Analysis Article Premier League

ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အဓိကကျမယ့် ဆာလီဘာ ဂန်းနားတွေအတွက် ဘာတွေ လုပ်ပြနိုင်မလဲ

အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေက ပေးအပ်တဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုမှာ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ကို မယှဉ်နိုင်ခဲ့ပေမယ့် တစ်လတာ အကောင်းဆုံး ဂိုးဆုကိုတော့ ဘုန်းမောက်ဘက်ကို သွင်းယူတဲ့ ဂိုးနဲ့ ရရှိနိုင်ခဲ့တဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာဟာ လာမယ့် ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ အရေးပါမယ့်သူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူးရစ်ချ်နဲ့ပွဲမှာ နည်းပြ မီခယ်လ် အာတီတာကလည်း သူ့ကို လုံးဝ ထုတ်မသုံးဘဲ ရော့ဘ် ဟိုးလ်ဒင်းကိုသာ သုံးစွဲပြီး အနားပေးထားခဲ့သလို ဒါကလည်း သူဟာ ဘရန့်ဖို့ဒ်နဲ့ပွဲအတွက် လက်သပ်မွေးထားတဲ့ တိုက်ခိုက်ချင်စိတ်တွေ ပြည့်ဝနေတဲ့ နွားရိုင်းတစ်ကောင်လို အင်အားတွေ စုဆောင်းထားတော့လို့ မှာကြားထားခဲ့သလိုပါပဲ။

ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းပြထားတဲ့ ဆာလီဘာဟာ သူနဲ့ နည်းပြ အာတီတာတို့ကြားက ဆက်ဆံရေးကောင်းကိုလည်း ထုတ်ဖော် ပြောကြားသွားခဲ့ပြီး စပိန်နည်းစနစ်မှူးရဲ့ ကူညီမှုတွေက သူ့ကို ပိုကောင်းလာစေသလို အသင်းမှာ ရရှိမယ့် အခန်းကဏ္ဍအတွက်လည်း အာမခံချက် ရရှိထားခဲ့တာကြောင့် ဆက်နေဖြစ်ခဲ့တယ်လို့ ဆိုခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်နဲ့ ရလဒ်မကောင်းခဲ့ချိန်မှာဘရန့်ဖို့ဒ်နဲ့ပွဲကတော့ အာဆင်နယ်တို့အတွက် အရေးပါတဲ့ ပွဲဖြစ်နေပြီး ဒီပွဲကို နိုင်သင့်တဲ့ အကြောင်းပြချက်က လုံလုံလောက်လောက် ရှိနေသလို ပရီးမီးယားလိဂ် ပထမဆုံး ရှုံးပွဲအတွက် တုံ့ပြန်ဖို့၊ နိုင်ငံတကာပွဲတွေ မကစားခင်မှာ ရလဒ်ကောင်းနဲ့ ရပ်နားနိုင်ဖို့နဲ့ ပြီးခဲ့တဲ့ ရာသီက အကြွေးကို ပြန်ဆပ်နိုင်ဖို့ဆိုတဲ့ အနည်းဆုံး အချက်သုံးချက်လောက်ကို ရွတ်ပြလို့ရနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ဘရန့်ဖို့ဒ် ကွန်မြူနတီကွင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ တန်းတက်အသင်းကို ရှုံးခဲ့ရမှုက အသင်းမှာ တချို့ကစားသမားတွေရဲ့ အနာဂတ်ကို ပြောင်းလဲသွားစေသလို ပရိသတ်တွေရဲ့ အမြင်သဘောထားတွေကိုပါ ခါးသီးသွားစေခဲ့ပြီး နီကိုလာ ပေပေ၊ ပါဘလို မာရီတို့လို ကစားသမားတွေကတော့ ဒီအသင်းမှာ ဘောင်မဝင်ကြတော့တာလည်းဖြစ်ပါတယ်။

လက်ရှိ ဘရန့်ဖို့ဒ်အသင်းကို အနိုင်ယူဖို့ ဆိုရင်တော့ သူတို့အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ အိုင်ဗန် တိုနီနဲ့ အသင်းဖော်တွေရဲ့ ချိတ်ဆက်မှု လမ်းကြောင်းကို ဖြတ်တောက်ပစ်ရမှာဖြစ်ပြီး သွင်းဂိုးတွေမှာ အဓိက ပါဝင်ပတ်သက်လေ့ရှိတဲ့ အင်္ဂလန်လက်ရွေးစင် ပူပူနွေးနွေးကို ထိန်းချုပ်ဖို့ကတော့ ဂါဘရီယယ်လ် မာဂါလိုင်စ်ထက် ဆာလီဘာရဲ့ တာဝန်ပဲ ဖြစ်လာမှာပါ။

