Premier League

ပရီးမီးယားလိဂ်မှာ အကောင်းဆုံး လူစားဝင်သူအဖြစ် ချီးကျူးခံလိုက်ရတဲ့ ဆွန်ဟောင်မင်

တော့တင်ဟမ်ဟော့စပါးစ်တိုက်စစ်မှူး ဆွန်ဟောင်မင်ကို ပရိသတ်တွေနဲ့ မီဒီယာတွေက ရှယ်ချီးကျူးနေခဲ့ကြပြီး လက်စတာစီးတီးနဲ့ အိမ်ကွင်း ပွဲစဉ်မှာ လူစားဝင်ရောက်ကစားပြီး အသင်းရဲ့ နိုင်ပွဲကို ဟက်ထရစ်နဲ့အတူ သေချာစေခဲ့တဲ့ Man of the Match စွမ်းဆောင်ရည် အပါအဝင် သူ့ရဲ့ အကောင်းဆုံး တုံ့ပြန်ပေါက်ကွဲအားအတွက် သဘောကျနှစ်ခြိုက်နေခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင်အထိ ကစားခဲ့သမျှ ၈ ပွဲမှာ တစ်ဂိုးမှ မသွင်းနိုင်ခဲ့လို့ နည်းပြ အန်တိုနီယို ကွန်တီရဲ့ ပြီးခဲ့တဲ့ စပို့တင်း လစ္စဘွန်းနဲ့ပွဲမတိုင်ခင်မှာ သတိပေးခံခဲ့ရပြီး လက်စတာနဲ့ အိမ်ကွင်းမှာတော့ ရစ်ချာလစ်ဆန်နောက် အရန်ခုံထိုင်ခဲ့ရတဲ့ တောင်ကိုရီးယားသားဟာ သူ့ရဲ့ ပုံမှန်ပွဲထွက်ခွင့်ကို ရှားရှားပါးပါး ပျောက်ဆုံးခဲ့ရတာပါ။

ရစ်ချာလစ်ဆန်က ဟာရီကိန်း၊ ကူလူရှက်ဗ်စကီးတို့နဲ့အတူ ပွဲထွက်ခွင့်ရခဲ့တဲ့ ဒီနေ့ပွဲမှာတော့ ကံကြမ္မာတွေက ပြောင်းပြန်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ပွဲတွေမှာ အလုပ်ဖြစ်ခဲ့တဲ့ ဘရာဇီးလ်သားက လူပျောက်တိုင်ရမလို ဖြစ်နေခဲ့ချိန်မှာ ဆွန်ဟောင်မင်ကတော့ အရန်ခုံကနေ ပွဲချိန် ၅၉ မိနစ်မှာ ဝင်ရောက်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

မြေခွေးတွေကို သုံးဂိုး-နှစ်ဂိုးနဲ့ ဦးဆောင်နေချိန်မှာ ဖိအားဒဏ်ကို တွန်းလှန်ဖို့ လိုအပ်နေလို့ အပြောင်းအလဲလုပ်ပြီး အားကိုးခဲ့တဲ့ နည်းပြ ကွန်တီအတွက် တောင်ကိုရီးယားသားက ကွင်းထဲရောက်လို့ ၁၄ မိနစ်အကြာမှာ သူ့ရဲ့ ဒီရာသီ ပထမဆုံးဂိုးကို ရယူပေးနိုင်ခဲ့တာဖြစ်ပြီး လေးဂိုး-နှစ်ဂိုးဆိုတဲ့ ရလဒ်က ဧည့်သည်တွေရဲ့ ချေပဂိုးနဲ့ အမှတ်ရချင်စိတ်ကို ရေသောက်မြစ်ကနေ ဖြတ်လိုက်သလိုလည်းဖြစ်သွားခဲ့တာပါ။

