Premier League

အာဆင်နယ်ကို လှောင်ခဲ့တဲ့ တိုနီနဲ့ပတ်သက်ပြီး အသင်းသားတွေကို သတိပေးလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက အင်္ဂလန်လက်ရွေးစင်ကစားသမားသစ် အိုင်ဗန် တိုနီနဲ့ ဒီနေ့ ရင်ဆိုင်ရမယ့် တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်တယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

ဘရန့်တ်ဖို့ဒ်တိုက်စစ်မှူးရဲ့ ရုပ်ပိုင်းဆိုင်ရာအားကောင်းမှုဟာ ပြီးခဲ့တဲ့ရာသီအဖွင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဘရန့်တ်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်ခ်ကလည်း အဲဒီအချက်ကို သိရှိနေခဲ့တာဖြစ်ပြီး အာဆင်နယ်ကစားသမားတွေအနေနဲ့ အိုင်ဗန် တိုနီကိုသာ ထိန်းနိုင်မယ်ဆိုရင် ၎င်းတို့ကို အနိုင်ယူသွားနိုင်မယ်ဆိုတာကို သတိပြုမိနေတာဖြစ်ပါတယ်။

အိုင်ဗန် တိုနီဟာ အာဆင်နယ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပြီးခဲ့တဲ့ရာသီအဖွင့်ပွဲစဉ်အပြီး တွစ်တာလူမှုကွန်ရက်ပေါ်မှာ ‘ကောင်လေးတွေနဲ့ ကစားရတာ ကောင်းသားပဲ’လို့ ၎င်းတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်ကို သက်တောင့်သက်သာအနိုင်ရရှိခဲ့တဲ့အတွက် လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

အာတီတာဟာ ၎င်းရဲ့အသင်းအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ပိုမိုအားကောင်းတဲ့အသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် အားနည်းချက်ရှိနေတယ်ဆိုတာကို အဲဒီအချိန်မှာ ကောင်းကောင်း သတိပြုမိသွားခဲ့ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာတော့ အဲဒီအားနည်းချက်ကို ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြိုင်ဘက်တွေဆီကနေ ရုပ်ပိုင်းဆိုင်ရာ ပိုမိုတောင်းဆိုတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ လက်ရှိမှာ ပိုကောင်းမွန်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ထားလားလို့ မေးမြန်းခဲ့ရာမှာ အာတီတာက “ကျွန်တော် ခင်ဗျားကို ပွဲပြီးသွားရင် ပြောမယ်လေ။ ကျွန်တော်တို့ သူတို့ပွဲအများအပြားကို မြင်ခဲ့တယ်။ တိုနီက ဘယ်နောက်ခံကစားသမားနဲ့မဆို သူ့ရဲ့လက်တွေကို ဆန့်ထုတ်ပြီး ဘောလုံးကို ကိုင်ထားနိုင်တယ်။ အဲဒါက ခင်ဗျားကို ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုလိုမျိုး ခံစားရစေပါတယ်။ ကျွန်တော့် ကစားသမားတွေကို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပေးသွားမှာဖြစ်ပြီး သူတို့တွေ တိုက်ပွဲတွေအတွက် အဆင်သင့်ဖြစ်နေရမယ်။ သူတို့တွေ တစ်ဦးချင်းရင်ဆိုင်မှုတွေမှာ အနိုင်ရရမယ်”

“ရုပ်ပိုင်းဆိုင်ရာအရ အင်အားကောင်းမွန်မှုက ကျွန်တော်တို့ ပြုလုပ်ခဲ့တဲ့ ကစားသမားခေါ်ယူမှုအများအပြားအတွက် သင့်တော်တဲ့စကားလုံးပါ။ ခင်ဗျား ဒီလိဂ်မှာ ရုပ်ပိုင်းဆိုင်ရာအရ ဖြည့်တင်းမှုတွေ ပြုလုပ်ရပါမယ်။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုချည်းပဲလို့ ဆိုလိုတာမဟုတ်ဘူးနော်။ ခင်ဗျား ခေါင်းလည်း သုံးရမှာပါ။ ဘာလို့လဲဆိုတော့ အခြေအနေကို ခင်ဗျား မဖတ်နိုင်ရင် အမြဲတမ်း နောက်ကျနေမှာမို့လို့ပါ။ အဲဒါက ခင်ဗျားအတွက် လိုအပ်တဲ့ ဟန်ချက်တစ်ခုပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာက အဂၤလန္လက္ေ႐ြးစင္ကစားသမားသစ္ အိုင္ဗန္ တိုနီနဲ႔ ဒီေန႔ ရင္ဆိုင္ရမယ့္ တိုက္ပြဲအတြက္ အဆင္သင့္ျဖစ္ေနဖို႔ လိုအပ္တယ္လို႔ သတိေပးေျပာၾကားခဲ့ပါတယ္။

