Premier League Transfer News

BREAKING: ဗန္ဒဘိခ္အတြက္ ေျပာင္းေရႊ႕ေၾကးကို မန္ခ်က္စတာယူႏုိက္တက္ သေဘာတူညီ

ဒီႏွစ္ ေႏြရာသီအေျပာင္းအေရႊ႕ရဲ႕ အလွဳပ္ခတ္ဆုံး ကစားသမားတစ္ေယာက္ကို မန္ခ်က္စတာယူႏုိက္တက္တို႔ ေခၚယူႏုိင္ဖို႔ လုပ္ေဆာင္ေအာင္ျမင္ခဲ့ၿပီျဖစ္ၿပီး အုိင္းယက္စ္ရဲ႕ ဒြန္နီ ဗန္ဒဘိခ္အတြက္ အသင္းႏွစ္သင္းၾကားမွာ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၄၀ နဲ႔ သေဘာတူညီခဲ့ၿပီလည္းျဖစ္ပါတယ္။

ကနဦးသတင္းေတြအရေတာ့ ယူ႐ုိသန္း ၄၀ လုိ႔ အသံထြက္ခဲ့ေပမယ့္ ဒီသတင္းကို ေၾကျငာခဲ့တဲ့ ဘီဘီစီနဲ႔ စကိုင္းစပုိ႔စ္လို နာမည္ႀကီး သတင္းဌာနေတြက ေပါင္သန္း ၄၀ လို႔ ထုတ္ျပန္သြားခဲ့ၿပီး အုိင္းယက္စ္ရဲ႕ အေကာင္းဆုံး အရည္အေသြးပုိင္ရွင္ေတြထဲက ၂၃ ႏွစ္သားကေတာ့ အုိးလ္ထရက္ဖို႔ဒ္ကို သြားရာလမ္းေပၚကို ေရာက္လာခဲ့ၿပီလည္းျဖစ္ပါတယ္။

နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားရဲ႕ ကာလၾကာရွည္စိတ္ဝင္စားမွဳျဖစ္ခဲ့ၿပီး ေဆာင္းရာသီမွာကတည္းက ကမ္းလွမ္းဖို႔ ရည္ရြယ္ခဲ့ေပမယ့္ ရီးရဲလ္ မက္ဒရစ္နဲ႔ သတင္းေတြေၾကာင့္ မလွဳပ္ရွားျဖစ္ခဲ့တဲ့ နယ္သာလန္လက္ေရြးစင္ ဗန္ဒဘိခ္ကို လက္ရွိမွာေတာ့ ေပါက္ေဈးထက္ အနည္းငယ္ေလ်ာ့နည္းၿပီး ေခၚယူႏုိင္ခဲ့တာလို႔လည္း ဆုိႏိုင္ပါတယ္။

သူ႕ရဲ႕ အေျပာင္းအေရႊ႕အတြက္ေတာ့ အုိင္းယက္စ္အသင္းရဲ႕ အမွဳေဆာင္ခ်ဳပ္ အက္ဒ္ဗင္ ဗန္ဒါဆားက ခြင့္ျပဳေပးခဲ့တာျဖစ္ၿပီး ယူႏိုက္တက္ အေနနဲ႔ ကနဦးေျပာင္းေရႊ႕ေၾကး ယူ႐ို ၃၉ သန္း (ေပါင္ ၃၄.၈ သန္း)ကို ေပးေခ်ရမွာျဖစ္ၿပီး ဗန္ဒဘိခ္ရဲ႕ စြမ္းေဆာင္ရည္အေပၚမွာ အက်ဳိးအျမတ္ခံစားခြင့္ ယူ႐ို ၅ သန္း (ေပါင္ ၄.၄၆ သန္း) ထပ္မံရရွိမွာျဖစ္တယ္လုိ႔လည္း ထုတ္ျပန္သြားခဲ့ပါတယ္။