ပွဲချိန် ၈၄ မိနစ်နဲ့ ၈၆ မိနစ်တွေမှာတော့ နောက်ထပ်နှစ်ဂိုး ထပ်မံသွင်းယူပေးခဲ့ပြီး သူ့ရဲ့ လူစားဝင် ဟက်ထရစ်ကို ၁၄ မိနစ်အတွင်းမှာ ရယူခဲ့သလို ဒီရာသီ ဂိုးမိုးခေါင်နေမှုနဲ့ ရှေ့က ၈ ပွဲမှာ တစ်ဂိုးမှ မသွင်းနိုင်မှုကို တစ်ပွဲတည်းမှာ ၃ ဂိုးသွင်းပြီး ၉ ပွဲမှာ ၃ ဂိုးမှတ်တမ်းနဲ့ ဖာထေးပြုပြင်သွားနိုင်ခဲ့ချိန်မှာ လာမယ့် ပွဲတွေနဲ့ မကြာခင် ကစားရမယ့် မြောက်လန်ဒန်ဒါဘီ အာဆင်နယ်နဲ့ပွဲအတွက် ယုံကြည်မှုတွေ မြင့်မားသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမ သွင်းဂိုးမှာ အသက် ၃၀ အရွယ် တိုက်စစ်မှူးရဲ့ ပြေးလမ်းပိတ်ထားတဲ့ကြားက မတိုးဘဲ ခွာပြီး အဝေးကနေ ကန်ပြသွားတဲ့ ပညာပြချက်ကို မြင်ရသလို ဒုတိယဂိုးမှာတော့ ဘယ်ခြေနဲ့ အဝေးတိုင်ဘက်ကို ဝေ့ဝိုက်ကန်ထည့်ခဲ့တဲ့ နည်းစနစ်ပိုင်း ကြွယ်ဝမှုကို တွေ့ရမှာဖြစ်ပြီး တတိယဂိုးကတော့ ဧရိယာထဲကနေ သွေးအေးအေးနဲ့ အဆုံးသတ်ပြသွားခဲ့တာပါ။

ပရိသတ်တွေထဲမှာတော့ ဒီမတိုင်ခင် ဆိုးရွားနေတဲ့ ခြေစွမ်းကနေ ဘယ်လိုမျိုး အရန်ခုံက ထပြီး ဟက်ထရစ်သွင်းသွားတာလဲဆိုတာ ငါ့ကို ရှင်းပြစမ်းပါဆိုတဲ့ ရေးသားမှုက လူပြောများနေခဲ့ပြီး အားလုံးကလည်း တစ်ညီတစ်ညွတ်တည်း ချီးကျူးခဲ့ကြသလို နေရာအတွက် တိုက်ပွဲဝင်စိတ်က ခုလိုမျိုး လူစားဝင် ဟက်ထရစ်ကို ရရှိခဲ့စေတာလို့ ဆိုနေကြပါတယ်။

စကိုင်းပို့စ်ရဲ့ နောက်ခံတင်ဆက်သူ အန်ဒီ ဟင့်ချ်ကလစ်ဖ်ကလည်း သူမြင်ဖူးသမျှတွေထဲမှာ ထိပ်တန်း စွမ်းဆောင်ရည်တစ်ခုလို့ ဆွန်ဟောင်မင်ကို ထောက်ခံချီးကျူးသွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်တို့ စိုးမိုးခဲ့တဲ့ ပရီးမီးယားလိဂ်ခေတ်ဦးက အရန်ခုံမှာ အမြဲထိုင်ရပြီး Super Sub အဖြစ် နာမည်ကျော်ခဲ့တဲ့ အိုလီ ဂန်နာ ဆိုးလ်ရှားကပဲ သူနဲ့ ယှဉ်နိုင်ဖို့ ရှိတော့မယ်လို့ ပြောရတော့မှာပါ။

မှတ်တမ်းမှတ်ရာတွေအရတော့ ဆွန်ဟောင်မင်ထက် အစွမ်းပြနိုင်ခဲ့တဲ့ နော်ဝေတိုက်စစ်မှူးဟောင်း ဆိုးလ်ရှားကတော့ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က စီးတီးဂရောင်းမှာ နော့တင်ဟမ်ဖောရက်စ်ကို ရှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အတွက် လူစားဝင်ပြီး ၁၂ မိနစ်ကစားခွင့်မှာ ၁၀ မိနစ်အတွင်း ၄ ဂိုးသွင်းခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးစ္တိုက္စစ္မႉး ဆြန္ေဟာင္မင္ကို ပရိသတ္ေတြနဲ႔ မီဒီယာေတြက ရွယ္ခ်ီးက်ဴးေနခဲ့ၾကၿပီး လက္စတာစီးတီးနဲ႔ အိမ္ကြင္း ပြဲစဥ္မွာ လူစားဝင္ေရာက္ကစားၿပီး အသင္းရဲ႕ ႏိုင္ပြဲကို ဟက္ထရစ္နဲ႔အတူ ေသခ်ာေစခဲ့တဲ့ Man of the Match စြမ္းေဆာင္ရည္ အပါအဝင္ သူ႔ရဲ႕ အေကာင္းဆုံး တုံ႔ျပန္ေပါက္ကြဲအားအတြက္ သေဘာက်ႏွစ္ၿခိဳက္ေနခဲ့ၾကတာျဖစ္ပါတယ္။