Ball Playing Defender ဖြစ်တဲ့ ဂါဘရီယယ်လ်ထက်စာရင် တစ်ဖက်တိုက်စစ်မှူးတွေကို ပိုမိုထိန်းချုပ်ရလေ့ရှိတဲ့ ဆာလီဘာဟာ အမြင့်ဘောတွေနဲ့ လှုပ်ရှားမှုတွေမှာ တိုနီကို အဓိက ပြိုင်ဆိုင်ရမှာဖြစ်ပြီး ကျန်တဲ့ တိုက်စစ်က ဝစ်ဆာ၊ အမ်ဘူးမိုတို့ ဘယ်သူပဲလာလာ သူတို့တွေက တောင်ပံသမားတွေနဲ့ တွေ့ဆုံရဖို့ ရှိနေတာကြောင့် တစ်ပွဲလုံးမှာ ဆာလီဘာ-တိုနီ ပြိုင်ဆိုင်မှုကပဲ အဖြေဖြစ်လာဖို့ ရှိနေပါတယ်။

တိုနီဆီ ဖြတ်တင်ဘောတွေ မရောက်အောင်၊ တိုနီ မလွတ်အောင်၊ တိုနီ ဘောလုံးပေးခွင့် မသာအောင် လုပ်နိုင်ခဲ့ရင် ဘရန့်ဖို့ဒ်တိုက်စစ်က တစ်ခုခု လုပ်နိုင်ခြေ အတော်နည်းသွားမှာဖြစ်ပြီး အာဆင်နယ်တို့ လိုအပ်နေတဲ့ နိုင်ပွဲကို ဖော်ဆောင်နိုင်ခြေများသလို ဆာလီဘာကို ဒဏ်ရာကနေ ပြန်လာမယ့် ကွင်းလယ်လူ သောမတ်စ် ပါတေးကလည်း တစ်ဖက်တစ်လမ်းက ကူညီနိုင်မှာပါ။

လက်ရှိအချိန်အထိတော့ ဆာလီဘာရဲ့ အကောင်းဆုံး ထိန်းချုပ်မှုကို ပြရရင် ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲက ဝီလ်ဖရီးဒ် ဇာဟာကို ကိုင်တွယ်ခဲ့တဲ့ ပုံစံကို ပေတံအဖြစ် တိုင်းတာရမှာဖြစ်ပြီး ဒီပုံစံမျိုးကို ဘရန့်ဖို့ဒ်ကွင်းကို ယူဆောင်လာနိုင်ခဲ့ရင်တော့ တိုနီကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်သလို ဇင်ချန်ကိုက လွဲရင် လူစုံနေတဲ့ ခံစစ်အတွက်လည်း စိတ်ချရဖို့ များနေတာဖြစ်ပါတယ်။

တိုက်စစ်ကောင်းလွန်းပေမယ့် ခံစစ်မှာ အားနည်းတဲ့ ဇင်ချန်ကို မပါနိုင်ဘဲ သူ့နေရာ တီယာနီ ဝင်ကစားမှာကလည်း သူတို့အတွက် အဆိုးထဲက အကောင်းတစ်ခုဖြစ်နေသလို ဘရန့်ဖို့ဒ်ကို ခံစစ်မှာ ပိုမိုထိန်းချုပ်သွားနိုင်ဖို့ များနေလို့ ဆာလီဘာသာ အာတီတာ မှာထားတဲ့အတိုင်း ကစားနိုင်ရင်၊ ခံစစ်မှာ ခြေစွမ်းပြနိုင်ရင် အာဆင်နယ်တို့ ရလဒ်ကောင်းမှာဖြစ်ကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ ပရိသတ္ေတြက ေပးအပ္တဲ့ တစ္လတာ အေကာင္းဆုံး ကစားသမားဆုမွာ တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို မယွဥ္ႏိုင္ခဲ့ေပမယ့္ တစ္လတာ အေကာင္းဆုံး ဂိုးဆုကိုေတာ့ ဘုန္းေမာက္ဘက္ကို သြင္းယူတဲ့ ဂိုးနဲ႔ ရရွိႏိုင္ခဲ့တဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာဟာ လာမယ့္ ဘရန႔္ဖို႔ဒ္နဲ႔ ပြဲစဥ္မွာ အေရးပါမယ့္သူလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇူးရစ္ခ်္နဲ႔ပြဲမွာ နည္းျပ မီခယ္လ္ အာတီတာကလည္း သူ႔ကို လုံးဝ ထုတ္မသုံးဘဲ ေရာ့ဘ္ ဟိုးလ္ဒင္းကိုသာ သုံးစြဲၿပီး အနားေပးထားခဲ့သလို ဒါကလည္း သူဟာ ဘရန႔္ဖို႔ဒ္နဲ႔ပြဲအတြက္ လက္သပ္ေမြးထားတဲ့ တိုက္ခိုက္ခ်င္စိတ္ေတြ ျပည့္ဝေနတဲ့ ႏြား႐ိုင္းတစ္ေကာင္လို အင္အားေတြ စုေဆာင္းထားေတာ့လို႔ မွာၾကားထားခဲ့သလိုပါပဲ။

