Premier League

လက္ေရြးစင္အသင္းနဲ႔ ေဝးကြာေနတဲ့ အေကာင္းဆံုးေနာက္ခံလူတစ္ေယာက္ရဲ႕ဘဝ

စာရြက္ေပၚက စာရင္းအရ လာေပါ့ဟာ အေကာင္းဆံုးေနာက္ခံလူတစ္ဦးပါ။ ၂ႏွစ္ခြဲအတြင္း မန္စီးတီးနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ၂ႀကိမ္၊ အက္ဖ္ေအဖလား ၁ႀကိမ္နဲ႔ လိဂ္ဖလား ၂ႀကိမ္ရခဲ့သလို ဂြာဒီယိုလာရဲ႕ ဦးစားေပးေနာက္ခံလူတစ္ဦးလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ျပင္သစ္လက္ေရြးစင္နည္းျပ ဒီဒီယာေဒးေရွာင့္ရဲ႕ အျမင္မွာေတာ့ ဦးစားေပးစာရင္းထဲ လာေပါ့ မပါေသးပါဘူး။

ၾကာသပေတးေန႔က ဆြီဒင္၊ ခရိုေအးရွားတို႔နဲ႔ ကစားမယ့္ ေနးရွင္းလိဂ္ပြဲေတြအတြက္ လက္ေရြးစင္ကစားသမားစာရင္းကို ေဒးေရွာင့္ ထုတ္ျပန္ခဲ့ပါတယ္။ သူ႔ရဲ႕ ျပင္သစ္လက္ေရြးစင္အသင္းထဲ ေနာက္ခံလူ ၈ ဦးထိပါေပမယ့္ အဲဒီထဲမွာ လာေပါ့ မပါလာပါဘူး။ ေဒးေရွာင့္ ေရြးခ်ယ္ထားတဲ့ ေနာက္ခံလူေတြထဲမွာ ခင္ပမ္ပီ(ပီအက္စ္ဂ်ီ)၊ လန္ဂလက္(ဘာစီလိုနာ)၊ အူပါမီကာႏို(ရက္ဘူးလ္လိုက္ပ္ဇစ္)နဲ႔ ဗရန္း(ရီးရဲလ္မက္ဒရစ္) တို႔လို ဗဟိုခံစစ္မွဴးေတြပါပါတယ္။ ဘိုင္ယန္ျမဴးနစ္မွာ ပံုမွန္ကစားခြင့္မရတဲ့ လူကပ္ဟာနန္ဒက္ဇ္ေတာင္ ပါလာပါေသးတယ္။

တကယ္ေတာ့ အသက္ ၂၆ႏွစ္ဆိုတဲ့ အရြယ္အရ လာေပါ့ဟာ လက္ေရြးစင္အသင္းမွာ ေနရာတစ္ေနရာကို အခုိင္အမာ ရသင့္ပါၿပီ။ ျပင္သစ္မွာ ၄ႀကိမ္ ေရြးခံခဲ့ရေပမယ့္ တစ္ပြဲမွ မကစားဖူးေသးပါဘူး။ လာေပါ့အတြက္ တကယ့္ကို စိတ္ပ်က္စရာပါ။ ျပင္သစ္လက္ေရြးစင္အသင္းမွာ ကစားဖို႔ အရမ္းေမွ်ာ္လင့္ခဲ့တာကို ကိုဗစ္ကာလမတိုင္ခင္မွာ လာေပါ့ ကေျပာခဲ့ဖူးပါတယ္။ “ျပင္သစ္အသင္းမွာ ကစားခြင့္ရဖို႔အတြက္ ကၽြန္ေတာ့္အစြမ္းစကို ျပသဖို႔ ႀကိဳးစားေနပါတယ္”တဲ့။

အခုအထိေတာ့ ျပင္သစ္လက္ေရြးစင္အသင္းနဲ႔ လာေပါ့တို႔ ကံမစပ္ေသးပါဘူး။ ျပင္သစ္လက္ေရြးစင္အသင္းမွာ ဘယ္သန္ကစားသမားေတြမ်ားတာေၾကာင့္လည္း လာေပါ့အတြက္ ေနရာမရွိတာလားလို႔ ေတြးစရာပါ။ ေနာက္ခံလူေတြထဲ ညာသန္ဆိုလို႔ ဗရန္းနဲ႔ အခု ဒီေနာက္ပိုင္း ေတာ္ေတာ္ေလး ေျခတက္လာတဲ့ အူပါမီကာႏိုတို႔ပဲ ရွိပါတယ္။

ေနာက္ဆံုး ျပင္သစ္လက္ေရြးစင္မွာ လာေပါ့အတြက္ ေနရာလံုး၀မရွိေတာ့ရင္ စပိန္လက္ေရြးစင္အသင္းအတြက္ ကိုယ္စားျပဳဖို႔ လာေပါ့ စဥ္းစားေကာင္းစဥ္းစားႏိုင္ပါတယ္။ စပိန္လက္ေရြးစင္အသင္းမွာဆိုရင္ လာေပါ့ဟာ ပီေကးရဲ႕ေနရာကို အေကာင္းဆံုး ဆက္ခံႏိုင္သူတစ္ဦးပါ။ ခက္တာက လာလီဂါကလပ္ေတြမွာ ကစားခဲ့တ့ဲတေလွ်ာက္ စပိန္ႏိုင္ငံသားျဖစ္ဖို႔ မခံယူခဲ့ဘဲ အခု ၿဗိတိန္မွာေနမွ ႏုိင္ငံသားအေျပာင္းအလဲလုပ္ဖို႔ ႀကိဳးစားရင္ လြယ္ပ့ါမလား။ ဒီဒီယာေဒးေရွာင့္ရဲ႕ ဥေပကၡာျပဳမႈကတစ္ဖက္ စပိန္ႏိုင္ငံသားခံယူဖို႔ မလြယ္ကတစ္ဖက္နဲ႔ မတူညီတဲ့ အစြန္းႏွစ္ဖက္ၾကားမွာ လာေပါ့ရဲ႕ လက္ေရြးစင္အိပ္မက္က ေ၀ေ၀ါးေနဆဲျဖစ္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စာရွက်ပေါ်က စာရင်းအရ လာပေါ့ဟာ အကောင်းဆုံးနောက်ခံလူတစ်ဦးပါ။ ၂နှစ်ခွဲအတွင်း မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ကြိမ်၊ အက်ဖ်အေဖလား ၁ကြိမ်နဲ့ လိဂ်ဖလား ၂ကြိမ်ရခဲ့သလို ဂွာဒီယိုလာရဲ့ ဦးစားပေးနောက်ခံလူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာဒေးရှောင့်ရဲ့ အမြင်မှာတော့ ဦးစားပေးစာရင်းထဲ လာပေါ့ မပါသေးပါဘူး။