ဒီပြဲမတိုင္ခင္အထိ ကစားခဲ့သမွ် ၈ ပြဲမွာ တစ္ဂိုးမွ မသြင္းႏိုင္ခဲ့လို႔ နည္းျပ အန္တိုနီယို ကြန္တီရဲ႕ ၿပီးခဲ့တဲ့ စပို႔တင္း လစၥဘြန္းနဲ႔ပြဲမတိုင္ခင္မွာ သတိေပးခံခဲ့ရၿပီး လက္စတာနဲ႔ အိမ္ကြင္းမွာေတာ့ ရစ္ခ်ာလစ္ဆန္ေနာက္ အရန္ခုံထိုင္ခဲ့ရတဲ့ ေတာင္ကိုရီးယားသားဟာ သူ႔ရဲ႕ ပုံမွန္ပြဲထြက္ခြင့္ကို ရွားရွားပါးပါး ေပ်ာက္ဆုံးခဲ့ရတာပါ။

ရစ္ခ်ာလစ္ဆန္က ဟာရီကိန္း၊ ကူလူရွက္ဗ္စကီးတို႔နဲ႔အတူ ပြဲထြက္ခြင့္ရခဲ့တဲ့ ဒီေန႔ပြဲမွာေတာ့ ကံၾကမၼာေတြက ေျပာင္းျပန္ျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့ ပြဲေတြမွာ အလုပ္ျဖစ္ခဲ့တဲ့ ဘရာဇီးလ္သားက လူေပ်ာက္တိုင္ရမလို ျဖစ္ေနခဲ့ခ်ိန္မွာ ဆြန္ေဟာင္မင္ကေတာ့ အရန္ခုံကေန ပြဲခ်ိန္ ၅၉ မိနစ္မွာ ဝင္ေရာက္ခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

ေျမေခြးေတြကို သုံးဂိုး-ႏွစ္ဂိုးနဲ႔ ဦးေဆာင္ေနခ်ိန္မွာ ဖိအားဒဏ္ကို တြန္းလွန္ဖို႔ လိုအပ္ေနလို႔ အေျပာင္းအလဲလုပ္ၿပီး အားကိုးခဲ့တဲ့ နည္းျပ ကြန္တီအတြက္ ေတာင္ကိုရီးယားသားက ကြင္းထဲေရာက္လို႔ ၁၄ မိနစ္အၾကာမွာ သူ႔ရဲ႕ ဒီရာသီ ပထမဆုံးဂိုးကို ရယူေပးႏိုင္ခဲ့တာျဖစ္ၿပီး ေလးဂိုး-ႏွစ္ဂိုးဆိုတဲ့ ရလဒ္က ဧည့္သည္ေတြရဲ႕ ေခ်ပဂိုးနဲ႔ အမွတ္ရခ်င္စိတ္ကို ေရေသာက္ျမစ္ကေန ျဖတ္လိုက္သလိုလည္းျဖစ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၈၄ မိနစ္နဲ႔ ၈၆ မိနစ္ေတြမွာေတာ့ ေနာက္ထပ္ႏွစ္ဂိုး ထပ္မံသြင္းယူေပးခဲ့ၿပီး သူ႔ရဲ႕ လူစားဝင္ ဟက္ထရစ္ကို ၁၄ မိနစ္အတြင္းမွာ ရယူခဲ့သလို ဒီရာသီ ဂိုးမိုးေခါင္ေနမႈနဲ႔ ေရွ႕က ၈ ပြဲမွာ တစ္ဂိုးမွ မသြင္းႏိုင္မႈကို တစ္ပြဲတည္းမွာ ၃ ဂိုးသြင္းၿပီး ၉ ပြဲမွာ ၃ ဂိုးမွတ္တမ္းနဲ႔ ဖာေထးျပဳျပင္သြားႏိုင္ခဲ့ခ်ိန္မွာ လာမယ့္ ပြဲေတြနဲ႔ မၾကာခင္ ကစားရမယ့္ ေျမာက္လန္ဒန္ဒါဘီ အာဆင္နယ္နဲ႔ပြဲအတြက္ ယုံၾကည္မႈေတြ ျမင့္မားသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမ သြင္းဂိုးမွာ အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉးရဲ႕ ေျပးလမ္းပိတ္ထားတဲ့ၾကားက မတိုးဘဲ ခြာၿပီး အေဝးကေန ကန္ျပသြားတဲ့ ပညာျပခ်က္ကို ျမင္ရသလို ဒုတိယဂိုးမွာေတာ့ ဘယ္ေျခနဲ႔ အေဝးတိုင္ဘက္ကို ေဝ့ဝိုက္ကန္ထည့္ခဲ့တဲ့ နည္းစနစ္ပိုင္း ႂကြယ္ဝမႈကို ေတြ႕ရမွာျဖစ္ၿပီး တတိယဂိုးကေတာ့ ဧရိယာထဲကေန ေသြးေအးေအးနဲ႔ အဆုံးသတ္ျပသြားခဲ့တာပါ။