ဘရန႔္တ္ဖို႔ဒ္တိုက္စစ္မႉးရဲ႕ ႐ုပ္ပိုင္းဆိုင္ရာအားေကာင္းမႈဟာ ၿပီးခဲ့တဲ့ရာသီအဖြင့္ပြဲစဥ္မွာ အာဆင္နယ္အသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ႀကီးမားတဲ့အစိတ္အပိုင္းအျဖစ္ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

ဘရန႔္တ္ဖို႔ဒ္နည္းျပ ေသာမတ္စ္ ဖရန႔္ခ္ကလည္း အဲဒီအခ်က္ကို သိရွိေနခဲ့တာျဖစ္ၿပီး အာဆင္နယ္ကစားသမားေတြအေနနဲ႔ အိုင္ဗန္ တိုနီကိုသာ ထိန္းႏိုင္မယ္ဆိုရင္ ၎တို႔ကို အႏိုင္ယူသြားႏိုင္မယ္ဆိုတာကို သတိျပဳမိေနတာျဖစ္ပါတယ္။

အိုင္ဗန္ တိုနီဟာ အာဆင္နယ္ကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ၿပီးခဲ့တဲ့ရာသီအဖြင့္ပြဲစဥ္အၿပီး တြစ္တာလူမႈကြန္ရက္ေပၚမွာ ‘ေကာင္ေလးေတြနဲ႔ ကစားရတာ ေကာင္းသားပဲ’လို႔ ၎တို႔ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ပြဲစဥ္ကို သက္ေတာင့္သက္သာအႏိုင္ရရွိခဲ့တဲ့အတြက္ ေလွာင္ေျပာင္ခဲ့တာျဖစ္ပါတယ္။

အာတီတာဟာ ၎ရဲ႕အသင္းအေနနဲ႔ ႐ုပ္ပိုင္းဆိုင္ရာ ပိုမိုအားေကာင္းတဲ့အသင္းေတြနဲ႔ ယွဥ္ၿပိဳင္ဖို႔အတြက္ အားနည္းခ်က္ရွိေနတယ္ဆိုတာကို အဲဒီအခ်ိန္မွာ ေကာင္းေကာင္း သတိျပဳမိသြားခဲ့ၿပီး ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာေတာ့ အဲဒီအားနည္းခ်က္ကို ျပင္ဆင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ၿပိဳင္ဘက္ေတြဆီကေန ႐ုပ္ပိုင္းဆိုင္ရာ ပိုမိုေတာင္းဆိုတဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ေျဖရွင္းဖို႔ လက္ရွိမွာ ပိုေကာင္းမြန္တဲ့ ျပင္ဆင္မႈေတြ ျပဳလုပ္ထားလားလို႔ ေမးျမန္းခဲ့ရာမွာ အာတီတာက “ကြၽန္ေတာ္ ခင္ဗ်ားကို ပြဲၿပီးသြားရင္ ေျပာမယ္ေလ။ ကြၽန္ေတာ္တို႔ သူတို႔ပြဲအမ်ားအျပားကို ျမင္ခဲ့တယ္။ တိုနီက ဘယ္ေနာက္ခံကစားသမားနဲ႔မဆို သူ႔ရဲ႕လက္ေတြကို ဆန႔္ထုတ္ၿပီး ေဘာလုံးကို ကိုင္ထားႏိုင္တယ္။ အဲဒါက ခင္ဗ်ားကို ႐ုပ္ပိုင္းဆိုင္ရာ စိန္ေခၚမႈလိုမ်ိဳး ခံစားရေစပါတယ္။ ကြၽန္ေတာ့္ ကစားသမားေတြကို ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေပးသြားမွာျဖစ္ၿပီး သူတို႔ေတြ တိုက္ပြဲေတြအတြက္ အဆင္သင့္ျဖစ္ေနရမယ္။ သူတို႔ေတြ တစ္ဦးခ်င္းရင္ဆိုင္မႈေတြမွာ အႏိုင္ရရမယ္”

“႐ုပ္ပိုင္းဆိုင္ရာအရ အင္အားေကာင္းမြန္မႈက ကြၽန္ေတာ္တို႔ ျပဳလုပ္ခဲ့တဲ့ ကစားသမားေခၚယူမႈအမ်ားအျပားအတြက္ သင့္ေတာ္တဲ့စကားလုံးပါ။ ခင္ဗ်ား ဒီလိဂ္မွာ ႐ုပ္ပိုင္းဆိုင္ရာအရ ျဖည့္တင္းမႈေတြ ျပဳလုပ္ရပါမယ္။ ႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕မႈခ်ည္းပဲလို႔ ဆိုလိုတာမဟုတ္ဘူးေနာ္။ ခင္ဗ်ား ေခါင္းလည္း သုံးရမွာပါ။ ဘာလို႔လဲဆိုေတာ့ အေျခအေနကို ခင္ဗ်ား မဖတ္ႏိုင္ရင္ အၿမဲတမ္း ေနာက္က်ေနမွာမို႔လို႔ပါ။ အဲဒါက ခင္ဗ်ားအတြက္ လိုအပ္တဲ့ ဟန္ခ်က္တစ္ခုပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.