Premier League Transfer News

နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု – ၃၀.၈.၂၀၂၀






REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိလာဖို့ နီးစပ်နေတဲ့ အိုင်းယက်စ်ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ဟာ အသင်းအတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှုတစ်ခုဖြစ်လာမယ်လို့ ပရိသတ်တွေ မျှော်လင့်နေကြသလို ယူရိုသန်း ၄၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက ပြောကြားလိုက်ပြီး တရားဝင်ကမ်းလှမ်းမှုကို စောင့်မျှော်နေတယ်လို့ ထုတ်ဖော်။

– အက်စတန်ဗီလာအသင်းက ဂျက်ခ် ဂရီးလစ်ရှ်ကို ခေါ်ယူရာမှာ အလိုက်ပေးဖို့ အလိုရှိနေတဲ့ ဂိုးသမား ဆာဂျီယို ရိုမဲရိုးကို အဲဗာတန်အသင်းကလည်း အလိုရှိနေပြီး သူတို့ရဲ့ ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်အတွက် ပြိုင်ဆိုင်မှု ရရှိစေဖို့ ခေါ်ယူသွားလိုနေ။

– မိုနာကိုအသင်းရဲ့ အသက် ၁၉ နှစ်အရွယ် ပြင်သစ်လူငယ်နောက်ခံလူ ဘီနွား ဘာဒီယာရှီးလ်ကို မန်ချက်စတာယူနိုက်တက်ရဲ့ ကြိုးစားမှုက အရင်တစ်ကြိမ်ထက် နီးစပ်လာခဲ့ပြီး ပေါင် ၂၇ သန်းနဲ့ ဆုကြေးခံစားခွင့်တချို့ကို အသုံးပြုခေါ်ယူနိုင်မယ်လို့ ပြင်သစ် သတင်းတွေ ဖော်ပြ။

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ဒီရာသီမှာ အိုးလ်ထရက်ဖို့ဒ်ရဲ့ ထိုင်ခုံပေါ် ပြန်ရောက်လာဖို့ ရှိနေပြီး ဒေးဗစ် ဒဟေးယားဆီက ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ ရွေးချယ်လိုက်တဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်ရဲ့ ဆုံးဖြတ်ချက်ကို အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဂယ်ရက်သ် ဆောက်ဂိတ်ကြိုဆို။

– အက်စ်တန်ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ရှ်အတွက် ဆွေးနွေးမှုတွေ ရှေ့ဆက်နေသလို လုခ်ရှောရဲ့ ဘယ်နောက်ခံလူနေရာမှာ အရန်အင်အား တောင့်တင်းစေဖို့အတွက် ရီးရဲလ်မက်ဒရစ်ရဲ့ ဆာဂျီယို ရက်ဂီလွန်ကို ပေါင် ၂၂ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ယူနိုက်တက် တာဝန်ရှိသူတွေ ကြိုးစားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.