ပရိသတ္ေတြထဲမွာေတာ့ ဒီမတိုင္ခင္ ဆိုး႐ြားေနတဲ့ ေျခစြမ္းကေန ဘယ္လိုမ်ိဳး အရန္ခုံက ထၿပီး ဟက္ထရစ္သြင္းသြားတာလဲဆိုတာ ငါ့ကို ရွင္းျပစမ္းပါဆိုတဲ့ ေရးသားမႈက လူေျပာမ်ားေနခဲ့ၿပီး အားလုံးကလည္း တစ္ညီတစ္ၫြတ္တည္း ခ်ီးက်ဴးခဲ့ၾကသလို ေနရာအတြက္ တိုက္ပြဲဝင္စိတ္က ခုလိုမ်ိဳး လူစားဝင္ ဟက္ထရစ္ကို ရရွိခဲ့ေစတာလို႔ ဆိုေနၾကပါတယ္။

စကိုင္းပို႔စ္ရဲ႕ ေနာက္ခံတင္ဆက္သူ အန္ဒီ ဟင့္ခ်္ကလစ္ဖ္ကလည္း သူျမင္ဖူးသမွ်ေတြထဲမွာ ထိပ္တန္း စြမ္းေဆာင္ရည္တစ္ခုလို႔ ဆြန္ေဟာင္မင္ကို ေထာက္ခံခ်ီးက်ဴးသြားခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္တို႔ စိုးမိုးခဲ့တဲ့ ပရီးမီးယားလိဂ္ေခတ္ဦးက အရန္ခုံမွာ အၿမဲထိုင္ရၿပီး Super Sub အျဖစ္ နာမည္ေက်ာ္ခဲ့တဲ့ အိုလီ ဂန္နာ ဆိုးလ္ရွားကပဲ သူနဲ႔ ယွဥ္ႏိုင္ဖို႔ ရွိေတာ့မယ္လို႔ ေျပာရေတာ့မွာပါ။

မွတ္တမ္းမွတ္ရာေတြအရေတာ့ ဆြန္ေဟာင္မင္ထက္ အစြမ္းျပႏိုင္ခဲ့တဲ့ ေနာ္ေဝတိုက္စစ္မႉးေဟာင္း ဆိုးလ္ရွားကေတာ့ ၁၉၉၉ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔က စီးတီးဂေရာင္းမွာ ေနာ့တင္ဟမ္ေဖာရက္စ္ကို ရွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ လူစားဝင္ၿပီး ၁၂ မိနစ္ကစားခြင့္မွာ ၁၀ မိနစ္အတြင္း ၄ ဂိုးသြင္းခဲ့တာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.