ဗန္ဒဘိခ္အေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ အရန္အင္အားနဲ႔ ပြဲထြက္ကစားသမားေတြၾကား ကြာဟခ်က္ ႀကီးမားေနတဲ့ ကြင္းလယ္ကို အားျဖည့္ေပးႏုိင္မွာလည္းျဖစ္ၿပီး တုိက္စစ္ေရာ ခံစစ္ပါ ကစားႏုိင္တဲ့ ဒတ္ခ်္ကြင္းလယ္လူဟာ လာမယ့္ရက္ပုိင္းအတြင္း ေျပာင္းေရႊ႕ႏုိင္ဖို႔အတြက္ ေဆးစစ္မွဳေတြနဲ႔ ကိုယ္ေရးညႇိႏွဳိင္းမွဳေတြ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: BBC & SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီနှစ် နွေရာသီအပြောင်းအရွှေ့ရဲ့ အလှုပ်ခတ်ဆုံး ကစားသမားတစ်ယောက်ကို မန်ချက်စတာယူနိုက်တက်တို့ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်အောင်မြင်ခဲ့ပြီဖြစ်ပြီး အိုင်းယက်စ်ရဲ့ ဒွန်နီ ဗန်ဒဘိခ်အတွက် အသင်းနှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ နဲ့ သဘောတူညီခဲ့ပြီလည်းဖြစ်ပါတယ်။

ကနဦးသတင်းတွေအရတော့ ယူရိုသန်း ၄၀ လို့ အသံထွက်ခဲ့ပေမယ့် ဒီသတင်းကို ကြေငြာခဲ့တဲ့ ဘီဘီစီနဲ့ စကိုင်းစပို့စ်လို နာမည်ကြီး သတင်းဌာနတွေက ပေါင်သန်း ၄၀ လို့ ထုတ်ပြန်သွားခဲ့ပြီး အိုင်းယက်စ်ရဲ့ အကောင်းဆုံး အရည်အသွေးပိုင်ရှင်တွေထဲက ၂၃ နှစ်သားကတော့ အိုးလ်ထရက်ဖို့ဒ်ကို သွားရာလမ်းပေါ်ကို ရောက်လာခဲ့ပြီလည်းဖြစ်ပါတယ်။

နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ ကာလကြာရှည်စိတ်ဝင်စားမှုဖြစ်ခဲ့ပြီး ဆောင်းရာသီမှာကတည်းက ကမ်းလှမ်းဖို့ ရည်ရွယ်ခဲ့ပေမယ့် ရီးရဲလ် မက်ဒရစ်နဲ့ သတင်းတွေကြောင့် မလှုပ်ရှားဖြစ်ခဲ့တဲ့ နယ်သာလန်လက်ရွေးစင် ဗန်ဒဘိခ်ကို လက်ရှိမှာတော့ ပေါက်ဈေးထက် အနည်းငယ်လျော့နည်းပြီး ခေါ်ယူနိုင်ခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။

သူ့ရဲ့ အပြောင်းအရွှေ့အတွက်တော့ အိုင်းယက်စ်အသင်းရဲ့ အမှုဆောင်ချုပ် အက်ဒ်ဗင် ဗန်ဒါဆားက ခွင့်ပြုပေးခဲ့တာဖြစ်ပြီး ယူနိုက်တက် အနေနဲ့ ကနဦးပြောင်းရွှေ့ကြေး ယူရို ၃၉ သန်း (ပေါင် ၃၄.၈ သန်း)ကို ပေးချေရမှာဖြစ်ပြီး ဗန်ဒဘိခ်ရဲ့ စွမ်းဆောင်ရည်အပေါ်မှာ အကျိုးအမြတ်ခံစားခွင့် ယူရို ၅ သန်း (ပေါင် ၄.၄၆ သန်း) ထပ်မံရရှိမှာဖြစ်တယ်လို့လည်း ထုတ်ပြန်သွားခဲ့ပါတယ်။

ဗန်ဒဘိခ်အနေနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အရန်အင်အားနဲ့ ပွဲထွက်ကစားသမားတွေကြား ကွာဟချက် ကြီးမားနေတဲ့ ကွင်းလယ်ကို အားဖြည့်ပေးနိုင်မှာလည်းဖြစ်ပြီး တိုက်စစ်ရော ခံစစ်ပါ ကစားနိုင်တဲ့ ဒတ်ချ်ကွင်းလယ်လူဟာ လာမယ့်ရက်ပိုင်းအတွင်း ပြောင်းရွှေ့နိုင်ဖို့အတွက် ဆေးစစ်မှုတွေနဲ့ ကိုယ်ရေးညှိနှိုင်းမှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: BBC & SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.