Premier League

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၃၀.၈.၂၀၂၀

– အသင္းရဲ႕ ဂိုးသမားဌာနမွာ အက္ဒရီယန္နဲ႔ ကားရီးယပ္စ္တုိ႔လို အမွားမ်ားတဲ့ ဂိုးသမားေတြကို ပုိင္ဆုိင္ထားတဲ့ လီဗာပူးလ္အေနနဲ႔ အနာဂတ္အတြက္ အလားအလာေကာင္းေတြ ရွိေနတဲ့ အသက္ ၁၇ ႏွစ္အရြယ္ ဂိုးသမား မာဆယ္လို ပီတာလူဂါကို ဘရာဇီးလ္ကလပ္ ဖလူမီနင္စီအသင္းကေန ေခၚယူဖို႔ ႀကဳိးစားေန။

– ဗုိင္နယ္လ္ဒြမ္နဲ႔ ကြင္းလယ္မွာ ေနရာစုံကစားႏုိင္တဲ့ Complete Midfielder တစ္ဦးျဖစ္မွဳနဲ႔ သူ႕ရဲ႕ လုပ္အားႏွဳန္းေတြေၾကာင့္ ဘာစီလိုနာကို ေခၚယူဖို႔ ႀကဳိးစားေနရတာျဖစ္တယ္လို႔ နည္းျပ ေရာ္နယ္လ္ ကိုးမန္း ထုတ္ေဖာ္ဝန္ခံ။

– ယာဂန္ ကေလာ့ပ္လက္ေအာက္မွာ အဓိက ဆုဖလားေတြကို ရယူႏုိင္ခဲ့ၿပီးေနာက္ လီဗာပူးလ္အသင္းမွာ အနည္းငယ္ မတည္မၿငိမ္ျဖစ္ေနတဲ့ ေတာင္ပံကစားသမား ဆာဒီယို မာေနးအေနနဲ႔ မက္ဆီနဲ႔ လူးဝစ္ ဆြာရက္ဇ္တုိ႔ မရွိမယ့္ ဘာစီလုိနာအသင္းဆီကို ေျပာင္းေရႊ႕ႏုိင္တယ္လို႔ သတင္းေတြေဖာ္ျပ။

– လီဗာပူးလ္အသင္းအတြက္ ကြန္ျမဴနတီဒိုင္းမွာ ေခ်ပဂိုးသြင္းယူႏုိင္ခဲ့တဲ့ တာကူမီ မီနာမီႏိုရဲ႕ ေျခစြမ္းနဲ႔ ႀကံ့ခိုင္မွဳကို ပရိသတ္ေတြက ခ်ီးက်ဴးေနၾကၿပီး ဂ်ပန္သားအေနနဲ႔ ပရီးမီးယားလိဂ္ကစားသမားတစ္ေယာက္ရဲ႕ ပုံစံေကာင္းမ်ဳိးကို ျပသႏုိင္ခဲ့ၿပီလုိ႔ ဆုိေနၾက။

– ကြန္ျမဴနတီဒိုင္းကို အာဆင္နယ္လက္ကို အပ္လိုက္ရေစခဲ့တဲ့ ပင္နယ္တီလြဲေခ်ာ္မွဳကို ႀကဳံေတြ႕ခဲ့ရတဲ့ လူငယ္တုိက္စစ္မွဴး ႐ိုင္ယန္ ဘ႐ူးစတားကို လီဗာပူးလ္ပရိသတ္ေတြ ဝိုင္းဝန္းအားေပးခဲ့ၾကၿပီး ျဖစ္တတ္တဲ့ ကံမေကာင္းမွဳတစ္ခုလို႔ ႏွစ္သိမ့္ခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အသင်းရဲ့ ဂိုးသမားဌာနမှာ အက်ဒရီယန်နဲ့ ကားရီးယပ်စ်တို့လို အမှားများတဲ့ ဂိုးသမားတွေကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးလ်အနေနဲ့ အနာဂတ်အတွက် အလားအလာကောင်းတွေ ရှိနေတဲ့ အသက် ၁၇ နှစ်အရွယ် ဂိုးသမား မာဆယ်လို ပီတာလူဂါကို ဘရာဇီးလ်ကလပ် ဖလူမီနင်စီအသင်းကနေ ခေါ်ယူဖို့ ကြိုးစားနေ။

– ဗိုင်နယ်လ်ဒွမ်နဲ့ ကွင်းလယ်မှာ နေရာစုံကစားနိုင်တဲ့ Complete Midfielder တစ်ဦးဖြစ်မှုနဲ့ သူ့ရဲ့ လုပ်အားနှုန်းတွေကြောင့် ဘာစီလိုနာကို ခေါ်ယူဖို့ ကြိုးစားနေရတာဖြစ်တယ်လို့ နည်းပြ ရော်နယ်လ် ကိုးမန်း ထုတ်ဖော်ဝန်ခံ။

– ယာဂန် ကလော့ပ်လက်အောက်မှာ အဓိက ဆုဖလားတွေကို ရယူနိုင်ခဲ့ပြီးနောက် လီဗာပူးလ်အသင်းမှာ အနည်းငယ် မတည်မငြိမ်ဖြစ်နေတဲ့ တောင်ပံကစားသမား ဆာဒီယို မာနေးအနေနဲ့ မက်ဆီနဲ့ လူးဝစ် ဆွာရက်ဇ်တို့ မရှိမယ့် ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေဖော်ပြ။

– လီဗာပူးလ်အသင်းအတွက် ကွန်မြူနတီဒိုင်းမှာ ချေပဂိုးသွင်းယူနိုင်ခဲ့တဲ့ တာကူမီ မီနာမီနိုရဲ့ ခြေစွမ်းနဲ့ ကြံ့ခိုင်မှုကို ပရိသတ်တွေက ချီးကျူးနေကြပြီး ဂျပန်သားအနေနဲ့ ပရီးမီးယားလိဂ်ကစားသမားတစ်ယောက်ရဲ့ ပုံစံကောင်းမျိုးကို ပြသနိုင်ခဲ့ပြီလို့ ဆိုနေကြ။

– ကွန်မြူနတီဒိုင်းကို အာဆင်နယ်လက်ကို အပ်လိုက်ရစေခဲ့တဲ့ ပင်နယ်တီလွဲချော်မှုကို ကြုံတွေ့ခဲ့ရတဲ့ လူငယ်တိုက်စစ်မှူး ရိုင်ယန် ဘရူးစတားကို လီဗာပူးလ်ပရိသတ်တွေ ဝိုင်းဝန်းအားပေးခဲ့ကြပြီး ဖြစ်တတ်တဲ့ ကံမကောင်းမှုတစ်ခုလို့ နှစ်သိမ့်ခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.