ကြာသပတေးနေ့က ဆွီဒင်၊ ခရိုအေးရှားတို့နဲ့ ကစားမယ့် နေးရှင်းလိဂ်ပွဲတွေအတွက် လက်ရွေးစင်ကစားသမားစာရင်းကို ဒေးရှောင့် ထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ ပြင်သစ်လက်ရွေးစင်အသင်းထဲ နောက်ခံလူ ၈ ဦးထိပါပေမယ့် အဲဒီထဲမှာ လာပေါ့ မပါလာပါဘူး။ ဒေးရှောင့် ရွေးချယ်ထားတဲ့ နောက်ခံလူတွေထဲမှာ ခင်ပမ်ပီ(ပီအက်စ်ဂျီ)၊ လန်ဂလက်(ဘာစီလိုနာ)၊ အူပါမီကာနို(ရက်ဘူးလ်လိုက်ပ်ဇစ်)နဲ့ ဗရန်း(ရီးရဲလ်မက်ဒရစ်) တို့လို ဗဟိုခံစစ်မှူးတွေပါပါတယ်။ ဘိုင်ယန်မြူးနစ်မှာ ပုံမှန်ကစားခွင့်မရတဲ့ လူကပ်ဟာနန်ဒက်ဇ်တောင် ပါလာပါသေးတယ်။

တကယ်တော့ အသက် ၂၆နှစ်ဆိုတဲ့ အရွယ်အရ လာပေါ့ဟာ လက်ရွေးစင်အသင်းမှာ နေရာတစ်နေရာကို အခိုင်အမာ ရသင့်ပါပြီ။ ပြင်သစ်မှာ ၄ကြိမ် ရွေးခံခဲ့ရပေမယ့် တစ်ပွဲမှ မကစားဖူးသေးပါဘူး။ လာပေါ့အတွက် တကယ့်ကို စိတ်ပျက်စရာပါ။ ပြင်သစ်လက်ရွေးစင်အသင်းမှာ ကစားဖို့ အရမ်းမျှော်လင့်ခဲ့တာကို ကိုဗစ်ကာလမတိုင်ခင်မှာ လာပေါ့ ကပြောခဲ့ဖူးပါတယ်။ “ပြင်သစ်အသင်းမှာ ကစားခွင့်ရဖို့အတွက် ကျွန်တော့်အစွမ်းစကို ပြသဖို့ ကြိုးစားနေပါတယ်”တဲ့။

အခုအထိတော့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ လာပေါ့တို့ ကံမစပ်သေးပါဘူး။ ပြင်သစ်လက်ရွေးစင်အသင်းမှာ ဘယ်သန်ကစားသမားတွေများတာကြောင့်လည်း လာပေါ့အတွက် နေရာမရှိတာလားလို့ တွေးစရာပါ။ နောက်ခံလူတွေထဲ ညာသန်ဆိုလို့ ဗရန်းနဲ့ အခု ဒီနောက်ပိုင်း တော်တော်လေး ခြေတက်လာတဲ့ အူပါမီကာနိုတို့ပဲ ရှိပါတယ်။

နောက်ဆုံး ပြင်သစ်လက်ရွေးစင်မှာ လာပေါ့အတွက် နေရာလုံးဝမရှိတော့ရင် စပိန်လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုဖို့ လာပေါ့ စဉ်းစားကောင်းစဉ်းစားနိုင်ပါတယ်။ စပိန်လက်ရွေးစင်အသင်းမှာဆိုရင် လာပေါ့ဟာ ပီကေးရဲ့နေရာကို အကောင်းဆုံး ဆက်ခံနိုင်သူတစ်ဦးပါ။ ခက်တာက လာလီဂါကလပ်တွေမှာ ကစားခဲ့တဲ့တလျှောက် စပိန်နိုင်ငံသားဖြစ်ဖို့ မခံယူခဲ့ဘဲ အခု ဗြိတိန်မှာနေမှ နိုင်ငံသားအပြောင်းအလဲလုပ်ဖို့ ကြိုးစားရင် လွယ်ပ့ါမလား။ ဒီဒီယာဒေးရှောင့်ရဲ့ ဥပေက္ခာပြုမှုကတစ်ဖက် စပိန်နိုင်ငံသားခံယူဖို့ မလွယ်ကတစ်ဖက်နဲ့ မတူညီတဲ့ အစွန်းနှစ်ဖက်ကြားမှာ လာပေါ့ရဲ့ လက်ရွေးစင်အိပ်မက်က ဝေဝေါးနေဆဲဖြစ်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.