ဒီရာသီမွာ အေကာင္းဆုံး ေျခစြမ္းျပထားတဲ့ ဆာလီဘာဟာ သူနဲ႔ နည္းျပ အာတီတာတို႔ၾကားက ဆက္ဆံေရးေကာင္းကိုလည္း ထုတ္ေဖာ္ ေျပာၾကားသြားခဲ့ၿပီး စပိန္နည္းစနစ္မႉးရဲ႕ ကူညီမႈေတြက သူ႔ကို ပိုေကာင္းလာေစသလို အသင္းမွာ ရရွိမယ့္ အခန္းက႑အတြက္လည္း အာမခံခ်က္ ရရွိထားခဲ့တာေၾကာင့္ ဆက္ေနျဖစ္ခဲ့တယ္လို႔ ဆိုခဲ့တာပါ။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရလဒ္မေကာင္းခဲ့ခ်ိန္မွာဘရန႔္ဖို႔ဒ္နဲ႔ပြဲကေတာ့ အာဆင္နယ္တို႔အတြက္ အေရးပါတဲ့ ပြဲျဖစ္ေနၿပီး ဒီပြဲကို ႏိုင္သင့္တဲ့ အေၾကာင္းျပခ်က္က လုံလုံေလာက္ေလာက္ ရွိေနသလို ပရီးမီးယားလိဂ္ ပထမဆုံး ရႈံးပြဲအတြက္ တုံ႔ျပန္ဖို႔၊ ႏိုင္ငံတကာပြဲေတြ မကစားခင္မွာ ရလဒ္ေကာင္းနဲ႔ ရပ္နားႏိုင္ဖို႔နဲ႔ ၿပီးခဲ့တဲ့ ရာသီက အေႂကြးကို ျပန္ဆပ္ႏိုင္ဖို႔ဆိုတဲ့ အနည္းဆုံး အခ်က္သုံးခ်က္ေလာက္ကို ႐ြတ္ျပလို႔ရေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရာသီက ဘရန႔္ဖို႔ဒ္ ကြန္ျမဴနတီကြင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ တန္းတက္အသင္းကို ရႈံးခဲ့ရမႈက အသင္းမွာ တခ်ိဳ႕ကစားသမားေတြရဲ႕ အနာဂတ္ကို ေျပာင္းလဲသြားေစသလို ပရိသတ္ေတြရဲ႕ အျမင္သေဘာထားေတြကိုပါ ခါးသီးသြားေစခဲ့ၿပီး နီကိုလာ ေပေပ၊ ပါဘလို မာရီတို႔လို ကစားသမားေတြကေတာ့ ဒီအသင္းမွာ ေဘာင္မဝင္ၾကေတာ့တာလည္းျဖစ္ပါတယ္။

လက္ရွိ ဘရန႔္ဖို႔ဒ္အသင္းကို အႏိုင္ယူဖို႔ ဆိုရင္ေတာ့ သူတို႔အသင္းရဲ႕ အဓိက ကစားသမားျဖစ္တဲ့ အိုင္ဗန္ တိုနီနဲ႔ အသင္းေဖာ္ေတြရဲ႕ ခ်ိတ္ဆက္မႈ လမ္းေၾကာင္းကို ျဖတ္ေတာက္ပစ္ရမွာျဖစ္ၿပီး သြင္းဂိုးေတြမွာ အဓိက ပါဝင္ပတ္သက္ေလ့ရွိတဲ့ အဂၤလန္လက္ေ႐ြးစင္ ပူပူေႏြးေႏြးကို ထိန္းခ်ဳပ္ဖို႔ကေတာ့ ဂါဘရီယယ္လ္ မာဂါလိုင္စ္ထက္ ဆာလီဘာရဲ႕ တာဝန္ပဲ ျဖစ္လာမွာပါ။

