာသီက ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရသလို အခုပြီးခဲ့တဲ့ရာသီမှာလည်း အကောင်းဆုံးဂိုးသမားဆု(ရွှေလက်အိတ်)ကို ရခဲ့ပါတယ်။

(၄) ဝီလီယန် (အာဆင်နယ်၊ ချဲလ်ဆီး)
ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဘရာဇီးလ်ကစားသမားတွေထဲမှာ ခြေစွမ်းနိမ့်မြင့်တက်ကျအနည်းဆုံးလို့ ဆိုနိုင်တဲ့ ဝီလီယန်ဟာ ချဲလ်ဆီးမှာ ကစားခဲ့တဲ့ ၆ ရာသီအတွင်း ၅ ရာသီမှာ ပြိုင်ပွဲအရပ်ရပ်သွင်းဂိုး အနည်းဆုံး ဆယ်ဂဏန်းရှိခဲ့ပါတယ်။

(၃) အယ်လီဆန် (လီဗာပူး)
နှစ်ပေါင်း ၃၀ကြာဝေးကွာခဲ့ရတဲ့ အမှတ်ပေးချန်ပီယံဆုကို လီဗာပူး တစ်ကျော့ပြန်ဆွတ်ခူးနိုင်ခဲ့ရာမှာ ဘရာဇီးလ်ဂိုးသမား အယ်လီဆန်ရဲ့ အခန်းကဏ္ဍကလည်း မေ့ထားလို့မရပါဘူး။ အယ်လီဆန်ဟာ နောက်ဆုံး ၂ရာသီအတွင်း ပရီးမီးယားလိဂ်မှာ တခြားဂိုးသမားတွေထက် ပေးဂိုးပိုနည်းခဲ့ပါတယ်။

(၂) ဖာမီနို (လီဗာပူး)
ကစားပုံအရ တခြားဘရာဇီးလ်တိုက်စစ်မှူးတွေနဲ့ ခြားနားသလိုရှိပေမယ့် ဖာမီနိုဟာ ပရီးမီးယားလိဂ်ရောက် ဘရာဇီးလ်ကစားသမားတွေထဲ ဂိုးအများဆုံးသွင်းထားသူပါ။ စုစုပေါင်း ၅၇ ဂိုးသွင်းထားပြီး ဂိုးဖန်တီးမှု အကြိမ် ၄၀ အထိရှိပါတယ်။

(၁) ဂီလ်ဘာတို ဆေးလ်ဗား (အာဆင်နယ်)
ကမ္ဘာ့ဖလားရ ဘရာဇီးလ်လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်တဲ့ ဂီလ်ဘာတို ဆေးလ်ဗားဟာ ပက်ထရစ် ဗီအဲရာနဲ့တွဲပြီး အာဆင်နယ်အသင်းနဲ့အတူ ရှုံးပွဲမရှိချန်ပီယံအသင်းကို ဦးဆောင်ခဲ့ပါတယ်။ အာစင်ဝင်းဂါးရဲ့အသင်းမှာ ကွင်းလယ်ခံစစ်အတွင်းကျဆုံးနေရာမှာ ကစားခဲ့ရပေမယ့် ၂၀၀၆-၀၇ ရာသီက ပရီးမီးယားလိဂ်သွင်းဂိုး ၁၀ဂိုးအထိရခဲ့ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.