Ball Playing Defender ျဖစ္တဲ့ ဂါဘရီယယ္လ္ထက္စာရင္ တစ္ဖက္တိုက္စစ္မႉးေတြကို ပိုမိုထိန္းခ်ဳပ္ရေလ့ရွိတဲ့ ဆာလီဘာဟာ အျမင့္ေဘာေတြနဲ႔ လႈပ္ရွားမႈေတြမွာ တိုနီကို အဓိက ၿပိဳင္ဆိုင္ရမွာျဖစ္ၿပီး က်န္တဲ့ တိုက္စစ္က ဝစ္ဆာ၊ အမ္ဘူးမိုတို႔ ဘယ္သူပဲလာလာ သူတို႔ေတြက ေတာင္ပံသမားေတြနဲ႔ ေတြ႕ဆုံရဖို႔ ရွိေနတာေၾကာင့္ တစ္ပြဲလုံးမွာ ဆာလီဘာ-တိုနီ ၿပိဳင္ဆိုင္မႈကပဲ အေျဖျဖစ္လာဖို႔ ရွိေနပါတယ္။

တိုနီဆီ ျဖတ္တင္ေဘာေတြ မေရာက္ေအာင္၊ တိုနီ မလြတ္ေအာင္၊ တိုနီ ေဘာလုံးေပးခြင့္ မသာေအာင္ လုပ္ႏိုင္ခဲ့ရင္ ဘရန႔္ဖို႔ဒ္တိုက္စစ္က တစ္ခုခု လုပ္ႏိုင္ေျခ အေတာ္နည္းသြားမွာျဖစ္ၿပီး အာဆင္နယ္တို႔ လိုအပ္ေနတဲ့ ႏိုင္ပြဲကို ေဖာ္ေဆာင္ႏိုင္ေျခမ်ားသလို ဆာလီဘာကို ဒဏ္ရာကေန ျပန္လာမယ့္ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးကလည္း တစ္ဖက္တစ္လမ္းက ကူညီႏိုင္မွာပါ။

လက္ရွိအခ်ိန္အထိေတာ့ ဆာလီဘာရဲ႕ အေကာင္းဆုံး ထိန္းခ်ဳပ္မႈကို ျပရရင္ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ပြဲက ဝီလ္ဖရီးဒ္ ဇာဟာကို ကိုင္တြယ္ခဲ့တဲ့ ပုံစံကို ေပတံအျဖစ္ တိုင္းတာရမွာျဖစ္ၿပီး ဒီပုံစံမ်ိဳးကို ဘရန႔္ဖို႔ဒ္ကြင္းကို ယူေဆာင္လာႏိုင္ခဲ့ရင္ေတာ့ တိုနီကိုလည္း ထိန္းခ်ဳပ္ႏိုင္မွာျဖစ္သလို ဇင္ခ်န္ကိုက လြဲရင္ လူစုံေနတဲ့ ခံစစ္အတြက္လည္း စိတ္ခ်ရဖို႔ မ်ားေနတာျဖစ္ပါတယ္။

တိုက္စစ္ေကာင္းလြန္းေပမယ့္ ခံစစ္မွာ အားနည္းတဲ့ ဇင္ခ်န္ကို မပါႏိုင္ဘဲ သူ႔ေနရာ တီယာနီ ဝင္ကစားမွာကလည္း သူတို႔အတြက္ အဆိုးထဲက အေကာင္းတစ္ခုျဖစ္ေနသလို ဘရန႔္ဖို႔ဒ္ကို ခံစစ္မွာ ပိုမိုထိန္းခ်ဳပ္သြားႏိုင္ဖို႔ မ်ားေနလို႔ ဆာလီဘာသာ အာတီတာ မွာထားတဲ့အတိုင္း ကစားႏိုင္ရင္၊ ခံစစ္မွာ ေျခစြမ္းျပႏိုင္ရင္ အာဆင္နယ္တို႔ ရလဒ္ေကာင္းမွာျဖစ္ေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.